အသီးပဲစားနေကြတာ အရွက်လည်း အသုံးဝင်ကြောင်း လူတွေ သိပ်မသိကြဘူး ..

အသီးပဲစားနေကြတာ အရွက်လည်း အသုံးဝင်ကြောင်း လူတွေ သိပ်မသိကြဘူး

မာလကာအရွက် အိမ်မှာစိုက်ထားရင် သင့်အိမ်ဟာ ကံကောင်းခြင်းနဲ့ ပြည့်စုံနေပါပြီ ဘယ်လိုတွေ အသုံးဝင်လဲ ကြည့်လိုက်ကြရအောင်

မာလကာအရွက်ဟာ ခံတွင်းနံ့ဆိုးတဲ့သူတွေ သွားပိုးစားလို့…အစာဟောင်းတွေ ညှပ်နေရာက အနံ့ဆိုးတွေ ဆေးလိပ်သောက်တဲ့ အနံ့ဆိုး အရက်သောက်လို့ ထွက်တဲ့အနံ့ဆိုး ရှိတဲ့သူတွေအတွက် အရမ်းကောင်းပါတယ်

ခံတွင်းနံ့ဆိုးရှိသူတွေအတွက်…ဘယ်လိုသုံးမလဲဆိုရင် အရွက်ကို ရေဆေး ဝါး လိုက် ပြီး ထွေးထုတ်လိုက်ရုံ မွေးပျံ့တဲ့ရနဲ့ ခံတွင်းကို ပြန်ရစေနိုင်ပါတယ်

သူ့အရွက်က အဆီက ခံတွင်းနံ့မွေးအောင် စွမ်းနိုင်လို့ပါပဲ ခံတွင်းနံမွေးတော့စကားပြောတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရနိုင်ပါတယ်

မဟီဒွန် တက္ကသိုလ်က စမ်းသပ်ချက်အရ မာလကာရွက်နဲ့ ပြုလုပ်ထားတဲ့ ခံတွင်းဆေးရည် သုံးတဲ့ အယောက် ၇၀ ဟာ သားဖုံးယောင်တာတွေကို ပြန်လည် သက်သာစေပါတယ်တဲ့

သွားဖုံးယောင်တာ သွားကိုက်တာတွေကို မာလကာရွက်သုံးရုံနဲ့ သက်သာစေတယ်ဆိုတာ ယုံပါ

အူကြီးအူမက ညစ်လို့ ဝမ်းပျက်ဝမ်းလျောဖြစ်စေတတ်တဲ့ ဘက်တီးရီးယားနဲ့ ဝမ်းသွားအောင် လုပ်ပေးတဲ့ သံကောင်တွေကို မာလကာရွက်နဲ့ ရှင်းထုတ်လို့ရပါတယ်

သူ့အရွက်ကို ရေဆေး ထောင်း အရည်ညစ် ဆားအနည့်ငယ်ထည့် ပြုတ် အအေးခံပြီး လက်ဖက်ခြောက်ရည်လို သောက်ပေးရင် ဆေးခန်းသွားဖို့မလိုပဲ သက်သာသွားမှာပါ

ဆီးချို သွေးချို ရောဂါရှိတဲ့သူတွေ အတွက် ဆီးချိုသွေး ရှိတဲ့ ကြွက်ကို မာလကာရွက်ထဲကပါတဲ့ အင်ထာနော့ ဆိုတဲ့ဓာတ် ကို ထိုးပြီးစမ်းသပ်တော့ ၂၄ နာရီ ကြာအောင်

သကြားဓာတ်ကို ထိန်းပေးနိုင်တယ် တဲ့ ဒါကြောင့် မာလကာရွက်ကို ကျိတ် ထောင်းပြီး လက်ဖက်ခြောက်ရည်လို သောက်ပေး ရင် ကောင်းမယ် ထင်ပါတယ်

မာလကာရွက်နဲ့ ပြုလုပ်တဲ့ ဓာတ်ပေါင်းရည်က ကင်ဆာဆဲလ်တွေကို တွန်းလှန်ပေးပါတယ် သုသေသန ပြုလုပ်ချက်အရ

ကင်ဆာအတွက် အဆိပ်ဖြစ်စေတဲ့ (Fibrosarcoma)ပါဝင်လို့ ရင်သားကင်ဆာဆဲလ်တွေကို တွန်းလှန်ပေးလို့ အမျိုးသမီးတွေ မှီဝဲသင့်ပါတယ်

မာလကာရွက်မှာ…ဗီတာမင် C ပါဝင်တာကြောင့် ဝက်ခြံဖြစ်စေတဲ့ အမည်းစက်တွေကို ဖယ်ရှားသုတ်သင်ဖို့ အရွက်ကို ထောင်းပြီး

အရည်ညစ် ဝါဂွမ်း နဲ့စွပ်ပြီး ဝက်ခြံကြောင့်ဖြစ်တဲ့ အမည်းစက်ကို လိမ်းရင် အမည်းစက်တွေ ပျောက်ကင်းနိုင်ပါတယ် ပျိုမေတွေ ပိုက်ဆံမကုန်တဲ့ သဘာဝနည်းပါ

အပေါ် အခြေအနေမှာ သွေးထွက်သံယိုဖြစ်တဲ့အခါ သွေးတိတ်ဖို့ ရှာမရရင် မာလကာရွက်ကိုထောင်းပြီး အနာဖြစ်တဲ့နေရာမှာ သွေးတိတ်အောင် လုပ်နိုင်ပါတယ်

နာကြင်မှု ကိုလည်း သက်သာနိုင်စေလို့ အိမ်မှာ စိုက်ထားရင် အသီးမကောင်းလို့လဲ ခုတ်မပြစ်ကြပါနဲ့

အစာအိမ်ထဲက လေတွေကို ဖယ်ထုတ်ပေးလို့ ဗိုက်အင့် လေနာတွေ ကိုလည်း သက်နိုင်စေပါတယ် ဒါကြောင့် မရှိသေးရင် စိုက်ကြဖို့ အကြံပြု ပါတယ်

အကျိုးရှိတဲ့ အရွက်တွေ ကို မှန်မှန်ကန်ကန်ရွေးချယ် အသုံးပြုရင် နိုင်ငံခြားကလာတဲ့ဆေးတွေ ကို ဝယ်ဖို့မလိုပါဘူး သူတို့က သိလို့ လုပ်ရောင်းတာ မို့ ကိုယ်လည်း သိအောင်ကြိုးစား သင်ယူရနိုင်ပါတယ်

နာဝါ ချနားကို အထူးကျေးဇူးတင်ပါတယ် အနီးစပ်ဆုံး ဘာသာပြန် ရေးထားပေးထားလို့ စာဖတ်တဲ့သူတွေ အကျိုးရှိတာ ကိုယ်နဲ့သင့်တော်နိုင်တာကို ရွေးချယ်သုံးကြပါလို့ ဆန္ဒပြုရင်း

မေတ္တာ ဖြင့် မေမေထိုက်

zawgyi

မာလကာရွက်




















