မုန္လာဥျဖဴ စနစ္တက် စိုက္ပ်ိဳးနည္း

မုန်လာဥဖြူ စိုက်ပျိုးရန် နည်းစနစ်

မြေအမျိုးအစား

ဥအတွက် စိုက်ပျိုးသောအပင်မျိုးဖြစ်သဖြင့် မြေကြီးနက်နက်ထိ မြေသားပွရန်လိုအပ်ပါသည်။ မြေသြဇာထက်သန်မှုကို ကြိုက်နှစ်သက်ပြီး အသင့်လျော်ဆုံးမြေအမျိုးအစားမှသဲနှုန်းမြေဖြစ်ပါသည်။

သို့ရာတွင် သဲဆန်လွန်းသောမြေ၊ စေးလွန်းသောမြေတို့မှ အပအခြားမည့်သည့်မြေတွင်ဖြစ်စေ၊ သဘာဝမြေသြဇာ လုံလုံလောက်လောက် ထည့်သွင်းစိုက်ပျိုးလျှင်လည်း ဖြစ်ထွန်းနိုင်သည်။

စိုက်ရာဒေသ

ရှမ်းပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ရန်ကုန်တိုင်းမြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပါသည်။

ရာသီဥတု

အအေးကြိုက်ပင်ဖြစ်၍ သင့်လျော်သောအပူချိန်မှာ (၆၀)ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီး ၎င်းထက်မကျော်သင့်ပါ။ သို့သော်မြန်မာပြည်တွင် (၇၅ ံ)ဖာရင်ဟိုက်ထက်ကျော် သောဒေသများတွင် အပူဒဏ်ခံနိုင်သော မျိုးများကို စိုက်ပျိုးနေပြီဖြစ်သည်။ မိုးရေကို အားကိုးစိုက်ပျိုးသောဒေသများတွင် တစ်နှစ်မိုးရေချိန်ပျမ်းမျှ (၅၅)လက်မ ကျော်ရမည်။ မိုးရေချိန် (၄၀)လက်မထက် လျော့နည်းလျှင် မဖြစ်ထွန်းပါ။ အပူချိန်မကိုက်ညီပါက ဥသေးခြင်း၊ အမျှင်များခြင်း၊ ပုံသဏ္ဍာန်မကျခြင်းနှင့် အနံ့ပြင်းခြင်းစသည့် ချို့ယွင်းချက်များ ဖြစ်ပေါ်နိုင်ပါသည်။

မြေပြုပြင်ခြင်း

စိုက်ခင်းမြေဘောင်ပြုပြင်ရာတွင် အလျားကို သင့်သလိုထားပြီး ဘောင်အနံ (၃-၄)ပေ၊ အမြင့်(၈)လက်မရှိသင့်ပါသည်။ မြေတွင်းအောင်းပိုးမွှားမာျးကို ကာကွယ်ရန် တစ်ဧကလျှင် အော်ဒရင်းဆေးဒီ (၂.၅) ရာခိုင်နှုန်း၊

နို့ဆီဘူး (၆၀-၈၀) အလုံးထည့်၍ ထယ်ထိုးထွန်မွှေ ပြုလုပ်ရပါသည်။ ဘောင်ဖော်ပြီးနောက် မြေဆွေး၊ နွားချေးဆွေးထည့်ပေးပြီး ဘောင်ကိုတစ်ညီတည်းဖြစ်နေစေရန် ဘောင်မျက်နှာပြင်ကို ညှိပေးရပါသည်။

စိုက်ပျိုးခြင်း

ပြုပြင်ထားပြီးသောဘောင်ကို ရေဝအောင်လောင်းပြီး မျိုးစေ့ချရန် ကျင်းရာဖော်ရပါမည်။ တစ်ကျင်းနှင့် တစ်ကျင်း အကွာအဝေးမှာ (၄-၆)လက်မ၊ တစ်တန်းနှင့်တစ်တန်း (၂)ပေခန့်ထားရသည်။ မျိုးစေ့၏ အပင်ပေါက်နှုန်းပေါ်မူတည်၍ တစ်ကျင်းလျှင် မျိုးစေ့ (၃-၄)စေ့ချပြီး မြေပါးပါးဖုံးပေးရသည်။ စိုက်ပြီးသော ဘောင်ပေါ်တွင်

