အတိုက်အခိုက်၊ အနှောင့်အယှက် ကင်းစေသော ယတြာနှင့် လူတစ်ယောက်ကို ကိုယ်ပြောသော စကား အောင်မြင်လိုရင်

အတိုက်အခိုက်၊ အနှောင့်အယှက် ကင်းစေသော ယတြာနှင့် လူတစ်ယောက်ကို ကိုယ်ပြောသော စကား အောင်မြင်လိုရင်

ဒီယတြာလေးက အချစ်ရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ အောက်လမ်း၊ ပယောဂမိ တို့မှ အတိုက်အခိုက် ကင်းစေသော ယတြာနှင့် လူတစ်ယောက်ကို ကိုယ်ပြောသော စကား အောင်မြင်လိုသော ယတြာ ဖြစ်ပါတယ်။

အတိုက်အခိုက်နဲ့ ကြုံတွေ့နေရတဲ့ ဘယ်အရာမဆိုနှင့် လူတစ်ယောက်ကို ကိုယ်ပြောသော စကား အောင်မြင်စေပါတယ်။ လူတစ်ယောက်ကို ကိုယ်ပြောသော စကား အောင်မြင်လိုသော ယတြာသည် မည်သည့် နေ့သားသမီးကိုမဆို ပြုလုပ်လို့ ရပါတယ်။

ယတြာကို ပြုလုပ်သောသူသည် မှန်ကန်နေမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ ယတြာလေးကို ယုံကြည်မှ ပြုလုပ်စေချင်ပါတယ်ရှင်။

ယတြာကို ပုံမှာ ပြထားတဲ့အတိုင်း လိုက်လုပ်ရပါမယ်။ ပုံမှာ ပြထားတဲ့ သံပုရာသီးပေါ် နာမည်က နမူနာ ရေးပြထားခြင်း ဖြစ်ပါတယ်။ ဤယတြာက ဆရာမ လက်တွေ့သုံးထားတဲ့ ယတြာပါ။ အရမ်းကို အဆင်ပြေခဲ့ပါတယ်ရှင်။

ပါဝင်သော ပစ္စည်းတွေကတော့ –

ကြွေပန်းကန်ပြား ဒါမှမဟုတ် တိုက်ပန်းကန်ပြား ကြိုက်ရာတစ်မျိုး (ကြိုက်ရာအရွယ်အစား) တစ်ချပ်။

သံပုရာသီး အစစ် တစ်လုံး အစိမ်းရောင် ဖြစ်ရပါမယ်။

ဆား ဘယ်လိုမျိုး ဆားပဲဖြစ်ဖြစ် ရပါတယ် ဆား လက်တစ်ဆုပ်

ဖယောင်းတိုင် တစ်တိုင် (အဖြူရောင်) လိုအပ်ပါတယ်။

ပြုလုပ်ရမည့် နည်းကတော့

ဖယောင်းတိုင်နှင့် ဆားနဲ့ လွှဲလို့ ကျန်တဲ့ ပစ္စည်းတွေကို သန့်ရှင်းအောင် ဆေးရပါမယ်။ ဆေးပြီးရင် အဝတ်သန့်သန့်လေးနဲ့ ရေတွေပြောင်အောင် သုတ်ပေးပါ။

အိမ်ဘုရားစင်ပေါ်မှာ ကြွေပန်းကန်ပြားထဲမှာ ဆား လက်တစ်ဆုပ်ကို အညီအမျှ ပုံထဲကအတိုင်း အလယ်တွင် နေရာထားပေးပါ။

သံပုရာသီး အစစ်မှာ ပုံထဲက ပြထားသည့်အတိုင်း (နငယ် အက္ခရာ) ရေးပါ။ ပြီးလျှင် ထိုနငယ် အက္ခရာ အောက်ကနေ ပုံထဲက ပြထားသည့်အတိုင်း နာမည်ကို ရေးုပြီး ဆားပေါ်မှာ ထိုရေးထားသော သံပုရာသီးကို တင်ပေးပါ။

