ဘေးဥပါဒ် မဖြစ်စေဘဲ မြန်မြန်ဆန်ဆန် ဝိတ်ကျစေမယ့် နည်းလမ်း
ဝိတ်ကျဖို့ဆိုတာ မိန်းကလေးအများစုရဲ့ စိတ်ကူးအိပ်မက် ပန်းတိုင်တစ်ခုပါ။ ကိုယ်ဝတ်ချင်တဲ့ အကျီ၊ ဂါဝန်လေးတွေ ဝတ်နိုင်ဖို့အတွက် စိတ်ကူးထဲက လိုချင်မိတဲ့ ခန္ဓာကိုယ်အချိုးအစားလေးရဖို့ ကြိုးစားရတာလည်း တစ်နေ့တစ်နေ့ အမောပါပဲ။
ဒါပေမယ့် နည်းမှန်လမ်းမှန်အတိုင်း မလုပ်ဘူးဆိုရင်တော့ ဘယ်လောက်ပဲကြိုးစားကြိုးစား ရလဒ်ကောင်းတွေက ဝေးသထက် ဝေးသွားလို့နေပါလိမ့်မယ်။
တတ်နိုင်သမျှ ဟင်းသီးဟင်းရွက် များများစားပေးပါ
ကိုယ်စားနေတဲ့ ထမင်းဟင်းပွဲထဲမှာ ၅၀ ရာခိုင်နှုန်းလောက် အသီးအရွက်တွေပါဝင်နေတယ်ဆိုရင်တော့ ကျန်းကျန်းမာမာနဲ့ ဝိတ်ကျဖို့အတွက် လမ်းကြောင်းမှန်ပေါ် စတက်နေပါပြီ။
မနက်စာ ကောင်းကောင်းစားပါ
အစာစားချိန်တွေအကုန်လုံးက တန်းတူအရေးပါတယ်ဆိုပေမယ့်လည်း တစ်နေကုန် ကောင်းကောင်းလှုပ်ရှားသွားလာနိုင်ဖို့အတွက် မနက်စာကောင်းကောင်းစားဖို့ကတော့ အရေးကြီးဆုံးပါပဲ။
မနက်စာစားတဲ့အခါ ကယ်လိုရီ ၄၀၀ နဲ့ ၅၀၀ ကြားရှိတဲ့ အစားအစာများကို ရွေးချယ်ပေးပြီး ကြက်ဥ၊ အချိုဓာတ်မရှိတဲ့ Greek yogurt ၊ အစေ့အဆန်များ၊ အသီးအရွက်များ စသည်တို့ကို ထည့်သွင်းစားသုံးပေးပါ။
ဆေးသကြားပါတဲ့ အချိုရည်များကို ရှောင်ရှားပါ
ဖျော်ရည်၊ ဆိုဒါ၊ အချိုဓာတ်ပါတဲ့ကော်ဖီ၊ လက်ဖက်ရည်တို့နဲ့ အရက်သေစာများကို တတ်နိုင်သမျှ လျှော့ချပါ။
ဒီဖျော်ရည်များကို နေ့လည်ခင်းမှာသောက်သုံးမယ်ဆိုရင် အနည်းဆုံး ကယ်လိုရီအပို ၈၀၀ လောက်ကို သုံးစွဲမိသလိုဖြစ်စေပြီး ဗိုက်ထပ်ဆာနေအုံးပါလိမ့်မယ်။
အပူအစပ်များစားပါ
အပူအစပ်အစားအစာများမှာ capsaicin ပါဝင်တာကြောင့် ကိုယ်တွင်းက adrenaline ထုတ်လုပ်မှုတွေကို တိုးတက်စေကာ ကယ်လိုရီတွေကို လောင်ကျွမ်းနိုင်နှုန်းကို ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။
ဒါ့အပြင် အပူအစပ်အစားအစာများက အစားစားတဲ့အခါ ပုံမှန်နှုန်းထားထက် နှေးနှေးစားသုံးစေကာ လွန်လွန်ကျူးကျူး စားသုံးခြင်းမှလည်း ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