ကောက်ရိုးကို တစ်ပေခန့်အရှည်ဖြတ်ပြီးဖုံးပေးရသည်။ ဤကဲ့သို့ ဖုံးပေးခြင်းဖြင့် မိုးပေါက်မှန်ခြင်း၊ နေရာမှလွင့်စင်ခြင်းမှ ကာကွယ်ပေးပါသည်။ တစ်ဧကမျိုးစေ့ (၈)ပေါင်ခန့် လိုအပ်ပါသည်။

စိုက်ပျိုးခင်းပြုစုခြင်း

စိုက်ပြီး (၄)ရက်အကြာတွင် အပင်ငယ်များစတင်ပေါက်လာသည်။ စိုက်ပျိုးပြီး (၁၀-၁၂) ရက်ခန့်တွင် ပေါင်းရှင်းပေးရမည်။ စိုက်ကျင်းတစ်ကျင်းလျှင် အသန်ဆုံးတစ်ပင်သာ ချန်ခဲ့ပြီး ကျန်အပင်များကို နှုတ်ပစ်ရပါသည်။ အပင်ငယ်စဉ် ရေဝပ်ခံရပါက ဆက်လက်မကြီးထွားတော့ပဲ အရွက်များဝါလာပြီး ခါးရိ၍သေတတ်ပါသည်။

အပင်ငယ်စဉ်တွင် သည်းထန်စွာရွာသွန်းသော မိုးဒဏ်မှ ကာကွယ်နိုင်ရန် အလွယ်တကူတင်ချနိုင်သည့် အမိုးလုပ်ပေးသင့်ပါသည်။အထူးသဖြင့် မြန်မာပြည် အောက်ပိုင်းတွင် မိုးများလွန်းသည့်အခါတွင် အမိုးလုပ်၍ စိုုက်လေ့ရှိပါသည်။

မြေသြဇာကျွေးခြင်း

မြေပြုပြင်စဉ် တစ်ဧကလျှင် နွားချေးမြေဆွေး (၁၀)တန်ခန့်ထည့်ပေးသင့်ပါသည်။ မြေပြုပြင်စဉ် တီစူပါ နှင့် ပိုတက်ရှ်(၁၁၂)ပေါင်စီ ထည့်ပေးပြီး အပင်ပေါက်ပြီး (၁၀)ရက်သားရလျှင် ယူရီးယား(၅၆)ပေါင်ကို အပင်တန်းခြားထဲတွင် ထည့်ပေးပြီး မြေတောင်မြှောက်ပေးရသည်။

ယခုကဲ့သို့ ပထမအကြိမ် မြေသြဇာကျွေးပြီး (၁၅)ရက်ကြာလျှင် ဒုတိယအကြိမ် တစ်ဧက ယူရီးယား တစ်အိတ် (၅၆)ပေါင် ထည့်ပေးရပါသည်။

နုတ်သိမ်းခြင်းနှင့် အထွက်နှုန်း

မျိုးလိုက်၍ စိုက်ပျိုးပြီး (၃၀)ရက်ခန့်အကြာတွင် နုတ်သိမ်းနိုင်သည့်အရွယ်သို့ ရောက်ပါသည်။ နုတ်သိမ်းချိန်တွင် မြေတွင်းအစိုဓာတ်ရှိရန်လိုအပ်ပါသည်။

အရွက်နှင့်အတူ နုတ်သိမ်းရာ၌ ဥမကျိုးစေရန် ဂရုစိုက်ရပါသည်။ အချိန်မီ မနုတ်သိမ်းပါက ဥကွဲခြင်း၊ အူချောင်ခြင်းများဖြစ်ပေါ်တတ်ပါသည်။ အမျိုးအစားကိုလိုက်၍ တစ်ဧကလျှင် ပေါင် (၅၀၀၀ – ၆၀၀၀) ခန့်ထွက်နိုင်ပါသည်။

ခရစ်ဒစ်

Zawgyi

မုန္လာဥျဖဴ စိုက္ပ်ိဳးရန္ နည္းစနစ္

ေျမအမ်ိဳးအစား

ဥအတြက္ စိုက္ပ်ိဳးေသာအပင္မ်ိဳးျဖစ္သျဖင့္ ေျမၾကီးနက္နက္ထိ ေျမသားပြရန္လိုအပ္ပါသည္။ ေျမၾသဇာထက္သန္မႈကို ၾကိဳက္ႏွစ္သက္ျပီး အသင့္ေလ်ာ္ဆံုးေျမအမ်ိဳးအစားမွသဲႏႈန္းေျမျဖစ္ပါသည္။

