သံလျင်မြို့တွင် ဝက်ဝံသုံးကောင် ရောက်ရှိနေ
သံလျင်အမှုထမ်းရပ်ကွက် တရုတ်သင်းချိုင်းအနီးတွင် ဝက်ဝံသုံးကောင် ဧပြီ ၂၆ရက် ကရောက်ရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းကပြောသည်။
လက်ရှိတွင် တောင်ပိုင်းခရိုင်မီးသတ်တပ်ဖွဲ့ဝင်များက ဝက်ဝံသုံးကောင်ကိုဖမ်ဆီးနေကြောင်း သိရပြီး ၊ အဆိုပါ ဝက်ဝံသုံးကောင်သည် သံလျင်အမှုထမ်းရက်ကွက် နောက်ကျောတရုတ်သင်းချိုင်းအနီးမြေ၄ဧကခန့်ကျယ်ဝန်းသည့်ခြံဝင်းတစ်ခုတည်းရောက်ရှိနေခြင်းဖြစ်သည်ဟုဆိုသည်။
ယင်းခြံဝန်းသည် လူမနေဘဲ ခြံစောင့်တစ်ဦး သာရှိသည်ဟုသိရသည်။လက်ရှိအချိန်တွင် သက်ဆိုင်ရာသို့တင်ပြထားပြီး ဝက်ဝံသုံးကောင်ကို ဖမ်းမိနိုင်ရေးဆောင်ရွက်နေသည်ဟုသိရသည်။
သန်လျင်၊ အောင်ချမ်းသာကဝက်ဝံကိုဖမ်းမိ
သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက် အမှုထမ်းရပ်ကွက် ဘောဂလမ်းက ခြံထဲရောက်နေတဲ့ ဝက်ဝံကို ပြန်လည်ဖမ်းဆီးရမိပြီဖြစ်တယ်လို့ ဖမ်းဆီးရာမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။
အဲ့ဒီဝက်ဝံကို ဒီကနေ့ မနက်ပိုင်းကစပြီးသစ်တောဦးစီးဌာနက တာဝန်ရှိသူတွေ မီးသတ်တပ်ဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့ဝင်တွေ ဒေသခံတွေ ပူးပေါင်းဖမ်းဆီးနေတာဖြစ်ပါတယ်။
မိုးရွာနေတာကြောင့် ခက်ခက်ခဲခဲဖမ်းခဲ့ရပြီး မွန်းလွဲ(၂)နာရီကျော်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ- Yan Lin
One News Myanmar
Unicode
သံံလျင်မြို့တွင် ဝက်ဝံံသုံးကောင် ရောက်ရှိိနေ
သံလျင်အမှုထမ်းရပ်ကွက် တရုတ်သင်းချိုင်းအနီးတွင် ဝက်ဝံသုံးကောင်် ဧပြီ ၂၆ရက် ကရောက်ရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိိုယ်စားလှယ် ဦးအောင်နိုင်ထွန်းကပြောသည်။
လက်ရှိတွင် တောင်ပိုင်းခရိုင်မီးသတ်တပ်ဖွဲ့ဝင်များက ဝက်ဝံသုံးကောင်ကိုဖမ်ဆီးနေကြောင်း သိရပြီး ၊ အဆိုပါ ဝက်ဝံသုံးကောင်သည်် သံလျင်အမှုထမ်းရက်ကွက်် နောက်ကျောတရုတ်သင်းချိုင်းအနီးမြေ၄ဧကခန့်ကျယ်ဝန်းသည့်ခြံဝင်းတစ်ခုတည်းရောက်ရှိနေခြင်းဖြစ်သည်ဟုဆိုသည်။
“ဝက်ဝံသုံးကောင်က ဘယ်ကဘယ်လိုရောက်နေတယ်ဆိုတာ စဉ်းစားလို့မရဘူး။ဝက်ဝံရောက်နေတယ်ဆို လူတွေကလာကြည့်ကြတာရှိတယ် အဲလိုလူမစုဘို့မေတ္တာရပ်ခံထားရတယ်”ဟုဦးအောင်နိုင်ထွန်းကပြောသည်။
ယင်းခြံဝန်းသည်် လူမနေဘဲ ခြံစောင့််တစ်ဦး သာရှိသည်ဟုသိိရသည်။လက်ရှိိအချိန်တွင် သက်ဆိုင်ရာသို့တင်ပြထားပြီး ဝက်ဝံသုံးကောင်ကို ဖမ်းမိနိိုင်ရေးဆောင်ရွက်နေသည်ဟုသိရသည်။
ဇော်ထွန်း TheFifthWaveNews
သန်လျင်၊ အောင်ချမ််းသာကဝက်ဝံကိုဖမ်းမိ
သန်လျင်မြို့နယ်် အောင်ချမ်းသာရပ်ကွက်် အမှုထမ်းရပ်ကွက် ဘောဂလမ်းက ခြံထဲရောက်နေတဲ့ ဝက်ဝံကို ပြန်လည်ဖမ်းဆီးရမိပြီဖြစ်တယ်လို့ ဖမ်းဆီးရာမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။
အဲ့ဒီဝက်ဝံကို ဒီကနေ့ မနက်ပိိုင်းကစပြီးသစ်တောဦးစီးဌာနက တာဝန်ရှိသူတွေ မီးသတ်တပ်ဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့ဝင်တွေ ဒေသခံတွေ ပူးပေါင်းဖမ်းဆီးနေတာဖြစ်ပါတယ်။
မိုးရွာနေတာကြောင့်် ခက်ခက်ခဲခဲဖမ်းခဲ့ရပြီး မွန်းလွဲ(၂)နာရီကျော်မှာ ဖမ်းဆီးရမိိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ- Yan Lin
One News Myanmar