ချစ်တို့ကို ထန်းသီးမုန့်ပြုလုပ်နည်းလေးဝေမျှပေးလိုက်ပါတယ်နော်….

ချစ်တို့ကို ထန်းသီးမုန့်ပြုလုပ်နည်းလေးဝေမျှပေးလိုက်ပါတယ်နော်….

၁။ ဆန်မှုန့် ၁၅၀ ဂရမ်

၂။သကြား ၁၅၀ ဂရမ်

၃။ ထန်းသီးအမှည့်သီး အနှစ် ၆၀ ဂရမ် (သို့) ထန်းသီးမှည့်အနှစ် ရယ်ဒီမိတ်ဘူး

၄။ အုန်းနို့ ၂၇၀ ဂရမ်

၅။ ဆား အနည်းငယ်

၆။ Baking powder 1.5 Teaspoon

အုန်းနို့ ၊ သကြား နဲ့ ဆား ကို သကြားပျော်ရုံ မီးဖိုပေါ်မှာတင်ပြီး တည်ပါ။

သကြားပျော်ရင် မီးဖိုပေါ်မှ ချထားပါနော်။ဆန်မှုန့် နဲ့ ထန်းသီးနှစ်ကို ယောင်းမ ဖြင့် သမ အောင်မွှေပါ ။

မီးဖိုမှ ချထားသော အုန်းနို့ ကို တဇွန်းချင်း ထည့် မွှေပါ။စေးလာသည်အထိ နယ်ပေးပါ။

အုန်းနို့ရည် ကုန်သည်အထိ တဇွန်းချင်းထည့် မွှေပါ။

မှုန့်နှစ်ရည် အနေ အထားရောက်ပြီ ဆိုရင် ခွက်ကြီးကြီး (သို့) ဖန်ဇလုံ တလုံးအတွင်းသို့ ဇကာ စစ်ချပါ ။

လေလုံအောင်ဖုံးပြီး၆နာရီ(သို့မဟုတ်) ၈နာရီကြာထားပေးပါ။

(ကျမ က တော့ မနက်မုန့်လုပ်ဖို့ ဆိုရင် ည ကတည်းက မုန့်နှစ်ရည် လုပ်ပြီး တည အိပ်ထားလိုက်ပါတယ် … ထန်းသီး နံ့ လေး ပိုမွှေးတာ သိသာပါတယ်) ။

ပေါင်းခါ နီးမှာ baking powder ကို ဇကာ စစ်ပြီး ထည့်ပါ။ ထည့် နေတုံးမှာ တဖက်ကလဲ မုန့် ကိုမွှေနေပါ။

မိမိ ပေါင်းမဲ့ ခွက် (သို့) ဘန်းထဲ ထည့် ပြီး နာရီဝက် / ၄၅ မိနစ်ခန့် ပေါင်းပါ။(တခွက်ချင်းစီ ပေါင်းတာထက်စာရင် အားလုံး ခွက်ကြီးကြီး နဲ့ ထည့် ပေါင်းရင် ပိုပွစေပါတယ်..)

မုန့်သားပေါ်သို့ ပေါင်းအိုးအဖုံးမှ ချွေးများမကျစေရန်. ပေါင်းအိုးအဖုံး ကို သန့်ရှင်းသော လက်သုတ်ပုဝါဖြင့် ပတ်ပြီးမှ ပေါင်းပါ။

အအေးခံပြီး လိုရာ ပုံကို လှီး (သို့ ) ကတ်ကြေးဖြင့် ညှပ်ခါ .. အုန်းသီးလေးခြစ်ပီး ဖြူးစားပါ ရှင်။

Ma ma Soe Mar Lar

Zawgyi

ခ်စ္တို႔ကို ထန္းသီးမုန္႔ျပဳလုပ္နည္းေလးေဝမၽွေပးလိုက္ပါတယ္ေနာ္….

၁။ ဆန္မွုန္႔ ၁၅၀ ဂရမ္

၂။သၾကား ၁၅၀ ဂရမ္

၃။ ထန္းသီးအမွည့္သီး အႏွစ္ ၆၀ ဂရမ္ (သို့) ထန္းသီးမွည့္အႏွစ္ ရယ္ဒီမိတ္ဘူး

၄။ အုန္းနို့ ၂၇၀ ဂရမ္

၅။ ဆား အနည္းငယ္

၆။ Baking powder 1.5 Teaspoon

အုန္းနို့ ၊ သၾကား နဲ႔ ဆား ကို သၾကားေပ်ာ္႐ုံ မီးဖိုေပၚမွာတင္ၿပီး တည္ပါ။

သၾကားေပ်ာ္ရင္ မီးဖိုေပၚမွ ခ်ထားပါေနာ္။ဆန္မွုန္႔ နဲ႔ ထန္းသီးႏွစ္ကို ေယာင္းမ ျဖင့္ သမ ေအာင္ေမႊပါ ။

မီးဖိုမွ ခ်ထားေသာ အုန္းနို့ ကို တဇြန္းခ်င္း ထည့္ ေမႊပါ။ေစးလာသည္အထိ နယ္ေပးပါ။

အုန္းနို့ရည္ ကုန္သည္အထိ တဇြန္းခ်င္းထည့္ ေမႊပါ။

မွုန္႔ႏွစ္ရည္ အေန အထားေရာက္ၿပီ ဆိုရင္ ခြက္ႀကီးႀကီး (သို့) ဖန္ဇလုံ တလုံးအတြင္းသို့ ဇကာ စစ္ခ်ပါ ။

ေလလုံေအာင္ဖုံးၿပီး၆နာရီ(သို႔မဟုတ္) ၈နာရီၾကာထားေပးပါ။

(က်မ က ေတာ့ မနက္မုန္႔လုပ္ဖို့ ဆိုရင္ ည ကတည္းက မုန္႔ႏွစ္ရည္ လုပ္ၿပီး တည အိပ္ထားလိုက္ပါတယ္ … ထန္းသီး နံ့ ေလး ပိုေမႊးတာ သိသာပါတယ္) ။

ေပါင္းခါ နီးမွာ baking powder ကို ဇကာ စစ္ၿပီး ထည့္ပါ။ ထည့္ ေနတုံးမွာ တဖက္ကလဲ မုန္႔ ကိုေမႊေနပါ။

မိမိ ေပါင္းမဲ့ ခြက္ (သို့) ဘန္းထဲ ထည့္ ၿပီး နာရီ၀က္ / ၄၅ မိနစ္ခန္႔ ေပါင္းပါ။(တခြက္ခ်င္းစီ ေပါင္းတာထက္စာရင္ အားလုံး ခြက္ႀကီးႀကီး နဲ႔ ထည့္ ေပါင္းရင္ ပိုပြေစပါတယ္..)

မုန္႔သားေပၚသို့ ေပါင္းအိုးအဖုံးမွ ေခၽြးမ်ားမက်ေစရန္. ေပါင္းအိုးအဖုံး ကို သန္႔ရွင္းေသာ လက္သုတ္ပုဝါျဖင့္ ပတ္ၿပီးမွ ေပါင္းပါ။

အေအးခံၿပီး လိုရာ ပုံကို လွီး (သို့ ) ကတ္ေၾကးျဖင့္ ညႇပ္ခါ .. အုန္းသီးေလးျခစ္ပီး ျဖဴးစားပါ ရွင္။

Ma ma Soe Mar Lar

Leave a Comment