သို႔ရာတြင္ သဲဆန္လြန္းေသာေျမ၊ ေစးလြန္းေသာေျမတို႔မွ အပအျခားမည့္သည့္ေျမတြင္ျဖစ္ေစ၊ သဘာဝေျမၾသဇာ လံုလံုေလာက္ေလာက္ ထည့္သြင္းစိုက္ပ်ိဳးလွ်င္လည္း ျဖစ္ထြန္းႏိုင္သည္။

စိုက္ရာေဒသ

ရွမ္းျပည္နယ္၊ ျမစ္ဝကၽြန္းေပၚေဒသမ်ားႏွင့္ ရန္ကုန္တိုင္းျမိဳ႕နယ္မ်ားတြင္ အမ်ားဆံုးစိုက္ပ်ိဳးၾကပါသည္။

ရာသီဥတု

အေအးၾကိဳက္ပင္ျဖစ္၍ သင့္ေလ်ာ္ေသာအပူခ်ိန္မွာ (၆၀)ဒီဂရီဖာရင္ဟုိက္ျဖစ္ျပီး ၎ထက္မေက်ာ္သင့္ပါ။ သို႔ေသာ္ျမန္မာျပည္တြင္ (၇၅ ံ)ဖာရင္ဟိုက္ထက္ေက်ာ္ ေသာေဒသမ်ားတြင္ အပူဒဏ္ခံႏိုင္ေသာ မ်ိဳးမ်ားကို စိုက္ပ်ိဳးေနျပီျဖစ္သည္။ မိုးေရကို အားကိုးစိုက္ပ်ိဳးေသာေဒသမ်ားတြင္ တစ္ႏွစ္မိုးေရခ်ိန္ပ်မ္းမွ် (၅၅)လက္မ ေက်ာ္ရမည္။ မိုးေရခ်ိန္ (၄၀)လက္မထက္ ေလ်ာ႔နည္းလွ်င္ မျဖစ္ထြန္းပါ။ အပူခ်ိန္မကိုက္ညီပါက ဥေသးျခင္း၊ အမွ်င္မ်ားျခင္း၊ ပံုသ႑ာန္မက်ျခင္းႏွင့္ အနံ႔ျပင္းျခင္းစသည့္ ခ်ိဳ႕ယြင္းခ်က္မ်ား ျဖစ္ေပၚႏိုင္ပါသည္။

ေျမျပဳျပင္ျခင္း

စိုက္ခင္းေျမေဘာင္ျပဳျပင္ရာတြင္ အလ်ားကို သင့္သလိုထားျပီး ေဘာင္အနံ (၃-၄)ေပ၊ အျမင့္(၈)လက္မရွိသင့္ပါသည္။ ေျမတြင္းေအာင္းပိုးမႊားမာ်းကို ကာကြယ္ရန္ တစ္ဧကလွ်င္ ေအာ္ဒရင္းေဆးဒီ (၂.၅) ရာခိုင္ႏႈန္း၊

ႏို႔ဆီဘူး (၆၀-၈၀) အလံုးထည့္၍ ထယ္ထိုးထြန္ေမႊ ျပဳလုပ္ရပါသည္။ ေဘာင္ေဖာ္ျပီးေနာက္ ေျမေဆြး၊ ႏြားေခ်းေဆြးထည့္ေပးျပီး ေဘာင္ကိုတစ္ညီတည္းျဖစ္ေနေစရန္ ေဘာင္မ်က္ႏွာျပင္ကို ညႇိေပးရပါသည္။

စိုက္ပ်ိဳးျခင္း

ျပဳျပင္ထားျပီးေသာေဘာင္ကို ေရဝေအာင္ေလာင္းျပီး မ်ိဳးေစ့ခ်ရန္ က်င္းရာေဖာ္ရပါမည္။ တစ္က်င္းႏွင့္ တစ္က်င္း အကြာအေဝးမွာ (၄-၆)လက္မ၊ တစ္တန္းႏွင့္တစ္တန္း (၂)ေပခန္႔ထားရသည္။ မ်ိဳးေစ့၏ အပင္ေပါက္ႏႈန္းေပၚမူတည္၍ တစ္က်င္းလွ်င္ မ်ိဳးေစ့ (၃-၄)ေစ့ခ်ျပီး ေျမပါးပါးဖံုးေပးရသည္။ စိုက္ျပီးေသာ ေဘာင္ေပၚတြင္

