အကြောထုံးခြင်း အကြောများဆိုင်းပြီး သွေးကြောပိတ်ဆို့ရောင်ရမ်းလာခြင်း ဖြစ်လျှင်

အကြောထုံးခြင်း ( Varicose Veins )

အကြောများဆိုင်းပြီး သွေးကြောပိတ်ဆို့ရောင်ရမ်းလာခြင်းကို ဆေးပညာအရ varicose veins လို့ခေါ်ပါတယ်.. များသောအား ဖြင့် ခြေသလုံး ခြေမျက်စေ့ နဲ့ ခြေထောက်တစ်ခွင်မှာ ဖြစ်လေ့ရှိပြီး

သွေးကြောအဆို့ရှင်များအားနည်း၍ ကောင်းစွာအလုပ်မလုပ်နိုင်ခြင်း လှုပ်ရှားမှုနည်းလို့ သွေးလည်ပတ်မှုနည်းခြင်း နဲ့ ခန္ဓာကိုယ်ဖိအားကို ခြေထောက်ကမတန်တဆခံရခြင်းစတာတွေကြောင့် ဒီရောဂါဖြစ်လာပါတော့တယ်..

အဲဒီလိုပိတ်ဆို့ခြင်းက ကြီးကြီးမားမားပြဿနာမဟုတ်ပေမယ့် လွန်ကဲစွာ အကြောထုံးလာခဲ့ရင်တော့ နောက်ဆက်တွဲရောဂါအန္တာရာယ်များဖြစ်ပေါ်လာစေပါတယ်..

အလှုပ်အရှားနည်းသည့် သက်ကြီးရွယ်အိုများ၊ အရွယ်မတိုင်မီအ၀လွန်သူများ နှင့် ကိုယ်၀န်ဆောင်အမျိုးသမီးများ ဖြစ်လေ့ရှိပါတယ်.. မျိုးရိုးရှိလို့ဖြစ်တာမျိုးလည်းရှိပါတယ်..

ရောဂါလက္ခဏာများကတော့

(၁)ခြေထောက်ရောင်ကိုင်းခြင်း

(၂) သွေးကြောများယားယံခြင်း

(၃) အရေပြားအရောင် ပြောင်းလဲသွားခြင်းတို့ဖြစ်ပါတယ်..

အနေအထိုင်ဆင်ခြင်ပါ

(၁) ကောင်းစွာသွေးလည်ပတ်စီးဆင်းခြင်းက အကြောထုံးဝေဒနာ (လုံး၀)မဖြစ်စေနိုင်ပါ။ ထို့ကြောင့် လမ်းများများလျှောက်/ခပ် ဖွဖွပြေး/စက်ဘီးစီး/ရေကူး

စသည့်လေ့ကျင့်ခဏ်း တစ်ခုခုကို နာရီ၀က်(သို့မဟုတ်)၄၅မိနစ်ခန့် နေ့စဉ် ပုံမှန်လုပ်ပေးခြင်း ဖြင့် သွေးလည်ပတ်မှုကောင်းစေသည့့်အပြင် ကိုယ်အလေးချိန်ပါကျစေပါတယ်..

(၂) ကြာမြင့်စွာ မတ်တပ်ရပ်အလုပ်လုပ်ခြင်းက ခြေထောက်ကို၀န်ပိစေပြီး၊ အကြောထုံးလာစေလို့သတိပြုပါ..

(၃) ခုံပေါ်မှာအကြာကြီးထိုင်၍အလုပ်လုပ်ခြင်း၊ တီဗွီကြည့်ခြင်း (သို့မဟုတ်)ကွန်ပြူတာကြာမြင့်စွာသုံးခြင်း၊ ခြေထောက်၂-ချောင်းချိပ်ထိုင်ခြင်း၊ ပေါင်ပေါ်သို့လေးလံသောပစ္စည်းတင်၍ ထိုင်ခြင်း စသည်တို့က သွေးလည်ပတ်မှုကို တားဆီးပိတ်ဆို့စေပါတယ်..

(၅) ဒေါက်မြင့်ဖိနပ်စီးပြီး ခရီးဝေးလမ်းလျှောက်ခြင်း(သို့မ ဟုတ်)မတ်တပ်ရပ်ခြင်းကလည်း သွေးကြောပိတ်ဆို့စေနိုင်ပါတယ်..

(၆) မိမိခြေထောက်ထက်သေးငယ်သည့် ဖိနပ်စီးခြင်း၊ ခြေ အိပ်သေးသေး၀တ်ဆင်ခြင်း တို့ကလည်း ခြေထောက်သွေးကြောထုံးစေတဲ့ ပြဿနာတွေပါပဲ..

