မၾကာမၾကာ အေၾကာေဆးသြြင္းျဖစ္ေနသူမ်ားအတြက္ သတိျပဳဖြယ္္

အေၾကာေဆးသြြင္းျခင္းႏွင္႔ သတိျပဳဖြယ္မ်ား

ကိုထြန္းေက်ာ္။ ကုန္ထမ္းရတာ မ်ားသြားလို႔ထင္သည္။ ေညာင္းကိုက္သည္။ ပိုဆိုးသည္မွာ ကိုယ္လက္ေတြ မသယ္ခ်င္ေလာက္ေအာင္ျဖစ္ေနသည္။

လႈပ္ရွားရတာ အားနည္းသလို ျဖစ္ေနတာ ၃-၄ ရက္ရိွျပီ။ အရင္က အလုပ္ျပန္လွ်င ္ပံုမွန္ေသာက္ေနက် အရက္ေလး ၁ ပုလင္းေလာက္ေသာက္လွ်င္ ပင္ပန္းတာ သက္သာသလို ျဖစ္ေသာ္လည္း အားနည္းတာက အခုရက္ပိုင္း မသက္သာ။

ညေနေတာ႔ အရက္မေသာက္ေသးဘဲ သူငယ္ခ်င္းညႊန္းသလို လမ္းထိပ္က ေဆးခန္းမွာ အေၾကာေဆး ၀င္သြင္းဦးမည္။

အိမ္ေရာက္တာနဲ႔ကိုထြန္းေက်ာ္၀င္အိပ္ျဖစ္သည္။ အေၾကာအားေဆး၀င္သြင္းလိုက္ေသာ္လည္း သူမ်ားေတ ြေျပာသလိုလန္းမသြား။ ေနာက္ေန႔မနက္ထေတာ႔ကိုထြန္းေက်ာ္ေျခေထာက္ေတြ မလွဳပ္ႏိုင္ေတာ႔။

လက္ကိုအားျပဳ ထမည္က်န္ေတာ႔လည္း လက္ပါ ေကာင္းေကာင္းမလွဳပ္ႏိုင္ေတာ႔။ သို႔ႏွင္႔ ကိုထြန္းေက်ာ္တစ္ေယာက္အင္းစိန္ေဆးရံုေရာက္လာသည္။

ဆရာ၀န္ေတြကေတာ႔ ပိုတက္စီယမ္ (potassium) ေခၚ သက္ေစာင္႔ဓာတ္နည္းတာလို႔ေျပာသည္။ ဒီထက္နည္းလာရင္အသက္ရွဴမရျဖစ္လာ၊ ႏွလံုးရပ္ျပီးေသတဲ႔အထိျဖစ္လာႏုိင္မည္ဟုေျပာသည္။

ျပီးေတာ႔အေၾကာေဆးသြင္းလိုက္ေသးလားဟု ပါရဂူၾကီးကေမးေသးသည္။ သြင္းမိသည္လို႔ေျဖေတာ႔ေနာက္ဆိုဆင္ျခင္ဖို႔ေျပာသည္။ ပိုတက္စီယမ္ နည္းေနခ်ိန္ အေၾကာေဆးသြင္းမိရင္ပိုနည္းသြားတတ္သည္တဲ႔။

ျဖစ္စဥ္ (၂)

ေဒၚေအးမူတစ္ေယာက္ေနရထိုိင္ရ မေကာင္းျဖစ္ေနသည္မွာ လႏွင္႔ခ်ီေနျပီျဖစ္သည္။ ႏံုးလြယ္ ပင္ပန္းလြယ္သည္။ ေရမၾကာမၾကာငတ္သည္။ ေျခေထာက္ေတြ ထံုသလိုက်င္သလိုျဖစ္ေနသည္။

လမ္းထိပ္က ေဆးခန္းမွာ ေတာ႔အေၾကာေဆးသြား သြားသြင္းျဖစ္သည္။ ေ၀ဒနာကေတာ႔သိပ္မသက္သာလွ။

တစ္ရက္ေဒၚေအးမူရုတ္တရက္မူးလဲသည္။ ေခၽြးေစးေတြလည္းျပန္လာသည္။ သတိေတာ႔အၾကာၾကီးလစ္မသြား။ ေမာသည္ေမာသည္ဆို၍ ေျမာက္ဥကၠလာပေဆးရံုပို႔လိုက္ၾကသည္။ ႏွလံုးေသြးေၾကာပိတ္သည္ဟု ေျပာသည္။

