သွေးတိုးကျစေနိုင်သော လက်တွေ့အစွမ်းထက် မြန်မာတိုင်းရင်းဆေးမြီးတို ၉မျိုး နှင့် သိမ်းထားသင့်သောအဖိုးတန် ဆေးမြီးတိုမျာ

သွေးတိုးကျစေနိုင်သော လက်တွေ့အစွမ်းထက် မြန်မာတိုင်းရင်းဆေးမြီးတို ၉မျိုး.

သွေးတိုးကျစေနိုင်သောဆေးမြီးတိုများ-

သွေးတိုးရောဂါအတွက် မြန်မာဆေးမြီးတို (ဆေးနည်းတို) များစွာရှိသည်။ လူတစ်ဦးနှင့်တစ်ဦး ပျောက်ကင်းစေနိုင်သော နည်းလမ်းများ မတူညီသော်လည်း တိုက်ဆိုင်၍

ပျောက်ကင်းသွားလျှင် ငွေကုန်ကြေးကျမများဘဲ အလွယ်တကူ မိမိပတ်ဝန်းကျင်တွင် ရရှိနိုင်သော အပင်၊ အမြစ်၊ အရွက်၊ အသီး၊ အပွင့်တို့ မှ ရရှိခြင်းဖြစ်သဖြင့် အားကိုးထိုက်သော ဆေးမြီးတိုများဖြစ်သည်။

အချို့ခေတ်ပညာတတ် တိုင်းရင်းဆေးကို အထင်မကြီးသူများပင် သွေးတိုး၊ ဆီးချိုကဲ့သို့ ရောဂါကြီးများ ရုတ်တရက် အသက်ဆုံးနိုင်သည့် နှလုံးသွေးကြောပိတ်၊

ရင်ဘတ်အောင့်ရောဂါကြီးများ ဆေးမြီးတိုနှင့် ပျောက်သွားသည်ကို တွေ့ရသောအခါ အံ့သြနေကြသည်။ ဆေးမြီးတိုများသည် လူထုအတွက် အသုံးဝင်သော တိုင်းရင်းဆေးပညာဖြစ်သည်။

၁။ ရှောက်သီးအခွံပါ ၄ စိတ် စိတ်ပြီး မတ်ခွက်တွင်ထည့် ရေနွေးစိမ်ထားပြီး အအေးခံ၍ တစ်နေကုန် သောက်ပါ။

၂။ ရှောက်သီးအရည်ညှစ် ၃ ဇွန်း+ပျားရည်စစ်စစ် ၁ဇွန်း ထမင်းစားပြီးသောက်ပါ။

၃။ ရှောက်ရွက်အနု၊ အရင့် တစ်နေ့လျှင် ၇ ရွက် မှ ၁၀ ရွက်ခန့် နေ့စဉ်အတို့အမြှုပ် ပြုလုပ်၍စားပါ။

၄။ ငါးပိရည်၊ ငံပြာရည်၊ ငါးခြောက်စသည်တို့သည် မြန်မာလူမျိုးတို့နှင့် မကင်းနိုင်သော အစာများ ဖြစ်သည်။ ထိုအစာများ စားသည့်နေ့တွင် ဒန့်သလွန်ရွက် ဟင်းချိုကို

ကြက်သွန်ဖြူနိုင်နိုင်ဖြင့် ချက်ပြီး တွဲဖက်သောက်ပေးပါ။ ကြက်သွန်ဖြူသည် သွေးတိုးကို ကျစေနိုင်သည်။ (သွေးတိုးရောဂါ ဖြစ်ပွားခဲ့ရာ ကြက်သွန်ဖြူကို နေ့စဉ်စားသုံးခဲ့ပါသဖြင့် ပျောက်ကင်းခဲ့သည်။) (မဟတ္တမဂန္ဒီ)

၅။ ဒန့်သလွန်သီးအရင့်များကို နေဖြင့် အခြောက်လှန်းထားပြီး သွေးအလွန်တိုးလျှင် ၂ စေ့၊ ၃ စေ့ ဝါးစားပါ။

၆။ သငေ်္ဘာအဖိုပင်၏ အပွင့်ကို ပြုတ်၍ စားပါက သွေးတိုးရောဂါ သက်သာစေသည်။

၇။ ကြက်သွန်နီကို ထက်ခြမ်း ခြမ်း ရေတစ်ဖန်ခွက်တွင် စိမ်၍ နံနက်အိပ်ယာထစောစော သောက်ပေးလျှင် သွေးတိုးရောဂါကို ကာကွယ်သည်။ နံနက်အိပ်ယာထချိန် ခေါင်းကိုက်ခြင်းကို သက်သာစေသည်။

