ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်နိုင်တဲ့ ကရမ်ဘယ်ရီ

ကရမ် ဘယ်ရီ (C ranberry )

ဆီးပိုးကာကွယ်ပေးသည့် ကရမ်ဘယ်ရီ ရုက္ခဗေဒ အရ – သူရဲ့Genus ကတော့ Vaccinium ဖြစ်ပါတယ် ။အပင်က အပင်ပုနွယ်ဝင် ဖြစ်ပါတယ်။

မြေမှာပဲ ဝပ်ပြီး တွားသွားတဲ့အတွက် တပင်ချင်းကို ရ လက်မကနေ ၈ လက်မအထိ ရှည်ပါတယ်. – ပျားနဲ့ ဝတ်မူန် ကူးကြပါတယ်။

သူရဲ့ အသီးက ပထမ အဖြူရောင်ဖြစ်ပေမယ့် တဖြည်းဖြည်းနဲ့ နီရဲ လာပြီး မှည့်သည့် အချိန်မှာ အနီရဲရဲ နဲ့ အလွန်လှပါတယ်။ အသီးအရွယ်က သေးပါတယ်။

အမေရိကန် ပြည်ထောင်စု မြောက်ပိုင်းနယ်တွေနဲ့ ကနေဒါနိုင်ငံတွေမှာ အဓိက စိုက်ပျိုးပါတယ်။

တရုတ်ပြည် မြောက်ပိုင်းဒေသတွေမှာ အကြီအကျယ် စိုက်ပျိုးပါတယ် – ရသည့်အသီးများကို အခြောက်လှန်းလို့ပဲဖြစ်ဖြစ် သစ်သီးဖျော်ရည် သို့မဟုတ် ယိုထိုးပြီး တင်ပို့ရောင်းချကြပါတယ်။

( စတော်ဘယ်ရီသီးနဲ့ စပျစ်သီးတို့ ရောင်းသလိုမျိုးပါ။)

ကရမ်ဘယ်ရီ ပင်ဟာ မြန်မာပြည်မှာ မရှိတော့ မသိတာ သိပ်မဆန်းပါ။

ကမ္ဘာ့မြောက်ခြမ်းဒေသ Northern hemisphere အေးတဲ့ဒေသ Cooler region တွေမှာပဲ စိုက်ပျိုးထုတ်လုပ်တဲ့ အပင် ဖြစ်ပါတယ်။

ကရမ်ဘယ်ရီမှာ အဟာရတန်ဖိုး မြင့်မားပြီး အလွန်ဆေးဘက်ဝင်လို့ Superfruitလို့ ခေါ်ကြပါတယ်။

ကရမ်ဘယ်ရီသီးက ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်

၁ – သူ့မှာပါဝင်တဲ့အော်ဂဲနစ် အက်ဆစ်တွေကနေတဆင့်ရရှိလာတဲ့ hippuric acid ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အာနိသင် ရှိပါတယ်။

၂ – ကရမ်ဘယ်ရီမှာ ပါဝင်တဲ့ ဂုဏ်သတ္တိတွေဟာ ဆီးအိမ်နံရံနဲ့ ဆီးလမ်းကြောင်းနံရံ တလျှောက်မှာ အလွှာပါးလေးသဖွယ် ဖုံးအုပ်ထားတဲ့ အတွက် E-coil ဘက်တီးရီးယားတွေ ထိုးဖောက်ဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

ဒါ့အပြင် E – coil ထိုးဖောက် ဝင်ရောက်နိုင်တဲ့လက်တံတွေကို လှုပ်ရှားမရအောင် လုပ်နိုင်စွမ်း ရှိပါတယ် – ဒါကြောင့် ရောဂါပိုးဝင်ခြင်း မအောင်မြင်ပါဘူး။

၃ – ကရမ်ဘယ်ရီမှာ ပါဝင်တဲ့ ဗီတာမင်စီနဲ့ အော်ဂဲနစ်အက်ဆစ်တွေဟာ ဆီးကို

အက်ဆစ် PH ဖြစ်စေပါတယ် – အက်ဆစ်PH မှာ ဘက်တီးရီးယားတွေကို မရှင်သန်နိုင်တဲ့အတွက် ရောဂါပိုး လျော့နည်းစေပါတယ်။

ဆီးထဲမှာ နေတဲ့ ဘက်တီးရီးယားတွေ PH ပြောင်းလဲမူကို မကြိုက်ပါဘူး PH ကိုနည်းခြင်း များခြင်း လုပ်ပေးနိုင်ရင် ဘက်တီးရီးယားတွေကို ထိန်းချုပ်လို့ ရပါတယ်။

ဒါကြောင့် ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါဖြစ်ရင် ပထမဆုံးအနေနဲ့ သင့်တော်တဲ့ပဋိဇီဝ ဆေးတွေကို ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း တိတိကျကျသောက်ပေးပါ။

နောက်ထပ်မဖြစ်အောင် ကာကွယ်ဖို့အတွက်ဆိုလျှင် ကရမ်ဘယ်ရီက အကောင်းဆုံးသဘာဝဆေးစွမ်းတစ်လက်ဖြစ်ကြောင်း သိစေချင်ပါတယ်။

ဒေါက်တာခင်မောင်လွင်

Zawgyi

ကရမ္ ဘယ္ရီ (C ranberry )

ဆီးပိုးကာကြယ္ေပးသည့္ ကရမ္ဘယ္ရီ ရုကၡေဗဒ အရ – သူရဲ႕Genus ကေတာ့ Vaccinium ျဖစ္ပါတယ္ ။အပင္က အပင္ပုႏြယ္ဝင္ ျဖစ္ပါတယ္။

