အေးတဲ့ရာသီမှာ ဒီဇယ် အင်ဂျင် အနှိုးရခက်ခြင်း ပြဿနာအတွက်

ကားဆရာနှင့် ဒီဇယ်အင်ဂျင်

ကားဆရာဖြစ်လာရင် ဓာတ်ဆီ ကားရော၊ ဒီဇယ်ကားပါမောင်းရမှာဘဲ။ ဓာတ်ဆီအင်ဂျင်က လူစီးကားလေး တွေလောက်ဘဲ သုံးပါတယ်။ ဒီဇယ် အင်ဂျင်က ပိုပြီးအသုံးများပါတယ်။ ထရပ်ကားတွေ၊ ဘတ်စ်ကားကြီးတွေ၊ ထရေလာကုန်တင်ကားကြီးတွေ၊ Dumper Truck တွေ၊ စက်ယန္တရား ကြီးတွေအားလုံး ဒီဇယ်အင်ဂျင်ဘဲ သုံးပါတယ်။ ဒီဇယ်အင်ဂျင်ကအား ကောင်းတယ်။ အကြမ်းခံတယ်။ ပြု ပြင်ထိန်းသိမ်းရတာနည်းတယ်။

ဆီ စားသတ်သာပြီး ကုန်ကျစရိတ်သက် သာတယ်။ ဓာတ်ဆီအင်ဂျင်နဲ့စာရင် ပြဿနာနည်းတယ်။ ဒါကြောင့် ဒီဇယ် အင်ဂျင်ကို အသုံးများကြတယ်။

ဒီဇယ်အင်ဂျင်နဲ့ ဓာတ်ဆီအင်ဂျင် ဖွဲ့စည်းပုံမတူသလို အလုပ်လုပ်ပုံ လည်း ခြားနားပါတယ်။ ပထမဆုံး လောင်စာဆီမတူပါဘူး။ ဒီဇယ်ဆီက နည်းနည်းချွဲပျစ်ပါတယ်။ ချွဲပျစ်တဲ့အ တွက် ချောဆီဂုဏ်သတ္တိရှိပါတယ်။ ဒီဇယ် Injection Pump နှင့် နော် ဇယ်အတွင်းမှာ ချောဆီအဖြစ် ဆောင် ရွက်ပေးပါတယ်။ သာမန်အပူချိန်မှာ ဒီဇယ်ဆီက အငွေ့မပျံနိုင်ပါဘူး။ ဓာတ် ဆီကတော့ အငွေ့ပျံနှုန်းမြန်ပါတယ်။

ဒီဇယ်အင်ဂျင်ရဲ့Compression က ဓာတ်ဆီအင်ဂျင်ထက်မြင့်ပါတယ်။ Compression အချိုး (15:1) ကနေ (20:1) အထိရှိပါတယ်။ ဒါကြောင့်မို့ အင်ဂျင်အတွင်းဝင်သွားတဲ့လေကို ပစ္စ တင်ကဖိသိပ်လိုက်ရင် အလွန်ပူလာ ပါတယ်။ အပူချိန် (500°C) လောက် အထိပူမှ ဒီဇယ်ဆီမီလောင်ပေါက်ကွဲ နိုင်ပါတယ်။ ဒါကြောင့် အင်ဂျင်Compression ကျတဲ့ ဒီဇယ်ကားတွေ၊ စက် နှိုးရထိုင်းပါတယ်။ Compression ကျ တာဟာ ဗားတွေ Ring တွေမလုံ တော့လို့ပါ။

Compression Stroke မှာ ပူ နေတဲ့လေထဲကို ဒီဇယ်နော်ဇယ်ထိပ် ဖျားက ဆီဖြန်းပေးလိုက်တာနဲ့ အလို အလျောက် မီးပေးစနစ်တွေ၊ ပလပ် တွေမလိုပါဘူး။ ဒါပေမဲ့ Heat Plug ခေါ်တဲ့ ွူသတ မီးတော့လိုပါတယ်။ ဒီဇယ်အင်ဂျင်မှာ လောင်စာဆီပို့စနစ် က ဓာတ်ဆီအင်ဂျင်နဲ့ ခြားနားပါ တယ်။ ဒီဇယ် Injection ပန့်နဲ့ နော် ဇယ်ကိုသုံးပါတယ်။ ဒီကနေ့ ခေတ် ပေါ်ဒီဇယ်အင်ဂျင်တွေမှာတော့ Comon Rail Direct Injection စနစ်ကို သုံးပါတယ်။

ဒီဇယ်အင်ဂျင်အကြောင်းတွေ ပြောနေလို့ မပြီးပါဘူး။ အဓိကပြော ပြချင်တာက ကားဆရာတွေ အမြဲ ကြုံတွေ့ရနိုင်တဲ့ ဒီဇယ်အင်ဂျင်ပြဿ နာလေးတွေပါပဲ။

