သဘာ၀ ဟင္းခ်ိဳမႈန္႔႔ ကိုုယ္တိုင္လုပ္မယ္

သဘာဝဟင္းခပ္မွုန္႔ေလးကိုယ္တိုင္လုပ္ၾကမယ္ခ်စ္တို႔ေရ့

တကယ္ခ်ိဳပါတယ္

ဆား၊သၾကားဘာဆိုဘာမွမထည့္ပဲငါးနဲ႔ၾကက္သြန္နီရဲ့သဘာဝအခ်ိဳကိုယူထားပါတယ္

ဒီေန႔ခ်က္တဲ့ဟင္းထဲခပ္ၾကည့္တာအဆင္ေျပလို႔ဝမ္းသာပီတိ လဲျဖစ္ရတယ္ျပဳလုပ္နည္းကလဲလြယ္ကူလို႔ခ်စ္ရတဲ့အိမ္ရွင္မေတြအတြတ္မၽွေဝေပးလိုက္ပါတယ္ရွင္

မဂၤလာေန႔လယ္ခင္းပါ ငါးေရႊငါးနဲ႔ျပဳလုပ္ထားတဲ့သဘာဝဟင္းခပ္မွုန္႔ပါရွင္

ပုံမွန္ခ်က္ေနက်ဟင္းေတြအတြတ္ငါးအသားမွုန္႔နဲ႔ ဟင္းခါးေတြထမင္းေၾကာ္ေတြင႐ုတ္ေကာင္းပါတဲ့ဟင္းလ်ာေတြ အတြတ္င႐ုတ္ေကာင္းပါဝင္တဲ့သဘာဝငါးအသားမွုန္႔ပါရွင္

ငါးေရႊငါးကိုသုံးထားပါတယ္ အခ်ိဳမွုန္႔အစားထိုးသုံးမွာမို႔ငါးကိုအခ်ိဳေလးတဲ့အညႇီနံ့ကင္းတဲ့သဘာဝငါးေတြအသုံးျပဳေစခ်င္ပါတယ္

ပထမေတာ့ပလာတူး(ငါးေသတၱာ)ငါးကိုအသုံးျပဳဖို႔စဥ္းစားပါတယ္ ငါးေသတၱာငါးကအညႇီလဲကင္းသလိုအရမ္းလဲခ်ိဳပါတယ္

ဒါေပမယ့္အဲ့ဒီ့ငါးေတြကေသြးေလးေစတတ္လို႔ငါးေရႊငါးကိုအသုံးျပဳထားပါတယ္ ဒီငါးေရႊငါးတစ္ေကာင္ကို၁၅၀၀၀ေပးရပါတယ္

၈၀သါးအေကာင္ေလာက္ရွိပါတယ္ အဓိကလတ္ဆတ္ဖို႔လိုပါတယ္ အနံ့မေကာင္းတဲ့ငါးဆိုရင္ညႇီနံျပင္းလြန္းပါမယ္

ငါးကိုစိတ္ႀကိဳက္တုံးတစ္လို႔ရပါတယ္ ပန္းခေရကေတာ့အက်က္ျမန္ေအာင္လႊာထားပါတယ္

ေရေႏြးပြက္ပြက္ဆူေအာင္တည္ပါ ေရေႏြးဆူလာရင္ ငါးေတြကိုဇကာနဲ႔ထည့္ေပါင္းပါရွင္ ျပဳပ္လဲရပါတယ္ ေပါင္းထားတဲ့ငါးေတြက်က္ၿပီဆိုရင္ေတာ့

အရိုးနဲ႔အေရခြံဖယ္ၿပီးအသားေတြကိုေခ်ထားပါ သဘာဝဟင္းခပ္မွုန္႔ကိုပိုလို႔မွခ်ိဳေအာင္လို႔ၾကက္သြန္နီကိုလဲသုံးပါမယ္

