မြန်မာနိုင်ငံရဲ့လူဦးရေ (၃) ရာခိုင်နှုန်းအတွက် ကိုဗစ်ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်မှာ စတင်ရရှိမည်

၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်ထဲမှာမြန်မာနိုင်ငံကို COVID-19 ကာကွယ်ဆေး (၃)ရာခိုင်နှုန်း စတင်ရောက်ရှိဖို့ရှိတယ်လို့

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင် အာရှဒေသကြီးအဖွဲ့ဝင်၊ မြန်မာနိုင်ငံရဲ့ ကာကွယ်ဆေးဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့ဝင် ပါမောက္ခဒေါက်တာစောဝင်းကပြောပါတယ်။

ဒီဇင်ဘာ (၅) ရက်ကပြုလုပ်ခဲ့တဲ့မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ရဲ့ Challenges of Time & Scale ဟောပြော ဆွေးနွေးပွဲမှာထည့်သွင်းပြောခဲ့ တာပါ။

“COVAX Facility ပေါ့ ဒါကတော့ ကာကွယ်ဆေးထုတ်တဲ့ ကုမ္ပဏီတွေလည်း အများကြီးပါတယ်။ နိုင်ငံတွေလည်းအများကြီးပါတယ်။

ပေးမယ့်နိုင်ငံတွေ လည်းအများကြီးပါတယ်။ အဲဒီ့ အရတော့ သူတို့ခန့်မှန်းချက်က ၂၀၂၁ ခုနှစ် ပထမသုံးလပတ်မှာ သူတို့လိုအပ်တဲ့ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွေဆိုင်ရာ နဲ့ပတ်သက်တဲ့ Assessment တွေလုပ်မယ်။

ပြီးရင်ဒုတိယ သုံးလပတ်မှာ ကျွန်တော်တို့ဆီကို (၃) ရာခိုင်နှုန်းစပြီးတော့ ရောက်ဖို့ရှိပါတယ်။ နောက် နှစ်ကုန်တဲ့အထိဆိုရင် ၁၇ရာခိုင်နှုန်းထပ်ပြီးရမယ်ပေါ့” လို့ပါမောက္ခ ဒေါက်တာစောဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့လူဦးရေ (၃) ရာခိုင်နှုန်းအတွက် ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်မှာ စတင်ရရှိမှာဖြစ်ပြီး နှစ်ကုန်တဲ့အချိန် မှာ (၁၇) ရာခိုင်နှုန်းထပ်မံရောက်ရှိမှာ ဖြစ်ပါတယ်။

COVID-19 ဟာမမြင်ရတဲ့ရောဂါပိုးတစ်ခုဖြစ်တဲ့အတွက် ကာကွယ်ဆေးမရ ခင်အချိန်တွေမှာ အမြဲတမ်းသတိနဲ့ နေထိုင်ဖို့လိုအပ်တယ်လို့

မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ယခင်ဥက္ကဌ၊ COVID-19 သွေးရည်ကုထုံးကုသရေး အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြက သတိပေးပြောကြားသွား ပါတယ်။

“ကျွန်တော်တို့က မမြင်ရတဲ့ရောဂါပိုးတစ်ခုကို ကာကွယ်ဖို့က ကိုယ့်ဟာနဲ့ကိုယ် အမြဲတမ်းသတိနဲ့နေမှသာလျှင်ရမယ်။ သတိကိုလျှော့လို့မရဘူး။ အမှုမဲ့အမှတ် မဲ့ဖြစ်တာလေးနဲ့ တင်ကူးနိုင်တယ်“လို့ ပါမောက္ခဒေါက်တာရဲမြကပြောပါ တယ်။

မြန်မာနိုင်ငံဟာ COVID-19 ကာကွယ်ဆေးရရှိဖို့နည်းလမ်းသုံးမျိုးရှိပြီး ပထမ နည်းလမ်းမှာ COVAX Facilityမှ အခမဲ့ (သို့မဟုတ်) ဈေးနှုန်းသက်သာစွာနဲ့ ရရှိတာ၊

ဒုတိယနည်းလမ်းကတော့ အစိုးရအချင်းချင်းဆက်သွယ်ဝယ်ယူတာ၊ တတိယနည်းလမ်းကတော့ ကာကွယ်ဆေးထုတ်လုပ်တဲ့ကုမ္ပဏီတွေက တစ်ဆင့် ပုဂ္ဂလိကဝယ်ယူတာတွေ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ပါမောက္ခ ဒေါက်တာစောဝင်းကပြောပါတယ်။

Source: One News

Zawgyi

၂၀၂၁ ခုႏွစ္ ဒုတိယသုံးလပတ္ထဲမွာျမန္မာႏိုင္ငံကို COVID-19 ကာကြယ္ေဆး (၃)ရာခိုင္ႏႈန္း စတင္ေရာက္ရွိဖို႔ရွိတယ္လို႔