ဆီးခ်ိဳလည္း အရမ္းတက္ေနသည္။ ဆရာ၀န္ေမးေသာ ဆီးခ်ိဳ လကၡဏာေတြက ေဒၚေအးမူအရင္ျဖစ္ေနသည့္အတိုင္း ဆင္တူေနသည္။ ဆီးခ်ိဳတက္လို႔ ျဖစ္ေနသည့္လကၡဏာေတ ြကို ဂလူးကို႔စ္အေၾကာေဆးေတြ ထိုးေနေတာ႔ပိုဆိုးသြားေၾကာင္း ပါရဂူၾကီးကရွင္းျပသည္။

ရွင္းလင္းခ်က္္

ေဆးခန္းတြင္အေၾကာေဆးသြင္းခ်င္လို႔ပါဆိုျပီး လာေသာလူနာမ်ိဳးကို ေဆးခန္းထိုင္ေသာ ဆရာ၀န္တိုင္း ေတြ႔ဖူးၾကပါသည္။ အေၾကာအားေဆးတြင္မ်ားေသာအားျဖင္႔ဂလူးကို႔စ္(glucose) ႏွင္႔ ဗီတာမင္ဓာတ္မ်ား (vitamin B2, B6, B12 etc.) ထည္႔သြင္းထိုးေလ႔ရိွသည္။

ဂလူးကို႔စ္သည္အခ်ိဳဓာတ္ျဖစ္သည္။ အခ်ိဳဓာတ္ေသြးထဲေရာက္လာလၽွင္ဦးေႏွာက္ႏွင္႔တျခားကိုယ္အဂၤါ အစိတ္အပိုင္းမ်ားသို႔ ဆက္ေရာက္သြားသည္။ ထိုအခါ လူကလန္းဆန္းသြားသလို ခံစားရသည္။

ပါ၀င္ေသာ ဗီတာမင္ဓာတ္မ်ား ေၾကာင့္လည္း အားပိုရိွသြားသည္ဟုထင္ၾကသည္။ ထို႔ေၾကာင္႔လည္း အေၾကာအားေဆးသြင္းလွ်င္ အားရိွသြားသည္ေနလို႔ေကာင္းသြားသည္ဟု ခံစားသြားၾကရျခင္းျဖစ္သည္။

သို႔ေသာ္တကယ္တမ္း သိပၸံနည္းက် တြြက္ၾကည္႔လွ်င္ေရရွည္အတြက္ အာနိသင္သိပ္မထူးလွသည္ကိုေတတြ႔ရိွၾကရမည္။ အေၾကာေဆးတစ္ခါသြင္းစာ ဂလူးကို႔စ္တစ္လံုးတြင္၅ သို႔ ၁၀ ဂရမ္သာ ပါေလ႔ရိွသည္။

ကီလုိကယ္လိုရီဆိုေသာ ယူနစ္ႏွင္႔တြက္လွ်င္၁၀ ဂရမ္တ ြင္မွ၄၀ ကီလိုကယ္လိုရီသာ ရပါသည္။ ထမင္းတစ္ခါစားျပင္သေလာက္သည္၃၀၀ ကီလိုကယ္လိုရီခန္႔ရသည္။

လူတစ္ေယာက္အတြက္တစ္ေန႔တာလုိအပ္ခ်က္သည္ အၾကမ္းအားျဖင္႔၂၀၀၀ ကီလိုကယ္လိုရီလိုသည္။ ထိုပမာဏကိုထမင္းအျပင္ အဆီဓာတ္ႏွင့္အသားတို႔မွရသည္။ ထိုေၾကာင္႔အေၾကာထိုးေဆးမွရေသာ ကီလိုကယ္လိုရီသည္တစ္ေန႔တာ လိုအပ္ခ်က္ႏွင္႔ယွဥ္လွ်င္ဘာမွမဟုတ္သည္ကို ေတြ႔ႏိုင္ပါသည္။