ၾကက္သြန္နီဥႀကီးႀကီး၁၀လံုးကိုေလးစိပ္ထိုးထားပါ ၾကက္သြန္ျဖဴဗမာဥ၅က်ပ္သားကိုလဲၾကက္သြန္ျဖဴတစ္တက္ကို၂ျခမ္းျခမ္းထားပါ

ၿပီးရင္ေတာ့အေျခာက္ခံပါမယ္ရွင္ ဒီေနရာမွာပန္းခေရရွင္းျပခ်င္တာေလးရွိပါတယ္ အေျခာက္ခံတာကိုစက္ရွိမွေျခာက္လို႔ရတာမဟုတ္ပါဘူးရွင္ ေနပူပူမွာအေျခာက္ခံလဲရပါတယ္

မီးေသြးနဲ႔ခ်က္တဲ့သူဆိုေနာက္ဆုံးက်န္တဲ့မီးေငြ႕ေငြ႕နဲ႔ဗန္းႀကီးႀကီးထဲထည့္တင္ထားလို႔လဲရပါတယ္ Ovenရွိရင္လဲမီးအားအနည္းဆုံးနဲ႔အေျခာက္ခံလို႔ရပါတယ္ အဓိက ကသဘာဝဟင္းခပ္မွုန္႔ကိုျပဳလုပ္မွာပါ

မိ္မိမီးဖိုေဆာင္ကအသုံးျပဳလို႔ရတဲ့ဘယ္လိုအရာနဲ႔ပဲဖစ္ျဖစ္အေျခာက္ခံလို႔ရပါတယ္ အေျခာက္ခံစက္ရွိမွမဟုတ္ပါဘူးေနာ္ခ်စ္တို႔ေရ့

ေသြ႕ေနေအာင္ေျခာက္ၿပီဆိုရင္ေတာ့ရပါၿပီ အေျခာက္ခံတဲ့အခါၾကက္သြန္နီနဲ႔ငါးကေတာ့အေျခာက္ျမန္ပါတယ္ အေစးဓာတ္ပါတဲ့ၾကက္သြန္ျဖဴကိုေတာ့အနည္းငယ္စိတ္ရွည္စြာ အေျခာက္ခံရပါတယ္

ရၿပီ အားလုံးေျခာက္ၿပီ ငါးလဲေသြ႕ေနေအာင္ေျခာက္ၿပီ ၾကက္သြန္ျဖဴနဲ႔ၾကက္သြန္နီလဲေသြ႕ေနေအာင္ေျခာက္ပါၿပီ ဒါဆိုရင္ေတာ့

ပန္းခေရတို႔ကေျခာက္ေနၿပီျဖစ္တဲ့ငါးအသားေတြ ၾကက္သြန္နီနဲ႔ၾကက္သြန္ျဖဴကိုမီးေအးေအးနဲ႔စိတ္ရွည္ရွည္ေလွာ္ပါမယ္

မီးလုံးဝေအးေနဖို႔ေတာ့လိုပါတယ္္ မီးဘယ္ေလာက္ေအးမလဲဆိုရင္ဘယ္အခ်ိန္ဒယ္အိုးထဲကေလွာ္ေနတာေတြကိုဆုပ္ကိုင္ကိုင္ ကိုင္နိုင္ေလာက္ေအာင္ေအးတဲ့မီးအရွိန္နဲ႔ေလွာ္ပါမယ္

ဒီလိုေလွာ္တာကအၾကာႀကီးသိမ္းမယ့္အရာမို႔မွိုမတက္တာပိုေသခ်ာေစတယ္ ၿပီးေတာ့အရမ္းပဲေမႊးသြားပါတယ္ ေမႊးေမႊးေလးျဖစ္သြားတယ္ ဒီအဆင့္ကိုေက်ာ္ၿပီးေျခာက္တာနဲ႔တန္းႀကိတ္လဲရပါတယ္

