ကချင်ပြည်နယ် မလိခမြစ်ထဲမှာ ရှေးဟောင်းလေယာဉ်ဟောင်းတစ်စီး တွေ့

မလိခမြစ်ထဲမှာ သမိုင်းတွင်မည့် ရှေးဟောင်းလေယာဉ်ဟောင်းတစ်စီး တွေ့

ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်၊ မန်နိူရွာဘေးက မလိခမြစ်ထဲမှာ ဒီနေ့လေယာဉ်ဟောင်းတစ်စီးတွေ့တယ်လို့

မြစ်ထဲကိုယ်တိုင်ဆင်းကြည့်ခဲ့တဲ့ NLD ပါတီရဲ့ မချမ်းဘောမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအကျောန်လအောင်ဆီက သိရပါတယ်။

“အဲဒီရွာမှာ စည်းရုံးရေးလုပ်ပြီးမှ အပြန်မှာ ရွာကဒီနေ့မှသိတယ်ထင်တယ်။ မလိခမြစ်ထဲမှာမြုပ်နေတာ။ ကျွန်တော်လည်းအသေးစိတ်တော့မမေးကြည့်မိဘူး။

ကျေးရွာကလူထုက အမှတ်အသားလည်း လုပ်ထားတယ်။”လို့ ဦးအကျောန်လအောင်က ပြောပါတယ်။

“ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် မလိခချောင်းတွင် ယခင်ပြုတ်ကျခဲ့တဲ့ လေယာဥ်တစ်စင်း ပေါ်လာကြောင်း အန်နယ်လ်ဒီ မဲဆွယ်ခရီးစဥ်၌

ကျေးရွာပြည်သူများက ပြောပြလာ၍ သွားရောက်ကြည့်ရှု့ခဲ့ရာ ရေထဲ (သဲ) ထဲနစ်နေတဲ့ လေယာဥ်ကို ယခုလိုတွေ့ရှိခဲ့ကြပါတယ်။

သမိုင်းတွင်မည့်အထောက်အထားများစွာ ဖော်ထုတ်နိုင်မည့် ရှေးအထောက်အထားတစ်ခုဖြစ်လာနိုင်မယ်” ဟု၎င်းကပြောပါသည်။

အဲဒီလေယာဉ်ဟာ ရှေးဟောင်းလေယာဉ်ဖြစ်ပြီး ရေငုပ်မျက်မှန်မပါတဲ့အတွက် အသေးစိတ်မကြည့်လိုက်ရဘူးလို့လည်း သူကပြောပါသေးတယ်။

ဒီနေ့မှာတော့ လေယာဉ်ရဲ့ကိုယ်ထည်ကိုပဲတွေခဲ့တာဖြစ်ပြီး မနက်ဖန် အောက်တိုဘာလ (၁၇)ရက်နေ့မှာ

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက သွားရောက်စစ်ဆေးမယ်လို့လည်း သိရပါတယ်။

Citynews

Zawgyi

မလိချမစ္ထဲမွာ သမိုင္းတြင္မည့္ ေရွးေဟာင္းေလယာဥ္ေဟာင္းတစ္စီး ေတြ႕

ကခ်င္ျပည္နယ္၊ မခ်မ္းေဘာၿမိဳ႕နယ္၊ မန္ႏိူ႐ြာေဘးက မလိချမစ္ထဲမွာ ဒီေန႔ေလယာဥ္ေဟာင္းတစ္စီးေတြ႕တယ္လို႔

ျမစ္ထဲကိုယ္တိုင္ဆင္းၾကည့္ခဲ့တဲ့ NLD ပါတီရဲ႕ မခ်မ္းေဘာၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးအေက်ာန္လေအာင္ဆီက သိရပါတယ္။

“အဲဒီ႐ြာမွာ စည္း႐ုံးေရးလုပ္ၿပီးမွ အျပန္မွာ ႐ြာကဒီေန႔မွသိတယ္ထင္တယ္။ မလိချမစ္ထဲမွာျမဳပ္ေနတာ။ ကြၽန္ေတာ္လည္းအေသးစိတ္ေတာ့မေမးၾကည့္မိဘူး။

ေက်း႐ြာကလူထုက အမွတ္အသားလည္း လုပ္ထားတယ္။”လို႔ ဦးအေက်ာန္လေအာင္က ေျပာပါတယ္။

“ပူတာအိုခ႐ိုင္ မခ်မ္းေဘာ့ၿမိဳ႕နယ္ မလိခေခ်ာင္းတြင္ ယခင္ျပဳတ္က်ခဲ့တဲ့ ေလယာဥ္တစ္စင္း ေပၚလာေၾကာင္း အန္နယ္လ္ဒီ မဲဆြယ္ခရီးစဥ္၌

ေက်း႐ြာျပည္သူမ်ားက ေျပာျပလာ၍ သြားေရာက္ၾကည့္ရႈ႕ခဲ့ရာ ေရထဲ (သဲ) ထဲနစ္ေနတဲ့ ေလယာဥ္ကို ယခုလိုေတြ႕ရွိခဲ့ၾကပါတယ္။

သမိုင္းတြင္မည့္အေထာက္အထားမ်ားစြာ ေဖာ္ထုတ္ႏိုင္မည့္ ေရွးအေထာက္အထားတစ္ခုျဖစ္လာႏိုင္မယ္” ဟု၎ကေျပာပါသည္။

အဲဒီေလယာဥ္ဟာ ေရွးေဟာင္းေလယာဥ္ျဖစ္ၿပီး ေရငုပ္မ်က္မွန္မပါတဲ့အတြက္ အေသးစိတ္မၾကည့္လိုက္ရဘူးလို႔လည္း သူကေျပာပါေသးတယ္။

ဒီေန႔မွာေတာ့ ေလယာဥ္ရဲ႕ကိုယ္ထည္ကိုပဲေတြခဲ့တာျဖစ္ၿပီး မနက္ဖန္ ေအာက္တိုဘာလ (၁၇)ရက္ေန႔မွာ

ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြက သြားေရာက္စစ္ေဆးမယ္လို႔လည္း သိရပါတယ္။

Citynews