မီးယပ် နှင့် အဖြူဆင်းခြင်းတို့ အတွက် ဆေးနည်းလေးများ
အမျိုးသမီးတိုင်း အရွယ် (၃) ပါးမရွေး ဖြစ်တတ်တဲ့ မီးယပ်အဖြူဆင်းခြင်းအတွက် လွယ်ကူပြီး လက်တွေ့ပျောက်ကင်းခဲ့တဲ့ နည်းလေးအချို့ကို မျှဝေလိုက်ပါတယ်။
( ပထမနည်း )
ထမင်းရည်ကို ဟင်းထည့်ပန်းကန် (၁) လုံးခန့် ရေသောက်သလိုမျိုး နေ့စဉ် သောက်ပေးရပါမယ် ။
ဇွဲရှိရှိနဲ့ သောက်ပေးရင်ရာသီအဖြူ ( အခဲလိုက်ကျဆင်းခြင်း ) ကိုပင် လက်တွေ့ပျောက်ကင်းစေပါတယ် ။
(ဒုတိယနည်း)
ဇရစ်ဖူးလေးတွေကတော့ တစ်စည်းမှ (၅၀) ကျပ်ပဲ ပေးရပြီး ဈေးထဲမှာ အလွယ်တကူ ရရှိနိုင်ပါတယ် ။
ဇရစ်ဖူးရဲ့ နုတဲ့ အစိတ်အပိုင်းလေးတွေကို ဓားပြားနဲ့ရိုက် ၊ အနေတော်လှီးဖြတ်ပြီး ဆားနဲ့ အနည်းငယ် နယ်ပေးပါ ။
(တတိယနည်း)
အပူ၊ အစပ်များ အတတ်နိုင်ဆုံး ရှောင်ပါ ၊သောကဖြစ်စရာ၊ စိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံးလျှော့ချပြီး စိတ်ကို ပေါ့ပေါ့ပါးပါး ပျော်ရွှင်အောင်ထားပါ ။
မှတ်ချက် ။ ဒီနည်းလေးတွေကတော့ ကျမနဲ့ မိတ်ဆွေ အစ်မများရဲ့ လက်တွေ့ပျောက် ကင်းခဲ့တဲ့ နည်းလေးတွေပါ ။ဒီလိုဝေဒနာ ခံစားရတဲ့ အစ်မ ၊ ညီမများ ဆန္ဒရှိရင် အသုံးပြုကြည့် နိုင်ပါတယ်ရှင် ။
Kyaw Yimon ( HTD)
Unicode
မီီးယပ်အဖြူဆင််းခြင်းအတွက်
အမျိုးသမီးတိိုင်း အရွယ် (၃) ပါးမရွေး ဖြစ်တတ်တဲ့ မီးယပ်အဖြူဆင်းခြင်းအတွက် လွယ်ကူပြီး လက်တွေ့ပျောက်ကင်းခဲ့တဲ့ နည်းလေးအချို့ကို မျှဝေလိုက်ပါတယ်။
အခုု ဖော်ပြတဲ့ နည်းလေးတွေကတော့ (၁) ရက် (၂) ရက်စားသုံးရုံနဲ့တော့ မပျောက်ကင်းပါဘူး ။ ဇွဲရှိရှိနဲ့ ရက်ရှည် ၊လရှည် စွဲစားပေးမှ ဝေဒနာ ပျောက်ကင်းစေမှာပါ ။
( ပထမနည်း )
ထမင်းရည်ကိို ဟင်းထည့်ပန်းကန် (၁) လုံးခန့် ရေသောက်သလိုမျိုး နေ့စဉ် သောက်ပေးရပါမယ် ။
ရက်အကန့် အသတ် မရှိပဲ ရက်ရှည် ၊ လရှည်စွဲပြီး ဖြစ်နိုင်ရင်အမြဲပဲ သောက်ပေးရပါမယ် ။
ဇွဲရှိရှိိနဲ့ သောက်ပေးရင်ရာသီအဖြူ ( အခဲလိုက်ကျဆင်းခြင်း ) ကိုပင် လက်တွေ့ပျောက်ကင်းစေပါတယ် ။
