ကိုယ္ႏစ္သက္ရာ အသီးအရြက္ကို အခ်ဥ္တည္နည္း

မြန်မာလူမျိုးတို့ရဲ့ ထမင်းဝိုင်းထဲမှာထမင်းမိန်ဖို့ဆိုရင် ငပိရည်နဲ့ တို့စရာဟာ မပါမဖြစ်စားစရာတစ်ခုပါ ။ တို့စရာထဲမှာမှ ချဉ်ဖတ်တို့စရာလေးပါရင်ပိုလို့တောင်ထမင်းမိန်သေး…။

ဆီပြန်ဟင်းလေးတွေနဲ့ဆိုချဉ်ဖတ်တို့စရာကပိုပြီးလိုက်ဖက်လှပါတယ်။ဒီနေ့တော့probiotics( ပရိုဘိုက်အိုတစ် ) များစွာပါဝင်တဲ့ ချဉ်ဖတ်အလွယ်တစ်ကူပြုလုပ်နည်းအ​ကြောင်းကို ပြောပြမှာဖြစ်ပါတယ်

ပရိုဘိုင်အိုတစ်ဟာကျွန်မတို့၏ခန္ဓာကိုယ်ကြီးကို ကျန်းမာကြံ့ခိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးနေတာပါ ပရိုဘိုင်အိုတစ်ပမာဏ များမှ ခန္ဓာကိုယ်အတွင်းသို့ ရောဂါပိုးမွှားများ အလွယ်တကူ မဝင်ရောက်နိုင်သည့်အပြင် အန္တရာယ်ရှိသောဓာတ်ပစ္စည်းများ၏ ဘေးရန်မှလည်း ကာကွယ်ပေးပြီးသားဖြစ်နေတတ်ပါတယ်ရှင် ။

ပထမဦးစွာ အချဉ်တည်တော့မယ်ဆိုရင် ဆန်ဆေးရေ ပထမရည်ကိုသွန်ပြစ်ပြီး နောက်ပိုင်းဆေးလိုက်တဲ့ဆန်ဆေးရည်၂ရည်ကို ခံယူထားပါ။

ဆန်ဆေးရည် ၁ လီတာကို ဆားထမင်းစားဇွန်း ၂ ဇွန်းထဲ့ပြီးဖျော်ထားပြီး တစ်ညသိပ်ပါ။

နောက်တစ်နေ့နံနက်ရောက်လျှင် ကိုယ်ကြိုက်နှစ်သက်တဲ့အချဉ်တည်ချင်တဲ့ အသီးအရွက်တွေကို လိုသလိုလှီးဖြတ်ပြီး အချဉ်တည်မဲ့ အိုး သို့မဟုတ် ဗူးထဲ ထဲ့ထားပါ။

တစ်ညအချဉ်ဖေါက်ထားတဲ့ ဆန်ဆေးရေကို အသီးအရွက်မြုတ်တဲ့အထိလောင်းထဲ့ပြီးစိမ်ပါ ။ ၃ ရက်နေရင် စားသုံးဖို့အကောင်းဆုံးအနေအထားရောက်ပါပြီ။

သဘာဝအတိုင်းမဟုတ်ဘဲ မြန်မြန်ချဉ်လိုလျှင်တော့ ဆန်ဆေးရေထဲ ရှာလကာရည် သို့မဟုတ် ဗနီကာ ထမင်းစားဇွန်း ၂ ဇွန်းထဲ့ပြီးစိမ်ပါက နောက်တစ်ရက်နေရင်ချဉ်ပါပြီ။

အချဉ်ဓါတ်ကိုထိန်းဖို့ဆိုရင်တော့ စားလို့အကောင်းဆုံး ချဉ်ပြီးမွှေးနေတဲ့ အနေအထားရောက်နေတဲ့ချဉ်ဖတ်ကိုဗူးထဲမှထုတ်ယူပြီး တစ်ခါစားအနေအထားကို မှန်းပြီး ဇစ်ပါသောအိပ်ထဲ အရေအနဲငယ်နဲ့အတူ ထဲ့ပြီး ရေခဲသေတ္တာထဲမှခဲသောအခန်း ထဲတွင်(frozen)ခဲပြီးသိမ်းထားနိုင်ပါတယ်

ပဲပင်ပေါက် ,မုန်လာဥအဖြူ နဲ့အရွက် ,ကန်ဇွန်းရိုးနီ,ကြောင်လျှာသီး သရက်ကင်း, စသဖြင့် ကိုယ်ကြိုက်နှစ်သက်ရာကိုအချဉ်တည်လို့ရပါတယ်။

အိမ်ထဲမှာနေရတဲ့ကာလရှည်တစ်ခုကို မိသားစုအတွက် ကျန်းမာစေနိုင်တဲ့အစားအစာများကို ဖန်တည်းချက်ပြုတ်စီမံရင်း နေ့ရက်များကို ကျန်းမာပျော်ရွှင်စွာ ကြော်ဖြတ်နိုင်ပါစေလို့။

စေတနာမေတ္တာများနဲ့

တင်တင် (တင်တင့်လက်ရာ)