ပုလင္းၾကီးတစ္လံုး (၁၀ % ဂလူးကို႔) တြင္ပင္ ဂလူးကို႔စ္၅၀ ဂရမ္သာ ပါရာ ၂၀၀ ကီလိုကယ္လိုရီသာ ရေပလိမ္႔မည္။ အေၾကာေဆး ဂလူးကို႔စ္သည္အဓိကအားျဖင္႔ေသြးတြင္း အခ်ိဳဓာတ္က်ေနေသာလူမ်ားတြင္ အဓိကသံုးၾကျခင္းျဖစ္သည္။

အေၾကာေဆးတြင္ပါေသာ ဗီတာမင္ဓာတ္မ်ားသည္လည္း ေသြးေၾကာထဲ တိုက္ရိုက္ေရာက္သြားသည္႔ အတြက္ျမန္ျမန္အာနိသင္ရိွႏိုင္သည္မွာ မွန္ေသာ္လည္း ပံုမွန္စားေသာက္ႏိုင္သူတစ္ေယာက္အတြက္ ထိုးရေလာက္ေအာင္မလိုပါ။

အစားအေသာက္တြင္ပါသေလာက္ႏွင္႔လံုေလာက္ႏိုင္သလို လိုအပ္ပါက အားေဆးေသာက္လွ်င္လည္း လံုေလာက္ႏိုင္ပါသည္။ ထို႔ျပင္ ေသြးေပါင္က်ေနလွ်င္လည္း ဂလူးကို႔စ္ အေၾကာေဆးသြင္းရံုႏွင္႔ေသြးေပါင္ျပန္မတက္ႏိုင္ပါ။

ထိုိ႔ေၾကာင္႔ပံုမွန္စားႏိုင္ေသာက္ႏိုင္သူတစ္ေယာက္အတြက္ သီးသန္႔အေၾကာေဆးသ ြင္းရန္ မလိုအပ္ပါ။ အေၾကာေဆးသြင္းရန္လိုေနျပီဟုထင္ေနၾကေသာ ႏံုးျခင္း၊ အားမရိွျခင္းစသည္႔လကၡဏာ မ်ားသည္လည္း အေပၚတ ြင္ေျပာခဲ႔သလို ပိုတက္စီယမ္နည္းျခင္း၊ ဆီးခ်ိဳျဖစ္ျခင္း စသည္႔ေရာဂါတစ္ခုခု၏ လကၡဏာမ်ားျဖစ္ေနတတ္သည္။

ထိုအခါမ်ိဳးတြင္ဂလူးကို႔ိစ္အေၾကာေဆးသြင္းလိုက္မွ ပိုဆိုးသြားတတ္သည္။ တျခားဘာေရာဂါမွ်မရိွလွ်င္လည္း အေၾကာေဆးတြင္ပါေသာ ဓာတ္တစ္ခုခုကိုမတည္႔ျခင္း ျဖစ္ႏိုင္ပါေသးသည္။

ေဆးခန္းထိုင္ၾကေသာ ဆရာ၀န္မ်ားၾကံဳေတြ႔ေနၾကရေသာ အခက္အခဲမွာ အေၾကာေဆးသြင္းလို၍ လာေသာလူနာမ်ားတ ြင္ေဖာ္ျပပါေရာဂါလကၡဏာတစ္စံုတစ္ခု သံသယရွိ၍ ထပ္မံစစ္ေဆးလိုသည့္အခါ လူနာဘက္က အေၾကာေဆးသြင္းဖို႔သာ အာရံုထားၾကျပီး ဘာမွထပ္မစစ္ခ်င္ၾကျခင္းပင္။

ဆရာ၀န္က အေၾကာေဆးမသြင္းသင့္ဟု ရွင္းျပလိုက္လွ်င္ပင္အေၾကာေဆးသြင္းေပးေသာ ရမ္းကုထံ ေရာက္သြားတတ္သည္။ အေၾကာေဆးသြင္းျခင္းကို မ်ားစြာအက်ိဳးရိွသည္ဟုထင္ၾကျခင္းေၾကာင္႔ပင္ျဖစ္သည္။ ထိုေၾကာင္႔လည္း ယခုစာစုကို ေရးသားတင္ျပရျခင္း ျဖစ္ပါသည္။