ကမာၻ႔က်န္းမာေရးအဖြဲ႕၊ အေရွ႕ေတာင္ အာရွေဒသႀကီးအဖြဲ႕ဝင္၊ ျမန္မာႏိုင္ငံရဲ႕ ကာကြယ္ေဆးဆိုင္ရာ နည္းပညာ အႀကံေပးအဖြဲ႕ဝင္ ပါေမာကၡေဒါက္တာေစာဝင္းကေျပာပါတယ္။

ဒီဇင္ဘာ (၅) ရက္ကျပဳလုပ္ခဲ့တဲ့ျမန္မာႏိုင္ငံဆရာဝန္အသင္း (ဗဟို) ရဲ႕ Challenges of Time & Scale ေဟာေျပာ ေဆြးေႏြးပြဲမွာထည့္သြင္းေျပာခဲ့ တာပါ။

“COVAX Facility ေပါ့ ဒါကေတာ့ ကာကြယ္ေဆးထုတ္တဲ့ ကုမၸဏီေတြလည္း အမ်ားႀကီးပါတယ္။ ႏိုင္ငံေတြလည္းအမ်ားႀကီးပါတယ္။

ေပးမယ့္ႏိုင္ငံေတြ လည္းအမ်ားႀကီးပါတယ္။ အဲဒီ့ အရေတာ့ သူတို႔ခန႔္မွန္းခ်က္က ၂၀၂၁ ခုႏွစ္ ပထမသုံးလပတ္မွာ သူတို႔လိုအပ္တဲ့ မွတ္ပုံတင္ျခင္း လုပ္ငန္းစဥ္ေတြဆိုင္ရာ နဲ႔ပတ္သက္တဲ့ Assessment ေတြလုပ္မယ္။

ၿပီးရင္ဒုတိယ သုံးလပတ္မွာ ကြၽန္ေတာ္တို႔ဆီကို (၃) ရာခိုင္ႏႈန္းစၿပီးေတာ့ ေရာက္ဖို႔ရွိပါတယ္။ ေနာက္ ႏွစ္ကုန္တဲ့အထိဆိုရင္ ၁၇ရာခိုင္ႏႈန္းထပ္ၿပီးရမယ္ေပါ့” လို႔ပါေမာကၡ ေဒါက္တာေစာဝင္းက ေျပာပါတယ္။

ျမန္မာႏိုင္ငံရဲ႕လူဦးေရ (၃) ရာခိုင္ႏႈန္းအတြက္ ၂၀၂၁ ခုႏွစ္ ဒုတိယသုံးလပတ္မွာ စတင္ရရွိမွာျဖစ္ၿပီး ႏွစ္ကုန္တဲ့အခ်ိန္ မွာ (၁၇) ရာခိုင္ႏႈန္းထပ္မံေရာက္ရွိမွာ ျဖစ္ပါတယ္။

COVID-19 ဟာမျမင္ရတဲ့ေရာဂါပိုးတစ္ခုျဖစ္တဲ့အတြက္ ကာကြယ္ေဆးမရ ခင္အခ်ိန္ေတြမွာ အၿမဲတမ္းသတိနဲ႔ ေနထိုင္ဖို႔လိုအပ္တယ္လို႔

ျမန္မာႏိုင္ငံ ဆရာဝန္အသင္း၊ ယခင္ဥကၠဌ၊ COVID-19 ေသြးရည္ကုထုံးကုသေရး အႀကံေပးအဖြဲ႕ ဥကၠ႒ ပါေမာကၡေဒါက္တာရဲျမက သတိေပးေျပာၾကားသြား ပါတယ္။

“ကြၽန္ေတာ္တို႔က မျမင္ရတဲ့ေရာဂါပိုးတစ္ခုကို ကာကြယ္ဖို႔က ကိုယ့္ဟာနဲ႔ကိုယ္ အၿမဲတမ္းသတိနဲ႔ေနမွသာလွ်င္ရမယ္။ သတိကိုေလွ်ာ့လို႔မရဘူး။ အမႈမဲ့အမွတ္ မဲ့ျဖစ္တာေလးနဲ႔ တင္ကူးႏိုင္တယ္“လို႔ ပါေမာကၡေဒါက္တာရဲျမကေျပာပါ တယ္။

ျမန္မာႏိုင္ငံဟာ COVID-19 ကာကြယ္ေဆးရရွိဖို႔နည္းလမ္းသုံးမ်ိဳးရွိၿပီး ပထမ နည္းလမ္းမွာ COVAX Facilityမွ အခမဲ့ (သို႔မဟုတ္) ေဈးႏႈန္းသက္သာစြာနဲ႔ ရရွိတာ၊

ဒုတိယနည္းလမ္းကေတာ့ အစိုးရအခ်င္းခ်င္းဆက္သြယ္ဝယ္ယူတာ၊ တတိယနည္းလမ္းကေတာ့ ကာကြယ္ေဆးထုတ္လုပ္တဲ့ကုမၸဏီေတြက တစ္ဆင့္ ပုဂၢလိကဝယ္ယူတာေတြ ေဆာင္႐ြက္ႏိုင္မွာျဖစ္တယ္လို႔ ပါေမာကၡ ေဒါက္တာေစာဝင္းကေျပာပါတယ္။

Source: One News