တစ်ပတ်စာခုနှစ်ရက်သားသမီးကံကြမ္မာဟောကိန်း (17-1-2021 to 23-1-2021)
တနင်္ဂနွေသားသမီး
ဘဝအတွက်ကြီးမားသောအပြောင်းအလဲများပြုလုပ်ရမည့်အချိန်ကာလပါ ကံကြမ္မာကောင်းတွေပြန်လည်ဦးမော့လာပါပြီ
ရပ်တန့်နေသောလုပ်ငန်းများပြန်လည်လည်ပတ်လာပါလိမ့်မည် မိတ်ကောင်းဆွေကောင်းများထံမှလည်းအကူအညီကောင်းများရရှိပါလိမ့်မည်
ခြေထောက်မတော်တဆထိခိုက်မိတတ်ပါသည် အချစ်ရေးတွင်ဇွဲရှိရှိသာဆက်ကြိုးစားပါအဆင်ပြေဖို့အလွန်နီးစပ်နေပါပြီ
ထီ၂၀ပါသောထီထိုးပါ ယတြာ -အုန်းသီးတစ်လုံးကိုရေမျှောပြီးလိုရာဆုတောင်းပါ
တနင်္လာသားသမီး
စိတ်ရောကိုယ်ပါပင်ပန်းနေရမည့်ကာလပါ အလုပ်အကိုင်အလွန်ရှုပ်ထွေးပြီးဝင်ငွေပိုင်းဆိုင်ရာပင်ပန်းသလောက်မရတတ်ပါ
သားသမီးအတွက်လည်းစိုးရိမ်ပူပန်နေရတဲ့ကာလပါ အာရုံကြောအားနည်း၍မကြာခဏသတိမေ့နေလိမ့်မည် ချစ်သူထံမှလက်ဆောင်ပစ္စည်းရရှိပါလိမ့်မည်
ထီ ၇အစ၅အဆုံးထိုးပါ ယတြာ – နေအိမ်ဘုရားတွင်ရွှေရင်အေးလှုဒါန်းပေးပါ
အင်္ဂါသားသမီး
အိုးသစ်အိမ်သစ်နေရာထိုင်ခင်းအသစ်နေထိုင်ရပါမည် လက်အောက်ငယ်သားများနှင့်ပါတ်သက်၍စိတ်သောကဖြစ်စရာများကြုံရတတ်ပါသည်
စာချူပ်စာတမ်းကိစ္စတွေအထူးသတိထားပါအမှားအယွင်းတွေဖြစ်နေတတ်ပါသည် အိပ်မပျော်ဖြစ်ပြီးမျက်စိကြောင်နေတတ်ပါသည် ချစ်သူမရှိသေးသူများချစ်သူရည်းစားရပါမည်
ထီ၆အစ၄အဆုံးထိုးပါ ယတြာ- ငါးစာကျွေးပေးပါ
ဗုဒ္ဓဟူးသားသမီး
မိတ်ဆွေဆရာသမားများအပေါ်တွင်ပေးကမ်းကူညီလိုစိတ်များဖြစ်ပေါ်နေလိမ့်မည် ရာထူးတိုးခြင်း အလုပ်တွင်နေရာကောင်းရခြင်းများကြုံရပါလိမ့်မည်
ကျန်းမာရေးအနည်းငယ်ချူ ချာမည် မိမိထက်အသက်ငယ်သူနှင့်ချစ်သူရည်းစားဖြစ်လိမ့်မည်
ထီ ၆အစ၅အဆုံးထိုးပါ ယတြာ- လမ်းဘေးခလေးများအားဖီးကြမ်းဌက်ပျောသီးဒါနပြုလိုက်ပါ
ကြာသာပတေးသားသမီး
အများအပေါ်တွင်စိတ်ကောင်းထားကူညီတတ်မူကြောင့်မိမိအားလည်းအကူအညီပေးမည့်သူများပေါ်လာပါလိမ့်မည်