ေလွာ္လိုက္ေတာ့ပိုႂကြပ္ၿပီးေမႊးေမႊးေလးျဖစ္သြားတယ္ ဒါဆိုရင္ေတာ့ ႀကိတ္ပါမယ္ ဒီလိုpowderအမွုန္႔ျဖစ္သြားတဲ့အထိႀကိတ္ရပါမယ္

ဒါေလးကေတာ့အေရးႀကီးပါတယ္ ညက္ညက္ကေလးေပါင္ဒါမွုန္႔လို ၿပီးေတာ့ႀကိတ္တဲ့စက္၊ထည့္မယ့္ပန္းကန္လုံး၊ဇြန္း၊မိမိလက္၊စားပြဲ စတာေတြဟာသန္႔ရွင္းေျခာက္ေသြ႕ေနရပါမယ္

အစိုဓာတ္လုံးဝရွိမေနရပါဘူး တာရွည္ခံေဆးလုံးဝမပါပဲသဘာဝအတိုင္းျပဳလုပ္ထားတာမို႔မွိုမတက္နိုင္ေအာင္ေသခ်ာဂ႐ုစိုက္ဖို႔ေတာ္ေတာ္ေလးလိုအပ္ပါတယ္

အၾကာႀကီးထားသုံးရမွာမို႔သဘာဝေတာ့ျဖစ္ပါတယ္ ဒါေပမယ့္မသိလိုက္ခ်ိန္မွိုတက္ေနရင္လဲႀကီးမားတဲ့အႏၲရာယ္ပါ ပဲခ်စ္တို႔ေရ့ ဒါ့ေၾကာင့္ေသခ်ာဂ႐ုစိုက္ပါရွင္

ရလာတဲ့ငါးအသားမွုန္႔ေတြကိုပိုိလို႔မွညက္သြားေအာင္ဇကာခ်ပါမယ္ဒီလိုိသိပ္မေၾကေသးတဲ့အဖတ္ေတြက်န္ပါမယ္ ဇကာခ်လိုက္ရင္ေတာ့ဒီလိုညက္ေနတဲ့ငါးအသားမွုန္႔ရပါၿပီ

သိိပ္မမေၾကပဲက်န္ေနတဲ့ငါးအသားမွုန္႔ေတြထပ္ႀကိတ္ၿပီးထပ္ဇကာခ်ပါ တစ္ဝက္ေလာက္ႀကိတ္ၿပီးသြားရင္က်န္တစ္ဝက္ကိုေလွာ္ထားတဲ့င႐ုတ္ေကာင္းေမႊးေမႊးေလးထည့္ႀကိတ္ပါ

ညက္ေအာင္ႀကိိတ္ပါ ဇကာခ်ပါ ရပါၿပီရွင္ သဘာဝငါးအသားမွုန္႔ င႐ုတ္ေကာင္းမပါတာတစ္ပုလင္းနဲ႔င႐ုတ္ေကာင္းထည့္ထားတာတစ္ပုလင္း

အသားေတြငါးေတြကိုငါးအသားမွုန္႔ထည့္ၿပီးနယ္ႏွပ္ထားနိုင္ပါတယ္ ဟင္းထဲကိုလဲအခ်ိဳမွုန္႔အစားထိုးအျဖစ္သုံးနိုင္ပါတယ္ သတိထားရမွာကေတာ့မွိုမတက္ေအာင္ဇြန္းသန္႔နဲ႔ခပ္ပါ

ေရခဲေသတၱာအေအးခန္းထဲပုလင္းအဖုံးေသခ်ာဖုံးၿပီးထည့္သိမ္းပါၿပီးေတာ့အဓိကအက်ဆုံးသတိထားရမွာကပုလင္းထဲကိုခပ္ထားတဲ့ဇြန္းကိုပုလင္းထဲအျမဲထည့္မထားပါနဲ႔