၈။ ပြောင်းဖူး၏ထိပ်မှ အမွှေးကိုပြုတ်၍ အရည်ကို အကြမ်းပန်းကန်တစ်လုံးစာသောက်လျှင် သွေးတိုးရောဂါ သက်သာစေသည်။

၉။ ချင်းလက်နှစ်ဆစ်ကို ထုထောင်းအရည်ကိုယူ သံပရာသီးတစ်လုံးအရည်နှင့် ပျားရည်တစ်ဇွန်းစပ် နေ့စဉ်သောက်ပါ။ သွေးတိုးရောဂါဘေး ကင်းဝေးနိုင်သည်။

ဆရာကြီး ကြည်လွင်မြင့် (မုဒြာ)

“သိမ်းထားသင့်သောအဖိုးတန် ဆေးမြီးတိုများ”

၁။ သွေးတိုးလို့သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို ၁၅ မိနစ်ခန့်ကြာအောင်ရေစိမ်ပြီး အရည်ညှစ်၍ ကြက်ဥတစ်လုံး

ဖောက်ထည့်ကာ ရောမွှေ သောက်လိုက်ပါ။ သွေးကျဆေး အထူးသောက်စရာ မလိုဘဲ သက်သာပျောက် ကင်းစေပါသည်။

၂။ အပူကျိတ်ဖြစ်ရင် ပါးချိတ်အောက်နှင့် ပေါင်ကြားတို့တွင် ပေါက်တက်သော အပူကျိတ်များကိုပျောက်လိုလျှင် နနွင်းခါးဥကို သွေးလိမ်းပါ။ သုံးကြိမ်မျှ လူးရုံ လိမ်းရုံနှင့် ပျောက်ကင်းစေပါသည်။

၃။ အိပ်မပျော်ခြင်းဖြစ်လျှင် ဒန့်ကျွဲမြစ်ကိုပြုတ်၍သကြားအနည်းငယ် ထည့်ပြီးသောက်ပါ။ တစ်ခါသောက်လျှင် အကြမ်းပန်းကန်နှင့် တစ်လုံးသောက် ည ၊ နံနက် သောက်ပါ။ အိပ်မပျော်ခြင်းဝေဒနာ သက်သာပျောက်ကင်းစေမည်။

၄။ ပန်းသေပန်းညှိုးရောဂါဖြစ်လျှင် ကစော့ပုပ်မြစ်ကိုအခြောက်လှန်း အမှုန့်ပြုပြီး ပျားရည်နှင့်သောက်ပါ။ ရက်မရှည်ဘဲ ပျောက်ကင်းစေပါသည်။

၅။ အမျိုးသမီးများ မီးယပ်ဖြူဆင်း ရောဂါဖြစ်လျှင် အဝေရာရွက်ကို မကြာခဏ သုပ်စားပါ။ ထို့အပြင် သိန္ဓော ဆားတစ်ဆ ၊ လက်ပံပွင့်ခြောက်မှုန့်နှစ်ဆတို့ကို ထောပတ်နှင့် ရော၍ ကွမ်းသီးလုံးခန့်နံနက် ၊ ည ခွဲပြီးစားပါ ပျောက်ကင်းစေပါသည်။

၆။ သွားကိုက်သွားဖုံးရောင်သွားပြည်ယိုဖြစ်လျှင် မာလကာခေါက်ကို ပြုတ်၍ ငုံပေးပါ။ သက်သာပျောက်ကင်းစေပါသည်။ မာလကာစေ့ခြောက်မှုန့်ကိုသွားခြေထဲ ထည့်ပေးလျှင်လည်း သက်သာ ပျောက်ကင်းစေပါသည်။

၇။ သွေးဝမ်းလွန်ခြင်းဖြစ်လျှင် ထမင်းခြောက်ကိုလှော်၍ထန်းလျက်နှင့် အညက်ကြိတ်၍စားပါ ၊ သက်သာပျောက်ကင်းစေပါသည်။

၈။ လေထိုးလေအောင့်ဖြစ်လျှင် ပုန်းညှက်ပန်းပွင့်ခြောက်များကို ရေနွေးတွင်ထည့်၍ လက်ဖက်ရည်ကြမ်းလုပ်သောက်ပါ သက်သာပျောက်ကင်းစေသည်။

