စစ္ကိုိင္းတံတားေပၚက ခ်စ္သက္္ေသ ေသာ့တြဲေလးမ်ား

စစ္ကိုိင္းတံတားေပၚက ေသာ့တြဲေလးမ်ား

စစ္ကိုိင္းတံတားအသစ္(ရတနာပုံ)ရဲ့ Platform ေပၚမွာ လမ္းေလၽွာက္ဖူးသူတိုင္း ဒီေသာ့တြဲေလးေတြကို ျမင္ဖူးၾကမွာပါ။

ကိုိယ္ေတြလည္း ပထမဆုံး ျမင္ဖူးတုန္းက ဘာလုပ္ထားတာလဲေပါ့ ..?

ေနာက္ေတာ့မွ သိရတယ္။ ခ်စ္သူရည္းစားေတြ အတူတူလာခ်ိတ္ထားတာတဲ့ ။ လိုက္ၿပီးေရတြက္ၾကည့္ရင္ ႏွစ္ဖက္ေပါင္းအခု 500 ေတာ့ေက်ာ္မယ္ထင္တယ္ ။

ခ်စ္သူႏွစ္ေယာက္ ေသာ့ႏွစ္ခုကို အတူတူ၀ယ္တယ္။ ၿပီးေတာ့ တံတားေပၚမွာ အခုလိုမ်ိဳးအတြဲေလးျဖစ္ေအာင္ အတူတူခ်ိတ္ၾကတယ္ ။

ၿပီးရင္ေသာ့တံႏွစ္ခုကိုလည္း အတူတူခ်ိတ္ၿပီး တံတားေပၚကေန ဧရာ၀တီျမစ္ႀကီးထဲကို သစၥာျပဳၿပီး လႊင့္ပစ္ၾကတယ္ေပါ့ ။

ဆိုလိုတာက သူတို႔ႏွစ္ေယာက္ကို ဘယ္သူခြဲခြဲ မကြဲနိုင္ေတာ့ဘူးေပါ့..။

ကိုယ္ေတာ့ ခုခ်ိန္ထိ အဲ့လို မခ်ိတ္ဖူးေသးဘူး။ခ်ိတ္မယ္ဆိုလည္း တစ္ေယာက္ထဲ သြားခ်ိတ္႐ုံပဲ။

ဒီအထိက ေတြးၾကည့္ရင္ တကယ္ ၾကည္ႏူးစရာေလးပါ ။

ဒါေပမယ့္ အဲ့လိုိ သစၥာျပဳထားလၽွက္နဲ႔မွ ခ်စ္သူႏွစ္ေယာက္ ကြဲသြားၿပီဆိုရင္ေတာ့ ႏွွစ္ေယာက္ထဲက တစ္ေယာက္စီမွာ ေသာ့အပိုရွိိလို႔လား ဒါမွမဟုတ္

သံျဖတ္လႊနဲ႔ပဲ လာျဖတ္သလားမသိ။ တစ္ခ်ိဳ႕ေသာ့ေလးေတြမွာေတာ့ တစ္ခုထဲ အေဖာ္ကြဲဲလို႔….

ဆိုိေတာ့က စစ္ကိုင္းတံတား(ရတနာပုံ)ေပၚ မေတာ္တဆ ေရာက္ခဲ့မယ္ဆိုရင္ ကိုယ္တိုင္ေသာ့အတူတူ ခ်ိတ္စရာလူ မရွိ‌ဘူးဆိုရင္ေတာင္

သူမ်ားခ်ိတ္ထားတာေလးေတြ လိုက္ၾကည့္ၿပီး စိတ္ကူးယဥ္က်ိပါေပါ့

WithLove

TTaPhotography

Unicode

စစ်ကိိုင်းတံတားပေါ်က သော့တွဲလေးများ

စစ်ကိိုင်းတံတားအသစ်(ရတနာပုံ)ရဲ့ Platform ပေါ်မှာ လမ်းလျှောက်ဖူးသူတိုင်း ဒီသော့တွဲလေးတွေကို မြင်ဖူးကြမှာပါ။

ကိိုယ်တွေလည်း ပထမဆုံး မြင်ဖူးတုန်းက ဘာလုပ်ထားတာလဲပေါ့ ..?

နောက်တော့မှ သိရတယ်။ ချစ်သူရည်းစားတွေ အတူတူလာချိတ်ထားတာတဲ့ ။ လိုက်ပြီးရေတွက်ကြည့်ရင် နှစ်ဖက်ပေါင်းအခု 500 တော့ကျော်မယ်ထင်တယ် ။

ချစ်သူနှစ်ယောက် သော့နှစ်ခုကို အတူတူဝယ်တယ်။ ပြီးတော့ တံတားပေါ်မှာ အခုလိုမျိုးအတွဲလေးဖြစ်အောင် အတူတူချိတ်ကြတယ် ။

ပြီးရင်သော့တံနှစ်ခုကိုလည်း အတူတူချိတ်ပြီး တံတားပေါ်ကနေ ဧရာဝတီမြစ်ကြီးထဲကို သစ္စာပြုပြီး လွှင့်ပစ်ကြတယ်ပေါ့ ။

ဆိုလိုတာက သူတို့နှစ်ယောက်ကို ဘယ်သူခွဲခွဲ မကွဲနိုင်တော့ဘူးပေါ့..။

ကိုယ်တော့ ခုချိန်ထိ အဲ့လို မချိတ်ဖူးသေးဘူး။ချိတ်မယ်ဆိုလည်း တစ်ယောက်ထဲ သွားချိတ်ရုံပဲ။

ဒီအထိက တွေးကြည့်ရင် တကယ် ကြည်နူးစရာလေးပါ ။

ဒါပေမယ့် အဲ့လိို သစ္စာပြုထားလျှက်နဲ့မှ ချစ်သူနှစ်ယောက် ကွဲသွားပြီဆိုရင်တော့ နှှစ်ယောက်ထဲက တစ်ယောက်စီမှာ သော့အပိုရှိိလို့လား ဒါမှမဟုတ်

သံဖြတ်လွှနဲ့ပဲ လာဖြတ်သလားမသိ။ တစ်ချို့သော့လေးတွေမှာတော့ တစ်ခုထဲ အဖော်ကွဲဲလို့….

ဆိိုတော့က စစ်ကိုင်းတံတား(ရတနာပုံ)ပေါ် မတော်တဆ ရောက်ခဲ့မယ်ဆိုရင် ကိုယ်တိုင်သော့အတူတူ ချိတ်စရာလူ မရှိ‌ဘူးဆိုရင်တောင်

သူများချိတ်ထားတာလေးတွေ လိုက်ကြည့်ပြီး စိတ်ကူးယဉ်ကျိပါပေါ့

WithLove

TTaPhotography