ထိုသံပုရာသီးပေါ်မှာ ဖယောင်းတိုင် အဖြူရောင် တစ်တိုင်ကို တင်ပြီး ထွန်းရပါမယ်။ ပြီးလျှင် အတိုက်အခိုက်၊ အနှောင့်အယှက် ကင်းစေရန် ဒါမှမဟုတ် လူတစ်ယောက်ကို ကိုယ်ပြောသော စကား အောင်မြင်စေရန် ဆုတောင်းပါ။

အတိုက်အခိုက်၊ အနှောင့်အယှက် ကင်းချင်လျှင် – အတိုက်အခိုက်၊ အနှောင့်အယှက် မည်မျှပင် လုပ်ပါစေ မိမိကို လုပ်တဲ့ သူတွေ့ရဲ့ နာမည်ကို ပုံထဲက ပြထားသည့်အတိုင်း ရေးရပါမယ်။

ပြီးလျှင် အပေါ်မှာ ပြောထားသည့်အတိုင်း ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အတိုက်အခိုက်၊ အနှောင့်အယှက်တွင် မိမိကို လုပ်တဲ့သူ များနေလျှင် တစ်ယောက်ပြီးမှ တစ်ယောက်ကို ဤယတြာကို လုပ်လို့ရပါမယ်။ တစ်ပြိုက်နက်တည်း လုပ်လို့မရပါ။

အောက်လမ်း၊ ပယောဂမှ ကင်းချင်လျှင် – အောက်လမ်း၊ ပယောဂ မည်မျှပင် လုပ်ပါစေ အောက်လမ်း၊ ပယောဂ မိနေသူရဲ့ နာမည်ကို ပုံထဲက ပြထားသည့်အတိုင်း ရေးရပါမယ်။ ပြီးလျှင် အပေါ်မှာ ပြောထားသည့်အတိုင်း ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

လူတစ်ယောက်ကို ကိုယ်ပြောသော စကား အောင်မြင်လိုလျှင် – မိမိစကား အောင်မြင်လိုသောသူရဲ့ နာမည်ကို ပုံထဲက ပြထားသည့်အတိုင်း ရေးရပါမယ်။ ပြီးလျှင် အပေါ်မှာ ပြောထားသည့်အတိုင်း ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ပြုလုပ်ရမည့် အချိန်နှင့် ရက် – ပြုလုပ်မည့်သူရဲ့ မွေးနေ့၊ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့ ဒါမှမဟုတ် စနေနေ့တို့မှာ ကြိုက်ရာ တစ်နေ့မှာ ပြုလုပ်ရပါမယ်။ အချိန်က မနက်ပိုင်း မိမိ အဆင်ပြေသည့် အချိန်မှာ လုပ်ပါ။ နေ့လည် ၁၂ လုံးဝ မကျော်ရပါ။

စွန့်ပစ်ရမည့် ပုံ – ပြောထားတဲ့ နေ့ထဲကမှာ ကြိုက်ရာ တစ်နေ့မှာ အပေါ်က ပြောထားသည့်အတိုင်း ပြုလုပ်ပြီးလျှင် တစ်ရက်ထားပြီး နောက်ရက် နေ့လည် ၁၂ကျော်မှ မိမိခြံအပြင်ဖက်တွင် သွား၍ စွန့်ပစ်ရပါမယ်။

ဥပမာ တနင်္လာနေ့ လုပ်လျှင် အင်္ဂါနေ့ နေ့လည် ၁၂ကျော်မှ စွန့်ပစ်ရပါမယ်။ ခြံအပြင်ဖက်ကို စွန့်ပစ်ရန် နေ့သားသမီးအလိုက် ပြုလုပ်ရန် အရပ်များကို အောက်တွင် ရေးသား ဖော်ပြထားပါတယ်။