ခပ္ၿပီးတဲ့ဇြန္းကိုျပန္ႏွုတ္ၿပီးမွအဖုံးဖုံးပါေနာ္ဟင္းခ်က္ေနတဲ့လက္ဆိုတာဆီလဲေပေနနိုင္တယ္ေရေတြနဲ႔လဲစိုေနနိုင္တာမို႔ကိုင္ထားတဲ့ဇြန္းကိုပုလင္းထဲထည့္မထားသင့္ပါဘူး ဇြန္းနဲ႔ခပ္ၿပီးတိုင္းဇြန္းထုတ္ၿပီးမွေသခ်ာအဖုံးပိတ္သိမ္းပါရွင္

Pan Kankayae

Unicode

သဘာဝဟင်းခပ်မှုန့်လေးကိုယ်တိုင်လုပ်ကြမယ်ချစ်တို့ရေ့

တကယ်ချိုပါတယ်

ဆား၊သကြားဘာဆိုဘာမှမထည့်ပဲငါးနဲ့ကြက်သွန်နီရဲ့သဘာဝအချိုကိုယူထားပါတယ်

ဒီနေ့ချက်တဲ့ဟင်းထဲခပ်ကြည့်တာအဆင်ပြေလို့ဝမ်းသာပီတိ လဲဖြစ်ရတယ်ပြုလုပ်နည်းကလဲလွယ်ကူလို့ချစ်ရတဲ့အိမ်ရှင်မတွေအတွတ်မျှဝေပေးလိုက်ပါတယ်ရှင်

မင်္ဂလာနေ့လယ်ခင်းပါ ငါးရွှေငါးနဲ့ပြုလုပ်ထားတဲ့သဘာဝဟင်းခပ်မှုန့်ပါရှင်

ပုံမှန်ချက်နေကျဟင်းတွေအတွတ်ငါးအသားမှုန့်နဲ့ ဟင်းခါးတွေထမင်းကြော်တွေငရုတ်ကောင်းပါတဲ့ဟင်းလျာတွေ အတွတ်ငရုတ်ကောင်းပါဝင်တဲ့သဘာဝငါးအသားမှုန့်ပါရှင်

ငါးရွှေငါးကိုသုံးထားပါတယ် အချိုမှုန့်အစားထိုးသုံးမှာမို့ငါးကိုအချိုလေးတဲ့အညှီနံ့ကင်းတဲ့သဘာဝငါးတွေအသုံးပြုစေချင်ပါတယ်

ပထမတော့ပလာတူး(ငါးသေတ္တာ)ငါးကိုအသုံးပြုဖို့စဉ်းစားပါတယ် ငါးသေတ္တာငါးကအညှီလဲကင်းသလိုအရမ်းလဲချိုပါတယ်

ဒါပေမယ့်အဲ့ဒီ့ငါးတွေကသွေးလေးစေတတ်လို့ငါးရွှေငါးကိုအသုံးပြုထားပါတယ် ဒီငါးရွှေငါးတစ်ကောင်ကို၁၅၀၀၀ပေးရပါတယ်

၈၀သါးအကောင်လောက်ရှိပါတယ် အဓိကလတ်ဆတ်ဖို့လိုပါတယ် အနံ့မကောင်းတဲ့ငါးဆိုရင်ညှီနံပြင်းလွန်းပါမယ်

ငါးကိုစိတ်ကြိုက်တုံးတစ်လို့ရပါတယ် ပန်းခရေကတော့အကျက်မြန်အောင်လွှာထားပါတယ်

ရေနွေးပွက်ပွက်ဆူအောင်တည်ပါ ရေနွေးဆူလာရင် ငါးတွေကိုဇကာနဲ့ထည့်ပေါင်းပါရှင် ပြုပ်လဲရပါတယ် ပေါင်းထားတဲ့ငါးတွေကျက်ပြီဆိုရင်တော့

အရိုးနဲ့အရေခွံဖယ်ပြီးအသားတွေကိုချေထားပါ သဘာဝဟင်းခပ်မှုန့်ကိုပိုလို့မှချိုအောင်လို့ကြက်သွန်နီကိုလဲသုံးပါမယ်