(ဒုတိယနည်း)
ဇရစ်ဖူးလေးတွေကတော့ တစ်စည််းမှ (၅၀) ကျပ်ပဲ ပေးရပြီး စျေးထဲမှာ အလွယ်တကူ ရရှိနိုင်ပါတယ် ။
ဇရစ်ဖူးရဲ့ နုတဲ့ အစိိတ်အပိုင်းလေးတွေကို ဓားပြားနဲ့ရိုက် ၊ အနေတော်လှီးဖြတ်ပြီး ဆားနဲ့ အနည်းငယ် နယ်ပေးပါ ။
တစ်ခဏ ထားပြီးလျှင် ရေနဲ့ဆေးကြောပြီး ရေညှစ်ပါ ။ကြက်သွွန်နီ ( သို့ ) အဖြူကို ပုဇွန်စို ( သို့ ) ပုဇွန်ခြောက်နဲ့ရော၍ ဆီသတ်ပြီး ဇရစ်ဖူးကိုထည့် ကြော်ချက်ပါ ။
(အရသာ မိမိနှစ်သက်သလို ထည့်နိုင်ပါတယ် ။) ဇရစ်ဖူးကြော်ချက်ကို ထမင်းနဲ့ စားရပါမယ် ။
တစ်ပတ်လျှင် (၄) ကြိိမ်ခန့် ။ အရန်ဟင်းအနေနဲ့ နေ့စဉ် စားပေးနိုင်ရင်တော့အကောင်းဆုံးပါ ။
ဇရစ်ဖူးကို မန်ကျည်းသီးမှည့်နဲ့ ပြုတ်ပြီးတို့စရာ အနေနဲ့လည်း စားပေးနိုင်ပါတယ် ။လရှည်ခံစားနေရတဲ့ ဝေဒနာ လက်တွေ့ပျောက်ကင်းစေပါတယ် ။
(တတိယနည်း)
ပီလောပီနံပြုတ် ( ကလောပီနံ ) ကိို ဆား၊ ဆီ တိို့နဲ့ တို့စားပေးပါ ။ဂျစ်နဲ့ ခြစ်ပြီး သကြား၊ အုန်းသီးဖြူးပြီးလည်း စားပေးနိုင်ပါတယ် ။တစ်ပတ်လျှင် (၄) ကြိမ်ခန့် စားပေးပါ ။လက်တွေ့ပျောက်ကင်းပါတယ် ။
ဆောင်ရန် ၊ ရှောင်ရန် အနေနဲ့ကတော့…
အပူ၊ အစပ်များ အတတ်နိိုင်ဆုံး ရှောင်ပါ ၊သောကဖြစ်စရာ၊ စိိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံးလျှော့ချပြီး စိတ်ကို ပေါ့ပေါ့ပါးပါး ပျော်ရွှင်အောင်ထားပါ ။
မိိမိအသုံးအဆောင် ပစ္စည်းများကို သန့်ရှင်းစင်ကြယ်စွာ ထားပါ ။ရောဂါပိုးမွှား မဝင်ရောက်စေရန် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ ။
မှတ်ချက် ။ ဒီနည်းလေးတွေကတော့ ကျမနဲ့ မိိတ်ဆွေ အစ်မများရဲ့ လက်တွေ့ပျောက် ကင်းခဲ့တဲ့ နည်းလေးတွေပါ ။ဒီလိိုဝေဒနာ ခံစားရတဲ့ အစ်မ ၊ ညီမများ ဆန္ဒရှိရင် အသုံးပြုကြည့် နိုင်ပါတယ်ရှင် ။
အားလုံးပဲ အသက်ရှည် ကျန်းမာကြပါစေ
Kyaw Yimon ( HTD)
Be the first to comment
Leave a Reply
Your email address will not be published.
*