မိမိလုပ်ငန်းအတွက်စပ်တူရှယ်ယာလုပ်လိုသူများပေါ်ပေါက်လာပါလိမ့်မည် ဝက်ခြံဘုများမျက်နှာတွင်ထွက်လာပါလိမ့်မည် ခရီးထွက်ရင်းမိမိစိတ်ဝင်စားရမည့်သူကိုစတင်တွေ့ရှိရမည့်ကာလပါ
ထီ ၉အစ၇အဆုံးထိုးပါ ယတြာ- နေအိမ်ဘုရားတွင်လက်ဖက်ထမင်းလှုပေးပါ
သောကြာသားသမီး
အခြေအနေအရပ်ရပ်ပေါ်တွင်နားလည်နိူင်မူစွမ်းရည်မြင့်မားလာပါလိမ့်မည် စီမံကိန်းအသစ်များရေးဆွဲရခြင်း လုပ်ငန်းအသစ်များလုပ်ကိုင်ဖို့ကြံစည်ရပါလိမ့်မည်
သဘောတူလက်မှတ်စာချူပ်ရေးထိုးခြင်းများသေချာစီစစ်ပြီးမှလက်ခံပါ ကျန်းမာရေးချူ ချာပြီးမကြာခဏအအေးမိနေလိမ့်မည် ချစ်သူရပ်ဝေးခရီးထွက်ခွာလိမ့်မည်
ထီ၇အစ၃အဆုံးထိုးပါ ယတြာ- သက်ကြီးရွယ်အိုများအားငွေကြေးလှုဒါန်းပေးပါ
စနေသားသမီး
အဆင်မပြေမရေရာသောအလုပ်များကိုလုပ်ကိုင်မိနေလိမ့်မည် မိသားစုအတွင်းရေးအတွက်စိတ်ပူပန်မူများမည် ငွေကြေးကိစ္စများတွင်ကြားဝင်အာမခံပေးတာမျိူးမလုပ်သင့်သောကာလပါ
မကြာခဏသတိမေ့ပြီးပစ္စည်းများမေ့ကျန်နေတတ်မည် ချစ်သူရည်းစားများဘာမဟုတ်တဲ့ကိစ္စလေးကိုပုံကြီးချဲ့စကားများရတတ်ပါသည်
ထီ၆အစ၅အဆုံးထိုးပါ ယတြာ- မိတ်ဆွေတစ်ဦးအားအုန်းနိူ့ခေါက်ဆွဲဒါနပြုပေးလိုက်ပါ
ကျော်ဘိုဘိုဟိန်း
Zawgyi
တနင်္ဂနွေသားသမီး
တနင်္လာသားသမီး
အင်္ဂါသားသမီး
ဗုဒ္ဓဟူးသားသမီး
ကြာသာပတေးသားသမီး
သောကြာသားသမီး
အခြေအနေအရပ်ရပ်ပေါ်တွင်နားလည်နိုင်မူစွမ်းရည်မြင့်မားလာပါလိမ့်မည် စီမံကိန်းအသစ်များရေးဆွဲရခြင်း လုပ်ငန်းအသစ်များလုပ်ကိုင်ဖို့ကြံစည်ရပါလိမ့်မည်
စနေသားသမီး
အဆင်မပြေမရေရာသောအလုပ်များကိုလုပ်ကိုင်မိနေလိမ့်မည် မိသားစုအတွင်းရေးအတွက်စိတ်ပူပန်မူများမည် ငွေကြေးကိစ္စများတွင်ကြားဝင်အာမခံပေးတာမျိုးမလုပ်သင့်သောကာလပါ
ထီ၆အစ၅အဆုံးထိုးပါ ယတြာ- မိတ်ဆွေတစ်ဦးအားအုန်းနို့ခေါက်ဆွဲဒါနပြုပေးလိုက်ပါ
ကျော်ဘိုဘိုဟိန်း