ကြက်သွန်နီဥကြီးကြီး၁၀လုံးကိုလေးစိပ်ထိုးထားပါ ကြက်သွန်ဖြူဗမာဥ၅ကျပ်သားကိုလဲကြက်သွန်ဖြူတစ်တက်ကို၂ခြမ်းခြမ်းထားပါ

ပြီးရင်တော့အခြောက်ခံပါမယ်ရှင် ဒီနေရာမှာပန်းခရေရှင်းပြချင်တာလေးရှိပါတယ် အခြောက်ခံတာကိုစက်ရှိမှခြောက်လို့ရတာမဟုတ်ပါဘူးရှင် နေပူပူမှာအခြောက်ခံလဲရပါတယ်

မီးသွေးနဲ့ချက်တဲ့သူဆိုနောက်ဆုံးကျန်တဲ့မီးငွေ့ငွေ့နဲ့ဗန်းကြီးကြီးထဲထည့်တင်ထားလို့လဲရပါတယ် Ovenရှိရင်လဲမီးအားအနည်းဆုံးနဲ့အခြောက်ခံလို့ရပါတယ် အဓိက ကသဘာဝဟင်းခပ်မှုန့်ကိုပြုလုပ်မှာပါ

မိ်မိမီးဖိုဆောင်ကအသုံးပြုလို့ရတဲ့ဘယ်လိုအရာနဲ့ပဲဖစ်ဖြစ်အခြောက်ခံလို့ရပါတယ် အခြောက်ခံစက်ရှိမှမဟုတ်ပါဘူးနော်ချစ်တို့ရေ့

သွေ့နေအောင်ခြောက်ပြီဆိုရင်တော့ရပါပြီ အခြောက်ခံတဲ့အခါကြက်သွန်နီနဲ့ငါးကတော့အခြောက်မြန်ပါတယ် အစေးဓာတ်ပါတဲ့ကြက်သွန်ဖြူကိုတော့အနည်းငယ်စိတ်ရှည်စွာ အခြောက်ခံရပါတယ်

ရပြီ အားလုံးခြောက်ပြီ ငါးလဲသွေ့နေအောင်ခြောက်ပြီ ကြက်သွန်ဖြူနဲ့ကြက်သွန်နီလဲသွေ့နေအောင်ခြောက်ပါပြီ ဒါဆိုရင်တော့

ပန်းခရေတို့ကခြောက်နေပြီဖြစ်တဲ့ငါးအသားတွေ ကြက်သွန်နီနဲ့ကြက်သွန်ဖြူကိုမီးအေးအေးနဲ့စိတ်ရှည်ရှည်လှော်ပါမယ်

မီးလုံးဝအေးနေဖို့တော့လိုပါတယ်် မီးဘယ်လောက်အေးမလဲဆိုရင်ဘယ်အချိန်ဒယ်အိုးထဲကလှော်နေတာတွေကိုဆုပ်ကိုင်ကိုင် ကိုင်နိုင်လောက်အောင်အေးတဲ့မီးအရှိန်နဲ့လှော်ပါမယ်

ဒီလိုလှော်တာကအကြာကြီးသိမ်းမယ့်အရာမို့မှိုမတက်တာပိုသေချာစေတယ် ပြီးတော့အရမ်းပဲမွှေးသွားပါတယ် မွှေးမွှေးလေးဖြစ်သွားတယ် ဒီအဆင့်ကိုကျော်ပြီးခြောက်တာနဲ့တန်းကြိတ်လဲရပါတယ်

လှော်လိုက်တော့ပိုကြွပ်ပြီးမွှေးမွှေးလေးဖြစ်သွားတယ် ဒါဆိုရင်တော့ ကြိတ်ပါမယ် ဒီလိုpowderအမှုန့်ဖြစ်သွားတဲ့အထိကြိတ်ရပါမယ်

