အပူဆုံးလအဖြစ် မှတ်တမ်းဝင်သွားသော စက်တင်ဘာ
၂၀၂၀ ခုနှစ် စက်တင်ဘာလဟာ နှစ်ပေါင်း ၃၀ အတွင်းက စက်တင်ဘာလတွေထဲမှာ အပူပြင်းဆုံး စက်တင်ဘာလအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။
စက်တင်ဘာလဟာ ကမ္ဘာ့မြောင်ခြမ်းရဲ့ နွေဥတုအဆုံး (ဆောင်းအစ) ဖြစ်ပြီး၊ တောင်ခြမ်းရဲ့ ဆောင်းဥတုအဆုံး (နွေအစ) ဖြစ်ပါတယ်။
တနည်းအားဖြင့် နေရောင်ခြည်ဟာ အီကွေတာအနီးမှာ ကျရောက်နေချိန်၊ ရာသီဥတုကူးပြောင်းနေချိန်ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ကြီးမားတဲ့တောမီးများ၊ ပြင်ထန်တဲ့မုန်တိုင်းများနှင့် အပူချိန်တိုးမြင့်မှုများကြောင့် ၂၀၂၀ စက်တင်ဘာလဟာ
၂၀၁၉ စင်တင်ဘာလထက် အပူချိန် ၀.၀၅ ဒီဂရီ ဆဲလ်စီးယပ်စ် တိုးလာခဲ့ပြီး အပူချိန်တိုးခြင်းဒဏ်ကို နိုင်ငံအတော်များများခံစားခဲ့ရပါတယ်။
အထူးသဖြင့် ဆိုက်ဘေးရီးယားမြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းဒေသများ၊ တောင်အမေရိကနဲ့ သြစတျေးလျဒေသအချို့မှာ ပုံမှန်ထက်ပိုသော အပူချိန်များရရှိခဲ့ပါတယ်။
အပူချိန်မှတ်တမ်းများအရ ၂၀၂၀ ဇွန်လမှာ ပုံမှန်အေးနေကျ ဆိုက်ဘေးရီးယားရဲ့ မြို့တစ်ခုမှာ အပူချိန် ၃၈ ဒီဂရီအထိ တက်လာခဲ့ပါတယ်။
ကမ္ဘာအပူဆုံးဒေသထဲက တစ်ခုဖြစ်တဲ့ ကယ်လီဖိုးနီးယားရဲ့ သေမင်းတမာန်တောင်ကြား (Death Valley) မှာသြဂုတ်လ
စံချိန်တင်အပူချိန် ၅၄.၄ C ဒီဂရီနဲ့ ရာစုနှစ်စံချိန်တင်ခဲ့ပါတယ်။ လောစ်အိန်ဂျယ်လိစ် မှာ စက်တင်ဘာလ အပူချိန် ၄၉.၄ C ရှိခဲ့ပါတယ်။
အပူချိန်မြင့်မားခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုး တွေကြောင့် ကယ်လီဖိုးနီးယားမှာ ဧက ၄သန်းလောက် တောမီးများ လောင်ကျွမ်းခဲ့ပါတယ်။
ပင်လယ်သမုဒ္ဒရာတွေရဲ့ ရေခဲပါဝင်မှုနှုန်းဟာလဲ စက်တင်ဘာလမှာ ဒုတိယအနည်းဆုံး ဖြစ်ခဲ့ပါတယ်။ ဒီပုံအတိုင်း ဆက်သွားလျှင် ၂၀၂၀ ဟာ ကမ္ဘာအပူဆုံးနှစ်တွေထဲက တစ်ခု ဖြစ်လာမှာပါ။
ကမ္ဘာကြီးဟာ YBS ကားကြီးဆိုလျှင်.. လူသားတွေဟာ အဲ့ဒီ့ အလုံပိတ်ကားထဲက ခရီးသည်တွေနဲ့တူပါတယ်။
ကားထဲမှာ ဆေးလိပ်သောက်တဲ့သူတွေ များလာတဲ့အခါ.. ဒီအခိုးအငွေ့တွေရဲ့ဒဏ်၊ ပူလာမယ့် ဒဏ်ကို ကားထဲကလူတွေ အကုန်ခံရမှာပါ။
ကမ္ဘာပေါ်က လူသားတွေ မရပ်တန့်နိုင်တော့လောက်အောင် ထုတ်လွှတ်နေတဲ့ ကာဗွန်အခိုးအငွေ့တွေဟာ..
