လှီးထားတဲ့ သစ်သီးလေးတွေ အညိုရောင် ပြောင်းမသွားအောင် ဒီလိုလုပ်ထားပါ

အားလုံးပဲမင်္ဂလာပါနော်။ ပန်းသီးတို့ သစ်တော်သီးတို့ လို အသီးအနှံတွေ လှီးပြီးရင် ဧည့်သည်ကို ဧည့်ခံတာ ခဏပဲရှိသေး အညိုရောင်ပြောင်းသွားလို့ စိတ်ညစ်နေကြပြီလား။ ဖြေရှင်းလို့ရတဲ့နည်းလမ်းလေးတွေရှိတယ်နော်။

ဒီတခါ လှီးထားတဲ့ သစ်သီးတွေကို အညိုရောင်ပြောင်းမသွားအောင် ပြုလုပ်လို့ရမယ့် နည်းလမ်း ၃ သွယ်ကို မျှဝေပေးချင်ပါတယ်နော်။

ဆားရေ

အရင်ဆုံး ရေ ၂ ခွက်ထဲကို ဆား လက်ဖက်ရည်ဇွန်းနဲ့ နည်းနည်းထည့်လိုက်ပါ။ ပြီးရင်တော့ သေချာမွှေပေးလိုက်ပါ။

ပြီးရင် လှီးထားတဲ့ အသီးကိုထည့်ပြီး ၅ မိနစ်လောက် စိမ်ထားလိုက်ပါ။ အဲဒါဆို ပြန်ဆယ်ပြီး ရေစစ်ပေးလိုက်ပါ။ နာရီအတော်ကြာ အထားခံပါတယ်နော်။ စားခါနီး ရေနဲ့ ထပ်ဆေးလိုက်လို့ရပါတယ်နော်။

ပျားရည်

ရေနွေးနွေးတစ်ခွက်ထဲကို ပျားရည် စားပွဲတင်ဇွန်း (၁) ဇွန်းထည့်လိုက်ပါ။ ပြီးရင်သေချာလေး မွှေပေးလိုက်ပြီး လှီးထားတဲ့ အသီးကို ထည့်ပေးလိုက်ပါ။ စက္ကန့် ၃၀ လောက်စိမ်ပေးပြီး ဆယ်ပေးလိုက်ပါ။

သံပယိုသီး (သို့) သံပရာသီး

ရေတစ်ခွက်ထဲကို သံပယိုရည် (သို့) သံပရာရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်လိုက်ပါ။ လိမ္မော်ရည်ကိုလည်း သုံးနိုင်ပါတယ်။ ပြီးရင်တော့ သေချာလေး မွှေပေးလိုက်ပါ။

အဲဒီနောက် လှီးထားတဲ့အသီးကို စိမ်ပေးလိုက်ပါ။ ၅ မိနစ်လောက်စိမ်ထားပြီး ပြန်ဆယ်လိုက်ပါ။

febhow

Zawgyi

အားလုံးပဲမဂၤလာပါေနာ္။ ပန္းသီးတို႔ သစ္ေတာ္သီးတို႔ လို အသီးအႏွံေတြ လွီးၿပီးရင္ ဧည့္သည္ကို ဧည့္ခံတာ ခဏပဲရွိေသး အညိဳေရာင္ေျပာင္းသြားလို႔ စိတ္ညစ္ေနၾကၿပီလား။ ေျဖရွင္းလို႔ရတဲ့နည္းလမ္းေလးေတြရွိတယ္ေနာ္။

ဒီတခါ လွီးထားတဲ့ သစ္သီးေတြကို အညိဳေရာင္ေျပာင္းမသြားေအာင္ ျပဳလုပ္လို႔ရမယ့္ နည္းလမ္း ၃ သြယ္ကို မွ်ေဝေပးခ်င္ပါတယ္ေနာ္။

ဆားေရ

အရင္ဆုံး ေရ ၂ ခြက္ထဲကို ဆား လက္ဖက္ရည္ဇြန္းနဲ႔ နည္းနည္းထည့္လိုက္ပါ။ ၿပီးရင္ေတာ့ ေသခ်ာေမႊေပးလိုက္ပါ။

ၿပီးရင္ လွီးထားတဲ့ အသီးကိုထည့္ၿပီး ၅ မိနစ္ေလာက္ စိမ္ထားလိုက္ပါ။ အဲဒါဆို ျပန္ဆယ္ၿပီး ေရစစ္ေပးလိုက္ပါ။ နာရီအေတာ္ၾကာ အထားခံပါတယ္ေနာ္။ စားခါနီး ေရနဲ႔ ထပ္ေဆးလိုက္လို႔ရပါတယ္ေနာ္။

ပ်ားရည္

ေရေႏြးေႏြးတစ္ခြက္ထဲကို ပ်ားရည္ စားပြဲတင္ဇြန္း (၁) ဇြန္းထည့္လိုက္ပါ။ ၿပီးရင္ေသခ်ာေလး ေမႊေပးလိုက္ၿပီး လွီးထားတဲ့ အသီးကို ထည့္ေပးလိုက္ပါ။ စကၠန႔္ ၃၀ ေလာက္စိမ္ေပးၿပီး ဆယ္ေပးလိုက္ပါ။

သံပယိုသီး (သို႔) သံပရာသီး

ေရတစ္ခြက္ထဲကို သံပယိုရည္ (သို႔) သံပရာရည္ စားပြဲတင္ဇြန္း ၁ ဇြန္းထည့္လိုက္ပါ။ လိေမၼာ္ရည္ကိုလည္း သုံးႏိုင္ပါတယ္။ ၿပီးရင္ေတာ့ ေသခ်ာေလး ေမႊေပးလိုက္ပါ။

အဲဒီေနာက္ လွီးထားတဲ့အသီးကို စိမ္ေပးလိုက္ပါ။ ၅ မိနစ္ေလာက္စိမ္ထားၿပီး ျပန္ဆယ္လိုက္ပါ။

febhow