ဒါလေးကတော့အရေးကြီးပါတယ် ညက်ညက်ကလေးပေါင်ဒါမှုန့်လို ပြီးတော့ကြိတ်တဲ့စက်၊ထည့်မယ့်ပန်းကန်လုံး၊ဇွန်း၊မိမိလက်၊စားပွဲ စတာတွေဟာသန့်ရှင်းခြောက်သွေ့နေရပါမယ်

အစိုဓာတ်လုံးဝရှိမနေရပါဘူး တာရှည်ခံဆေးလုံးဝမပါပဲသဘာဝအတိုင်းပြုလုပ်ထားတာမို့မှိုမတက်နိုင်အောင်သေချာဂရုစိုက်ဖို့တော်တော်လေးလိုအပ်ပါတယ်

အကြာကြီးထားသုံးရမှာမို့သဘာဝတော့ဖြစ်ပါတယ် ဒါပေမယ့်မသိလိုက်ချိန်မှိုတက်နေရင်လဲကြီးမားတဲ့အန္တရာယ်ပါ ပဲချစ်တို့ရေ့ ဒါ့ကြောင့်သေချာဂရုစိုက်ပါရှင်

ရလာတဲ့ငါးအသားမှုန့်တွေကိုပိိုလို့မှညက်သွားအောင်ဇကာချပါမယ်ဒီလိိုသိပ်မကြေသေးတဲ့အဖတ်တွေကျန်ပါမယ် ဇကာချလိုက်ရင်တော့ဒီလိုညက်နေတဲ့ငါးအသားမှုန့်ရပါပြီ

သိိပ်မမကြေပဲကျန်နေတဲ့ငါးအသားမှုန့်တွေထပ်ကြိတ်ပြီးထပ်ဇကာချပါ တစ်ဝက်လောက်ကြိတ်ပြီးသွားရင်ကျန်တစ်ဝက်ကိုလှော်ထားတဲ့ငရုတ်ကောင်းမွှေးမွှေးလေးထည့်ကြိတ်ပါ

ညက်အောင်ကြိိတ်ပါ ဇကာချပါ ရပါပြီရှင် သဘာဝငါးအသားမှုန့် ငရုတ်ကောင်းမပါတာတစ်ပုလင်းနဲ့ငရုတ်ကောင်းထည့်ထားတာတစ်ပုလင်း

အသားတွေငါးတွေကိုငါးအသားမှုန့်ထည့်ပြီးနယ်နှပ်ထားနိုင်ပါတယ် ဟင်းထဲကိုလဲအချိုမှုန့်အစားထိုးအဖြစ်သုံးနိုင်ပါတယ် သတိထားရမှာကတော့မှိုမတက်အောင်ဇွန်းသန့်နဲ့ခပ်ပါ

ရေခဲသေတ္တာအအေးခန်းထဲပုလင်းအဖုံးသေချာဖုံးပြီးထည့်သိမ်းပါပြီးတော့အဓိကအကျဆုံးသတိထားရမှာကပုလင်းထဲကိုခပ်ထားတဲ့ဇွန်းကိုပုလင်းထဲအမြဲထည့်မထားပါနဲ့

ခပ်ပြီးတဲ့ဇွန်းကိုပြန်နှုတ်ပြီးမှအဖုံးဖုံးပါနော်ဟင်းချက်နေတဲ့လက်ဆိုတာဆီလဲပေနေနိုင်တယ်ရေတွေနဲ့လဲစိုနေနိုင်တာမို့ကိုင်ထားတဲ့ဇွန်းကိုပုလင်းထဲထည့်မထားသင့်ပါဘူး ဇွန်းနဲ့ခပ်ပြီးတိုင်းဇွန်းထုတ်ပြီးမှသေချာအဖုံးပိတ်သိမ်းပါရှင်

Pan Kankayae

Be the first to comment

Leave a Reply

Your email address will not be published.


*