ေကာက္ရိုးကို တစ္ေပခန္႔အရွည္ျဖတ္ျပီးဖံုးေပးရသည္။ ဤကဲ့သို႔ ဖံုးေပးျခင္းျဖင့္ မိုးေပါက္မွန္ျခင္း၊ ေနရာမွလြင့္စင္ျခင္းမွ ကာကြယ္ေပးပါသည္။ တစ္ဧကမ်ိဳးေစ့ (၈)ေပါင္ခန္႔ လိုအပ္ပါသည္။

စိုက္ပ်ိဳးခင္းျပဳစုျခင္း

စိုက္ျပီး (၄)ရက္အၾကာတြင္ အပင္ငယ္မ်ားစတင္ေပါက္လာသည္။ စိုက္ပ်ိဳးျပီး (၁၀-၁၂) ရက္ခန္႔တြင္ ေပါင္းရွင္းေပးရမည္။ စိုက္က်င္းတစ္က်င္းလွ်င္ အသန္ဆံုးတစ္ပင္သာ ခ်န္ခဲ့ျပီး က်န္အပင္မ်ားကို ႏႈတ္ပစ္ရပါသည္။ အပင္ငယ္စဥ္ ေရဝပ္ခံရပါက ဆက္လက္မၾကီးထြားေတာ့ပဲ အရြက္မ်ားဝါလာျပီး ခါးရိ၍ေသတတ္ပါသည္။

အပင္ငယ္စဥ္တြင္ သည္းထန္စြာရြာသြန္းေသာ မိုးဒဏ္မွ ကာကြယ္ႏိုင္ရန္ အလြယ္တကူတင္ခ်ႏိုင္သည့္ အမိုးလုပ္ေပးသင့္ပါသည္။အထူးသျဖင့္ ျမန္မာျပည္ ေအာက္ပိုင္းတြင္ မိုးမ်ားလြန္းသည့္အခါတြင္ အမိုးလုပ္၍ စိုုက္ေလ့ရွိပါသည္။

ေျမၾသဇာေကၽြးျခင္း

ေျမျပဳျပင္စဥ္ တစ္ဧကလွ်င္ ႏြားေခ်းေျမေဆြး (၁၀)တန္ခန္႔ထည့္ေပးသင့္ပါသည္။ ေျမျပဳျပင္စဥ္ တီစူပါ ႏွင့္ ပိုတက္ရွ္(၁၁၂)ေပါင္စီ ထည့္ေပးျပီး အပင္ေပါက္ျပီး (၁၀)ရက္သားရလွ်င္ ယူရီးယား(၅၆)ေပါင္ကို အပင္တန္းျခားထဲတြင္ ထည့္ေပးျပီး ေျမေတာင္ေျမႇာက္ေပးရသည္။

ယခုကဲ့သို႔ ပထမအၾကိမ္ ေျမၾသဇာေကၽြးျပီး (၁၅)ရက္ၾကာလွ်င္ ဒုတိယအၾကိမ္ တစ္ဧက ယူရီးယား တစ္အိတ္ (၅၆)ေပါင္ ထည့္ေပးရပါသည္။

ႏုတ္သိမ္းျခင္းႏွင့္ အထြက္ႏႈန္း

မ်ိဳးလိုက္၍ စိုက္ပ်ိဳးျပီး (၃၀)ရက္ခန္႔အၾကာတြင္ ႏုတ္သိမ္းႏိုင္သည့္အရြယ္သို႔ ေရာက္ပါသည္။ ႏုတ္သိမ္းခ်ိန္တြင္ ေျမတြင္းအစိုဓာတ္ရွိရန္လိုအပ္ပါသည္။

အရြက္ႏွင့္အတူ ႏုတ္သိမ္းရာ၌ ဥမက်ိဳးေစရန္ ဂရုစိုက္ရပါသည္။ အခ်ိန္မီ မႏုတ္သိမ္းပါက ဥကြဲျခင္း၊ အူေခ်ာင္ျခင္းမ်ားျဖစ္ေပၚတတ္ပါသည္။ အမ်ိဳးအစားကိုလိုက္၍ တစ္ဧကလွ်င္ ေပါင္ (၅၀၀၀ – ၆၀၀၀) ခန္႔ထြက္ႏိုင္ပါသည္။

ခရစ္ဒစ္