အိမ်မှာဘုရားပူ ဇော်ခြင်းဖြင့်ရရှိမည့် အကျိုးများ

ကျက်သရေမင်္ဂလာပြည့်ဝဖို့အိမ်မှာဘုရားပူဇော်ခြင်းဖြင့်ရရှိမည့်အကျိုးများ

၁ ။ ဘုရားကျောင်းဆောင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း ၊ ဘုရားဝေယျာဝစ္စပြုနေရခြင်း ၊ ဘုရားကို ကိုင်းညွတ်သည့်စိတ်ဖြင့် မမေ့ခြင်း နှင့် ဘုရားတရားနှင့် ကင်းကွာမနေရခြင်းပင်ဖြစ်သည် ။

၂ ။ မြတ်စွာဘုရားကို ဖူးတွေ့နေရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် ပို၍ ယုံကြည်မှု လေးနက်လာမည် ။

၃ ။ အိမ်တွင် ရုပ်ပွားတော် ဆင်းတုတော်နှင့် ဘုရားကျောင်းဆောင် ရှိနေလျှင် စနစ်တကျ ဆည်းကပ် ကိုးကွယ်မှု ပြုခြင်းဖြင့် သတိမြဲခြင်း ပညာဉာဏ် ထက်မြက်ခြင်းများ ရှိလာသည် ။

၄ ။ ကုသိုလ်တရားများ တိုးပွားလာသည် ။နေ့စဉ်ဆွမ်းကပ်နိုင်ခြင်း သောက်တော်ရေကပ်နိုင်ခြင်း ဆီးမီးပူဇော်နိင်ခြင်း နံသာအမွှေးလှူနိုင်ခြင်းစသောကုသိုလ်တရားတိုးပွားနိုင်ပါသည်

၅ ။ စိတ်ညစ်ညူးမှု ရှိလာလျှင် ဘုရားကျောင်းဆောင် ဘုရားစင်ရှိရာ ဘုရားရှင်ရှေ့တော်သို့ သွားပြီး ဘုရားပန်းလဲခြင်း ၊

မြတ်စွာဘုရားကို အသေအချာကြည့် အာရုံပြုလိုက်ခြင်း ဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာလေသည် ။ အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှရပ်ပြီး စိတ်ကြည်နူးမှု ချက်ချင်း ရရှိလာသည် ။

၆ ။ အိမ်တွင်ဘုရားကျောင်းဆောင်ရှိသဖြင့် နာနာဘာဝ, ဝိနာဘာဝများ၏ အနှောင့်အယှက်များမှ ကင်းပြီး မကြောက်မရွံ ့နေနိုင်ပါသည် ။

၇ ။ ဆင်းရဲဒုက္ခ ကို သည်းခံလာနိုင်သည် ။အခက်အခဲတွေကြုံရတိုင်း ဘုရားသော်မှလောကဓံကြံုကြရတာပဲလို့ ဆင်ခြင်၍ သည်းခံနိုင်လာခြင်း

၈ ။ ဘုရားစင် ဘုရားကျောင်းဆောင် ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်း သုတ်သင်ပြီး ကျကျနန ထားလျှင် အိမ့်ကျက်သရေ, လူ့ကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါသည် ။

၉ ။ဘုရားကျောင်းဆောင်ရှိသည့်အတွက် မြတ်စွာဘုရားနှင့် အတူးနေရသကဲ့သို့ ဖြစ်ပြီး နှစ်သက်ပီတိဖြစ်၍ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံခြင်း တို့ ဖြစ်လေသည်။

ခရစ်ဒစ်

Zawgyi

က်က္သေရမဂၤလာျပည့္ဝဖို႔အိမ္မွာဘုရားပူေဇာ္ျခင္းျဖင့္ရ႐ွိမၫ့္အက်ိဳးမ်ား

၁ ။ ဘုရားေက်ာင္းေဆာင္႐ွိသည့္အတြက္ ဘုရားကို ျမင္ေနရျခင္း ၊ ဘုရားေဝယ်ာဝစၥျပဳေနရျခင္း ၊ ဘုရားကို ကိုင္းၫြတ္သည့္စိတ္ျဖင့္ မေမ့ျခင္း ႏွင့္ ဘုရားတရားႏွင့္ ကင္းကြာမေနရျခင္းပင္ျဖစ္သည္ ။