စောစောအိပ်ပါ
တစ်ညလျှင် ၇ နာရီအိပ်စက်ခြင်းက အစာခြေဖျက်ခြင်းကို နှေးကွေးစေနိုင်ပါတယ်။ ဒါ့အပြင် ညမိုးချုပ်တဲ့အထိ မအိပ်ဘဲနေခြင်းက
ညသန်းခေါင်တွေမှာ သရေစာတွေကို လျှောက်စားချင်စိတ်ကိုဖြစ်ပေါ်စေနိုင်လို့ စောစောအိပ်ပြီး ဝိတ်ချရအောင်ပါ။
လမ်းလျှောက်ပါ
ဘယ်အချိန်ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်တာက သင့်အတွက်ကောင်းတယ်ဆိုပေမယ့်လည်း တစ်နေ့တာကုန်ခါနီးရင် လူအများစုရဲ့ ဇီဝတွင်းဖြစ်ပျက်မှုကလည်း
နှေးကွေးလာတာကြောင့် ညနေခင်းအချိန်က ပိုပြီးအားသာပါတယ်။ ညစာမစားခင် မိနစ် ၃၀ လောက် လမ်းလျှောက်ပေးပါ။
အစာမစားဘဲ မနေပါနဲ့
အစာမစားဘဲနေတာက ဝိတ်မြန်မြန်ကျစေတယ်ဆိုတာ တကယ်မဟုတ်ပါဘူး။ သင့်ရဲ့တစ်နေ့တာက အင်မတန်အလုပ်တွေရှုပ်နေလို့ သေချာထိုင်ပြီး
အစားစားဖို့တွက် မဖြစ်နိုင်ဘူးဆိုရင် အသီးအနှံတွေပဲဖြစ်ဖြစ် ကယ်လိုရီမပါတဲ့သရေစာလေးတွေပဲဖြစ်ဖြစ် အနားမှာထားထားပြီး စားပေးပါ။
Zawgyi
ေဘးဥပါဒ္ မျဖစ္ေစဘဲ ျမန္ျမန္ဆန္ဆန္ ဝိတ္က်ေစမယ့္ နည္းလမ္း
ဝိတ္က်ဖို႔ဆိုတာ မိန္းကေလးအမ်ားစုရဲ႕ စိတ္ကူးအိပ္မက္ ပန္းတိုင္တစ္ခုပါ။ ကိုယ္ဝတ္ခ်င္တဲ့ အက်ီ၊ ဂါဝန္ေလးေတြ ဝတ္ႏိုင္ဖို႔အတြက္ စိတ္ကူးထဲက လိုခ်င္မိတဲ့ ခႏၶာကိုယ္အခ်ိဳးအစားေလးရဖို႔ ႀကိဳးစားရတာလည္း တစ္ေန႔တစ္ေန႔ အေမာပါပဲ။
ဒါေပမယ့္ နည္းမွန္လမ္းမွန္အတိုင္း မလုပ္ဘူးဆိုရင္ေတာ့ ဘယ္ေလာက္ပဲႀကိဳးစားႀကိဳးစား ရလဒ္ေကာင္းေတြက ေဝးသထက္ ေဝးသြားလို႔ေနပါလိမ့္မယ္။
တတ္ႏိုင္သမွ် ဟင္းသီးဟင္း႐ြက္ မ်ားမ်ားစားေပးပါ
ကိုယ္စားေနတဲ့ ထမင္းဟင္းပြဲထဲမွာ ၅၀ ရာခိုင္ႏႈန္းေလာက္ အသီးအ႐ြက္ေတြပါဝင္ေနတယ္ဆိုရင္ေတာ့ က်န္းက်န္းမာမာနဲ႔ ဝိတ္က်ဖို႔အတြက္ လမ္းေၾကာင္းမွန္ေပၚ စတက္ေနပါၿပီ။
မနက္စာ ေကာင္းေကာင္းစားပါ
အစာစားခ်ိန္ေတြအကုန္လုံးက တန္းတူအေရးပါတယ္ဆိုေပမယ့္လည္း တစ္ေနကုန္ ေကာင္းေကာင္းလႈပ္ရွားသြားလာႏိုင္ဖို႔အတြက္ မနက္စာေကာင္းေကာင္းစားဖို႔ကေတာ့ အေရးႀကီးဆုံးပါပဲ။