ေျမမွာပဲ ဝပ္ၿပီး တြားသြားတဲ့အတြက္ တပင္ခ်င္းကို ၇ လက္မကေန ၈ လက္မအထိ ရွည္ပါတယ္. – ပ်ားနဲ႔ ဝတ္မူန္ ကူးၾကပါတယ္။

သူရဲ႕ အသီးက ပထမ အျဖဴေရာင္ျဖစ္ေပမယ့္ တျဖည္းျဖည္းနဲ႔ နီရဲ လာၿပီး မွည့္သည့္ အခ်ိန္မွာ အနီရဲရဲ နဲ႔ အလြန္လွပါတယ္။ အသီးအရြယ္က ေသးပါတယ္။

အေမရိကန္ ျပည္ေထာင္စု ေျမာက္ပိုင္းနယ္ေတြနဲ႔ ကေနဒါႏုိင္ငံေတြမွာ အဓိက စိုက္ပ်ဳိးပါတယ္။

တရုတ္ျပည္ ေျမာက္ပိုင္းေဒသေတြမွာ အႀကီအက်ယ္ စိုက္ပ်ဳိးပါတယ္ – ရသည့္အသီးမ်ားကို အေျခာက္လွန္းလို႔ပဲျဖစ္ျဖစ္ သစ္သီးေဖ်ာ္ရည္ သို႔မဟုတ္ ယိုထိုးၿပီး တင္ပို႔ေရာင္းခ်ၾကပါတယ္။

( စေတာ္ဘယ္ရီသီးနဲ႔ စပ်စ္သီးတို႔ ေရာင္းသလိုမ်ဳိးပါ။)

ကရမ္ဘယ္ရီ ပင္ဟာ ျမန္မာျပည္မွာ မရွိေတာ့ မသိတာ သိပ္မဆန္းပါ။

ကမၻာ႔ေျမာက္ၿခမ္းေဒသ Northern hemisphere ေအးတဲ့ေဒသ Cooler region ေတြမွာပဲ စိုက္ပ်ဳိးထုတ္လုပ္တဲ့ အပင္ ျဖစ္ပါတယ္။

ကရမ္ဘယ္ရီမွာ အဟာရတန္ဖိုး ျမင့္မားၿပီး အလြန္ေဆးဘက္ဝင္လို႔ Superfruitလို႔ ေခၚၾကပါတယ္။

ကရမ္ဘယ္ရီသီးက ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းကို ကာကြယ္ေပးႏိုင္စြမ္းရွိပါတယ္

၁ – သူ႔မွာပါဝင္တဲ့ေအာ္ဂဲနစ္ အက္ဆစ္ေတြကေနတဆင့္ရရွိလာတဲ့ hippuric acid ဟာ ဘက္တီးရီးယားေတြကို ေသေစႏိုင္တဲ့ အာနိသင္ ရွိပါတယ္။

၂ – ကရမ္ဘယ္ရီမွာ ပါဝင္တဲ့ ဂုဏ္သတၱိေတြဟာ ဆီးအိမ္နံရံနဲ႔ ဆီးလမ္းေၾကာင္းနံရံ တေလၽွာက္မွာ အလႊာပါးေလးသဖြယ္ ဖုံးအုပ္ထားတဲ့ အတြက္ E-coil ဘက္တီးရီးယားေတြ ထိုးေဖာက္ဝင္ေရာက္ျခင္းကေန ကာကြယ္ေပးပါတယ္။

ဒါ့အျပင္ E – coil ထိုးေဖာက္ ဝင္ေရာက္ႏိုင္တဲ့လက္တံေတြကို လႈပ္ရွားမရေအာင္ လုပ္ႏိုင္စြမ္း ရွိပါတယ္ – ဒါေၾကာင့္ ေရာဂါပိုးဝင္ျခင္း မေအာင္ျမင္ပါဘူး။

၃ – ကရမ္ဘယ္ရီမွာ ပါဝင္တဲ့ ဗီတာမင္စီနဲ႔ ေအာ္ဂဲနစ္အက္ဆစ္ေတြဟာ ဆီးကို

အက္ဆစ္ PH ျဖစ္ေစပါတယ္ – အက္ဆစ္PH မွာ ဘက္တီးရီးယားေတြကို မရွင္သန္ႏိုင္တဲ့အတြက္ ေရာဂါပိုး ေလ်ာ့နည္းေစပါတယ္။

ဆီးထဲမွာ ေနတဲ့ ဘက္တီးရီးယားေတြ PH ေျပာင္းလဲမူကို မႀကိဳက္ပါဘူး PH ကိုနည္းျခင္း မ်ားျခင္း လုပ္ေပးႏိုင္ရင္ ဘက္တီးရီးယားေတြကို ထိန္းခ်ဳပ္လို႔ ရပါတယ္။

ဒါေၾကာင့္ ဆီးလမ္းေၾကာင္းပိုးဝင္တဲ့ ေရာဂါျဖစ္ရင္ ပထမဆုံးအေနနဲ႔ သင့္ေတာ္တဲ့ပဋိဇီဝ ေဆးေတြကို ဆရာဝန္ရဲ႕ လမ္းညႊန္ခ်က္အတိုင္း တိတိက်က်ေသာက္ေပးပါ။

ေနာက္ထပ္မျဖစ္ေအာင္ ကာကြယ္ဖို႔အတြက္ဆုိလၽွင္ ကရမ္ဘယ္ရီက အေကာင္းဆုံးသဘာဝေဆးစြမ္းတစ္လက္ျဖစ္ေၾကာင္း သိေစခ်င္ပါတယ္။

ေဒါက္တာခင္ေမာင္လြင္