ဆောင်းရာသီ အလွန်အေးခဲတဲ့ ဒေသတွေမှာ ဒီဇယ်ကားစက်နိုးရတာ ခက်ခဲတတ်ပါတယ်။ ဆောင်းရာသီမှာ သုံးရတဲ့အင်ဂျင်ဝိုင်က ပျစ်နေလို့မရ ပါဘူး။ မာတီဂရိတ်အင်ဂျင်ဝိုင်ကိုသုံး ပါ။ 5TS-20 လောက်ဆို သင့်တော် ပါတယ်။ မာတီဂရိတ်မှာညွန်းတဲ့ “Ts” ဆိုတဲ့ စာလုံးက “TS-inter” ဆောင်း ရာသီကိုဆိုလိုတာပါ။ ရေခဲအမှတ် လောက်အေးခဲနေတဲ့ဒေသမှာ သာမန် အင်ဂျင်ဝိုင် SAE 40 လောက်သုံးထား ရင် အင်ဂျင်ဝိုင်တွေလဲ ပျစ်ခဲနေမှာ သေချာပါတယ်။ မာတီဂရိတ်ဆီက မခဲပါဘူး။ အင်ဂျင်ဝိုင်ရဲ့သဘာဝက အေးရင်ပျစ်ခဲနေမယ်။

ပူလာရင် ဆီ ကျဲသွားမယ်။ ဒါပေမဲ့ မာတီဂရိတ်အင် ဂျင်ဝိုင်မှာ ထပ်ပေါင်းဓာတုပစ္စည်းတွေ ရောစပ်ထားတာကြောင့် အေးတဲ့အ ချိန်မှာ ဆီကျဲနေပြီး ပူလာရင် ဆီပျစ် သွားတတ်ပါတယ်။ ဒီဇယ်အင်ဂျင်အတွက် အင်ဂျင်ဝိုင်ကိုသုံးရင် ဒီဇယ် ကားအတွက် သီးသန့်လာတဲ့အင်ဂျင် ဝိုင်ဘဲသုံးပါ။ ဓာတ်ဆီကားမှာသုံးတဲ့ Motor Oil ကိုမသုံးရပါ။ ဓာတ်ဆီနဲ့ ဒီဇယ်မီးလောင်ပေါက်ကွဲတဲ့ဖြစ်စဉ် မတူလို့ပါဘဲ။ ဒီဇယ်ကားမှာ စက်နှိုး ရလွယ်ဖို့ မော်တာနဲ့ ဘက်ထရီပက် ကားကောင်းနေအောင် ထိန်းသိမ်းဖို့ လိုပါတယ်။ စက်နှိုးမော်တာစနစ်မှာ ဘာအပြစ်မှမရှိအောင် ထိန်းသိမ်းစစ် ဆေးပြုပြင်ထားဖို့လိုပါတယ်။ ဘက်ထ ရီအားကောင်းဖို့လည်း မိုးရေ-အက် ဆစ် Level မှန်ရမယ်။

ဘက်ထရီ ခေါင်းတွေ ဘက်ထရီကေဘယ်ကြို တွေ အဆက်ကောင်းရမယ်။ ဘက် ထရီချာဂျင်စနစ်ကောင်းရမယ်။ ဗဃ။ီဃ ဒိုင်နမို မီးထွက်ကောင်းရမယ်။ ဒီဇယ်ကားမှာသုံးတဲ့ဘက်ထရီက အမ်ပီယာအားကောင်းဖို့အတွက် ပလိပ်ပြားအရေအတွက်များတဲ့ အိုးကြီးကိုသုံးပါ။ ဘက်ထရီလည်း ကောင်းမယ်။ ချာဂျင်အားသွင်းစနစ် လည်းကောင်းမယ်။ မော်တာလည်း ကောင်းမယ်ဆိုရင် ကားသော့လှည့် လိုက်တာနဲ့ မော်တာအားကောင်း ကောင်းနဲ့လည်ပါလိမ့်မယ်။ ဒီဇယ် ကားဆိုတာ ကွန်ပရက်ရှင်နဲ့ စက်နှိုး ရတာကြောင့် စက်နှိုးမော်တာအီနေလို့ မရပါဘူး။ မော်တာအားကောင်း ကောင်းနဲ့လှည့်ပေးနိုင်ဖို့လိုပါတယ်။

မနက်ပိုင်း ကားစက်မနှိုးခင် အင် ဂျင်ဝိုင်တိုင်းပါ။ ရေတိုင်ကီရေဖြည့်ပါ။ Hand Pump ကို တင်းနေအောင်ရိုက် ပါ။ ကားစက်နိုးဖို့အဆင်သင့်ဖြစ်ရင် ဘက်ထရီအားကောင်း၊ မကောင်း ဟွန်းတီးကြည့်ပါ။ မီးကြီးဖွင့်ကြည့်ပါ။ အားလုံး OK ရင် ကားသော့ဖွင့်ပြီး ဂလိုးမီးအပူပေးပါ။ ၂ ကြိမ်လောက် အပူပေးပြီးရင် မော်တာဆွဲပြီးနိုးပါ။ မော်တာလှည့်တာနဲ့ ဒေါက်-ဝူးတစ် ချက်တည်းနဲ့ စက်နိုးရပါတယ်။ မော်တာတစ်ချက်တည်းနဲ့မနိုးနိုင်။

