တနင်္ဂနွေသားသမီးများအတွက် ကံမြင့် ကံပွင့်ယတြာ
တနင်္ဂနွေသားသမီးတွေ… ဘာလုပ်လုပ်အတားအဆီး အနှောင့်အယှက်တွေနဲ့ အဆင်မပြေတာ…
ကြိုးစားမှုနဲ့ ဇွဲရှိရှိလုပ်နေပေမယ့် လုပ်သမျှ အရာမထင်တာ
ကံပိတ်လာဘ်ပိတ်ဖြစ်နေတာတွေနဲ့ ကြုံလာခဲ့ရင် ကံနိမ့်နေပြီလားမသိဘူးဆိုတဲ့ အတွေးတွေဝင်ဝင်လာတတ်တယ်…။
ဒီလိုအခြေအနေမျိုးမှာ ကံမြင့်ကံပွင့်ပြီး အခက်အခဲတွေကျော်လွှားတိုးတတ် အောင်မြင်စေဖို့ ပြုလုပ်ဖွယ် ယတြာတွေ ဒါနပြုပေးပါ့မယ်…
တနင်္ဂနွေသားသမီးများ တနင်္ဂနွေ နေ့တိုင်း …
မနက် ၉ း ၀၀ မှ ၉ း ၃၀အတွင်း နေအိမ်ဘုရားမှာ……
အုန်းရည်တစ်ခွက်(သို့) အုန်းထမင်း (သို့) အုန်းယို အဆင်ပြေရာ တမျိုးမျိုး ကပ်လှုပြီး…
( ဣတိပိသော ဘဂဝါ ဗုဒ္ဓေါ ) ဂုဏ်တော်ကို ယုံကြည်သဒ္ဓါစိတ်ဖြင့် လေးနက်စွာပုတီး ၆ ပါတ်စိပ်၍ ပွါးများပူဇော်ပြီး
လိုရာတောင်းဆုကို လေးနက်စွာပြုပါဗျာ……။
အဲ့ဒီနေ့တနေ့တာလုံး အနီရောင်များများပါသော အဝတ်အစားများ အသုံးအဆောင်များ ဝတ်ဆင် အသုံးပြုခြင်း…………
ပံသကူဒါနအဖြစ် ငွေ ( 1300 ) စွန့်လှုခြင်းများ ပြုလုပ်ပေးပါ……။
တနင်္ဂနွေနေ့တိုင်းသာ အထက်ပါယတြာများ ပြုလုပ်သွားပါဗျာ……
သိသိသာသာ အဆင်ပြေမှုများဖြင့် အခက်အခဲ အတားအဆီးများကို ကျော်လွှားနိင်ပြီး ကံကောင်းခြင်းများနှင့် ပွင့်လန်းတိုးတတ် အောင်မြင်လာပါ့မည်……။
ဆရာကိုမင်းနိုင်နှင့်တကွ သင်ဆရာ မြင်ဆရာ ကြားဆရာများအား အစဉ်ရှိခိုးဦးခိုက်လျက်…
ဆရာဟိန်း B.A (Psy:) ဗေဒင်နှင့် ဂမ္ဘီရယတြာအစီရင်ပညာ 09-259059505
Zawgyi