စွန့်ပစ်ရန် နေ့သားသမီးအလိုက် ပြုလုပ်ရန် အရပ်များ

တနင်္ဂနွေ သားသမီးများ – တောင်အရပ်ကို သွားပြီး စွန့်ပစ်ရပါမယ်။

တနင်္လာ သားသမီးများ – အနောက်တောင်အရပ်ကို သွားပြီး စွန့်ပစ်ရပါမယ်။

အင်္ဂါ သားသမီးများ – အနောက်အရပ်ကို သွားပြီး စွန့်ပစ်ရပါမယ်။

ဗုဒ္ဓဟူး သားသမီးများ – အနောက်မြောက်အရပ်ကို သွားပြီး စွန့်ပစ်ရပါမယ်။

ကြာသပတေး သားသမီးများ – အရှေ့မြောက်အရပ်ကို သွားပြီး စွန့်ပစ်ရပါမယ်။

သောကြာ သားသမီးများ – အရှေ့တောင်အရပ်ကို သွားပြီး စွန့်ပစ်ရပါမယ်။

စနေ သားသမီးများ – မြောက်အရပ်ကို သွားပြီး စွန့်ပစ်ရပါမယ်။

မှတ်ချက်။ ။ ဒီယတြာကို လုပ်မယ့်သူက မှန်နေမှ ပိုကောင်းပါတယ်။ အိမ်ထောင်ရေးမှာ ကွဲဖို့၊ အချစ်ရေးမှာ ကွဲဖို့ ဆိုရင် ဒီယတြာ လုပ်လို့မရပါ။

အမျိုးသမီးများ အနေဖြင့် ကန်တော့ပါ ဓမ္မတာရာသီ လာနေလျှင် ဤယတြာကို ပြုလုပ်လို့မရပါ။ ရာသီလာတဲ့ နေ့ကစပြီး (၇)ရက်မြှောက်နေ့ ရောက်လျှင် ဤယတြာကို လုပ်လို့ရပါပြီး။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေရှင်

ဗေဒင် ဆရာမ အင်ကြင်းမေ 09402637556, 09773509779

Zawgyi

အတိုက္အခိုက္၊ အေႏွာင့္အယွက္ ကင္းေစေသာ ယၾတာႏွင့္ လူတစ္ေယာက္ကို ကိုယ္ေျပာေသာ စကား ေအာင္ျမင္လိုရင္

ဒီယၾတာေလးက အခ်စ္ေရး၊ အိမ္ေထာင္ေရး၊ လူမႈေရး၊ စီးပြားေရး၊ ေအာက္လမ္း၊ ပေယာဂမိ တို႔မွ အတိုက္အခိုက္ ကင္းေစေသာ ယၾတာႏွင့္ လူတစ္ေယာက္ကို ကိုယ္ေျပာေသာ စကား ေအာင္ျမင္လိုေသာ ယၾတာ ျဖစ္ပါတယ္။

အတိုက္အခိုက္နဲ႔ ႀကဳံေတြ႕ေနရတဲ့ ဘယ္အရာမဆိုႏွင့္ လူတစ္ေယာက္ကို ကိုယ္ေျပာေသာ စကား ေအာင္ျမင္ေစပါတယ္။ လူတစ္ေယာက္ကို ကိုယ္ေျပာေသာ စကား ေအာင္ျမင္လိုေသာ ယၾတာသည္ မည္သည့္ ေန႔သားသမီးကိုမဆို ျပဳလုပ္လို႔ ရပါတယ္။

ယၾတာကို ျပဳလုပ္ေသာသူသည္ မွန္ကန္ေနမွ အဆင္ေျပမွာ ျဖစ္ပါတယ္။ ယၾတာေလးကို ယုံၾကည္မွ ျပဳလုပ္ေစခ်င္ပါတယ္ရွင္။

ယၾတာကို ပုံမွာ ျပထားတဲ့အတိုင္း လိုက္လုပ္ရပါမယ္။ ပုံမွာ ျပထားတဲ့ သံပုရာသီးေပၚ နာမည္က နမူနာ ေရးျပထားျခင္း ျဖစ္ပါတယ္။ ဤယၾတာက ဆရာမ လက္ေတြ႕သုံးထားတဲ့ ယၾတာပါ။ အရမ္းကို အဆင္ေျပခဲ့ပါတယ္ရွင္။

ပါဝင္ေသာ ပစၥည္းေတြကေတာ့ –

ေႂကြပန္းကန္ျပား ဒါမွမဟုတ္ တိုက္ပန္းကန္ျပား ႀကိဳက္ရာတစ္မ်ိဳး (ႀကိဳက္ရာအ႐ြယ္အစား) တစ္ခ်ပ္။