(၇) တခါတရံမှာ အကြောထုံး များက သီးမခံနိုင်လောက်အောင်ယားယံစေသော်လဲ၊ ကုတ်ခြစ်ခြင်းမပြုပါနဲ့.. သွေးထွက်အနာဖြစ်စေပါတယ်..အစားအသောက်ဖြင့်ထိန်းပါ။

(၁) သကြား၊ အချိုကဲသောအစားအစာများ၊ ရေခဲမုန့်၊ ဆီကြော်မုန့်များ၊ အဆီများသောအစားအစာများ၊ တိရိစ္ဆာန်မှရသော အ ဆီအနှစ်များ၊

ပြန်လည်ပြုပြင်ထားသောအသင့်စား အစားအစာများ၊ ဆား နှင့် ငန်သောအစားအစာများ…စသည်တို့ကိုရှောင်ပါ (သို့မဟုတ်)အနည်းငယ်သာစားပါ..

(၂) ဆေးလိပ် နှင့် အရက်ကိုတတ်နိုင်သလောက်ရှောင်ပါ..

(၃) ငါးများများစားပါ..

(၄) ပဲပိစပ်၊ ကြက်သွန်နီ၊ ဂျင်း တို့က သွေးလည်ပတ်မှုကိုများစွာကောင်းးကျိုးပြုပါတယ်..

(၅) နာနတ်သီး၊ ချယ်ရီသီး နှင့် ဘယ်ရီသီး တို့က အကြောထုံးပိတ်ဆို့ခြင်းအတွက် အကောင်းဆုံးဓာတ်စာများဖြစ်ကြပါတယ်..

(၆) ၀မ်းချုပ်ခြင်းက အကြောထုံးခြင်းနှင့် ပတ်သက် ဆက်နွယ်နေတာမို့၊ ၀မ်းမချုပ်အောင် အမျှင်ဓာတ်များသောအစားအစာများစားပေးပါ..

(၇) မုန်လာဥနီနှင့်ဟင်းနုနယ်ကိုတွဲ ဖက်စားပေးခြင်းဖြင့်၊ ၄င်း ၂-မျိုးဓာတ်ပြုခြင်းက အကြောထုံးရောဂါကို ဆေးစွမ်းထက်မြတ်စေပါတယ်..

လွယ်ကူသက်သာအိမ်တွင်းကုထုံး

(၁) #ခရမ်းချဉ်သီးစေ့ ထဲမှာ salicylic acid ပါဝင်တာကြောင့် သွေးကြောပိတ်ခြင်းတွေ မဖြစ်အောင် တားဆီးကာကွယ်ပေးပြီး သွေးလည်ပတ်မှု အားကောင်းစေပါတယ်..

နောက်ပြီး အရေပြားအတွင်းထဲထိ စိမ့်ဝင်နိုင်တာကြောင့် သွေးကြောထုံးနေတာတွေကိုလည်း ပြန်လည်ကောင်းမွန်လာစေပါတယ်..

အသုံးပြုနည်းကတော့

ခရမ်းချဉ်သီး(၂)လုံးကို ကြိတ်ချေလိုက်ပါ..

ကြေညက်သွားပြီ ဆိုရင်တော့ အကြောထုံးနေတဲ့ နေရာကို လိမ်းပေးလိုက်ရုံပါပဲ..

ပူစပ်စပ်လေးခံစားလာရပြီဆိုရင် ရေအေးအေးလေးနဲ့ဆေးချပေးပြီး တစ်နေ့ကို (၄) ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်.. တစ်ပါတ်လောက်မှန်မှန်လိမ်းပေးရင် ပျောက်ပါပြီ..

(၂) #ဂေါ်ဖီထုပ် ဟာလည်း ဗီတာမင် B1, B6, K, E, နဲ့ C ပါဝင်ရုံသာမက သတ္တုဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်..

ဒါကြောင့် သွေးကြော ပိတ်တာတွေကို ကာကွယ်ပေးပြီး သွေးကြောထုံးတွေကို ပျောက်ကင်းစေပါတယ်..

အသုံးပြုနည်းကတော့

ဂေါ်ဖီရွက် (၃)ရွက်ကိုယူပြီး သေးသေးလေးတွေ ဖြစ်အောင်လှီးလိုက်ပါ..

ပြီးရင် ကြိတ်စက်ထဲ ထည့်ကြိတ်ပါ..

ပြီးရင်တော့ ရလာတဲ့အရည်ကို ယူပြီး တစ်နေ့(၃)ကြိမ် အကြောထုံးတွေ အပေါ်မှာ လိမ်းပေးလိုက်ပါ.. တစ်ပါတ်လောက်တော့ လိမ်းပေးရပါမယ်..

