အမာရြတ္ ေပ်ာက္ေစေသာ နည္းေလးမ်ား

အမာရြတ္ ေပ်ာက္နည္း

၁။ သံပုရာသီး

သံပုရာသီးဆိုတာ သဘာဝအေလ်ာက္ citric အက္ဆစ္ႂကြယ္ဝၿပီး အေရျပားဆဲလ္ေသေတြကို ကူညီဖယ္ရွားေပးနိုင္ပါတယ္။ေနာက္ၿပီး တင္းရင္းေခ်ာေမြ႕ေနတဲ့ အသားအေရေလး ျပန္လည္ရရွိလာေအာင္ ဆဲလ္သစ္ေတြျပန္လည္ျဖစ္ေပၚလာေစဖို့ကိုလည္း ေထာက္ပံ့အားေပးပါတယ္။

ဒါေၾကာင့္ သံပုရာသီးဆိုတာ အေရျပားေပၚကအမာရြတ္ေတြကို ဖယ္ရွားဖို့အတြက္ သဘာဝခၽြတ္ေဆးတစ္မ်ိဳးပါပဲ။

ျပဳလုပ္နည္းကေတာ့ သံပုရာရည္ လက္ဖက္ရည္ဇြန္းနဲ႔ တစ္ဇြန္းစာခန႔္ကို ခြက္တစ္ခြက္ထဲထည့္ၿပီး ဂြမ္းစေလးတစ္ဖတ္နဲ႔ တို့လိုက္ပါ။ ၿပီးရင္ အဲဒီသံပုရာရည္နဲ႔ ေျခသလုံး၊ ဒူးေပၚက အမာရြတ္ေတြကို လိမ္ေပးလိုက္ပါ။ အဲဒီအတိုင္း (၁၀) မိနစ္ေလာက္ထားၿပီးမွ ေရေႏြးေႏြးေလးနဲ႔ ျပန္ေဆးခ်ေပးလိုက္ပါ။

၂။ ပ်ားရည္

ပ်ားရည္ဆိုတာ သဘာဝ moisturizer (အစိုဓာတ္ထိန္းညႇိေဆး) တစ္မ်ိဳးျဖစ္ၿပီး အမာရြတ္ေတြကိုကုသရာမွာလည္း အသုံးျပဳနိုင္ပါတယ္။

အေရျပားေပၚကအမာရြတ္ေတြကို ပ်ားရည္နဲ႔ကုသေပးဖို့က အာနိသင္အလြန္ထိ ေရာက္ပါတယ္။

ျပဳလုပ္နည္းကေတာ့ ပ်ားရည္ လက္ဖက္ရည္ဇြန္းနဲ႔ (၂)ဇြန္းစာကို မုန႔္ဖုတ္ဆိုဒါ (၂) ဇြန္းစာနဲ႔ေရာပါ။ ရလာတဲ့အႏွစ္ကို အမာရြတ္ေတြေပၚကိုလိမ္းေပးၿပီး (၃) မိနစ္ေလာက္ၾကာေအာင္ ႏွိပ္နယ္ေပးပါ။

ၿပီးမွ ေရေႏြးေႏြးေလးနဲ႔ ေဆးခ်ေပးပါ။ ဒီေနရာမွာ မုန႔္ဖုတ္ဆိုဒါမရွိရင္ သံပုရာရည္ကိုအစားထိုးသုံးစြဲနိုင္ပါတယ္။ အက်ိဳးသက္ေရာက္မွုကေတာ့ တူတူပါပဲ။

တစ္ခုရွိတာက ပုံမွန္ေလးမပ်က္မကြက္ လိမ္းေပးဖို့ေတာ့ လိုပါတယ္။ ဒါမွသာ အေရျပားျမန္ျမန္လဲၿပီး အမာရြတ္ေတြေပ်ာက္သြားနိုင္မွာပါ။

၃။ ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္မွာေတာ့ အေရျပားေရာင္ရမ္းျခင္းကို ကာကြယ္ေပးနိုင္တဲ့ဂုဏ္သတၱိေတြပါဝင္ေနၿပီး အဲဒီဂုဏ္သတၱိေတြက အေရျပားယားယံမွုေတြကိုေလၽွာ့ခ်ေပးပါတယ္။