၉။ အော့အန်ခြင်း ဝေဒနာဖြစ်လျှင် ရှောက်မြစ်ကိုသွေး၍ ပျားရည်နှင့် စားပါက သက်သာပျောက်ကင်းစေပါသည်။

၁၀။ ဆီးအိမ်တွင်းမှာကျောက်တည်ခြင်းဖြစ်လျှင်သမင်ချိုကိုသွေး၍ သံပုရာရည်နှင့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းသောက်ပါ။

သုံးခါပင် မသောက်ရဘဲ သက်သာပျောက်ကင်းစေပါသည်။

၁၁။ ဆီးကျဉ်ဆီးနီဆီးနှောက်ဖြစ်လျှင် ( ဘုရားကပ်လှူသည့် ) ကျောက်စိမ်းပန်းကျားပင် အမြစ်ရောအရိုးပါ

ထုခြေလို့ရသောအရည် ၅ ကျပ်သားကိုရေနှင့်ပြုတ်ကျိုပြီး နံနက် ၊ ည နှစ်ခွက်သောက်ပါ။ နေချင်းပင်သက်သာပျောက်ကင်းစေပါသည်။

၁၂။ စားမဝင် အိပ်မပျော်ဖြစ်လျှင် ပျားရည်စစ်စစ်ကို ….လက်ဖက်ရည်ဇွန်းလေးနဲ့တစ်ဇွန်းကို ညအိပ်ရာဝင်တိုင်း သောက်ပေးပါ။ ခံတွင်းကောင်းစားဝင်အိပ်ပျော်စေနိုင်ပါသည်။

၁၃။ မီးယပ်သွေးဆင်းချိန်တွင် မူးဝေတက်ပါသည်။ ထို့သို့ဖြစ်လျှင် ရှောက်သီးနှင့် ထန်းလျက်ကိုရောစားလိုက်ပါ။ သက်သာပျောက် ကင်းစေပါသည်။

၁၄။ ပန်းနာရင်ကျပ်ချောင်းဆိုးခြင်းဖြစ်လျှင် သစ်ဆိမ့်သီးအခွံကိုသွေး ပျားရည်နှင့် စားပေးပါ ။သက်သာပျောက်ကင်းစေပါသည်။

၁၅။ ကင်းကိုက်ခြင်းခံရလျှင် ကစော့မြစ်ကိုဆန်ဆေးရည်နှင့် သွေးပြီး အဆိပ်သင့်တဲ့နေရာကို လိမ်းပေးပါ။ ဝေဒနာချက်ချင်းသက်သာစေပါသည်။

၁၆။ ဆံပင်ကျွတ်လျှင် ပိထောက်ရွက်ကို ထုထောင်း၍ခေါင်းလျှော်ရည်နှင့်တွဲဖက် လျှော်ပေးပါ။ဆံပင်များလုံးဝမကျွတ်စေပါ။

၁၇။ အဖုအကျိတ်များပေါက်လျှင်လဝန်းဂမုန်းပင် ပဉ္စငါးပါးကို ထုထောင်း၍အကျိတ်ပေါ်သို့အုံပေးကာပတ်တီးစည်းထားပါပျောက်ကင်းစေပါသည်။

၁၈။ ဒူးနာခါးနားလျှင် နံ့သာဖြူနှင့် ဂျင်းကိုဆတူရော၍လိမ်းပါ။ ယူပစ်သလို သက်သာပျောက်ကင်းသွားပါလိမ့်မည်။ ။

ဤဆေးနည်းပြောပြပေးတဲ့ မောင်နန္ဒာ _မန္တလေး ကိုအထူးကျေးဇူးတင်ရှိပါတယ်။

အိမ်တွင်းဆေးမြီးတိုများမှတ်စုပြန်လည်မျှဝေပါသည်

Zawgyi

ေသြးတိုးက်ေစႏိုင္ေသာ လက္ေတြ႕အစြမ္းထက္ ျမန္မာတိုင္းရင္းေဆးၿမီးတို ၉မ်ိဳး.