Zawgyi

ျမန္မာလူမ်ိဳးတို့ရဲ့ ထမင္းဝိုင္းထဲမွာထမင္းမိန္ဖို့ဆိုရင္ ငပိရည္နဲ႔ တို့စရာဟာ မပါမျဖစ္စားစရာတစ္ခုပါ ။ တို့စရာထဲမွာမွ ခ်ဥ္ဖတ္တို့စရာေလးပါရင္ပိုလို့ေတာင္ထမင္းမိန္ေသး…။

ဆီျပန္ဟင္းေလးေတြနဲ႔ဆိုခ်ဥ္ဖတ္တို့စရာကပိုၿပီးလိုက္ဖက္လွပါတယ္။ဒီေန႔ေတာ့probiotics( ပရိုဘိုက္အိုတစ္ ) မ်ားစြာပါဝင္တဲ့ ခ်ဥ္ဖတ္အလြယ္တစ္ကူျပဳလုပ္နည္းအ​ေၾကာင္းကို ေျပာျပမွာျဖစ္ပါတယ္

ပရိုဘိုင္အိုတစ္ဟာကၽြန္မတို့၏ခႏၶာကိုယ္ႀကီးကို က်န္းမာႀကံ့ခိုင္ေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ေပးေနတာပါ ပရိုဘိုင္အိုတစ္ပမာဏ မ်ားမွ ခႏၶာကိုယ္အတြင္းသို႔ ေရာဂါပိုးမႊားမ်ား အလြယ္တကူ မဝင္ေရာက္နိုင္သည့္အျပင္ အႏၲရာယ္ရွိေသာဓာတ္ပစၥည္းမ်ား၏ ေဘးရန္မွလည္း ကာကြယ္ေပးၿပီးသားျဖစ္ေနတတ္ပါတယ္ရွင္ ။

ပထမဦးစြာ အခ်ဥ္တည္ေတာ့မယ္ဆိုရင္ ဆန္ေဆးေရ ပထမရည္ကိုသြန္ျပစ္ၿပီး ေနာက္ပိုင္းေဆးလိုက္တဲ့ဆန္ေဆးရည္၂ရည္ကို ခံယူထားပါ။

ဆန္ေဆးရည္ ၁ လီတာကို ဆားထမင္းစားဇြန္း ၂ ဇြန္းထဲ့ၿပီးေဖ်ာ္ထားၿပီး တစ္ညသိပ္ပါ။

ေနာက္တစ္ေန႔နံနက္ေရာက္လၽွင္ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့အခ်ဥ္တည္ခ်င္တဲ့ အသီးအရြက္ေတြကို လိုသလိုလွီးျဖတ္ၿပီး အခ်ဥ္တည္မဲ့ အိုး သို့မဟုတ္ ဗူးထဲ ထဲ့ထားပါ။

တစ္ညအခ်ဥ္ေဖါက္ထားတဲ့ ဆန္ေဆးေရကို အသီးအရြက္ျမဳတ္တဲ့အထိေလာင္းထဲ့ၿပီးစိမ္ပါ ။ ၃ ရက္ေနရင္ စားသုံးဖို့အေကာင္းဆုံးအေနအထားေရာက္ပါၿပီ။

သဘာဝအတိုင္းမဟုတ္ဘဲ ျမန္ျမန္ခ်ဥ္လိုလၽွင္ေတာ့ ဆန္ေဆးေရထဲ ရွာလကာရည္ သို့မဟုတ္ ဗနီကာ ထမင္းစားဇြန္း ၂ ဇြန္းထဲ့ၿပီးစိမ္ပါက ေနာက္တစ္ရက္ေနရင္ခ်ဥ္ပါၿပီ။

အခ်ဥ္ဓါတ္ကိုထိန္းဖို့ဆိုရင္ေတာ့ စားလို့အေကာင္းဆုံး ခ်ဥ္ၿပီးေမႊးေနတဲ့ အေနအထားေရာက္ေနတဲ့ခ်ဥ္ဖတ္ကိုဗူးထဲမွထုတ္ယူၿပီး တစ္ခါစားအေနအထားကို မွန္းၿပီး ဇစ္ပါေသာအိပ္ထဲ အေရအနဲငယ္နဲ႔အတူ ထဲ့ၿပီး ေရခဲေသတၱာထဲမွခဲေသာအခန္း ထဲတြင္(frozen)ခဲၿပီးသိမ္းထားနိုင္ပါတယ္

ပဲပင္ေပါက္ ,မုန္လာဥအျဖဴ နဲ႔အရြက္ ,ကန္ဇြန္းရိုးနီ,ေၾကာင္လၽွာသီး သရက္ကင္း, စသျဖင့္ ကိုယ္ႀကိဳက္ႏွစ္သက္ရာကိုအခ်ဥ္တည္လို့ရပါတယ္။

အိမ္ထဲမွာေနရတဲ့ကာလရွည္တစ္ခုကို မိသားစုအတြက္ က်န္းမာေစနိုင္တဲ့အစားအစာမ်ားကို ဖန္တည္းခ်က္ျပဳတ္စီမံရင္း ေန႔ရက္မ်ားကို က်န္းမာေပ်ာ္ရႊင္စြာ ေၾကာ္ျဖတ္နိုင္ပါေစလို့။

ေစတနာေမတၱာမ်ားနဲ႔

တင္တင္ (တင္တင့္လက္ရာ)