၂ ခါ၊ ၃ ခါဆွဲပြီးမှ မနိုးချင်နိုးချင်နဲ့ အတော် လေးကို မော်တာဆွဲနေရရင်တော့ အခြေအနေမကောင်းလို့ပါဘဲ။ ဂလိုး မီး Heat Plug တွေမကောင်းတာလား၊ ဂလိုးမီးတိုင်မာ(Timer) မ ကောင်းတာလား၊ Pump ကျနေတာ ပြီလား။ အင်ဂျင် Compression ကျ နေလို့လား။ ချွတ်ယွင်းအားနည်းချက် တစ်ခုခုရှိနေလို့ပါဘဲ။

ဒီဇယ်အင်ဂျင်မှာ မီးပေးစနစ်မပါ တဲ့အတွက် အင်ဂျင်စတင်နိုးချိန်မှာ လုံလောက်တဲ့အပူချိန်ရဖို့ Glow Plug၊ Heat Plug တွေနဲ့ ကြိုတင်အပူ ပေးရပါတယ်။ အင်ဂျင်ဆလင်ဒါတစ် လုံးကို Glow Plug တစ်လုံးစီတပ်ဆင် အပူပေးတယ်။ ၄ လုံးထိုးအင်ဂျင်မှာ Glow Plug ၄ လုံးပါပြီး ၆ လုံးထိုး မှာ Glow Plug ၆ လုံးပါတယ်။ Glow Plug ဆိုတာလည်း သုံးတာကြာလာ ရင် လောင်ကျွမ်းတတ်တယ်။ Plug ၂ လုံးလောက်မကောင်းရင် ဒီဇယ် အင်ဂျင်အနိုးထိုင်းတတ်ပါတယ်။

မနက်ပိုင်းအင်ဂျင်က အေးစက် နေတယ်။ စနိုးတဲ့အချိန်မှာ အပူလိုတယ်။ ဒီလိုအပ်ချက်ကြောင့် ဂလိုး မီးကို တပ်ဆင်ထားတာ။ စက်မနိုးခင် Glow Plug ကို ၅ စက္ကန့်လောက် လျှပ်စစ်စီးစေတာနဲ့ ချက်ချင်းပူတတ် လာပါတယ်။ အင်ဂျင်ကို မော်တာနဲ့ လှည့်လိုက်တဲ့အချိန်မှာ အင်ဂျင်ပေါက် လောင်းခန်းမှာ လေတွေကို ဖိသိပ်မိတယ်။ အင်ဂျင် Compression ဖိ အားရယ် Glow မီးအကူအားတွေ ကြောင့် ပေါက်ကွဲနိုင်တဲ့အဆင့်အထိ အပူချိန်မြင့်တတ်နေတယ်။ ဒီအချိန်မှာ နော်ဇယ်က ဒီဇယ်အမှုန်ကလေးတွေ ဖြန်းလိုက်တာနဲ့ ပေါက်ကွဲပြီး အင်ဂျင် ချက်ချင်းနိုးသွားစေတာဖြစ်တယ်။

ဒီဇယ်ကားတွေမှာ ကားသော့ ဖွင့်လိုက်တာနဲ့ ကွိုင်ပုံသဏ္ဍာန် ှုခသာ လေးနဲ့ Glow မီးနီကလေးလင်းလာ မယ်။ စက္ကန့်ပိုင်းကလေးမှာဘဲ Glow မီးငြိမ်းသွားမယ်။ အဲ့ဒီအချိန်ကျမှ မော် တာကိုလှည်ပါ။ Glow Plug တွေကို Timer က ထိန်းချုပ်ပြီး မီးပေးတယ်။ တခါတလေ Timer မကောင်းရင် ဒါမှ မဟုတ် Relay ကူးမကောင်းရင် Glow Plug ကို မီးမရောက်ဘူး။

ဒီဇယ်ဆီမှာ ရေနဲ့အမှုန်အမွှား အညစ်အကြေးတွေရောပါတတ်တယ်။ ဆီသန့်ဖို့လိုပါတယ်။ ဒီဇယ်စစ်ဘူး ၁ လ သို့မဟုတ် ၂ လတစ်ကြိမ်လောက် အသစ်လဲပေးဖို့လိုပါတယ်။ အရည်အ သွေးညံ့တဲ့ ဒီဇယ်ဆီမှာ ဆာလဖာနဲ့ ဖယောင်းတွေပါဝင်နေပါတယ်။ ဒီအရာတွေက အလွန်အေးတဲ့ရာသီမှာ ဆီ လိုင်းမှာပိတ်နေတတ်ပါတယ်။ အရည် အသွေးကောင်းတဲ့ Ultra Low Sulfur Diesel ဆီကိုသုံးပါ။