ဒါမှမဟုတ်..

(၃) ပန်းသီးရှာလကာရည် ကလည်း အကြောအထုံးများကိုပြေပျောက်စေလို့ မကြာခဏလိမ်းပေးပြီး ကုသလို့ရပါတယ်..

(၄) Varicose Vein Cream လို့ခေါ်တဲ့ လိမ်းဆေးကို နီးစပ်ရာဆေးခန်းမှမေးဝယ်ပြီး အညွှန်းအတိုင်းလိမ်းပေးရပါမယ်..

(၅) နာကျင်မှုသက်သာစေရန် နှင့် သွေးလည်ပတ်မှု ကောင်းစေရန်အတွက် ရေအေးအေးဖြင့် အကြောအထုံးများပေါ်သို့ မကြာခဏလောင်းချပေးပါ..

သာမန်အကြောထုံးခြင်းကို အနေအထိုင်အစားအသောက်နဲ့ အိမ်တွင်းကုထုံးများနဲ့ ကုသခြင်း ထိန်းထားခြင်း ပြုလုပ်နိုင်ပေမယ့်

သာမန်ထက်ဆိုးရွားလာရင်တော့ လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ပြီး ရောဂါအတိမ်အနက်ပေါ်မူတည်ပြီး

(၁) လေဆာပစ်ခြင်း

(၂) ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း

(၃) Catheterထည့်၍ကုသခြင်း

(၄) ခွဲစိပ်ခြင်း

စသဖြင့် ကုသမှုခံယူသင့်ပါတယ်နော်

Zawgyi

#အေၾကာထုံးျခင္း ( Varicose Veins )

အေၾကာမ်ားဆိုင္းၿပီး ေသြးေၾကာပိတ္ဆို႔ေရာင္ရမ္းလာျခင္းကို ေဆးပညာအရ varicose veins လို႔ေခၚပါတယ္.. မ်ားေသာအား ျဖင့္ ေျခသလုံး ေျခမ်က္ေစ့ နဲ႔ ေျခေထာက္တစ္ခြင္မွာ ျဖစ္ေလ့ရွိၿပီး

ေသြးေၾကာအဆို႔ရွင္မ်ားအားနည္း၍ ေကာင္းစြာအလုပ္မလုပ္ႏိုင္ျခင္း လႈပ္ရွားမႈနည္းလို႔ ေသြးလည္ပတ္မႈနည္းျခင္း နဲ႔ ခႏၶာကိုယ္ဖိအားကို ေျခေထာက္ကမတန္တဆခံရျခင္းစတာေတြေၾကာင့္ ဒီေရာဂါျဖစ္လာပါေတာ့တယ္..

အဲဒီလိုပိတ္ဆို႔ျခင္းက ႀကီးႀကီးမားမားျပႆနာမဟုတ္ေပမယ့္ လြန္ကဲစြာ အေၾကာထုံးလာခဲ့ရင္ေတာ့ ေနာက္ဆက္တြဲေရာဂါအႏၲာရာယ္မ်ားျဖစ္ေပၚလာေစပါတယ္..

အလႈပ္အရွားနည္းသည့္ သက္ႀကီး႐ြယ္အိုမ်ား၊ အ႐ြယ္မတိုင္မီအ၀လြန္သူမ်ား ႏွင့္ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးမ်ား ျဖစ္ေလ့ရွိပါတယ္.. မ်ိဳး႐ိုးရွိလို႔ျဖစ္တာမ်ိဳးလည္းရွိပါတယ္..

ေရာဂါလကၡဏာမ်ားကေတာ့

(၁)ေျခေထာက္ေရာင္ကိုင္းျခင္း

(၂) ေသြးေၾကာမ်ားယားယံျခင္း

(၃) အေရျပားအေရာင္ ေျပာင္းလဲသြားျခင္းတို႔ျဖစ္ပါတယ္..

အေနအထိုင္ဆင္ျခင္ပါ

(၁) ေကာင္းစြာေသြးလည္ပတ္စီးဆင္းျခင္းက အေၾကာထုံးေဝဒနာ (လုံး၀)မျဖစ္ေစႏိုင္ပါ။ ထို႔ေၾကာင့္ လမ္းမ်ားမ်ားေလွ်ာက္/ခပ္ ဖြဖြေျပး/စက္ဘီးစီး/ေရကူး

စသည့္ေလ့က်င့္ခဏ္း တစ္ခုခုကို နာရီ၀က္(သို႔မဟုတ္)၄၅မိနစ္ခန္႔ ေန႔စဥ္ ပုံမွန္လုပ္ေပးျခင္း ျဖင့္ ေသြးလည္ပတ္မႈေကာင္းေစသည့့္အျပင္ ကိုယ္အေလးခ်ိန္ပါက်ေစပါတယ္..

