သရဏဂုံကို စီးပွားတက်ချင်လို့ ကိုးကွယ်တယ်ဆိုရင် အကျိုးရှိမရှိ

ဘုရားကို စီးပွားတက်ချင်လို့ ကိုးကွယ်တယ်ဆိုရင် သရဏဂုံ မမြောက်ပေဘူး။

အခုခေတ်မှာ ဆိုလို့ရှိရင် မြတ်စွာဘုရား ရုပ်တုဆင်းတုတော် အိမ်မှာကိုးကွယ်ထားကြတယ်။

ဘာရည်ရွယ်ချက်နဲ့ ကိုးကွယ်တာတုန်းဆို အဆုံးအမရလို့ ကျေးဇူးတင်တဲ့အနေနဲ့ကိုးကွယ်တာ။

မြတ်စွာဘုရားက သက်တော်ထင်ရှား မရှိတော့ ကိုယ်စားရုပ်ပွား ဆင်းတုတော်ကို ကိုးကွယ်တယ်။

မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို ရရှိလို့ ကျေးဇူးတင်တဲ့အနေနဲ့ ဘုရားဂုဏ်ကို အာရုံပြုဖို့ ကိုးကွယ်တာပဲ ဖြစ်ရမယ်။

အဲဒီလို မဟုတ်ဘဲနဲ့ ဒီရုပ်ပွားဆင်းတုတော်ကို ကိုးကွယ်ထားခြင်းဖြင့် တို့အိမ်မှာ စီးပွားဥစ္စာတွေ တိုးတက်တယ်၊ဒီလိုယုံကြည်ပြီး ကိုးကွယ်လို့ရှိရင် မှားယွင်းမှာပဲ။

ဒီဘုရားကိုးကွယ်ထားရင် မီးကွင်းတယ်၊ မီးမလောင်ဘူးဆိုပြီး ကိုးကွယ်တာလည်း ရှိတယ်။

ဒါတွေက မှန်ကန်တဲ့ ရည်ရွယ်ချက်တွေ မဟုတ်ဘူး။ သရဏဂုံ ယူတဲ့အခါမှာ ဗုဒ္ဓံ သရဏံ ဂစ်ဆာမိ ဘုရားကို ကိုးကွယ်ပါ၏ လို့ ဆိုရတယ်။

ဒီလို သရဏဂုံ ယူတဲ့အခါမှာ ရည်ရွယ်ချက်က ဘုရား၏ အဆုံးအမ ကို ခံယူချင်တာသာ ဖြစ်တယ်။

ဘုရားကို မကိုးကွယ်လို့ရှိရင် ဘေးရန်အန္တရာယ်ဖြစ်မှာကြောက်တယ် (သို့ပဟုတ် )ပတ်ဝန်းကျင်က ကဲ့ရဲ့မှာ ကြောက်ကြတယ်။

အဲဒီလို ကြောက်လို့ ကိုးကွယ်တာမျိုးကျတော့ သရဏဂုံ မမြောက်ဘူး။

ဘုရားကို ကိုးကွယ်မှ စီးပွားဥစ္စာ တိုးတက်မယ်လို့ယူဆပြီး စီးပွားဥစ္စာတိုးတက်ချင်လို့ ကိုးကွယ်လို့ရှိရင်လည်း သရဏဂုံ မမြောက်ဘူး။

တို့ဆွေတို့မျိုးတွေ မိသားစုတွေက ကိုးကွယ်တဲ့ဘုရား လို့ ဆိုပြီးတော့ မိသားစု သံရောဇဉ်နဲ့ ကိုးကွယ်လို့ ရှိရင်လည်း သရဏဂုံ မမြောက်ဘူး။ဒါတွေ မပါစရေဘူး။

မြတ်စွာဘုရားဟာ လောကမှာ တကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊ ပါရမီဆယ်ပါး၊ အပြားသုံးဆယ်၊ စရိယသုံးပါး၊ စွန့်ခြင်းကြီးငါးပါး ဖြည့်ကျင့်ပြီးတော့ သတ္တဝါတွေ

