လေငန်း၊ လေဖြတ်ရောဂါအတွက် ဆေးနည်း

လေငန်း ရောဂါ

လေဖြတ်သည် ဟုလည်းသုံးနှူန်းသည်။ခန္ဓာကိုယ်၏တစ်ပိုင်းဖြစ်စေ တစ်ခြမ်းဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ မလှုပ်ရှားနိုင်သောရောဂါဖြစ်သည်။

ဦးနှောက်တွင်သွေးခဲ၍ဖြစ်စေ၊ သွေးကြောပေါက်၍ဖြစ်စေ၊နောက်ဆက်တွဲဦးနှောက်သွေးထောက်ပံမှု မရခြင်းကြောင့်ဖြစ်စေ လေဖြတ် လေငန်းရောဂါဖြစ်ပွားရပါသည်။

လျှာပွတ်ဆေး

လေဖြတ်၍ ပါးရွဲ့စောင်းလျှင် နနွင်းမှုန့်ကိုမီးခဲပေါ်ဖြူး၍မှိုင်းရှူပေးပါ။လေဖြတ်၍ လျှာရွဲ့စောင်းလျှင် စပါးကြီးသည်းခြေဖြင့် လျှာကိုပွတ်ပေးလိုက်ပါ။

လျှာတိုပြီးအသံမထွက်လျှင် စပါးလင်အမြစ်ကိုကြိတ်၍ လျှာတွင်ပွတ်ပေးပါ။မေးအောက်တွင်လိမ်းပေးပါ။

လေဖြတ်၍ စကားမပီသလျှင် ကွမ်းရွက်နှင့်ဆားကိုထုပ် မီးဖုတ်ပြီးသံပရာရည်နှင့်ဖျော် လျှာတွင်ပွတ်ပေးပါ။လေဖြတ်၍ စကားပြောအသံမထွက်လျှင် ဝံအူမြစ်ကိုသွေးပြီးလည်ပင်းတွင်လိမ်းပေးပါ။

ဆားနှင့်ရောပြီး လျှာအရင်းနှိုက်ကာပွတ်ပေးလျှင်အသံပြန်ထွက်သည်။သံပရာသီးကိုအလုံးလိုက် ပြာချပြီး လျှာပွတ်ပေးလျှင် အသံပြန်ထွက်သည်။ကွမ်းရွက်အရည်နှင့် နှမ်းဆီရောပြီး ပါးကြောကိုဆွဲလှည့်ပေးပါ။

တစ်ကိုယ်လုံးလိမ်းဆေး မိဿလင်ဥအခြောက်လှန်း၍ အမှုန့်ပြု အဝတ်ပါးဖြင့်ထုပ်ပြီးရေနွေးငွေ့ခံကာ လေဖြတ်သူ၏ မလှုပ်ရှားနိုင်သောကိုယ်အင်္ဂါများကို ကြပ်ထုပ်ထိုးပေးပါ။

မုန်ညှင်းဆီ နှမ်းဆီလိမ်းပြီးကြပ်ထုပ်ထိုးပေးကပိုကောင်းသည်။ပရန္နဝါရွက်၊ကြောင်ပန်းရွက်၊မိဿလင်ဥ

ထိုသုံးမျိုးကို နှမ်းဆီဖြင့်စိမ်ထား မီးအပူပေး၍ တစ်ကိုယ်လုံးလိမ်းကျံပေးသော်လေဖြတ်အကြောသေရောဂါသက်သာစေနိုင်သည်။

ကိုယ်ရံကြီးရွက်ကို မီးကင် နှမ်းဆီသုတ်ပြီး လေဖြတ်သူ၏ခြေလက်များတွင့စည်းပေးပါက အကြောများပြန်လည်လှုပ်ရှားလာနိုင်သည်။

တောရှောက်မြစ်၊ဝံအူမြစ်၊သက်ရင်းကြီးမြစ်တို့ကိုသွေးပြီးအရက်နှင့်ရောစိမ် လိမ်းပေးလျှင်အကြောသေရောဂါသက်သာစေနိုင်သည်။

ချင်းခြောက်မှုန့် နှစ်ဆ လင်းနေမှုန့်တစ်ဆရောစပ်ပြီးရေနွေးနှင့်ဖျော် ခပ်နွေးနွေးလေးလိမ်းပေးလျှင် လေဖြတ်အကြောသေ သက်သာစေနိုင်သည်။