သံပုရာသီး အစစ္ တစ္လုံး အစိမ္းေရာင္ ျဖစ္ရပါမယ္။

ဆား ဘယ္လိုမ်ိဳး ဆားပဲျဖစ္ျဖစ္ ရပါတယ္ ဆား လက္တစ္ဆုပ္

ဖေယာင္းတိုင္ တစ္တိုင္ (အျဖဴေရာင္) လိုအပ္ပါတယ္။

ျပဳလုပ္ရမည့္ နည္းကေတာ့

ဖေယာင္းတိုင္ႏွင့္ ဆားနဲ႔ လႊဲလို႔ က်န္တဲ့ ပစၥည္းေတြကို သန႔္ရွင္းေအာင္ ေဆးရပါမယ္။ ေဆးၿပီးရင္ အဝတ္သန႔္သန႔္ေလးနဲ႔ ေရေတြေျပာင္ေအာင္ သုတ္ေပးပါ။

အိမ္ဘုရားစင္ေပၚမွာ ေႂကြပန္းကန္ျပားထဲမွာ ဆား လက္တစ္ဆုပ္ကို အညီအမွ် ပုံထဲကအတိုင္း အလယ္တြင္ ေနရာထားေပးပါ။

သံပုရာသီး အစစ္မွာ ပုံထဲက ျပထားသည့္အတိုင္း (နငယ္ အကၡရာ) ေရးပါ။ ၿပီးလွ်င္ ထိုနငယ္ အကၡရာ ေအာက္ကေန ပုံထဲက ျပထားသည့္အတိုင္း နာမည္ကို ေရးုၿပီး ဆားေပၚမွာ ထိုေရးထားေသာ သံပုရာသီးကို တင္ေပးပါ။

ထိုသံပုရာသီးေပၚမွာ ဖေယာင္းတိုင္ အျဖဴေရာင္ တစ္တိုင္ကို တင္ၿပီး ထြန္းရပါမယ္။ ၿပီးလွ်င္ အတိုက္အခိုက္၊ အေႏွာင့္အယွက္ ကင္းေစရန္ ဒါမွမဟုတ္ လူတစ္ေယာက္ကို ကိုယ္ေျပာေသာ စကား ေအာင္ျမင္ေစရန္ ဆုေတာင္းပါ။

အတိုက္အခိုက္၊ အေႏွာင့္အယွက္ ကင္းခ်င္လွ်င္ – အတိုက္အခိုက္၊ အေႏွာင့္အယွက္ မည္မွ်ပင္ လုပ္ပါေစ မိမိကို လုပ္တဲ့ သူေတြ႕ရဲ႕ နာမည္ကို ပုံထဲက ျပထားသည့္အတိုင္း ေရးရပါမယ္။

ၿပီးလွ်င္ အေပၚမွာ ေျပာထားသည့္အတိုင္း ဆက္လက္ လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။ အတိုက္အခိုက္၊ အေႏွာင့္အယွက္တြင္ မိမိကို လုပ္တဲ့သူ မ်ားေနလွ်င္ တစ္ေယာက္ၿပီးမွ တစ္ေယာက္ကို ဤယၾတာကို လုပ္လို႔ရပါမယ္။ တစ္ၿပိဳက္နက္တည္း လုပ္လို႔မရပါ။

ေအာက္လမ္း၊ ပေယာဂမွ ကင္းခ်င္လွ်င္ – ေအာက္လမ္း၊ ပေယာဂ မည္မွ်ပင္ လုပ္ပါေစ ေအာက္လမ္း၊ ပေယာဂ မိေနသူရဲ႕ နာမည္ကို ပုံထဲက ျပထားသည့္အတိုင္း ေရးရပါမယ္။ ၿပီးလွ်င္ အေပၚမွာ ေျပာထားသည့္အတိုင္း ဆက္လက္ လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။

လူတစ္ေယာက္ကို ကိုယ္ေျပာေသာ စကား ေအာင္ျမင္လိုလွ်င္ – မိမိစကား ေအာင္ျမင္လိုေသာသူရဲ႕ နာမည္ကို ပုံထဲက ျပထားသည့္အတိုင္း ေရးရပါမယ္။ ၿပီးလွ်င္ အေပၚမွာ ေျပာထားသည့္အတိုင္း ဆက္လက္ လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။