ဒီဇယ်ဆီတိုင်ကီ ထဲမှာ ရေတွေနဲ့ မသန့်ရှင်းတဲ့ ဒီဇယ် အနယ်အနှစ်တွေရှိနေရင် အဏုဇီဝ ပိုးမွှားတွေ ရှင်သန်ပေါက်ဖွားနေတတ် ပါတယ်။ ရေနံကိုစားတဲ့ပိုးတွေရှိပါ တယ်။ ဒီပိုးမွှားတွေက ရေနံထွက် ပစ္စည်းတွေထဲမှာ အသက်ရှင်နေထိုင် ပြီး အကျိအချွဲတွေထုတ်လုပ်ပါတယ်။ ဒီအကျိအချွဲတွေကြောင့် ဒီဇယ်ဆီဟာ ပိုပြီးညစ်ပတ်သွားပါတယ်။ မကောင်း တဲ့အနံ့ဆိုးတွေထွက်ပါတယ်။

အဲ့ဒီအ ကျိအချွဲတွေနဲ့ ဒီဇယ်အနယ်အနှစ်တွေ က ဒီဇယ်ဆီပိုက်လိုင်းထဲမှာ ကော် စေးလိုကပ်တွယ်ပြီး ဒုက္ခပေးတတ်ပါ တယ်။ ဆီတိုင်ကီထဲမှာ ပိုးမွှားတွေမ ပေါက်နိုင်အောင် Biocide လို ပိုး သတ်ဆေးသုံးရပါတယ်။ ဒီဇယ်တိုင် ကီကိုလည်း ဖြုတ်ဆေးဖို့လိုပါတယ်။

ဆီလိုင်းထဲမှာ လေခိုနေရင်၊ စက် ထိုးရပ်သွားတတ်ပါတယ်။ Hand Pump ရိုက်ပြီး ဆီလိုင်းထဲကလေတွေ ကို လေချူပေါက်ကနေ ချူထုတ်ပေးကြရပါတယ်။
Air Cleaner ပိတ်ပြီး အင်ဂျင် လေငတ်ရင် အင်ဂျင်ဆွဲအားကျပါ တယ်။ မီးခိုးမဲတွေလည်းထွက်တတ် ပါတယ်။ Injection Pump Timing မမှန်ရင်လည်း ဒီဇယ်မီးခိုးထွက်တတ် ပါတယ်။ နော်ဇယ်တွေမကောင်းရင် လည်း မီးခိုးထွက်တတ်ပါတယ်။

ဒီဇယ်အင်ဂျင်အဆွဲအရုန်းကျမယ်၊ အ ထမကောင်းဘူး၊ မီးခိုးလိုက်တဲ့ပြဿ နာတွေရှိရင် ကျွမ်းကျင်တဲ့ဒီဇယ်ဆား ဗစ်ဆိုင်မှာ ပြသပါ။ Common Rail Diesel ကားတွေမှာတော့ ကွန်ပျူတာ နဲ့ ထိန်းကျောင်းတာကြောင့် အပြစ် ရှာမယ်ဆိုရင် ကွန်ပျူတာG-Scan Tool နဲ့ ရှာရပါတယ်။

ဆီအရည်အ သွေးမကောင်းတဲ့အတွက် Nozzle ထိပ်တွေ Injector ထိပ်တွေမှာ ဒီ ဇယ်ဗားနစ်(Varnish) တွေဖြစ်ပြီး ဆီဖြန်းတဲ့ပုံစံကို ပျက်စီးစေပါတယ်။ ဒီဇယ်ကားမှာ ဆီသန့်ဖို့၊ ချက်ဆီတွေ ရောမပါဖို့ ဆာလဖာပါဝင်နှုန်းနည်းဖို့ လိုပါတယ်။ Diesel Treatment ကို တခါတရံသုံးပေးပါ။

ဆရာ KMA(သိပ္ပံနှင့်နည်းပညာ)

Zawgyi

ကားဆရာႏွင့္ ဒီဇယ္အင္ဂ်င္

ကားဆရာျဖစ္လာရင္ ဓာတ္ဆီ ကားေရာ၊ ဒီဇယ္ကားပါေမာင္းရမွာဘဲ။ ဓာတ္ဆီအင္ဂ်င္က လူစီးကားေလး ေတြေလာက္ဘဲ သုံးပါတယ္။ ဒီဇယ္ အင္ဂ်င္က ပိုၿပီးအသုံးမ်ားပါတယ္။ ထရပ္ကားေတြ၊ ဘတ္စ္ကားႀကီးေတြ၊ ထေရလာကုန္တင္ကားႀကီးေတြ၊ Dumper Truck ေတြ၊ စက္ယႏၲရား ႀကီးေတြအားလုံး ဒီဇယ္အင္ဂ်င္ဘဲ သုံးပါတယ္။ ဒီဇယ္အင္ဂ်င္ကအား ေကာင္းတယ္။ အၾကမ္းခံတယ္။ ျပဳ ျပင္ထိန္းသိမ္းရတာနည္းတယ္။