ေသြးတိုးက်ေစႏိုင္ေသာေဆးၿမီးတိုမ်ား-

ေသြးတိုးေရာဂါအတြက္ ျမန္မာေဆးၿမီးတို (ေဆးနည္းတို) မ်ားစြာရွိသည္။ လူတစ္ဦးႏွင့္တစ္ဦး ေပ်ာက္ကင္းေစႏိုင္ေသာ နည္းလမ္းမ်ား မတူညီေသာ္လည္း တိုက္ဆိုင္၍

ေပ်ာက္ကင္းသြားလွ်င္ ေငြကုန္ေၾကးက်မမ်ားဘဲ အလြယ္တကူ မိမိပတ္ဝန္းက်င္တြင္ ရရွိႏိုင္ေသာ အပင္၊ အျမစ္၊ အ႐ြက္၊ အသီး၊ အပြင့္တို႔ မွ ရရွိျခင္းျဖစ္သျဖင့္ အားကိုးထိုက္ေသာ ေဆးၿမီးတိုမ်ားျဖစ္သည္။

အခ်ိဳ႕ေခတ္ပညာတတ္ တိုင္းရင္းေဆးကို အထင္မႀကီးသူမ်ားပင္ ေသြးတိုး၊ ဆီးခ်ိဳကဲ့သို႔ ေရာဂါႀကီးမ်ား ႐ုတ္တရက္ အသက္ဆုံးႏိုင္သည့္ ႏွလုံးေသြးေၾကာပိတ္၊

ရင္ဘတ္ေအာင့္ေရာဂါႀကီးမ်ား ေဆးၿမီးတိုႏွင့္ ေပ်ာက္သြားသည္ကို ေတြ႕ရေသာအခါ အံ့ၾသေနၾကသည္။ ေဆးၿမီးတိုမ်ားသည္ လူထုအတြက္ အသုံးဝင္ေသာ တိုင္းရင္းေဆးပညာျဖစ္သည္။

၁။ ေရွာက္သီးအခြံပါ ၄ စိတ္ စိတ္ၿပီး မတ္ခြက္တြင္ထည့္ ေရေႏြးစိမ္ထားၿပီး အေအးခံ၍ တစ္ေနကုန္ ေသာက္ပါ။

၂။ ေရွာက္သီးအရည္ညႇစ္ ၃ ဇြန္း+ပ်ားရည္စစ္စစ္ ၁ဇြန္း ထမင္းစားၿပီးေသာက္ပါ။

၃။ ေရွာက္႐ြက္အႏု၊ အရင့္ တစ္ေန႔လွ်င္ ၇ ႐ြက္ မွ ၁၀ ႐ြက္ခန႔္ ေန႔စဥ္အတို႔အျမႇဳပ္ ျပဳလုပ္၍စားပါ။

၄။ ငါးပိရည္၊ ငံျပာရည္၊ ငါးေျခာက္စသည္တို႔သည္ ျမန္မာလူမ်ိဳးတို႔ႏွင့္ မကင္းႏိုင္ေသာ အစာမ်ား ျဖစ္သည္။ ထိုအစာမ်ား စားသည့္ေန႔တြင္ ဒန႔္သလြန္႐ြက္ ဟင္းခ်ိဳကို

ၾကက္သြန္ျဖဴႏိုင္ႏိုင္ျဖင့္ ခ်က္ၿပီး တြဲဖက္ေသာက္ေပးပါ။ ၾကက္သြန္ျဖဴသည္ ေသြးတိုးကို က်ေစႏိုင္သည္။ (ေသြးတိုးေရာဂါ ျဖစ္ပြားခဲ့ရာ ၾကက္သြန္ျဖဴကို ေန႔စဥ္စားသုံးခဲ့ပါသျဖင့္ ေပ်ာက္ကင္းခဲ့သည္။) (မဟတၱမဂႏၵီ)

၅။ ဒန႔္သလြန္သီးအရင့္မ်ားကို ေနျဖင့္ အေျခာက္လွန္းထားၿပီး ေသြးအလြန္တိုးလွ်င္ ၂ ေစ့၊ ၃ ေစ့ ဝါးစားပါ။

၆။ သေင္ၻာအဖိုပင္၏ အပြင့္ကို ျပဳတ္၍ စားပါက ေသြးတိုးေရာဂါ သက္သာေစသည္။

၇။ ၾကက္သြန္နီကို ထက္ျခမ္း ျခမ္း ေရတစ္ဖန္ခြက္တြင္ စိမ္၍ နံနက္အိပ္ယာထေစာေစာ ေသာက္ေပးလွ်င္ ေသြးတိုးေရာဂါကို ကာကြယ္သည္။ နံနက္အိပ္ယာထခ်ိန္ ေခါင္းကိုက္ျခင္းကို သက္သာေစသည္။

၈။ ေျပာင္းဖူး၏ထိပ္မွ အေမႊးကိုျပဳတ္၍ အရည္ကို အၾကမ္းပန္းကန္တစ္လုံးစာေသာက္လွ်င္ ေသြးတိုးေရာဂါ သက္သာေစသည္။