(၂) ၾကာျမင့္စြာ မတ္တပ္ရပ္အလုပ္လုပ္ျခင္းက ေျခေထာက္ကို၀န္ပိေစၿပီး၊ အေၾကာထုံးလာေစလို႔သတိျပဳပါ..

(၃) ခုံေပၚမွာအၾကာႀကီးထိုင္၍အလုပ္လုပ္ျခင္း၊ တီဗြီၾကည့္ျခင္း (သို႔မဟုတ္)ကြန္ျပဴတာၾကာျမင့္စြာသုံးျခင္း၊ ေျခေထာက္၂-ေခ်ာင္းခ်ိပ္ထိုင္ျခင္း၊ ေပါင္ေပၚသို႔ေလးလံေသာပစၥည္းတင္၍ ထိုင္ျခင္း စသည္တို႔က ေသြးလည္ပတ္မႈကို တားဆီးပိတ္ဆို႔ေစပါတယ္..

(၅) ေဒါက္ျမင့္ဖိနပ္စီးၿပီး ခရီးေဝးလမ္းေလွ်ာက္ျခင္း(သို႔မ ဟုတ္)မတ္တပ္ရပ္ျခင္းကလည္း ေသြးေၾကာပိတ္ဆို႔ေစႏိုင္ပါတယ္..

(၆) မိမိေျခေထာက္ထက္ေသးငယ္သည့္ ဖိနပ္စီးျခင္း၊ ေျခ အိပ္ေသးေသး၀တ္ဆင္ျခင္း တို႔ကလည္း ေျခေထာက္ေသြးေၾကာထုံးေစတဲ့ ျပႆနာေတြပါပဲ..

(၇) တခါတရံမွာ အေၾကာထုံး မ်ားက သီးမခံႏိုင္ေလာက္ေအာင္ယားယံေစေသာ္လဲ၊ ကုတ္ျခစ္ျခင္းမျပဳပါနဲ႔.. ေသြးထြက္အနာျဖစ္ေစပါတယ္..အစားအေသာက္ျဖင့္ထိန္းပါ။

(၁) သၾကား၊ အခ်ိဳကဲေသာအစားအစာမ်ား၊ ေရခဲမုန္႔၊ ဆီေၾကာ္မုန္႔မ်ား၊ အဆီမ်ားေသာအစားအစာမ်ား၊ တိရိစာၦန္မွရေသာ အ ဆီအႏွစ္မ်ား၊

ျပန္လည္ျပဳျပင္ထားေသာအသင့္စား အစားအစာမ်ား၊ ဆား ႏွင့္ ငန္ေသာအစားအစာမ်ား…စသည္တို႔ကိုေရွာင္ပါ (သို႔မဟုတ္)အနည္းငယ္သာစားပါ..

(၂) ေဆးလိပ္ ႏွင့္ အရက္ကိုတတ္ႏိုင္သေလာက္ေရွာင္ပါ..

(၃) ငါးမ်ားမ်ားစားပါ..

(၄) ပဲပိစပ္၊ ၾကက္သြန္နီ၊ ဂ်င္း တို႔က ေသြးလည္ပတ္မႈကိုမ်ားစြာေကာင္းးက်ိဳးျပဳပါတယ္..

(၅) နာနတ္သီး၊ ခ်ယ္ရီသီး ႏွင့္ ဘယ္ရီသီး တို႔က အေၾကာထုံးပိတ္ဆို႔ျခင္းအတြက္ အေကာင္းဆုံးဓာတ္စာမ်ားျဖစ္ၾကပါတယ္..

(၆) ၀မ္းခ်ဳပ္ျခင္းက အေၾကာထုံးျခင္းႏွင့္ ပတ္သက္ ဆက္ႏြယ္ေနတာမို႔၊ ၀မ္းမခ်ဳပ္ေအာင္ အမွ်င္ဓာတ္မ်ားေသာအစားအစာမ်ားစားေပးပါ..

(၇) မုန္လာဥနီႏွင့္ဟင္းႏုနယ္ကိုတြဲ ဖက္စားေပးျခင္းျဖင့္၊ ၄င္း ၂-မ်ိဳးဓာတ္ျပဳျခင္းက အေၾကာထုံးေရာဂါကို ေဆးစြမ္းထက္ျမတ္ေစပါတယ္..