အကျိုး အလို့ငှါ ပါရမီတွေ ဖြည့်ကျင့်ပြီးလို့ ဘုရားအဖြစ်ကို ရောက်လာပြီးတော့ အမှန်တရားကိုဟောကြားတဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ဖြစ်တယ်။

ဒီပုဂ္ဂိုလ်ရဲ့ အရည်အချင်းတွေ အင်မတန်မှ မြင့်မြတ်တယ်။ ထိုအရည်အချင်းတွေကို ပူဇော်တဲ့ အနေနဲ့ ကိုးကွယ်တယ်ဆိုမှ ကိုးကွယ်မှု မြောက်တယ်။

အဲဒီလို ကိုးကွယ်မှ ကိုယ်နေ့စဉ်ဆိုနေတဲ့ ဗုဒ္ဓံ သရဏံ ဂစ်ဆာမိ ဆိုတာ ပိုပြီးတော့ အဓိပ္ပါယ်ရှိတယ်။ အဲဒါမှ တကယ့် သရဏဂုံတည်တဲ့ မဟာကုသိုလ်စိတ်လို့ ခေါ်တယ်။

အဲဒီမဟာကုသိုလ်စိတ်နဲ့ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးကို ကိုးကွယ်ဆည်းကပ်လို့ ရလာတဲ့ ကုသိုလ်စေတနာတွေကမှ လူချမ်းသာကိုလည်း ပေးနိူင်တယ်၊နတ်ချမ်းသာကိုလည်း ပေးနိူင်တယ်။

ပါမောက္ခချုပ် ဆရာတော်ကြီး၏ သုံးပါးရတနာ ကိုးကွယ်ရာ တရားတော်မှ

တရားမှတ်စု

Zawgyi

ဘုရားကို စီးပြားတက္ခ်င္လို႔ ကိုးကြယ္တယ္ဆိုရင္ သရဏဂုံ မေျမာက္ေပဘူး။

အခုေခတ္မွာ ဆိုလို႔ရွိရင္ ျမတ္စြာဘုရား ႐ုပ္တုဆင္းတုေတာ္ အိမ္မွာကိုးကြယ္ထားၾကတယ္။

ဘာရည္ရြယ္ခ်က္နဲ႔ ကိုးကြယ္တာတုန္းဆို အဆုံးအမရလို႔ ေက်းဇူးတင္တဲ့အေနနဲ႔ကိုးကြယ္တာ။

ျမတ္စြာဘုရားက သက္ေတာ္ထင္ရွား မရွိေတာ့ ကိုယ္စား႐ုပ္ပြား ဆင္းတုေတာ္ကို ကိုးကြယ္တယ္။

ျမတ္စြာဘုရားရဲ့ အဆုံးအမေတြကို ရရွိလို႔ ေက်းဇူးတင္တဲ့အေနနဲ႔ ဘုရားဂုဏ္ကို အာ႐ုံျပဳဖို႔ ကိုးကြယ္တာပဲ ျဖစ္ရမယ္။

အဲဒီလို မဟုတ္ဘဲနဲ႔ ဒီ႐ုပ္ပြားဆင္းတုေတာ္ကို ကိုးကြယ္ထားျခင္းျဖင့္ တို႔အိမ္မွာ စီးပြားဥစၥာေတြ တိုးတက္တယ္၊ဒီလိုယုံၾကည္ၿပီး ကိုးကြယ္လို႔ရွိရင္ မွားယြင္းမွာပဲ။

ဒီဘုရားကိုးကြယ္ထားရင္ မီးကြင္းတယ္၊ မီးမေလာင္ဘူးဆိုၿပီး ကိုးကြယ္တာလည္း ရွိတယ္။

ဒါေတြက မွန္ကန္တဲ့ ရည္ရြယ္ခ်က္ေတြ မဟုတ္ဘူး။ သရဏဂုံ ယူတဲ့အခါမွာ ဗုဒၶံ သရဏံ ဂစ္ဆာမိ ဘုရားကို ကိုးကြယ္ပါ၏ လို႔ ဆိုရတယ္။