၉။ ခ်င္းလက္ႏွစ္ဆစ္ကို ထုေထာင္းအရည္ကိုယူ သံပရာသီးတစ္လုံးအရည္ႏွင့္ ပ်ားရည္တစ္ဇြန္းစပ္ ေန႔စဥ္ေသာက္ပါ။ ေသြးတိုးေရာဂါေဘး ကင္းေဝးႏိုင္သည္။

ဆရာႀကီး ၾကည္လြင္ျမင့္ (မုျဒာ)

“သိမ္းထားသင့္ေသာအဖိုးတန္ ေဆးၿမီးတိုမ်ား”

၁။ ေသြးတိုးလို႔ေသြးက်လိုလွ်င္ သံပုရာသီးတစ္လုံးကို ၁၅ မိနစ္ခန႔္ၾကာေအာင္ေရစိမ္ၿပီး အရည္ညႇစ္၍ ၾကက္ဥတစ္လုံး

ေဖာက္ထည့္ကာ ေရာေမႊ ေသာက္လိုက္ပါ။ ေသြးက်ေဆး အထူးေသာက္စရာ မလိုဘဲ သက္သာေပ်ာက္ ကင္းေစပါသည္။

၂။ အပူက်ိတ္ျဖစ္ရင္ ပါးခ်ိတ္ေအာက္ႏွင့္ ေပါင္ၾကားတို႔တြင္ ေပါက္တက္ေသာ အပူက်ိတ္မ်ားကိုေပ်ာက္လိုလွ်င္ နႏြင္းခါးဥကို ေသြးလိမ္းပါ။ သုံးႀကိမ္မွ် လူး႐ုံ လိမ္း႐ုံႏွင့္ ေပ်ာက္ကင္းေစပါသည္။

၃။ အိပ္မေပ်ာ္ျခင္းျဖစ္လွ်င္ ဒန႔္ကြၽဲျမစ္ကိုျပဳတ္၍သၾကားအနည္းငယ္ ထည့္ၿပီးေသာက္ပါ။ တစ္ခါေသာက္လွ်င္ အၾကမ္းပန္းကန္ႏွင့္ တစ္လုံးေသာက္ ည ၊ နံနက္ ေသာက္ပါ။ အိပ္မေပ်ာ္ျခင္းေဝဒနာ သက္သာေပ်ာက္ကင္းေစမည္။

၄။ ပန္းေသပန္းညႇိဳးေရာဂါျဖစ္လွ်င္ ကေစာ့ပုပ္ျမစ္ကိုအေျခာက္လွန္း အမႈန႔္ျပဳၿပီး ပ်ားရည္ႏွင့္ေသာက္ပါ။ ရက္မရွည္ဘဲ ေပ်ာက္ကင္းေစပါသည္။

၅။ အမ်ိဳးသမီးမ်ား မီးယပ္ျဖဴဆင္း ေရာဂါျဖစ္လွ်င္ အေဝရာ႐ြက္ကို မၾကာခဏ သုပ္စားပါ။ ထို႔အျပင္ သိေႏၶာ ဆားတစ္ဆ ၊ လက္ပံပြင့္ေျခာက္မႈန႔္ႏွစ္ဆတို႔ကို ေထာပတ္ႏွင့္ ေရာ၍ ကြမ္းသီးလုံးခန႔္နံနက္ ၊ ည ခြဲၿပီးစားပါ ေပ်ာက္ကင္းေစပါသည္။

၆။ သြားကိုက္သြားဖုံးေရာင္သြားျပည္ယိုျဖစ္လွ်င္ မာလကာေခါက္ကို ျပဳတ္၍ ငုံေပးပါ။ သက္သာေပ်ာက္ကင္းေစပါသည္။ မာလကာေစ့ေျခာက္မႈန႔္ကိုသြားေျခထဲ ထည့္ေပးလွ်င္လည္း သက္သာ ေပ်ာက္ကင္းေစပါသည္။

၇။ ေသြးဝမ္းလြန္ျခင္းျဖစ္လွ်င္ ထမင္းေျခာက္ကိုေလွာ္၍ထန္းလ်က္ႏွင့္ အညက္ႀကိတ္၍စားပါ ၊ သက္သာေပ်ာက္ကင္းေစပါသည္။

၈။ ေလထိုးေလေအာင့္ျဖစ္လွ်င္ ပုန္းညႇက္ပန္းပြင့္ေျခာက္မ်ားကို ေရေႏြးတြင္ထည့္၍ လက္ဖက္ရည္ၾကမ္းလုပ္ေသာက္ပါ သက္သာေပ်ာက္ကင္းေစသည္။