ဆီ စားသတ္သာၿပီး ကုန္က်စရိတ္သက္ သာတယ္။ ဓာတ္ဆီအင္ဂ်င္နဲ႔စာရင္ ျပႆနာနည္းတယ္။ ဒါေၾကာင့္ ဒီဇယ္ အင္ဂ်င္ကို အသုံးမ်ားၾကတယ္။

ဒီဇယ္အင္ဂ်င္နဲ႔ ဓာတ္ဆီအင္ဂ်င္ ဖြဲ႕စည္းပုံမတူသလို အလုပ္လုပ္ပုံ လည္း ျခားနားပါတယ္။ ပထမဆုံး ေလာင္စာဆီမတူပါဘူး။ ဒီဇယ္ဆီက နည္းနည္းခၽြဲပ်စ္ပါတယ္။ ခၽြဲပ်စ္တဲ့အ တြက္ ေခ်ာဆီဂုဏ္သတၱိရွိပါတယ္။ ဒီဇယ္ Injection Pump ႏွင့္ ေနာ္ ဇယ္အတြင္းမွာ ေခ်ာဆီအျဖစ္ ေဆာင္ ရြက္ေပးပါတယ္။ သာမန္အပူခ်ိန္မွာ ဒီဇယ္ဆီက အေငြ႕မပ်ံနိုင္ပါဘူး။ ဓာတ္ ဆီကေတာ့ အေငြ႕ပ်ံႏွုန္းျမန္ပါတယ္။

ဒီဇယ္အင္ဂ်င္ရဲ့Compression က ဓာတ္ဆီအင္ဂ်င္ထက္ျမင့္ပါတယ္။ Compression အခ်ိဳး (15:1) ကေန (20:1) အထိရွိပါတယ္။ ဒါေၾကာင့္မို႔ အင္ဂ်င္အတြင္းဝင္သြားတဲ့ေလကို ပစၥ တင္ကဖိသိပ္လိုက္ရင္ အလြန္ပူလာ ပါတယ္။ အပူခ်ိန္ (500°C) ေလာက္ အထိပူမွ ဒီဇယ္ဆီမီေလာင္ေပါက္ကြဲ နိုင္ပါတယ္။ ဒါေၾကာင့္ အင္ဂ်င္Compression က်တဲ့ ဒီဇယ္ကားေတြ၊ စက္ ႏွိုးရထိုင္းပါတယ္။ Compression က် တာဟာ ဗားေတြ Ring ေတြမလုံ ေတာ့လို႔ပါ။

Compression Stroke မွာ ပူ ေနတဲ့ေလထဲကို ဒီဇယ္ေနာ္ဇယ္ထိပ္ ဖ်ားက ဆီျဖန္းေပးလိုက္တာနဲ႔ အလို အေလ်ာက္ မီးေပးစနစ္ေတြ၊ ပလပ္ ေတြမလိုပါဘူး။ ဒါေပမဲ့ Heat Plug ေခၚတဲ့ ြူသတ မီးေတာ့လိုပါတယ္။ ဒီဇယ္အင္ဂ်င္မွာ ေလာင္စာဆီပို႔စနစ္ က ဓာတ္ဆီအင္ဂ်င္နဲ႔ ျခားနားပါ တယ္။ ဒီဇယ္ Injection ပန္႔နဲ႔ ေနာ္ ဇယ္ကိုသုံးပါတယ္။ ဒီကေန႔ ေခတ္ ေပၚဒီဇယ္အင္ဂ်င္ေတြမွာေတာ့ Comon Rail Direct Injection စနစ္ကို သုံးပါတယ္။

ဒီဇယ္အင္ဂ်င္အေၾကာင္းေတြ ေျပာေနလို႔ မၿပီးပါဘူး။ အဓိကေျပာ ျပခ်င္တာက ကားဆရာေတြ အျမဲ ၾကဳံေတြ႕ရနိုင္တဲ့ ဒီဇယ္အင္ဂ်င္ျပႆ နာေလးေတြပါပဲ။