ဒီလို သရဏဂုံ ယူတဲ့အခါမွာ ရည္ရြယ္ခ်က္က ဘုရား၏ အဆုံးအမ ကို ခံယူခ်င္တာသာ ျဖစ္တယ္။

ဘုရားကို မကိုးကြယ္လို႔ရွိရင္ ေဘးရန္အႏၲရာယ္ျဖစ္မွာေၾကာက္တယ္ (သို႔ပဟုတ္ )ပတ္ဝန္းက်င္က ကဲ့ရဲ့မွာ ေၾကာက္ၾကတယ္။

အဲဒီလို ေၾကာက္လို႔ ကိုးကြယ္တာမ်ိဳးက်ေတာ့ သရဏဂုံ မေျမာက္ဘူး။

ဘုရားကို ကိုးကြယ္မွ စီးပြားဥစၥာ တိုးတက္မယ္လို႔ယူဆၿပီး စီးပြားဥစၥာတိုးတက္ခ်င္လို႔ ကိုးကြယ္လို႔ရွိရင္လည္း သရဏဂုံ မေျမာက္ဘူး။

တို႔ေဆြတို႔မ်ိဳးေတြ မိသားစုေတြက ကိုးကြယ္တဲ့ဘုရား လို႔ ဆိုၿပီးေတာ့ မိသားစု သံေရာဇဥ္နဲ႔ ကိုးကြယ္လို႔ ရွိရင္လည္း သရဏဂုံ မေျမာက္ဘူး။ဒါေတြ မပါစေရဘူး။

ျမတ္စြာဘုရားဟာ ေလာကမွာ တကယ္ျမင့္ျမတ္တဲ့ပုဂၢိဳလ္ျဖစ္တယ္၊ ပါရမီဆယ္ပါး၊ အျပားသုံးဆယ္၊ စရိယသုံးပါး၊ စြန္႔ျခင္းႀကီးငါးပါး ျဖည့္က်င့္ၿပီးေတာ့ သတၱဝါေတြ

အက်ိဳး အလို႔ငွါ ပါရမီေတြ ျဖည့္က်င့္ၿပီးလို႔ ဘုရားအျဖစ္ကို ေရာက္လာၿပီးေတာ့ အမွန္တရားကိုေဟာၾကားတဲ့ ပုဂၢိဳလ္ထူးပုဂၢိဳလ္ျမတ္ျဖစ္တယ္။

ဒီပုဂၢိဳလ္ရဲ့ အရည္အခ်င္းေတြ အင္မတန္မွ ျမင့္ျမတ္တယ္။ ထိုအရည္အခ်င္းေတြကို ပူေဇာ္တဲ့ အေနနဲ႔ ကိုးကြယ္တယ္ဆိုမွ ကိုးကြယ္မွု ေျမာက္တယ္။

အဲဒီလို ကိုးကြယ္မွ ကိုယ္ေန႔စဥ္ဆိုေနတဲ့ ဗုဒၶံ သရဏံ ဂစ္ဆာမိ ဆိုတာ ပိုၿပီးေတာ့ အဓိပၸါယ္ရွိတယ္။ အဲဒါမွ တကယ့္ သရဏဂုံတည္တဲ့ မဟာကုသိုလ္စိတ္လို႔ ေခၚတယ္။

အဲဒီမဟာကုသိုလ္စိတ္နဲ႔ ျမတ္စြာဘုရား ကိုယ္ေတာ္ျမတ္ႀကီးကို ကိုးကြယ္ဆည္းကပ္လို႔ ရလာတဲ့ ကုသိုလ္ေစတနာေတြကမွ လူခ်မ္းသာကိုလည္း ေပးနိူင္တယ္၊နတ္ခ်မ္းသာကိုလည္း ေပးနိူင္တယ္။

ပါေမာကၡခ်ဳပ္ ဆရာေတာ္ႀကီး၏ သုံးပါးရတနာ ကိုးကြယ္ရာ တရားေတာ္မွ

တရားမွတ္စု