ျပဳလုပ္ရမည့္ အခ်ိန္ႏွင့္ ရက္ – ျပဳလုပ္မည့္သူရဲ႕ ေမြးေန႔၊ တနလၤာေန႔၊ ဗုဒၶဟူးေန႔ ဒါမွမဟုတ္ စေနေန႔တို႔မွာ ႀကိဳက္ရာ တစ္ေန႔မွာ ျပဳလုပ္ရပါမယ္။ အခ်ိန္က မနက္ပိုင္း မိမိ အဆင္ေျပသည့္ အခ်ိန္မွာ လုပ္ပါ။ ေန႔လည္ ၁၂ လုံးဝ မေက်ာ္ရပါ။

စြန႔္ပစ္ရမည့္ ပုံ – ေျပာထားတဲ့ ေန႔ထဲကမွာ ႀကိဳက္ရာ တစ္ေန႔မွာ အေပၚက ေျပာထားသည့္အတိုင္း ျပဳလုပ္ၿပီးလွ်င္ တစ္ရက္ထားၿပီး ေနာက္ရက္ ေန႔လည္ ၁၂ေက်ာ္မွ မိမိၿခံအျပင္ဖက္တြင္ သြား၍ စြန႔္ပစ္ရပါမယ္။

ဥပမာ တနလၤာေန႔ လုပ္လွ်င္ အဂၤါေန႔ ေန႔လည္ ၁၂ေက်ာ္မွ စြန႔္ပစ္ရပါမယ္။ ၿခံအျပင္ဖက္ကို စြန႔္ပစ္ရန္ ေန႔သားသမီးအလိုက္ ျပဳလုပ္ရန္ အရပ္မ်ားကို ေအာက္တြင္ ေရးသား ေဖာ္ျပထားပါတယ္။

စြန႔္ပစ္ရန္ ေန႔သားသမီးအလိုက္ ျပဳလုပ္ရန္ အရပ္မ်ား

တနဂၤေႏြ သားသမီးမ်ား – ေတာင္အရပ္ကို သြားၿပီး စြန႔္ပစ္ရပါမယ္။

တနလၤာ သားသမီးမ်ား – အေနာက္ေတာင္အရပ္ကို သြားၿပီး စြန႔္ပစ္ရပါမယ္။

အဂၤါ သားသမီးမ်ား – အေနာက္အရပ္ကို သြားၿပီး စြန႔္ပစ္ရပါမယ္။

ဗုဒၶဟူး သားသမီးမ်ား – အေနာက္ေျမာက္အရပ္ကို သြားၿပီး စြန႔္ပစ္ရပါမယ္။

ၾကာသပေတး သားသမီးမ်ား – အေရွ႕ေျမာက္အရပ္ကို သြားၿပီး စြန႔္ပစ္ရပါမယ္။

ေသာၾကာ သားသမီးမ်ား – အေရွ႕ေတာင္အရပ္ကို သြားၿပီး စြန႔္ပစ္ရပါမယ္။

စေန သားသမီးမ်ား – ေျမာက္အရပ္ကို သြားၿပီး စြန႔္ပစ္ရပါမယ္။

မွတ္ခ်က္။ ။ ဒီယၾတာကို လုပ္မယ့္သူက မွန္ေနမွ ပိုေကာင္းပါတယ္။ အိမ္ေထာင္ေရးမွာ ကြဲဖို႔၊ အခ်စ္ေရးမွာ ကြဲဖို႔ ဆိုရင္ ဒီယၾတာ လုပ္လို႔မရပါ။

အမ်ိဳးသမီးမ်ား အေနျဖင့္ ကန္ေတာ့ပါ ဓမၼတာရာသီ လာေနလွ်င္ ဤယၾတာကို ျပဳလုပ္လို႔မရပါ။ ရာသီလာတဲ့ ေန႔ကစၿပီး (၇)ရက္ေျမႇာက္ေန႔ ေရာက္လွ်င္ ဤယၾတာကို လုပ္လို႔ရပါၿပီး။

(၇)ရက္ သားသမီးမ်ား စိတ္၏ခ်မ္းသာ၊ ကိုယ္၏က်န္းမာျခင္း တို႔ျဖင့္ ျပည့္စုံၾကပါေစရွင္

ေဗဒင္ ဆရာမ အင္ၾကင္းေမ 09402637556, 09773509779