မလိုိအပ္ဘဲ အေၾကာေဆးမသြင္းၾကရန္ႏွင္႔ ဆရာ၀န္မွအေၾကာေဆးသြင္းရန္ မသင္႔ေတာ္ေၾကာင္းရွင္းျပသည့္အခါ လက္ခံျပီး တျခားေရာဂါမ်ားကို ဆက္ရွာရန္ လိုအပ္လာပါက ဆက္လက္စစ္ေဆးမႈခံယူရန္ အထူးအေရးၾကီးေၾကာင္း တင္ျပလိုက္ပါသည္။

ေရးသားသူ Dr Pyae Phyo Kyaw

The Ladies

Unicode

အကြောဆေးသွွင်းခြင်းနှင့် သတိပြုဖွယ်များ

ကိုထွန်းကျော်။ ကုန်ထမ်းရတာ များသွားလို့ထင်သည်။ ညောင်းကိုက်သည်။ ပိုဆိုးသည်မှာ ကိုယ်လက်တွေ မသယ်ချင်လောက်အောင်ဖြစ်နေသည်။

လှုပ်ရှားရတာ အားနည်းသလို ဖြစ်နေတာ ၃-၄ ရက်ရှိပြီ။ အရင်က အလုပ်ပြန်လျှင ်ပုံမှန်သောက်နေကျ အရက်လေး ၁ ပုလင်းလောက်သောက်လျှင် ပင်ပန်းတာ သက်သာသလို ဖြစ်သော်လည်း အားနည်းတာက အခုရက်ပိုင်း မသက်သာ။

ညနေတော့ အရက်မသောက်သေးဘဲ သူငယ်ချင်းညွှန်းသလို လမ်းထိပ်က ဆေးခန်းမှာ အကြောဆေး ၀င်သွင်းဦးမည်။

အိမ်ရောက်တာနဲ့ကိုထွန်းကျော်ဝင်အိပ်ဖြစ်သည်။ အကြောအားဆေးဝင်သွင်းလိုက်သော်လည်း သူများတေ ွပြောသလိုလန်းမသွား။ နောက်နေ့မနက်ထတော့ကိုထွန်းကျော်ခြေထောက်တွေ မလှုပ်နိုင်တော့။

လက်ကိုအားပြု ထမည်ကျန်တော့လည်း လက်ပါ ကောင်းကောင်းမလှုပ်နိုင်တော့။ သို့နှင့် ကိုထွန်းကျော်တစ်ယောက်အင်းစိန်ဆေးရုံရောက်လာသည်။

ဆရာဝန်တွေကတော့ ပိုတက်စီယမ် (potassium) ခေါ် သက်စောင့်ဓာတ်နည်းတာလို့ပြောသည်။ ဒီထက်နည်းလာရင်အသက်ရှူမရဖြစ်လာ၊ နှလုံးရပ်ပြီးသေတဲ့အထိဖြစ်လာနိုင်မည်ဟုပြောသည်။

ပြီးတော့အကြောဆေးသွင်းလိုက်သေးလားဟု ပါရဂူကြီးကမေးသေးသည်။ သွင်းမိသည်လို့ဖြေတော့နောက်ဆိုဆင်ခြင်ဖို့ပြောသည်။ ပိုတက်စီယမ် နည်းနေချိန် အကြောဆေးသွင်းမိရင်ပိုနည်းသွားတတ်သည်တဲ့။

ဖြစ်စဉ် (၂)

ဒေါ်အေးမူတစ်ယောက်နေရထိိုင်ရ မကောင်းဖြစ်နေသည်မှာ လနှင့်ချီနေပြီဖြစ်သည်။ နုံးလွယ် ပင်ပန်းလွယ်သည်။ ရေမကြာမကြာငတ်သည်။ ခြေထောက်တွေ ထုံသလိုကျင်သလိုဖြစ်နေသည်။