၉။ ေအာ့အန္ျခင္း ေဝဒနာျဖစ္လွ်င္ ေရွာက္ျမစ္ကိုေသြး၍ ပ်ားရည္ႏွင့္ စားပါက သက္သာေပ်ာက္ကင္းေစပါသည္။

၁၀။ ဆီးအိမ္တြင္းမွာေက်ာက္တည္ျခင္းျဖစ္လွ်င္သမင္ခ်ိဳကိုေသြး၍ သံပုရာရည္ႏွင့္ လက္ဖက္ရည္ဇြန္းႏွစ္ဇြန္းေသာက္ပါ။

သုံးခါပင္ မေသာက္ရဘဲ သက္သာေပ်ာက္ကင္းေစပါသည္။

၁၁။ ဆီးက်ဥ္ဆီးနီဆီးေႏွာက္ျဖစ္လွ်င္ ( ဘုရားကပ္လႉသည့္ ) ေက်ာက္စိမ္းပန္းက်ားပင္ အျမစ္ေရာအ႐ိုးပါ

ထုေျခလို႔ရေသာအရည္ ၅ က်ပ္သားကိုေရႏွင့္ျပဳတ္က်ိဳၿပီး နံနက္ ၊ ည ႏွစ္ခြက္ေသာက္ပါ။ ေနခ်င္းပင္သက္သာေပ်ာက္ကင္းေစပါသည္။

၁၂။ စားမဝင္ အိပ္မေပ်ာ္ျဖစ္လွ်င္ ပ်ားရည္စစ္စစ္ကို ….လက္ဖက္ရည္ဇြန္းေလးနဲ႔တစ္ဇြန္းကို ညအိပ္ရာဝင္တိုင္း ေသာက္ေပးပါ။ ခံတြင္းေကာင္းစားဝင္အိပ္ေပ်ာ္ေစႏိုင္ပါသည္။

၁၃။ မီးယပ္ေသြးဆင္းခ်ိန္တြင္ မူးေဝတက္ပါသည္။ ထို႔သို႔ျဖစ္လွ်င္ ေရွာက္သီးႏွင့္ ထန္းလ်က္ကိုေရာစားလိုက္ပါ။ သက္သာေပ်ာက္ ကင္းေစပါသည္။

၁၄။ ပန္းနာရင္က်ပ္ေခ်ာင္းဆိုးျခင္းျဖစ္လွ်င္ သစ္ဆိမ့္သီးအခြံကိုေသြး ပ်ားရည္ႏွင့္ စားေပးပါ ။သက္သာေပ်ာက္ကင္းေစပါသည္။

၁၅။ ကင္းကိုက္ျခင္းခံရလွ်င္ ကေစာ့ျမစ္ကိုဆန္ေဆးရည္ႏွင့္ ေသြးၿပီး အဆိပ္သင့္တဲ့ေနရာကို လိမ္းေပးပါ။ ေဝဒနာခ်က္ခ်င္းသက္သာေစပါသည္။

၁၆။ ဆံပင္ကြၽတ္လွ်င္ ပိေထာက္႐ြက္ကို ထုေထာင္း၍ေခါင္းေလွ်ာ္ရည္ႏွင့္တြဲဖက္ ေလွ်ာ္ေပးပါ။ဆံပင္မ်ားလုံးဝမကြၽတ္ေစပါ။

၁၇။ အဖုအက်ိတ္မ်ားေပါက္လွ်င္လဝန္းဂမုန္းပင္ ပၪၥငါးပါးကို ထုေထာင္း၍အက်ိတ္ေပၚသို႔အုံေပးကာပတ္တီးစည္းထားပါေပ်ာက္ကင္းေစပါသည္။

၁၈။ ဒူးနာခါးနားလွ်င္ နံ႔သာျဖဴႏွင့္ ဂ်င္းကိုဆတူေရာ၍လိမ္းပါ။ ယူပစ္သလို သက္သာေပ်ာက္ကင္းသြားပါလိမ့္မည္။ ။

ဤေဆးနည္းေျပာျပေပးတဲ့ ေမာင္နႏၵာ _မႏၲေလး ကိုအထူးေက်းဇူးတင္ရွိပါတယ္။

အိမ္တြင္းေဆးၿမီးတိုမ်ားမွတ္စုျပန္လည္မွ်ေဝပါသည္