ဆင်ငိုမြက်၊ ဝါးရွက်၊သက်ရင်းကြီးရွက်တို့ကိုပြုတ်သည့်အရည်ဖြင့်ရေချ်ိုးပေးပါ လေဖြတ်လေငန်းဝေဒနါသက်သာစေသည်။

စားဆေး

ဆင်တုံးမနွယ်ပြုတ်၍ဖြစ်စေ၊အမှုန့်ပြု၍ဖြစ်စေ ပျားရည်ဖြင့်ရောစပ်စားလျှင် ကိုယ်တစ်ခြမ်းသေခြင်းကိုသက်သာပျောက်ကင်းစေနိုင်သည်။

ကြက်သွန်ဖြူ၊တောရှောက်ခါးသီး၊မန်ကျည်းမှည့်၊ထန်းလျက်၊ပျားရည်၊နှမ်းဆီတို့ကို ရောကျိုပြီးတေဆေးပြုလုပ်စားလျှင်လေဖြတ်ရောဂါသက်သာစေသည်။

ကျောက်ဖရုံသီးအလယ်အူတိုင်ကိုထွင်းပြီးသကြားအပြည့်သိပ်ကာ အဖုံးအုပ်၍ သုံးရက်စိမ်ထားပါ။

ကျောက်ဖရုံသီးအောက်ခြေမှ ဖောက်ကျလာသောအရည်ကိုသောက်ပေးလျှင်လေဖြတ်ခြင်းနှင့်တွဲ၍ဖြစ်သောခြေလက်များဖောရောင်သည့် ဝေဒနါကိုပါသက်သာစေနိုင်သည်။

ဆန်လက်တစ်ဆုပ်၊ ပဲရာဇာလက်တသ်ဆုပ်၊ရောပြီးဆန်ပြုတ်ပြုတ်ပါ။ကျက်ပြီးမှ ငါး/အသားပြုတ်အနည်းငယ်ရော၍တိုက်ကျွေးပါ။လေဖြတ်သူနှင့်သင့်လျော်သောဓာတ်စာဖြစ်သည်။

ငါးရံ့ဆန်လှော်တွင် စပါးလင်များများထည့်ချက်၍တိုက်ကျွေးပါ။ကြက်ဥပြုတ် အဝါအနှစ်ဖယ် အကာကိုယူပြီးနှမ်းဆီအနည်းငယ်ဆမ်း နှမ်းထောင်းကြက်သွန်ကြော်ထောင်းဖြူး၍ကျွေးပါ လေဖြတ်သူအတွက်ဓာတ်စာဖြစ်သည်။

ကျွန်းသားလွှစာမှုန့်နှင့်သဲကိုအချ်ိုးကျရောစပ်ပြီးမြေကြီးပေါ်ခင်း၍ လေဖြတ်သူကိုတွဲကာလမ်းလျှောက်ပေးလျှင် လေဖြတ်သူပြန်ကောင်းနိုင်သည်။ကြည်လွင်မြင့်(မုဒြာ)

လေဖြတ်၊ လေငန်း၊ လေဖြန်းရောဂါထုံနာကျင်နာ၊ ကိုယ်တစ်ပိုင်းသေရောဂါဝေဒနာရှင်များအတွက်လိမ်းဆေး ကြောင်လျှာအ မြစ်/ခေါက်ကိုအဆင်ပြေရာ ရရာ ရှိရာနဲ့သွေးလိမ်းနိုင်ပါတယ်။

ဆန်ဆေးရေ/ရိုးရိုးရေ/ရှောက်ရည်/အရက်ဦးရည် အဆင်ပြေရာနဲ့သွေးလိမ်းပါ။ကြောင်လျှာမြစ်က ပိတ်ဆို့နေတဲ့သွေးကြော၊လေကြော တွေကိုပွင့်စေတဲ့အတွက်ဆေးစွမ်းထက်လှပါတယ်။

Shwe La Thar Win

Zawgyi

ေလငန္း ေရာဂါ

ေလျဖတ္သည္ ဟုလည္းသုံးႏွူန္းသည္။ခႏၶာကိုယ္၏တစ္ပိုင္းျဖစ္ေစ တစ္ျခမ္းျဖစ္ေစ၊ တစ္စိတ္တစ္ပိုင္းျဖစ္ေစ မလွုပ္ရွားနိုင္ေသာေရာဂါျဖစ္သည္။