ေနာက္ၿပီး အေရျပားဆဲလ္ေသေတြနဲ႔ အနာေဟာင္းေတြကိုဖယ္ရွားေပးပါတယ္။ ရွားေစာင္းလက္ပတ္ေတြကို အနာေပၚမွာ လိမ္းေပးမယ္ဆိုရင္လည္း ေရာင္ရမ္းျခင္းကိုေလၽွာ့ခ်ေပးၿပီး ဒဏ္ရာရဆဲလ္ေတြကို ကုသေပးဖို့နဲ႔ ဆဲလ္အသစ္ေတြျပန္လည္ထုတ္လုပ္ဖို့ကို ကူညီလုပ္ေဆာင္ေပးပါတယ္။

ရွားေစာင္းလက္ပတ္ကို ကိုယ္တိုင္စိုက္ပ်ိဳးနိုင္သလို စတိုးဆိုင္ေတြမွာလည္း အလြယ္တကူဝယ္ယူနိုင္ပါတယ္။ ေျခေထာက္ေလးႏူးညံ့ေပ်ာ့ေျပာင္းေနေစဖို့အတြက္ ပုံမွန္ေလးသာ လိမ္းေပးပါ။

၄။ Essential Oil

Essential Oil ေတြကေတာ့ အမာရြတ္ ေတြကို ဖယ္ရွားေပးနိုင္ဖို့အတြက္ ကူညီေပးနိုင္ပါတယ္။ အေကာင္းဆုံး ကေတာ့ သံလြင္ဆီနဲ႔ အုန္းဆီပါပဲ။ သံလြင္ဆီထဲမွာမွ Extra virgin Olive Oil ဟာဆိုရင္ သာမန္ သံလြင္ဆီေတြထက္ အက္ဆစ္ပါဝင္မွုပိုမိုမ်ားျပားၿပီး ဗိုက္တာမင္အီးနဲ႔ေကလည္း ပိုမိုပါဝင္ပါတယ္။ ဒါေၾကာင့္ ဆဲလ္အသစ္ေတြျပန္လည္ျဖစ္ေပၚေစဖို့နဲ႔ သဘာဝ moisturizer တစ္ခုအျဖစ္ တာဝန္ထမ္းေဆာင္ ေပးပါတယ္။ သံလြင္ဆီနဲ႔အုန္းဆီထဲမွာမွ လာဗင္ဒါဆီေလးနည္းနည္းပါ ထည့္ေပးရင္ အေရျပားေပၚကအမာရြတ္ကုသျခင္းကို ပိုမိုျမန္ဆန္ေစပါတယ္။

ခရစ္ဒစ္

Unicode

အမာရွတ် ပျောက်နည်း

၁။ သံပုရာသီး

သံပုရာသီးဆိုတာ သဘာဝအလျောက် citric အက်ဆစ်ကြွယ်ဝပြီး အရေပြားဆဲလ်သေတွေကို ကူညီဖယ်ရှားပေးနိုင်ပါတယ်။နောက်ပြီး တင်းရင်းချောမွေ့နေတဲ့ အသားအရေလေး ပြန်လည်ရရှိလာအောင် ဆဲလ်သစ်တွေပြန်လည်ဖြစ်ပေါ်လာစေဖို့ကိုလည်း ထောက်ပံ့အားပေးပါတယ်။

ဒါကြောင့် သံပုရာသီးဆိုတာ အရေပြားပေါ်ကအမာရွတ်တွေကို ဖယ်ရှားဖို့အတွက် သဘာဝချွတ်ဆေးတစ်မျိုးပါပဲ။

ပြုလုပ်နည်းကတော့ သံပုရာရည် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းစာခန့်ကို ခွက်တစ်ခွက်ထဲထည့်ပြီး ဂွမ်းစလေးတစ်ဖတ်နဲ့ တို့လိုက်ပါ။ ပြီးရင် အဲဒီသံပုရာရည်နဲ့ ခြေသလုံး၊ ဒူးပေါ်က အမာရွတ်တွေကို လိမ်ပေးလိုက်ပါ။ အဲဒီအတိုင်း (၁၀) မိနစ်လောက်ထားပြီးမှ ရေနွေးနွေးလေးနဲ့ ပြန်ဆေးချပေးလိုက်ပါ။

