ငှက်ပျောသီးမုန့် အလွယ်လုပ်နည်းလေးပါနော်

လွယ်ကူအရသာရှိတဲ့ငှက်ပျောသီးမုန့်လုပ်နည်းလေးပါနော်

ငှက်ပျောသီးတွေ ဝယ်ထားပြီး မစားဖြစ်လို့ ပြော့နေရင် အဲ့လိုမုန့် သာလုပ်စား လိုက်ကလေး လူကြီးအကုန် ကြိုက်တယ် အားလည်းရှိတယ် ။

ထမင်းမစားချင်တဲ့ လူကြီးတွေအတွက်သင့်တော်ပါတယ်။ကျမ အမေကတော့ အရမ်းကြိုက်ဘဲ ငှက်ပျောသီး ၃ လုံး ကျန်နေတာနဲ့ လုပ်စားလိုက်တာ လူတိုင်းလည်း လုပ်တက်မှာပါ ။

လွယ်လွယ်လေး ကို ဒါပေမဲ့ မသိသေးတဲ့သူ လုပ်လို့ရအောင် ရေးပေးထားတယ်နော်။

ငှက်ပျောသီး ကြက်ဥ ဂျုံ့ မုန့်

သီးမွှေး ဖီးကြမ်း ကြိုက်ရာသုံး ဖီးကြမ်ဆို ချဉ်တဲ့ အရသာနည်းနည်းလေးရှိမယ် သီးမွှေးကပိုကောင်းတယ်

လူကြီးတွေစားမှာဖြစ်လို့ ကျမ သကြားနည်းနည်းသာထည့်ပေးပါတယ်။

မုန့်လုပ်နည်း

ငှက်ပျောသီး = 3 လုံး

ကြက် ဥ = 2 လုံး

ဂျုံထမင်းစားဇွန်း = 3 ဇွန်း

ဆား အနည်းငယ်

သကြား အနည်းငယ်

ဒံပေါက်အရောင် နည်းနည်း ( မထည့်လည်းရ အိမ်မှာရှိနေလို့ အရောင်လှအောင်ထည့်တာ)ငှက်ပျောသီးကို ကြေအောင်အရင်ချေပါ ။

ပြီးရင် ကြက်ဥ ဖောက်ထည့်မွှေပါ

ပြီးရင် ဂျုံမှုန့် ဆား သကြား ထည့်မွေပါ နှံ့လာရင် အရောင်ထည့်ချင်ရင် ထည့်မွေပါ သေချာတော့ နှံစပ်အောင်မွှေပါ ဒယ်အိုးကတော့ ကြိုက်တာနဲ့သုံးပါ

ကျမကတော့ ရိုးရိုး အိုးဘဲ သုံးပါတယ်။

အိုးပူလာရင် ဆီနည်းနည်း ပွတ်ပြီး မုန့်ရည်ထည့်ပါတယ် မီး အနေတော်ဘဲထားပါ တဖတ်ကျက်ရင် နောက်တဖက်လှန်ပါ

ပြီးရင် ဆယ်ပြီးစားလို့ရပါပြီး တခါ လုပ်ထားရင် နောက့်နေ့ ညနေ အထိ ထားခံပါတယ် အပြင်မှာဘဲ ဇကာအုပ်ပြီးထားလို့လဲရပါတယ်။

လုပ်စားကြည့်ကြနော်။လေးစားလျှက်

HlaingMe MePhyo

Zawgyi








မုန့်လုပ်နည်း

ငှက်ပျောသီး = 3 လုံး

ကြက် ဥ = 2 လုံး


ဆား အနည်းငယ်

သကြား အနည်းငယ်







လုပ်စားကြည့်ကြနော်။လေးစားလျှက်

HlaingMe MePhyo

Leave a Comment