SP မုန့်တိုက်ပိုင်ရှင်ဦးကျော်ဝင်းကို မိုးကုတ်မြို့လယ်ကဈေးထဲမှာ လက်နက်ကိုင် လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွား လက်သည်မပေါ်သေး

SP မုန့်တိုက်ပိုင်ရှင်ဦးကျော်ဝင်းကို မိုးကုတ်မြို့လယ်ကဈေးထဲမှာ လက်နက်ကိုင် လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွား

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့က SP မုန့်တိုက်ပိုင်ရှင်ဦးကျော်ဝင်းဟာ ဒီကနေ့ မနက်ပိုင်းက မိုးကုတ်မြို့၊ အောင်ချမ်းသာဈေးမှာ

လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာခံခဲ့ရတယ်လို့ မိုးကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦး က ဘီဘီစီကိုပြောပါတယ်။

ဦးကျော်ဝင်းကို လူ၂ယောက်က ချုပ်ပြီး ကားပေါ်တင်သွားတာလို့ မျက်မြင်တွေက ပြောတယ်။ ဦးကျော်ဝင်းနဲ့အတူ သူ့အသိတစ်ယောက်လည်းပါတယ်။

သူ့ကိုတော့ ထားခဲ့ပြီး ဦးကျော်ဝင်းကိုပဲခေါ်သွားတာ။ မိသားစုနဲ့လည်း အခုထိ အဆက်အသွယ် မရသေးဘူးလို့ သိရတယ်။ ”လို့ ဦးလှမိုးဦးကပြောပြပါတယ်။

ဦးကျော်ဝင်းကို ဖမ်းဆီးသွားသူတွေဟာ မျက်နှာကို mask နဲ့ဖုံးအုပ်ထားပြီး ဘယ်အဖွဲ့ က ဆိုတာမိသားစုကိုဆက်သွယ်လာတာမျိုးတော့မရှိသေးဘူးလို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကုတ်မြို့အနီးမှာ မြန်မာ့တပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော်TNLA တို့အကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေထွက်ပြေး တိမ်း ရှောင်ရတာတွေလည်းရှိခဲ့ပါတယ်။

အရင်ကတော့ မြို့အနီးမှာ တိုက်ပွဲဖြစ်တာ ဒီလိုလုပ်တာတွေတော့မကြားခဲ့ရဘူး။ အခုလို မြို့လယ်ခေါင် မှာ ဖမ်းဆီးတာ ဘာညာရှိလာတော့ မြို့ခံတွေကတော့ ထိတ်လန့်တာပေါ့။

နဂိုကမှ ကပ်ကြောင့် စီးပွားတွေက မကောင်း။ လုပ်ငန်းရှင်တွေကို ဆက်ကြေးကောက်တာတို့ဘာတို့ကတော့ ကြားတော့ကြားရတယ်။

ဒါပေမယ့် တိုးတိုး တိတ်တိတ်ပဲ အတောင်းခံရတဲ့သူတွေကလည်း ကြောက်တော့ထုတ်မပြောရဲကြဘူး။ ”လို့ မိုးကုတ်မြို့နယ်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကလုပ်ငန်းရှင်တစ်ဦးက ဘီဘီစီ ကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းကတော့ တအာင်းလွတ်မြောက်ရေးတပ်မတော်TNLA ဘက်က မိုးကုတ်မြို့က လုပ်ငန်းရှင်အချို့ကို ရန်ပုံငွေပေးသွင်းဖို့ဆိုပြီး ကောက်ခံတာတွေ ရှိခဲ့ဖူးပြီး

ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ရဲ့ ပိုင်နက်နယ်မြေဖြစ်တဲ့အတွက် အခွန်ကောက်ခံ တာဖြစ်တယ်လို့ ဘီဘီစီကိုဖြေကြားခဲ့ဖူးပါတယ်။

အခု ဦးကျော်ဝင်းကို ဖမ်းဆီးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မိုးကုတ်မြို့ခံအချို့က TNLA ဘက်ကခေါ်ဆောင် သွားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုတာတွေရှိနေတဲ့အပေါ်

TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို ဘီဘီစီကဆက်သွယ် အတည် ပြုဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးတာကြောင့် အတည် မပြုနိုင်သေးပါဘူး။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ – SP Bakery (SPမုန့်တိုက်ရဲ့ဆိုင်ဖွင့်ပွဲမှာ တွေ့မြင်ရတဲ့ ဦးကျော်ဝင်း )

Zawgyi

SP မုန႔္တိုက္ပိုင္ရွင္ဦးေက်ာ္ဝင္းကို မိုးကုတ္ၿမိဳ႕လယ္ကေဈးထဲမွာ လက္နက္ကိုင္ လူတစ္စုက ဖမ္းဆီးေခၚေဆာင္သြား

မႏၲေလးတိုင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕က SP မုန႔္တိုက္ပိုင္ရွင္ဦးေက်ာ္ဝင္းဟာ ဒီကေန႔ မနက္ပိုင္းက မိုးကုတ္ၿမိဳ႕၊ ေအာင္ခ်မ္းသာေဈးမွာ