ေဆာင္းရာသီ အလြန္ေအးခဲတဲ့ ေဒသေတြမွာ ဒီဇယ္ကားစက္နိုးရတာ ခက္ခဲတတ္ပါတယ္။ ေဆာင္းရာသီမွာ သုံးရတဲ့အင္ဂ်င္ဝိုင္က ပ်စ္ေနလို႔မရ ပါဘူး။ မာတီဂရိတ္အင္ဂ်င္ဝိုင္ကိုသုံး ပါ။ 5TS-20 ေလာက္ဆို သင့္ေတာ္ ပါတယ္။ မာတီဂရိတ္မွာညြန္းတဲ့ “Ts” ဆိုတဲ့ စာလုံးက “TS-inter” ေဆာင္း ရာသီကိုဆိုလိုတာပါ။ ေရခဲအမွတ္ ေလာက္ေအးခဲေနတဲ့ေဒသမွာ သာမန္ အင္ဂ်င္ဝိုင္ SAE 40 ေလာက္သုံးထား ရင္ အင္ဂ်င္ဝိုင္ေတြလဲ ပ်စ္ခဲေနမွာ ေသခ်ာပါတယ္။ မာတီဂရိတ္ဆီက မခဲပါဘူး။ အင္ဂ်င္ဝိုင္ရဲ့သဘာဝက ေအးရင္ပ်စ္ခဲေနမယ္။

ပူလာရင္ ဆီ က်ဲသြားမယ္။ ဒါေပမဲ့ မာတီဂရိတ္အင္ ဂ်င္ဝိုင္မွာ ထပ္ေပါင္းဓာတုပစၥည္းေတြ ေရာစပ္ထားတာေၾကာင့္ ေအးတဲ့အ ခ်ိန္မွာ ဆီက်ဲေနၿပီး ပူလာရင္ ဆီပ်စ္ သြားတတ္ပါတယ္။ ဒီဇယ္အင္ဂ်င္အတြက္ အင္ဂ်င္ဝိုင္ကိုသုံးရင္ ဒီဇယ္ ကားအတြက္ သီးသန္႔လာတဲ့အင္ဂ်င္ ဝိုင္ဘဲသုံးပါ။ ဓာတ္ဆီကားမွာသုံးတဲ့ Motor Oil ကိုမသုံးရပါ။ ဓာတ္ဆီနဲ႔ ဒီဇယ္မီးေလာင္ေပါက္ကြဲတဲ့ျဖစ္စဥ္ မတူလို႔ပါဘဲ။ ဒီဇယ္ကားမွာ စက္ႏွိုး ရလြယ္ဖို႔ ေမာ္တာနဲ႔ ဘက္ထရီပက္ ကားေကာင္းေနေအာင္ ထိန္းသိမ္းဖို႔ လိုပါတယ္။ စက္ႏွိုးေမာ္တာစနစ္မွာ ဘာအျပစ္မွမရွိေအာင္ ထိန္းသိမ္းစစ္ ေဆးျပဳျပင္ထားဖို႔လိုပါတယ္။ ဘက္ထ ရီအားေကာင္းဖို႔လည္း မိုးေရ-အက္ ဆစ္ Level မွန္ရမယ္။

ဘက္ထရီ ေခါင္းေတြ ဘက္ထရီေကဘယ္ႀကိဳ ေတြ အဆက္ေကာင္းရမယ္။ ဘက္ ထရီခ်ာဂ်င္စနစ္ေကာင္းရမယ္။ ဗဃ။ီဃ ဒိုင္နမို မီးထြက္ေကာင္းရမယ္။ ဒီဇယ္ကားမွာသုံးတဲ့ဘက္ထရီက အမ္ပီယာအားေကာင္းဖို႔အတြက္ ပလိပ္ျပားအေရအတြက္မ်ားတဲ့ အိုးႀကီးကိုသုံးပါ။ ဘက္ထရီလည္း ေကာင္းမယ္။ ခ်ာဂ်င္အားသြင္းစနစ္ လည္းေကာင္းမယ္။ ေမာ္တာလည္း ေကာင္းမယ္ဆိုရင္ ကားေသာ့လွည့္ လိုက္တာနဲ႔ ေမာ္တာအားေကာင္း ေကာင္းနဲ႔လည္ပါလိမ့္မယ္။ ဒီဇယ္ ကားဆိုတာ ကြန္ပရက္ရွင္နဲ႔ စက္ႏွိုး ရတာေၾကာင့္ စက္ႏွိုးေမာ္တာအီေနလို႔ မရပါဘူး။ ေမာ္တာအားေကာင္း ေကာင္းနဲ႔လွည့္ေပးနိုင္ဖို႔လိုပါတယ္။

မနက္ပိုင္း ကားစက္မႏွိုးခင္ အင္ ဂ်င္ဝိုင္တိုင္းပါ။ ေရတိုင္ကီေရျဖည့္ပါ။ Hand Pump ကို တင္းေနေအာင္ရိုက္ ပါ။ ကားစက္နိုးဖို႔အဆင္သင့္ျဖစ္ရင္ ဘက္ထရီအားေကာင္း၊ မေကာင္း ဟြန္းတီးၾကည့္ပါ။ မီးႀကီးဖြင့္ၾကည့္ပါ။ အားလုံး OK ရင္ ကားေသာ့ဖြင့္ၿပီး ဂလိုးမီးအပူေပးပါ။ ၂ ႀကိမ္ေလာက္ အပူေပးၿပီးရင္ ေမာ္တာဆြဲၿပီးနိုးပါ။ ေမာ္တာလွည့္တာနဲ႔ ေဒါက္-ဝူးတစ္ ခ်က္တည္းနဲ႔ စက္နိုးရပါတယ္။ ေမာ္တာတစ္ခ်က္တည္းနဲ႔မနိုးနိုင္။