၂ ။ ျမတ္စြာဘုရားကို ဖူးေတြ႔ေနရျခင္းျဖင့္ ဗုဒၶဘာသာအေပၚ ပို၍ ယုံၾကည္မႈ ေလးနက္လာမည္ ။

၃ ။ အိမ္တြင္ ႐ုပ္ပြားေတာ္ ဆင္းတုေတာ္ႏွင့္ ဘုရားေက်ာင္းေဆာင္ ႐ွိေနလ်ွင္ စနစ္တက် ဆည္းကပ္ ကိုးကြယ္မႈ ျပဳျခင္းျဖင့္ သတိျမဲျခင္း ပညာဉာဏ္ ထက္ျမက္ျခင္းမ်ား ႐ွိလာသည္ ။

၄ ။ ကုသိုလ္တရားမ်ား တိုးပြားလာသည္ ။ေန႔စဥ္ဆြမ္းကပ္ႏိုင္ျခင္း ေသာက္ေတာ္ေရကပ္ႏိုင္ျခင္း ဆီးမီးပူေဇာ္နိင္ျခင္း နံသာအေမႊးလႉႏိုင္ျခင္းစေသာကုသိုလ္တရားတိုးပြားႏိုင္ပါသည္

၅ ။ စိတ္ညစ္ညဴးမႈ ႐ွိလာလွ်င္ ဘုရားေက်ာင္းေဆာင္ ဘုရားစင္႐ွိရာ ဘုရား႐ွင္ေ႐ွ႕ေတာ္သို႔ သြားၿပီး ဘုရားပန္းလဲျခင္း ၊

ျမတ္စြာဘုရားကို အေသအခ်ာၾကည့္ အာ႐ုံျပဳလိုက္ျခင္း ျဖင့္ စိတ္ညစ္ညဴးမႈမ်ား ပေပ်ာက္လာေလသည္ ။ အမွားအယြင္းမ်ား မျပဳလုပ္မိေတာ့ဘဲ ရပ္တန္းမွရပ္ၿပီး စိတ္ၾကည္ႏူးမႈ ခ်က္ခ်င္း ရ႐ွိလာသည္ ။

၆ ။ အိမ္တြင္ဘုရားေက်ာင္းေဆာင္႐ွိသျဖင့္ နာနာဘာဝ, ဝိနာဘာဝမ်ား၏ အေႏွာင့္အယွက္မ်ားမွ ကင္းၿပီး မေၾကာက္မရြံ ့ေနႏိုင္ပါသည္ ။

၇ ။ ဆင္းရဲဒုကၡ ကို သည္းခံလာႏိုင္သည္ ။အခက္အခဲေတြၾကံဳရတိုင္း ဘုရားေသာ္မွေလာကဓံၾကံဳၾကရတာပဲလို႔ ဆင္ျခင္၍ သည္းခံနိုင္လာျခင္း

၈ ။ ဘုရားစင္ ဘုရားေက်ာင္းေဆာင္ ကို ပိုးမ်ွင္ ဖုန္မ်ား ကင္းစင္ေအာင္ လွည္းက်င္း သုတ္သင္ၿပီး က်က်နန ထားလ်ွင္ အိမ့္က်က္သေရ, လူ႔က်က္သေရ တက္ၿပီး ဂုဏ္သိကၡာမ်ား တက္ပါသည္ ။

၉ ။ဘုရားေက်ာင္းေဆာင္႐ွိသည့္အတြက္ ျမတ္စြာဘုရားႏွင့္ အတူးေနရသကဲ့သို႔ ျဖစ္ၿပီး ႏွစ္သက္ပီတိျဖစ္၍ က်က္သေရမဂၤလာႏွင့္ျပည့္စံုျခင္း တို႔ ျဖစ္ေလသည္။

ခရစ္ဒစ္