ကျန်းမာရေးဝန်ထမ်းများကို လစာအပြင် လစဉ် ကျပ်(၅)သောင်းထောက်ပံ့မည်
ကျန်းမာရေးဝန်ထမ်းများကို လစာအပြင် တစ်လ ကျပ်(၅)သောင်းထောက်ပံ့မည်
ကျန်းမာရေးဝန်ထမ်းတွေကို လက်ရှိလစာအပြင် တစ်လ ကျပ်(၅)သောင်းထောက်ပံ့ပေးသွားမယ်လို့ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးကပြောကြားလိုက်ပါတယ်။
အဲဒီအတွက် နိုင်ငံတော်အစိုးရက ငွေကျပ် (၂.၅)ဘီလီယံ ချထားပေးတယ်လို့ ဆိုပါတယ်။
အဲဒီလွှတ်တော်အစည်းအဝေးမှာ ချေးငွေရယူမယ့်ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၂)ယောက်ဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်တွေအပါ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့ စီမံကိန်း၊
One News Myanmar
Unicode
ကျန်းမာရေးဝန်ထမ်းများကိို လစာအပြင်် တစ်လ ကျပ်(၅)သောင်းထောက်ပံ့မည်
ကျန်းမာရေးဝန်ထမ််းတွေကို လက်ရှိလစာအပြင် တစ်လ ကျပ်(၅)သောင်းထောက်ပံ့ပေးသွားမယ်လို့ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးကပြောကြားလိုက်ပါတယ်။
မေ (၂၂)ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကျန်းမာရေးဆိုင်ရာတုံ့ပြန်မှု အရေးပေါ်စီမံချက်ဆောင်ရွက် ဖို့ ချေးငွေရယူမှုနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
အဲဒီအတွက် နိိုင်ငံတော်အစိုးရက ငွေကျပ် (၂.၅)ဘီလီီယံ ချထားပေးတယ်လို့ ဆိုပါတယ်။
အဲဒီလွှတ်တော်အစည်းအဝေးမှာ ချေးငွေရယူမယ့်ကိိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၂)ယောက်ဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်တွေအပါ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့ စီမံကိန်း၊
ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြတာပါ။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကဆောင်ရွက်မယ့် ကျန်းမာရေး ဆိုင်ရာတုံ့ပြန်မှုအရေးပေါ်စီမံချက်
အကောင်အထည်ဖော်ဆောင်ရွက်ဖိို့ ကမ္ဘာ့ဘဏ်ရဲ့ Fast Track COVID-19 Facility အစီအစဉ်အောက်က အမေရိကန် ဒေါ်လာသန်း(၅၀)ချေးယူရေးကို မေ(၂၂)ရက်က ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော်ရဲ့အဆုံးအဖြတ်နဲ့ ခွင့်ပြုထားခဲ့ပါတယ်။ သတင်း-ငြိမ်းချမ်းအောင်
One News Myanmar
Be the first to comment
Leave a Reply
Your email address will not be published.
*