၂ ခါ၊ ၃ ခါဆြဲၿပီးမွ မနိုးခ်င္နိုးခ်င္နဲ႔ အေတာ္ ေလးကို ေမာ္တာဆြဲေနရရင္ေတာ့ အေျခအေနမေကာင္းလို႔ပါဘဲ။ ဂလိုး မီး Heat Plug ေတြမေကာင္းတာလား၊ ဂလိုးမီးတိုင္မာ(Timer) မ ေကာင္းတာလား၊ Pump က်ေနတာ ၿပီလား။ အင္ဂ်င္ Compression က် ေနလို႔လား။ ခၽြတ္ယြင္းအားနည္းခ်က္ တစ္ခုခုရွိေနလို႔ပါဘဲ။

ဒီဇယ္အင္ဂ်င္မွာ မီးေပးစနစ္မပါ တဲ့အတြက္ အင္ဂ်င္စတင္နိုးခ်ိန္မွာ လုံေလာက္တဲ့အပူခ်ိန္ရဖို႔ Glow Plug၊ Heat Plug ေတြနဲ႔ ႀကိဳတင္အပူ ေပးရပါတယ္။ အင္ဂ်င္ဆလင္ဒါတစ္ လုံးကို Glow Plug တစ္လုံးစီတပ္ဆင္ အပူေပးတယ္။ ၄ လုံးထိုးအင္ဂ်င္မွာ Glow Plug ၄ လုံးပါၿပီး ၆ လုံးထိုး မွာ Glow Plug ၆ လုံးပါတယ္။ Glow Plug ဆိုတာလည္း သုံးတာၾကာလာ ရင္ ေလာင္ကၽြမ္းတတ္တယ္။ Plug ၂ လုံးေလာက္မေကာင္းရင္ ဒီဇယ္ အင္ဂ်င္အနိုးထိုင္းတတ္ပါတယ္။

မနက္ပိုင္းအင္ဂ်င္က ေအးစက္ ေနတယ္။ စနိုးတဲ့အခ်ိန္မွာ အပူလိုတယ္။ ဒီလိုအပ္ခ်က္ေၾကာင့္ ဂလိုး မီးကို တပ္ဆင္ထားတာ။ စက္မနိုးခင္ Glow Plug ကို ၅ စကၠန္႔ေလာက္ လၽွပ္စစ္စီးေစတာနဲ႔ ခ်က္ခ်င္းပူတတ္ လာပါတယ္။ အင္ဂ်င္ကို ေမာ္တာနဲ႔ လွည့္လိုက္တဲ့အခ်ိန္မွာ အင္ဂ်င္ေပါက္ ေလာင္းခန္းမွာ ေလေတြကို ဖိသိပ္မိတယ္။ အင္ဂ်င္ Compression ဖိ အားရယ္ Glow မီးအကူအားေတြ ေၾကာင့္ ေပါက္ကြဲနိုင္တဲ့အဆင့္အထိ အပူခ်ိန္ျမင့္တတ္ေနတယ္။ ဒီအခ်ိန္မွာ ေနာ္ဇယ္က ဒီဇယ္အမွုန္ကေလးေတြ ျဖန္းလိုက္တာနဲ႔ ေပါက္ကြဲၿပီး အင္ဂ်င္ ခ်က္ခ်င္းနိုးသြားေစတာျဖစ္တယ္။

ဒီဇယ္ကားေတြမွာ ကားေသာ့ ဖြင့္လိုက္တာနဲ႔ ကြိဳင္ပုံသ႑ာန္ ွုခသာ ေလးနဲ႔ Glow မီးနီကေလးလင္းလာ မယ္။ စကၠန္႔ပိုင္းကေလးမွာဘဲ Glow မီးၿငိမ္းသြားမယ္။ အဲ့ဒီအခ်ိန္က်မွ ေမာ္ တာကိုလွည္ပါ။ Glow Plug ေတြကို Timer က ထိန္းခ်ဳပ္ၿပီး မီးေပးတယ္။ တခါတေလ Timer မေကာင္းရင္ ဒါမွ မဟုတ္ Relay ကူးမေကာင္းရင္ Glow Plug ကို မီးမေရာက္ဘူး။