နေမှရရှိတဲ့ အပူကို စုပ်ယူပြီး အပူချိန်ကို တိုးသထက်တိုးအောင် လုပ်နေတော့မှာပဲ ဖြစ်ပါတယ်။ နောက်ဆုံးတနေ့မှာတော့…
ပူနွေးဆူဝေနေမယ့် ကမ္ဘာကြီးတစ်ခုသာ အထီးကျန်စွာ တည်ရှိသွားရမှာပါ။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့်စကြဝဠာ သင်ထောက်ကူ)
Zawgyi
အပူဆုံးလအျဖစ္ မွတ္တမ္းဝင္သြားေသာ စက္တင္ဘာ
၂၀၂၀ ခုႏွစ္ စက္တင္ဘာလဟာ ႏွစ္ေပါင္း ၃၀ အတြင္းက စက္တင္ဘာလေတြထဲမွာ အပူျပင္းဆုံး စက္တင္ဘာလအျဖစ္ မွတ္တမ္းဝင္သြားခဲ့ၿပီျဖစ္ပါတယ္။
စက္တင္ဘာလဟာ ကမာၻ႔ေျမာင္ျခမ္းရဲ႕ ေႏြဥတုအဆုံး (ေဆာင္းအစ) ျဖစ္ၿပီး၊ ေတာင္ျခမ္းရဲ႕ ေဆာင္းဥတုအဆုံး (ေႏြအစ) ျဖစ္ပါတယ္။
တနည္းအားျဖင့္ ေနေရာင္ျခည္ဟာ အီေကြတာအနီးမွာ က်ေရာက္ေနခ်ိန္၊ ရာသီဥတုကူးေျပာင္းေနခ်ိန္ျဖစ္ပါတယ္။
ဒီႏွစ္မွာေတာ့ ႀကီးမားတဲ့ေတာမီးမ်ား၊ ျပင္ထန္တဲ့မုန္တိုင္းမ်ားႏွင့္ အပူခ်ိန္တိုးျမင့္မႈမ်ားေၾကာင့္ ၂၀၂၀ စက္တင္ဘာလဟာ
၂၀၁၉ စင္တင္ဘာလထက္ အပူခ်ိန္ ၀.၀၅ ဒီဂရီ ဆဲလ္စီးယပ္စ္ တိုးလာခဲ့ၿပီး အပူခ်ိန္တိုးျခင္းဒဏ္ကို ႏိုင္ငံအေတာ္မ်ားမ်ားခံစားခဲ့ရပါတယ္။
အထူးသျဖင့္ ဆိုက္ေဘးရီးယားေျမာက္ပိုင္း၊ အေရွ႕အလယ္ပိုင္းေဒသမ်ား၊ ေတာင္အေမရိကနဲ႔ ၾသစေတ်းလ်ေဒသအခ်ိဳ႕မွာ ပုံမွန္ထက္ပိုေသာ အပူခ်ိန္မ်ားရရွိခဲ့ပါတယ္။
အပူခ်ိန္မွတ္တမ္းမ်ားအရ ၂၀၂၀ ဇြန္လမွာ ပုံမွန္ေအးေနက် ဆိုက္ေဘးရီးယားရဲ႕ ၿမိဳ႕တစ္ခုမွာ အပူခ်ိန္ ၃၈ ဒီဂရီအထိ တက္လာခဲ့ပါတယ္။
ကမာၻအပူဆုံးေဒသထဲက တစ္ခုျဖစ္တဲ့ ကယ္လီဖိုးနီးယားရဲ႕ ေသမင္းတမာန္ေတာင္ၾကား (Death Valley) မွာၾသဂုတ္လ
စံခ်ိန္တင္အပူခ်ိန္ ၅၄.၄ C ဒီဂရီနဲ႔ ရာစုႏွစ္စံခ်ိန္တင္ခဲ့ပါတယ္။ ေလာစ္အိန္ဂ်ယ္လိစ္ မွာ စက္တင္ဘာလ အပူခ်ိန္ ၄၉.၄ C ရွိခဲ့ပါတယ္။
အပူခ်ိန္ျမင့္မားျခင္းရဲ႕ေနာက္ဆက္တြဲဆိုးက်ိဳး ေတြေၾကာင့္ ကယ္လီဖိုးနီးယားမွာ ဧက ၄သန္းေလာက္ ေတာမီးမ်ား ေလာင္ကြၽမ္းခဲ့ပါတယ္။
ပင္လယ္သမုဒၵရာေတြရဲ႕ ေရခဲပါဝင္မႈႏႈန္းဟာလဲ စက္တင္ဘာလမွာ ဒုတိယအနည္းဆုံး ျဖစ္ခဲ့ပါတယ္။ ဒီပုံအတိုင္း ဆက္သြားလွ်င္ ၂၀၂၀ ဟာ ကမာၻအပူဆုံးႏွစ္ေတြထဲက တစ္ခု ျဖစ္လာမွာပါ။
ကမာၻႀကီးဟာ YBS ကားႀကီးဆိုလွ်င္.. လူသားေတြဟာ အဲ့ဒီ့ အလုံပိတ္ကားထဲက ခရီးသည္ေတြနဲ႔တူပါတယ္။
ကားထဲမွာ ေဆးလိပ္ေသာက္တဲ့သူေတြ မ်ားလာတဲ့အခါ.. ဒီအခိုးအေငြ႕ေတြရဲ႕ဒဏ္၊ ပူလာမယ့္ ဒဏ္ကို ကားထဲကလူေတြ အကုန္ခံရမွာပါ။
ကမာၻေပၚက လူသားေတြ မရပ္တန္႔ႏိုင္ေတာ့ေလာက္ေအာင္ ထုတ္လႊတ္ေနတဲ့ ကာဗြန္အခိုးအေငြ႕ေတြဟာ..
ေနမွရရွိတဲ့ အပူကို စုပ္ယူၿပီး အပူခ်ိန္ကို တိုးသထက္တိုးေအာင္ လုပ္ေနေတာ့မွာပဲ ျဖစ္ပါတယ္။ ေနာက္ဆုံးတေန႔မွာေတာ့…
ပူေႏြးဆူေဝေနမယ့္ ကမာၻႀကီးတစ္ခုသာ အထီးက်န္စြာ တည္ရွိသြားရမွာပါ။
အနာဂတ္ပညာေရးအတြက္..
သန္႔ဦး (အာကာသႏွင့္စၾကဝဠာ သင္ေထာက္ကူ)