ဦးေႏွာက္တြင္ေသြးခဲ၍ျဖစ္ေစ၊ ေသြးေၾကာေပါက္၍ျဖစ္ေစ၊ေနာက္ဆက္တြဲဦးေႏွာက္ေသြးေထာက္ပံမွု မရျခင္းေၾကာင့္ျဖစ္ေစ ေလျဖတ္ ေလငန္းေရာဂါျဖစ္ပြားရပါသည္။

လၽွာပြတ္ေဆး

ေလျဖတ္၍ ပါးရြဲ႕ေစာင္းလၽွင္ နႏြင္းမွုန္႔ကိုမီးခဲေပၚျဖဴး၍မွိုင္းရွူေပးပါ။ေလျဖတ္၍ လၽွာရြဲ႕ေစာင္းလၽွင္ စပါးႀကီးသည္းေျချဖင့္ လၽွာကိုပြတ္ေပးလိုက္ပါ။

လၽွာတိုၿပီးအသံမထြက္လၽွင္ စပါးလင္အျမစ္ကိုႀကိတ္၍ လၽွာတြင္ပြတ္ေပးပါ။ေမးေအာက္တြင္လိမ္းေပးပါ။

ေလျဖတ္၍ စကားမပီသလၽွင္ ကြမ္းရြက္ႏွင့္ဆားကိုထုပ္ မီးဖုတ္ၿပီးသံပရာရည္ႏွင့္ေဖ်ာ္ လၽွာတြင္ပြတ္ေပးပါ။ေလျဖတ္၍ စကားေျပာအသံမထြက္လၽွင္ ဝံအူျမစ္ကိုေသြးၿပီးလည္ပင္းတြင္လိမ္းေပးပါ။

ဆားႏွင့္ေရာၿပီး လၽွာအရင္းႏွိုက္ကာပြတ္ေပးလၽွင္အသံျပန္ထြက္သည္။သံပရာသီးကိုအလုံးလိုက္ ျပာခ်ၿပီး လၽွာပြတ္ေပးလၽွင္ အသံျပန္ထြက္သည္။ကြမ္းရြက္အရည္ႏွင့္ ႏွမ္းဆီေရာၿပီး ပါးေၾကာကိုဆြဲလွည့္ေပးပါ။

တစ္ကိုယ္လုံးလိမ္းေဆး မိႆလင္ဥအေျခာက္လွန္း၍ အမွုန္႔ျပဳ အဝတ္ပါးျဖင့္ထုပ္ၿပီးေရေႏြးေငြ႕ခံကာ ေလျဖတ္သူ၏ မလွုပ္ရွားနိုင္ေသာကိုယ္အဂၤါမ်ားကို ၾကပ္ထုပ္ထိုးေပးပါ။

မုန္ညႇင္းဆီ ႏွမ္းဆီလိမ္းၿပီးၾကပ္ထုပ္ထိုးေပးကပိုေကာင္းသည္။ပရႏၷဝါရြက္၊ေၾကာင္ပန္းရြက္၊မိႆလင္ဥ

ထိုသုံးမ်ိဳးကို ႏွမ္းဆီျဖင့္စိမ္ထား မီးအပူေပး၍ တစ္ကိုယ္လုံးလိမ္းက်ံေပးေသာ္ေလျဖတ္အေၾကာေသေရာဂါသက္သာေစနိုင္သည္။

ကိုယ္ရံႀကီးရြက္ကို မီးကင္ ႏွမ္းဆီသုတ္ၿပီး ေလျဖတ္သူ၏ေျခလက္မ်ားတြင့စည္းေပးပါက အေၾကာမ်ားျပန္လည္လႈပ္ရွားလာနိုင္သည္။

ေတာေရွာက္ျမစ္၊ဝံအူျမစ္၊သက္ရင္းႀကီးျမစ္တို့ကိုေသြးၿပီးအရက္ႏွင့္ေရာစိမ္ လိမ္းေပးလၽွင္အေၾကာေသေရာဂါသက္သာေစနိုင္သည္။

ခ်င္းေျခာက္မွုန္႔ ႏွစ္ဆ လင္းေနမွုန္႔တစ္ဆေရာစပ္ၿပီးေရေႏြးႏွင့္ေဖ်ာ္ ခပ္ေႏြးေႏြးေလးလိမ္းေပးလၽွင္ ေလျဖတ္အေၾကာေသ သက္သာေစနိုင္သည္။

