လယ်မြေကို ဧကတွက်တွက်နည်း

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်တွက်နည်း

မြေဧကကို ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်ချက်နည်းကို ဖော်ပြလိုက်ပါတယ်။မိမိမြေကွက်၏ ပုံသဏ္ဍန်ကိုကြည့်၍ ဧကတွက်နိုင်ပါသည်။

လေးနားညီ စတုရန်းပုံစံ ဖြစ်ပါက

၂၀၈.၇၁’ × ၂၀၈.၇၁’ ÷ ၄၃၅၅၉.၈၆ = ၁ ဧက

ဥပမာ: ၁၀၀ ပေပတ်လည် အကွက်ဖြစ်လျှင် ၁၀၀’ × ၁၀၀’ ÷ ၄၃၅၆၀ = ၀. ၂၂၉ ဧက

နှစ်နားညီ စတုဂံပုံစံ ဖြစ်ပါက

(လ x န)’ ÷ ၄၃၅၆၀ = … ဧက

ဥပမာ: (၄၀’×၆၀’) ÷ ၄၃၅၆၀ = ၀.၀၅၅ ဧက

(၆၀’×၁၀၀’) ÷ ၄၃၅၆၀ = ၀.၁၃၇ ဧက

နှစ်နားပြိုင် တြာဗီဇီယံပုံစံ ဖြစ်ပါက

ပြိုင်နားနှစ်ခုပေါင်း ÷ ၂ x နံ ÷ ၄၃၅၆၀ = … ဧက

ဥပမာ: [{(၅၀+၈၀)÷၂}×၆၀]÷၄၃၅၆၀ = ၀.၀၈၉ ဧက

တြိဂံပုံစံဖြစ်ပါက

၅ x အခြေ x အမြင့် ÷ ၄၃၅၆၀ = … ဧက

½ အခြေ x အမြင့် ÷ ၄၃၅၆၀ = … ဧက

ဥပမာ: ၅ × ၁၀၀’ × ၅၀’ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

ထောင့်မှန် တြိဂံပုံစံဖြစ်ပါက

အခြေ x အမြင့် = ရလာဒ် ÷ ၂ ÷ ၄၃၅၆၀

ဥပမာ: ၁၀၀’ × ၅၀’ = ၅၀၀၀’

၅၀၀၀ ÷ ၂ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

စက်ဝိုင်းပုံစံဖြစ်ပါက

အချင်းဝက် x အချင်းဝက် x ပိုင်ကိန်း ÷ ၄၃၅၆၀ = …. ဧက

အချင်း x အချင်း x .၇၈၅၄ ÷ ၄၃၅၆၀ = … ဧက ( ပုံသေမြှောက်ကိန်း .၇၈၅၄ )

(.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို အနားလေးဖက် ၄ နှင့် စားပြီး စတုရန်းကွက်ဖေါ်ခြင်းဖြစ်သည်။ )

ဥပမာ:၅၀’ × ၅၀’ × .၇၈၅၄ ÷ ၄၃၅၆၀ = ၀.၀၄၅ ဧက

အနား ၅ မျက်နှာ ၆ မျက်နှာနှင့် အနားများစွာပါသော ပုံစံဖြစ်လျှင် စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ်ပြီးတွက်၊ ရလာဒ်အားလုံးကို ပေါင်း၍ ၄၃၅၆၀ ဖြင့်စားပါ

(၁ ဧက = ၄၃၅၆၀ စတုရန်းပေ)

ရှယ်မြေ

Zawgyi

ေျမကြက္ပုံစံေပၚ မူတည္ၿပီး ဧကတြက္တြက္နည္း

ေျမဧကကို ဘယ္လိုတြက္ရသလဲ ခဏခဏ ေမးလာလို႔ အတတ္နိုင္ဆုံး ရွင္းလင္းေအာင္ တြက္ခ်က္နည္းကို ေဖာ္ျပလိုက္ပါတယ္။မိမိေျမကြက္၏ ပုံသ႑န္ကိုၾကည့္၍ ဧကတြက္နိုင္ပါသည္။

ေလးနားညီ စတုရန္းပုံစံ ျဖစ္ပါက

၂၀၈.၇၁’ × ၂၀၈.၇၁’ ÷ ၄၃၅၅၉.၈၆ = ၁ ဧက

ဥပမာ: ၁၀၀ ေပပတ္လည္ အကြက္ျဖစ္လၽွင္ ၁၀၀’ × ၁၀၀’ ÷ ၄၃၅၆၀ = ၀. ၂၂၉ ဧက

ႏွစ္နားညီ စတုဂံပုံစံ ျဖစ္ပါက

(လ x န)’ ÷ ၄၃၅၆၀ = … ဧက

ဥပမာ: (၄၀’×၆၀’) ÷ ၄၃၅၆၀ = ၀.၀၅၅ ဧက

(၆၀’×၁၀၀’) ÷ ၄၃၅၆၀ = ၀.၁၃၇ ဧက

ႏွစ္နားၿပိဳင္ ၾတာဗီဇီယံပုံစံ ျဖစ္ပါက

ၿပိဳင္နားႏွစ္ခုေပါင္း ÷ ၂ x နံ ÷ ၄၃၅၆၀ = … ဧက

ဥပမာ: [{(၅၀+၈၀)÷၂}×၆၀]÷၄၃၅၆၀ = ၀.၀၈၉ ဧက

ႀတိဂံပုံစံျဖစ္ပါက

၅ x အေၿခ x အျမင့္ ÷ ၄၃၅၆၀ = … ဧက

½ အေၿခ x အျမင့္ ÷ ၄၃၅၆၀ = … ဧက

ဥပမာ: ၅ × ၁၀၀’ × ၅၀’ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

ေထာင့္မွန္ ႀတိဂံပုံစံျဖစ္ပါက

အေၿခ x အျမင့္ = ရလာဒ္ ÷ ၂ ÷ ၄၃၅၆၀

ဥပမာ: ၁၀၀’ × ၅၀’ = ၅၀၀၀’

၅၀၀၀ ÷ ၂ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

စက္ဝိုင္းပုံစံျဖစ္ပါက

အခ်င္းဝက္ x အခ်င္းဝက္ x ပိုင္ကိန္း ÷ ၄၃၅၆၀ = …. ဧက

အခ်င္း x အခ်င္း x .၇၈၅၄ ÷ ၄၃၅၆၀ = … ဧက ( ပုံေသေျမႇာက္ကိန္း .၇၈၅၄ )

(.၇၈၅၄ သည္ ပိုင္ကိန္း ၃.၁၄၁၆ ကို အနားေလးဖက္ ၄ ႏွင့္ စားၿပီး စတုရန္းကြက္ေဖၚျခင္းျဖစ္သည္။ )

ဥပမာ:၅၀’ × ၅၀’ × .၇၈၅၄ ÷ ၄၃၅၆၀ = ၀.၀၄၅ ဧက

အနား ၅ မ်က္ႏွာ ၆ မ်က္ႏွာႏွင့္ အနားမ်ားစြာပါေသာ ပုံစံျဖစ္လၽွင္ စတုဂံ စတုရန္း ႀတိဂံစသည္ အကြက္စိပ္ၿပီးတြက္၊ ရလာဒ္အားလုံးကို ေပါင္း၍ ၄၃၅၆၀ ျဖင့္စားပါ

(၁ ဧက = ၄၃၅၆၀ စတုရန္းေပ)

ရွယ္ေၿမ

Leave a Comment