ဒီဇယ္ဆီမွာ ေရနဲ႔အမွုန္အမႊား အညစ္အေၾကးေတြေရာပါတတ္တယ္။ ဆီသန္႔ဖို႔လိုပါတယ္။ ဒီဇယ္စစ္ဘူး ၁ လ သို႔မဟုတ္ ၂ လတစ္ႀကိမ္ေလာက္ အသစ္လဲေပးဖို႔လိုပါတယ္။ အရည္အ ေသြးညံ့တဲ့ ဒီဇယ္ဆီမွာ ဆာလဖာနဲ႔ ဖေယာင္းေတြပါဝင္ေနပါတယ္။ ဒီအရာေတြက အလြန္ေအးတဲ့ရာသီမွာ ဆီ လိုင္းမွာပိတ္ေနတတ္ပါတယ္။ အရည္ အေသြးေကာင္းတဲ့ Ultra Low Sulfur Diesel ဆီကိုသုံးပါ။

ဒီဇယ္ဆီတိုင္ကီ ထဲမွာ ေရေတြနဲ႔ မသန္႔ရွင္းတဲ့ ဒီဇယ္ အနယ္အႏွစ္ေတြရွိေနရင္ အဏုဇီဝ ပိုးမႊားေတြ ရွင္သန္ေပါက္ဖြားေနတတ္ ပါတယ္။ ေရနံကိုစားတဲ့ပိုးေတြရွိပါ တယ္။ ဒီပိုးမႊားေတြက ေရနံထြက္ ပစၥည္းေတြထဲမွာ အသက္ရွင္ေနထိုင္ ၿပီး အက်ိအခၽြဲေတြထုတ္လုပ္ပါတယ္။ ဒီအက်ိအခၽြဲေတြေၾကာင့္ ဒီဇယ္ဆီဟာ ပိုၿပီးညစ္ပတ္သြားပါတယ္။ မေကာင္း တဲ့အနံ့ဆိုးေတြထြက္ပါတယ္။

အဲ့ဒီအ က်ိအခၽြဲေတြနဲ႔ ဒီဇယ္အနယ္အႏွစ္ေတြ က ဒီဇယ္ဆီပိုက္လိုင္းထဲမွာ ေကာ္ ေစးလိုကပ္တြယ္ၿပီး ဒုကၡေပးတတ္ပါ တယ္။ ဆီတိုင္ကီထဲမွာ ပိုးမႊားေတြမ ေပါက္နိုင္ေအာင္ Biocide လို ပိုး သတ္ေဆးသုံးရပါတယ္။ ဒီဇယ္တိုင္ ကီကိုလည္း ျဖဳတ္ေဆးဖို႔လိုပါတယ္။

ဆီလိုင္းထဲမွာ ေလခိုေနရင္၊ စက္ ထိုးရပ္သြားတတ္ပါတယ္။ Hand Pump ရိုက္ၿပီး ဆီလိုင္းထဲကေလေတြ ကို ေလခ်ဴေပါက္ကေန ခ်ဴထုတ္ေပးၾကရပါတယ္။
Air Cleaner ပိတ္ၿပီး အင္ဂ်င္ ေလငတ္ရင္ အင္ဂ်င္ဆြဲအားက်ပါ တယ္။ မီးခိုးမဲေတြလည္းထြက္တတ္ ပါတယ္။ Injection Pump Timing မမွန္ရင္လည္း ဒီဇယ္မီးခိုးထြက္တတ္ ပါတယ္။ ေနာ္ဇယ္ေတြမေကာင္းရင္ လည္း မီးခိုးထြက္တတ္ပါတယ္။

ဒီဇယ္အင္ဂ်င္အဆြဲအ႐ုန္းက်မယ္၊ အ ထမေကာင္းဘူး၊ မီးခိုးလိုက္တဲ့ျပႆ နာေတြရွိရင္ ကၽြမ္းက်င္တဲ့ဒီဇယ္ဆား ဗစ္ဆိုင္မွာ ျပသပါ။ Common Rail Diesel ကားေတြမွာေတာ့ ကြန္ပ်ဴတာ နဲ႔ ထိန္းေက်ာင္းတာေၾကာင့္ အျပစ္ ရွာမယ္ဆိုရင္ ကြန္ပ်ဴတာG-Scan Tool နဲ႔ ရွာရပါတယ္။

ဆီအရည္အ ေသြးမေကာင္းတဲ့အတြက္ Nozzle ထိပ္ေတြ Injector ထိပ္ေတြမွာ ဒီ ဇယ္ဗားနစ္(Varnish) ေတြျဖစ္ၿပီး ဆီျဖန္းတဲ့ပုံစံကို ပ်က္စီးေစပါတယ္။ ဒီဇယ္ကားမွာ ဆီသန္႔ဖို႔၊ ခ်က္ဆီေတြ ေရာမပါဖို႔ ဆာလဖာပါဝင္ႏွုန္းနည္းဖို႔ လိုပါတယ္။ Diesel Treatment ကို တခါတရံသုံးေပးပါ။

ဆရာ KMA(သိပၸံႏွင့္နည္းပညာ)

Leave a Comment