လြယ္ကူသက္သာအိမ္တြင္းကုထုံး

(၁) #ခရမ္းခ်ဥ္သီးေစ့ ထဲမွာ salicylic acid ပါဝင္တာေၾကာင့္ ေသြးေၾကာပိတ္ျခင္းေတြ မျဖစ္ေအာင္ တားဆီးကာကြယ္ေပးၿပီး ေသြးလည္ပတ္မႈ အားေကာင္းေစပါတယ္..

ေနာက္ၿပီး အေရျပားအတြင္းထဲထိ စိမ့္ဝင္ႏိုင္တာေၾကာင့္ ေသြးေၾကာထုံးေနတာေတြကိုလည္း ျပန္လည္ေကာင္းမြန္လာေစပါတယ္..

အသုံးျပဳနည္းကေတာ့

ခရမ္းခ်ဥ္သီး(၂)လုံးကို ႀကိတ္ေခ်လိုက္ပါ..

ေၾကညက္သြားၿပီ ဆိုရင္ေတာ့ အေၾကာထုံးေနတဲ့ ေနရာကို လိမ္းေပးလိုက္႐ုံပါပဲ..

ပူစပ္စပ္ေလးခံစားလာရၿပီဆိုရင္ ေရေအးေအးေလးနဲ႔ေဆးခ်ေပးၿပီး တစ္ေန႔ကို (၄) ႀကိမ္ခန႔္ ျပဳလုပ္ေပးရပါမယ္.. တစ္ပါတ္ေလာက္မွန္မွန္လိမ္းေပးရင္ ေပ်ာက္ပါၿပီ..

(၂) #ေဂၚဖီထုပ္ ဟာလည္း ဗီတာမင္ B1, B6, K, E, နဲ႔ C ပါဝင္႐ုံသာမက သတၱဳဓာတ္လည္း ႂကြယ္ဝစြာပါဝင္ပါတယ္..

ဒါေၾကာင့္ ေသြးေၾကာ ပိတ္တာေတြကို ကာကြယ္ေပးၿပီး ေသြးေၾကာထုံးေတြကို ေပ်ာက္ကင္းေစပါတယ္..

အသုံးျပဳနည္းကေတာ့

ေဂၚဖီ႐ြက္ (၃)႐ြက္ကိုယူၿပီး ေသးေသးေလးေတြ ျဖစ္ေအာင္လွီးလိုက္ပါ..

ၿပီးရင္ ႀကိတ္စက္ထဲ ထည့္ႀကိတ္ပါ..

ၿပီးရင္ေတာ့ ရလာတဲ့အရည္ကို ယူၿပီး တစ္ေန႔(၃)ႀကိမ္ အေၾကာထုံးေတြ အေပၚမွာ လိမ္းေပးလိုက္ပါ.. တစ္ပါတ္ေလာက္ေတာ့ လိမ္းေပးရပါမယ္..

ဒါမွမဟုတ္..

(၃) ပန္းသီးရွာလကာရည္ ကလည္း အေၾကာအထုံးမ်ားကိုေျပေပ်ာက္ေစလို႔ မၾကာခဏလိမ္းေပးၿပီး ကုသလို႔ရပါတယ္..

(၄) Varicose Vein Cream လို႔ေခၚတဲ့ လိမ္းေဆးကို နီးစပ္ရာေဆးခန္းမွေမးဝယ္ၿပီး အၫႊန္းအတိုင္းလိမ္းေပးရပါမယ္..

(၅) နာက်င္မႈသက္သာေစရန္ ႏွင့္ ေသြးလည္ပတ္မႈ ေကာင္းေစရန္အတြက္ ေရေအးေအးျဖင့္ အေၾကာအထုံးမ်ားေပၚသို႔ မၾကာခဏေလာင္းခ်ေပးပါ..

သာမန္အေၾကာထုံးျခင္းကို အေနအထိုင္အစားအေသာက္နဲ႔ အိမ္တြင္းကုထုံးမ်ားနဲ႔ ကုသျခင္း ထိန္းထားျခင္း ျပဳလုပ္ႏိုင္ေပမယ့္

သာမန္ထက္ဆိုး႐ြားလာရင္ေတာ့ လိုအပ္တဲ့စစ္ေဆးမႈေတြလုပ္ၿပီး ေရာဂါအတိမ္အနက္ေပၚမူတည္ၿပီး

(၁) ေလဆာပစ္ျခင္း

(၂) ဓာတ္ေရာင္ျခည္ျဖင့္ကုသျခင္း

(၃) Catheterထည့္၍ကုသျခင္း

(၄) ခြဲစိပ္ျခင္း

စသျဖင့္ ကုသမႈခံယူသင့္ပါတယ္ေနာ္