၂။ ပျားရည်

ပျားရည်ဆိုတာ သဘာဝ moisturizer (အစိုဓာတ်ထိန်းညှိဆေး) တစ်မျိုးဖြစ်ပြီး အမာရွတ်တွေကိုကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။

အရေပြားပေါ်ကအမာရွတ်တွေကို ပျားရည်နဲ့ကုသပေးဖို့က အာနိသင်အလွန်ထိ ရောက်ပါတယ်။

ပြုလုပ်နည်းကတော့ ပျားရည် လက်ဖက်ရည်ဇွန်းနဲ့ (၂)ဇွန်းစာကို မုန့်ဖုတ်ဆိုဒါ (၂) ဇွန်းစာနဲ့ရောပါ။ ရလာတဲ့အနှစ်ကို အမာရွတ်တွေပေါ်ကိုလိမ်းပေးပြီး (၃) မိနစ်လောက်ကြာအောင် နှိပ်နယ်ပေးပါ။

ပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။ ဒီနေရာမှာ မုန့်ဖုတ်ဆိုဒါမရှိရင် သံပုရာရည်ကိုအစားထိုးသုံးစွဲနိုင်ပါတယ်။ အကျိုးသက်ရောက်မှုကတော့ တူတူပါပဲ။

တစ်ခုရှိတာက ပုံမှန်လေးမပျက်မကွက် လိမ်းပေးဖို့တော့ လိုပါတယ်။ ဒါမှသာ အရေပြားမြန်မြန်လဲပြီး အမာရွတ်တွေပျောက်သွားနိုင်မှာပါ။

၃။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မှာတော့ အရေပြားရောင်ရမ်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ဂုဏ်သတ္တိတွေပါဝင်နေပြီး အဲဒီဂုဏ်သတ္တိတွေက အရေပြားယားယံမှုတွေကိုလျှော့ချပေးပါတယ်။

နောက်ပြီး အရေပြားဆဲလ်သေတွေနဲ့ အနာဟောင်းတွေကိုဖယ်ရှားပေးပါတယ်။ ရှားစောင်းလက်ပတ်တွေကို အနာပေါ်မှာ လိမ်းပေးမယ်ဆိုရင်လည်း ရောင်ရမ်းခြင်းကိုလျှော့ချပေးပြီး ဒဏ်ရာရဆဲလ်တွေကို ကုသပေးဖို့နဲ့ ဆဲလ်အသစ်တွေပြန်လည်ထုတ်လုပ်ဖို့ကို ကူညီလုပ်ဆောင်ပေးပါတယ်။

ရှားစောင်းလက်ပတ်ကို ကိုယ်တိုင်စိုက်ပျိုးနိုင်သလို စတိုးဆိုင်တွေမှာလည်း အလွယ်တကူဝယ်ယူနိုင်ပါတယ်။ ခြေထောက်လေးနူးညံ့ပျော့ပြောင်းနေစေဖို့အတွက် ပုံမှန်လေးသာ လိမ်းပေးပါ။

၄။ Essential Oil

Essential Oil တွေကတော့ အမာရွတ် တွေကို ဖယ်ရှားပေးနိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ အကောင်းဆုံး ကတော့ သံလွင်ဆီနဲ့ အုန်းဆီပါပဲ။ သံလွင်ဆီထဲမှာမှ Extra virgin Olive Oil ဟာဆိုရင် သာမန် သံလွင်ဆီတွေထက် အက်ဆစ်ပါဝင်မှုပိုမိုများပြားပြီး ဗိုက်တာမင်အီးနဲ့ကေလည်း ပိုမိုပါဝင်ပါတယ်။ ဒါကြောင့် ဆဲလ်အသစ်တွေပြန်လည်ဖြစ်ပေါ်စေဖို့နဲ့ သဘာဝ moisturizer တစ်ခုအဖြစ် တာဝန်ထမ်းဆောင် ပေးပါတယ်။ သံလွင်ဆီနဲ့အုန်းဆီထဲမှာမှ လာဗင်ဒါဆီလေးနည်းနည်းပါ ထည့်ပေးရင် အရေပြားပေါ်ကအမာရွတ်ကုသခြင်းကို ပိုမိုမြန်ဆန်စေပါတယ်။

ခရစ်ဒစ်

Leave a Comment