ဆင္ငိုျမက္၊ ဝါးရြက္၊သက္ရင္းႀကီးရြက္တို့ကိုျပဳတ္သည့္အရည္ျဖင့္ေရခ်္ိုးေပးပါ ေလျဖတ္ေလငန္းေဝဒနါသက္သာေစသည္။

စားေဆး

ဆင္တုံးမႏြယ္ျပဳတ္၍ျဖစ္ေစ၊အမွုန္႔ျပဳ၍ျဖစ္ေစ ပ်ားရည္ျဖင့္ေရာစပ္စားလၽွင္ ကိုယ္တစ္ျခမ္းေသျခင္းကိုသက္သာေပ်ာက္ကင္းေစနိုင္သည္။

ၾကက္သြန္ျဖဴ၊ေတာေရွာက္ခါးသီး၊မန္က်ည္းမွည့္၊ထန္းလ်က္၊ပ်ားရည္၊ႏွမ္းဆီတို့ကို ေရာက်ိဳၿပီးေတေဆးျပဳလုပ္စားလၽွင္ေလျဖတ္ေရာဂါသက္သာေစသည္။

ေက်ာက္ဖ႐ုံသီးအလယ္အူတိုင္ကိုထြင္းၿပီးသၾကားအျပည့္သိပ္ကာ အဖုံးအုပ္၍ သုံးရက္စိမ္ထားပါ။

ေက်ာက္ဖ႐ုံသီးေအာက္ေျခမွ ေဖာက္က်လာေသာအရည္ကိုေသာက္ေပးလၽွင္ေလျဖတ္ျခင္းႏွင့္တြဲ၍ျဖစ္ေသာေျခလက္မ်ားေဖာေရာင္သည့္ ေဝဒနါကိုပါသက္သာေစနိုင္သည္။

ဆန္လက္တစ္ဆုပ္၊ ပဲရာဇာလက္တသ္ဆုပ္၊ေရာၿပီးဆန္ျပဳတ္ျပဳတ္ပါ။က်က္ၿပီးမွ ငါး/အသားျပဳတ္အနည္းငယ္ေရာ၍တိုက္ေကၽြးပါ။ေလျဖတ္သူႏွင့္သင့္ေလ်ာ္ေသာဓာတ္စာျဖစ္သည္။

ငါးရံ့ဆန္ေလွာ္တြင္ စပါးလင္မ်ားမ်ားထည့္ခ်က္၍တိုက္ေကၽြးပါ။ၾကက္ဥျပဳတ္ အဝါအႏွစ္ဖယ္ အကာကိုယူၿပီးႏွမ္းဆီအနည္းငယ္ဆမ္း ႏွမ္းေထာင္းၾကက္သြန္ေၾကာ္ေထာင္းျဖဴး၍ေကၽြးပါ ေလျဖတ္သူအတြက္ဓာတ္စာျဖစ္သည္။

ကၽြန္းသားလႊစာမွုန္႔ႏွင့္သဲကိုအခ်္ိုးက်ေရာစပ္ၿပီးေျမႀကီးေပၚခင္း၍ ေလျဖတ္သူကိုတြဲကာလမ္းေလၽွာက္ေပးလၽွင္ ေလျဖတ္သူျပန္ေကာင္းနိုင္သည္။ၾကည္လြင္ျမင့္(မုျဒာ)

ေလျဖတ္၊ ေလငန္း၊ ေလျဖန္းေရာဂါထုံနာက်င္နာ၊ ကိုယ္တစ္ပိုင္းေသေရာဂါေဝဒနာရွင္မ်ားအတြက္လိမ္းေဆး ေၾကာင္လၽွာအ ျမစ္/ေခါက္ကိုအဆင္ေျပရာ ရရာ ရွိရာနဲ႔ေသြးလိမ္းနိုင္ပါတယ္။

ဆန္ေဆးေရ/ရိုးရိုးေရ/ေရွာက္ရည္/အရက္ဦးရည္ အဆင္ေျပရာနဲ႔ေသြးလိမ္းပါ။ေၾကာင္လၽွာျမစ္က ပိတ္ဆို့ေနတဲ့ေသြးေၾကာ၊ေလေၾကာ ေတြကိုပြင့္ေစတဲ့အတြက္ေဆးစြမ္းထက္လွပါတယ္။

Shwe La Thar Win