လမ်းထိပ်က ဆေးခန်းမှာ တော့အကြောဆေးသွား သွားသွင်းဖြစ်သည်။ ဝေဒနာကတော့သိပ်မသက်သာလှ။

တစ်ရက်ဒေါ်အေးမူရုတ်တရက်မူးလဲသည်။ ချွေးစေးတွေလည်းပြန်လာသည်။ သတိတော့အကြာကြီးလစ်မသွား။ မောသည်မောသည်ဆို၍ မြောက်ဥက္ကလာပဆေးရုံပို့လိုက်ကြသည်။ နှလုံးသွေးကြောပိတ်သည်ဟု ပြောသည်။

ဆီးချိုလည်း အရမ်းတက်နေသည်။ ဆရာဝန်မေးသော ဆီးချို လက္ခဏာတွေက ဒေါ်အေးမူအရင်ဖြစ်နေသည့်အတိုင်း ဆင်တူနေသည်။ ဆီးချိုတက်လို့ ဖြစ်နေသည့်လက္ခဏာတေ ွကို ဂလူးကို့စ်အကြောဆေးတွေ ထိုးနေတော့ပိုဆိုးသွားကြောင်း ပါရဂူကြီးကရှင်းပြသည်။

ရှင်းလင်းချက််

ဆေးခန်းတွင်အကြောဆေးသွင်းချင်လို့ပါဆိုပြီး လာသောလူနာမျိုးကို ဆေးခန်းထိုင်သော ဆရာဝန်တိုင်း တွေ့ဖူးကြပါသည်။ အကြောအားဆေးတွင်များသောအားဖြင့်ဂလူးကို့စ်(glucose) နှင့် ဗီတာမင်ဓာတ်များ (vitamin B2, B6, B12 etc.) ထည့်သွင်းထိုးလေ့ရှိသည်။

ဂလူးကို့စ်သည်အချိုဓာတ်ဖြစ်သည်။ အချိုဓာတ်သွေးထဲရောက်လာလျှင်ဦးနှောက်နှင့်တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းများသို့ ဆက်ရောက်သွားသည်။ ထိုအခါ လူကလန်းဆန်းသွားသလို ခံစားရသည်။

ပါ၀င်သော ဗီတာမင်ဓာတ်များ ကြောင့်လည်း အားပိုရှိသွားသည်ဟုထင်ကြသည်။ ထို့ကြောင့်လည်း အကြောအားဆေးသွင်းလျှင် အားရှိသွားသည်နေလို့ကောင်းသွားသည်ဟု ခံစားသွားကြရခြင်းဖြစ်သည်။

သို့သော်တကယ်တမ်း သိပ္ပံနည်းကျ တွွက်ကြည့်လျှင်ရေရှည်အတွက် အာနိသင်သိပ်မထူးလှသည်ကိုတေတွ့ရှိကြရမည်။ အကြောဆေးတစ်ခါသွင်းစာ ဂလူးကို့စ်တစ်လုံးတွင်၅ သို့ ၁၀ ဂရမ်သာ ပါလေ့ရှိသည်။

ကီလိုကယ်လိုရီဆိုသော ယူနစ်နှင့်တွက်လျှင်၁၀ ဂရမ်တ ွင်မှ၄၀ ကီလိုကယ်လိုရီသာ ရပါသည်။ ထမင်းတစ်ခါစားပြင်သလောက်သည်၃၀၀ ကီလိုကယ်လိုရီခန့်ရသည်။

လူတစ်ယောက်အတွက်တစ်နေ့တာလိုအပ်ချက်သည် အကြမ်းအားဖြင့်၂၀၀၀ ကီလိုကယ်လိုရီလိုသည်။ ထိုပမာဏကိုထမင်းအပြင် အဆီဓာတ်နှင့်အသားတို့မှရသည်။ ထိုကြောင့်အကြောထိုးဆေးမှရသော ကီလိုကယ်လိုရီသည်တစ်နေ့တာ လိုအပ်ချက်နှင့်ယှဉ်လျှင်ဘာမှမဟုတ်သည်ကို တွေ့နိုင်ပါသည်။