မနက္စာစားတဲ့အခါ ကယ္လိုရီ ၄၀၀ နဲ႔ ၅၀၀ ၾကားရွိတဲ့ အစားအစာမ်ားကို ေ႐ြးခ်ယ္ေပးၿပီး ၾကက္ဥ၊ အခ်ိဳဓာတ္မရွိတဲ့ Greek yogurt ၊ အေစ့အဆန္မ်ား၊ အသီးအ႐ြက္မ်ား စသည္တို႔ကို ထည့္သြင္းစားသုံးေပးပါ။
ေဆးသၾကားပါတဲ့ အခ်ိဳရည္မ်ားကို ေရွာင္ရွားပါ
ေဖ်ာ္ရည္၊ ဆိုဒါ၊ အခ်ိဳဓာတ္ပါတဲ့ေကာ္ဖီ၊ လက္ဖက္ရည္တို႔နဲ႔ အရက္ေသစာမ်ားကို တတ္ႏိုင္သမွ် ေလွ်ာ့ခ်ပါ။
ဒီေဖ်ာ္ရည္မ်ားကို ေန႔လည္ခင္းမွာေသာက္သုံးမယ္ဆိုရင္ အနည္းဆုံး ကယ္လိုရီအပို ၈၀၀ ေလာက္ကို သုံးစြဲမိသလိုျဖစ္ေစၿပီး ဗိုက္ထပ္ဆာေနအုံးပါလိမ့္မယ္။
အပူအစပ္မ်ားစားပါ
အပူအစပ္အစားအစာမ်ားမွာ capsaicin ပါဝင္တာေၾကာင့္ ကိုယ္တြင္းက adrenaline ထုတ္လုပ္မႈေတြကို တိုးတက္ေစကာ ကယ္လိုရီေတြကို ေလာင္ကြၽမ္းႏိုင္ႏႈန္းကို ပိုမိုျမန္ဆန္ေစမွာျဖစ္ပါတယ္။
ဒါ့အျပင္ အပူအစပ္အစားအစာမ်ားက အစားစားတဲ့အခါ ပုံမွန္ႏႈန္းထားထက္ ေႏွးေႏွးစားသုံးေစကာ လြန္လြန္က်ဴးက်ဴး စားသုံးျခင္းမွလည္း ေရွာင္ရွားႏိုင္မွာျဖစ္ပါတယ္။
ေစာေစာအိပ္ပါ
တစ္ညလွ်င္ ၇ နာရီအိပ္စက္ျခင္းက အစာေျခဖ်က္ျခင္းကို ေႏွးေကြးေစႏိုင္ပါတယ္။ ဒါ့အျပင္ ညမိုးခ်ဳပ္တဲ့အထိ မအိပ္ဘဲေနျခင္းက
ညသန္းေခါင္ေတြမွာ သေရစာေတြကို ေလွ်ာက္စားခ်င္စိတ္ကိုျဖစ္ေပၚေစႏိုင္လို႔ ေစာေစာအိပ္ၿပီး ဝိတ္ခ်ရေအာင္ပါ။
လမ္းေလွ်ာက္ပါ
ဘယ္အခ်ိန္ျဖစ္ျဖစ္ ေလ့က်င့္ခန္းလုပ္တာက သင့္အတြက္ေကာင္းတယ္ဆိုေပမယ့္လည္း တစ္ေန႔တာကုန္ခါနီးရင္ လူအမ်ားစုရဲ႕ ဇီဝတြင္းျဖစ္ပ်က္မႈကလည္း
ေႏွးေကြးလာတာေၾကာင့္ ညေနခင္းအခ်ိန္က ပိုၿပီးအားသာပါတယ္။ ညစာမစားခင္ မိနစ္ ၃၀ ေလာက္ လမ္းေလွ်ာက္ေပးပါ။
အစာမစားဘဲ မေနပါနဲ႔
အစာမစားဘဲေနတာက ဝိတ္ျမန္ျမန္က်ေစတယ္ဆိုတာ တကယ္မဟုတ္ပါဘူး။ သင့္ရဲ႕တစ္ေန႔တာက အင္မတန္အလုပ္ေတြရႈပ္ေနလို႔ ေသခ်ာထိုင္ၿပီး
အစားစားဖို႔တြက္ မျဖစ္ႏိုင္ဘူးဆိုရင္ အသီးအႏွံေတြပဲျဖစ္ျဖစ္ ကယ္လိုရီမပါတဲ့သေရစာေလးေတြပဲျဖစ္ျဖစ္ အနားမွာထားထားၿပီး စားေပးပါ။