မကေွးတွင် ရဲတပ်ဖွဲ့ဝင် ၄ဦး ပူးပေါင်း ပါ၀င်လာ

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ မကွေးမြို့ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦး ပူးပေါင်းပါဝင်ခဲ့

မကွေးမြို့မှာ ဆန္ဒပြလူအုပ်ကြီးကို အတားအဆီးများပြလုပ်တဲ့ ရဲတပ်ဖွဲ့များထဲက ရဲတပ်ဖွဲ့ဝင် ၃ ဦးက ဆန္ဒပြသူတွေနဲ့ ပူးပေါင်းပါဝင်လာပြီလို့ သိလိုက်ရပါတယ်။

မကွေးမြို့၊ တောင်တွင်းလမ်း၊ ဆန္ဒပြစစ်ကြောင်းကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားတဲ့အတွက် ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ဝင်တွေတားထားတဲ့

စည်းတွေရှေ့မှာပဲ ထိုင်ပြီးတော့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အဲဒီလို ဆန္ဒဖော်ထုတ်တဲ့အချိန်မှာ ရဲတပ်ဖွဲ့က စည်း ၃ စည်းတားပြီးတော့ တားဆီးမှုများလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ ရေဖြန်းပက်ပြီး ဆန္ဒပြပွဲကို ဖြိုခွင်းဖို့ကိုလည်း ရဲတပ်ဖွဲ့က ဖြိုခွင်းဖို့ ကြိုးစားခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေအပြီးမှာ တားဆီးမှုတွေပြုလုပ်တဲ့ ရဲတပ်ဖွဲ့ထဲမှာပါတွင်တဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးက ဆန္ဒပြသူတွေနဲ့ ပူးပေါင်းပါဝင်ခဲ့ပြီးတယ်လို့ သိရပါတယ်။

Duwun

မကွေးမှာ ရေကားနဲ့ ပြည်သူတွေကို ထိုးဖြိုခွဲပါတယ်။

ထိုးဖြိုခွဲတာ နာရီဝက် ၄၅ မိနစ်လောက်အကြာမှာ ရဲတပ်ဖွဲ့ထဲက သုံးယောက်က ပြည်သူ့ရှေ့ရောက်လာပြီး သူတို့ဒိုင်းတွေနဲ့ ပြည်သူတွေကို ကာပေးပါတယ်။

ရဲတွေက ဒီသုံးယောက်ကို ပြန်ဆွဲပေမယ့် ပြည်သူတွေက ပြန်ဆွဲပြီး ခု ဖွက်ထားပေးပါတယ်တဲ့။

UpdateNew

နောက်ထပ် ရဲတဦး ထပ်မံ ပူးပေါင်းပါတယ်

ပြည်သူ့ရဲ ပြည်သူ့ရဲ

မကွေး ကွ

Zawgyi








Duwun




UpdateNew


ပြည်သူ့ရဲ ပြည်သူ့ရဲ

မကွေး ကွ