ပုလင်းကြီးတစ်လုံး (၁၀ % ဂလူးကို့) တွင်ပင် ဂလူးကို့စ်၅၀ ဂရမ်သာ ပါရာ ၂၀၀ ကီလိုကယ်လိုရီသာ ရပေလိမ့်မည်။ အကြောဆေး ဂလူးကို့စ်သည်အဓိကအားဖြင့်သွေးတွင်း အချိုဓာတ်ကျနေသောလူများတွင် အဓိကသုံးကြခြင်းဖြစ်သည်။

အကြောဆေးတွင်ပါသော ဗီတာမင်ဓာတ်များသည်လည်း သွေးကြောထဲ တိုက်ရိုက်ရောက်သွားသည့် အတွက်မြန်မြန်အာနိသင်ရှိနိုင်သည်မှာ မှန်သော်လည်း ပုံမှန်စားသောက်နိုင်သူတစ်ယောက်အတွက် ထိုးရလောက်အောင်မလိုပါ။

အစားအသောက်တွင်ပါသလောက်နှင့်လုံလောက်နိုင်သလို လိုအပ်ပါက အားဆေးသောက်လျှင်လည်း လုံလောက်နိုင်ပါသည်။ ထို့ပြင် သွေးပေါင်ကျနေလျှင်လည်း ဂလူးကို့စ် အကြောဆေးသွင်းရုံနှင့်သွေးပေါင်ပြန်မတက်နိုင်ပါ။

ထိို့ကြောင့်ပုံမှန်စားနိုင်သောက်နိုင်သူတစ်ယောက်အတွက် သီးသန့်အကြောဆေးသ ွင်းရန် မလိုအပ်ပါ။ အကြောဆေးသွင်းရန်လိုနေပြီဟုထင်နေကြသော နုံးခြင်း၊ အားမရှိခြင်းစသည့်လက္ခဏာ များသည်လည်း အပေါ်တ ွင်ပြောခဲ့သလို ပိုတက်စီယမ်နည်းခြင်း၊ ဆီးချိုဖြစ်ခြင်း စသည့်ရောဂါတစ်ခုခု၏ လက္ခဏာများဖြစ်နေတတ်သည်။

ထိုအခါမျိုးတွင်ဂလူးကိို့စ်အကြောဆေးသွင်းလိုက်မှ ပိုဆိုးသွားတတ်သည်။ တခြားဘာရောဂါမျှမရှိလျှင်လည်း အကြောဆေးတွင်ပါသော ဓာတ်တစ်ခုခုကိုမတည့်ခြင်း ဖြစ်နိုင်ပါသေးသည်။

ဆေးခန်းထိုင်ကြသော ဆရာဝန်များကြုံတွေ့နေကြရသော အခက်အခဲမှာ အကြောဆေးသွင်းလို၍ လာသောလူနာများတ ွင်ဖော်ပြပါရောဂါလက္ခဏာတစ်စုံတစ်ခု သံသယရှိ၍ ထပ်မံစစ်ဆေးလိုသည့်အခါ လူနာဘက်က အကြောဆေးသွင်းဖို့သာ အာရုံထားကြပြီး ဘာမှထပ်မစစ်ချင်ကြခြင်းပင်။

ဆရာဝန်က အကြောဆေးမသွင်းသင့်ဟု ရှင်းပြလိုက်လျှင်ပင်အကြောဆေးသွင်းပေးသော ရမ်းကုထံ ရောက်သွားတတ်သည်။ အကြောဆေးသွင်းခြင်းကို များစွာအကျိုးရှိသည်ဟုထင်ကြခြင်းကြောင့်ပင်ဖြစ်သည်။ ထိုကြောင့်လည်း ယခုစာစုကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။

မလိိုအပ်ဘဲ အကြောဆေးမသွင်းကြရန်နှင့် ဆရာဝန်မှအကြောဆေးသွင်းရန် မသင့်တော်ကြောင်းရှင်းပြသည့်အခါ လက်ခံပြီး တခြားရောဂါများကို ဆက်ရှာရန် လိုအပ်လာပါက ဆက်လက်စစ်ဆေးမှုခံယူရန် အထူးအရေးကြီးကြောင်း တင်ပြလိုက်ပါသည်။

ရေးသားသူ Dr Pyae Phyo Kyaw

The Ladies