လက္နက္ကိုင္ေဆာင္ထားတဲ့ လူတစ္စုရဲ႕ ဖမ္းဆီးေခၚေဆာင္သြားတာခံခဲ့ရတယ္လို႔ မိုးကုတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးလွမိုးဦး က ဘီဘီစီကိုေျပာပါတယ္။

ဦးေက်ာ္ဝင္းကို လူ၂ေယာက္က ခ်ဳပ္ၿပီး ကားေပၚတင္သြားတာလို႔ မ်က္ျမင္ေတြက ေျပာတယ္။ ဦးေက်ာ္ဝင္းနဲ႔အတူ သူ႔အသိတစ္ေယာက္လည္းပါတယ္။

သူ႔ကိုေတာ့ ထားခဲ့ၿပီး ဦးေက်ာ္ဝင္းကိုပဲေခၚသြားတာ။ မိသားစုနဲ႔လည္း အခုထိ အဆက္အသြယ္ မရေသးဘူးလို႔ သိရတယ္။ ”လို႔ ဦးလွမိုးဦးကေျပာျပပါတယ္။

ဦးေက်ာ္ဝင္းကို ဖမ္းဆီးသြားသူေတြဟာ မ်က္ႏွာကို mask နဲ႔ဖုံးအုပ္ထားၿပီး ဘယ္အဖြဲ႕ က ဆိုတာမိသားစုကိုဆက္သြယ္လာတာမ်ိဳးေတာ့မရွိေသးဘူးလို႔သိရပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက မိုးကုတ္ၿမိဳ႕အနီးမွာ ျမန္မာ့တပ္မေတာ္နဲ႔ တအာင္းလြတ္ေျမာက္ေရး တပ္မေတာ္TNLA တို႔အၾကားတိုက္ပြဲေတြ ျဖစ္ပြားခဲ့တဲ့အတြက္ ေဒသခံေတြထြက္ေျပး တိမ္း ေရွာင္ရတာေတြလည္းရွိခဲ့ပါတယ္။

အရင္ကေတာ့ ၿမိဳ႕အနီးမွာ တိုက္ပြဲျဖစ္တာ ဒီလိုလုပ္တာေတြေတာ့မၾကားခဲ့ရဘူး။ အခုလို ၿမိဳ႕လယ္ေခါင္ မွာ ဖမ္းဆီးတာ ဘာညာရွိလာေတာ့ ၿမိဳ႕ခံေတြကေတာ့ ထိတ္လန႔္တာေပါ့။

နဂိုကမွ ကပ္ေၾကာင့္ စီးပြားေတြက မေကာင္း။ လုပ္ငန္းရွင္ေတြကို ဆက္ေၾကးေကာက္တာတို႔ဘာတို႔ကေတာ့ ၾကားေတာ့ၾကားရတယ္။

ဒါေပမယ့္ တိုးတိုး တိတ္တိတ္ပဲ အေတာင္းခံရတဲ့သူေတြကလည္း ေၾကာက္ေတာ့ထုတ္မေျပာရဲၾကဘူး။ ”လို႔ မိုးကုတ္ၿမိဳ႕နယ္တိုင္းရင္းသားလုပ္ငန္းရွင္မ်ားအသင္းကလုပ္ငန္းရွင္တစ္ဦးက ဘီဘီစီ ကို ေျပာျပပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္အတြင္းကေတာ့ တအာင္းလြတ္ေျမာက္ေရးတပ္မေတာ္TNLA ဘက္က မိုးကုတ္ၿမိဳ႕က လုပ္ငန္းရွင္အခ်ိဳ႕ကို ရန္ပုံေငြေပးသြင္းဖို႔ဆိုၿပီး ေကာက္ခံတာေတြ ရွိခဲ့ဖူးၿပီး

ဒီကိစၥနဲ႔ပတ္သက္ၿပီး သူတို႔ရဲ႕ ပိုင္နက္နယ္ေျမျဖစ္တဲ့အတြက္ အခြန္ေကာက္ခံ တာျဖစ္တယ္လို႔ ဘီဘီစီကိုေျဖၾကားခဲ့ဖူးပါတယ္။

အခု ဦးေက်ာ္ဝင္းကို ဖမ္းဆီးသြားတဲ့ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး မိုးကုတ္ၿမိဳ႕ခံအခ်ိဳ႕က TNLA ဘက္ကေခၚေဆာင္ သြားတာျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းေျပာဆိုတာေတြရွိေနတဲ့အေပၚ

TNLAရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉး မိုင္းအိုက္ေက်ာ္ကို ဘီဘီစီကဆက္သြယ္ အတည္ ျပဳဖို႔ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုျခင္းမရွိေသးတာေၾကာင့္ အတည္ မျပဳႏိုင္ေသးပါဘူး။

ဘီဘီစီျမန္မာပိုင္း

ဓာတ္ပုံ – SP Bakery (SPမုန႔္တိုက္ရဲ႕ဆိုင္ဖြင့္ပြဲမွာ ေတြ႕ျမင္ရတဲ့ ဦးေက်ာ္ဝင္း )