C y b e r အင်တာနက် လုံခြုံရေးဥပဒေ အသစ်ကြောင့် ဘာတွေ ထိခိုက်လာနိုင်လဲ

Cyber Security Law ဆိုပြီး Cyber နဲ့အင်တာနက် လုံခြုံရေးဥပဒေအသစ်ထုတ်မယ်ဆိုတာက ဘယ်အချက်တွေလဲ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်ချုပ်ရေးကောင်စီက ဆိုက်ဘာလုံခြုံရေး ဥပဒေတရပ်ကို မကြာခင်ထုတ်ပြန်ဖို့ ရှိပါတယ်။

အင်တာနက်လူမှုကွန်ရက်ဆက်သွယ်ရေး စနစ်တွေကိုထိန်းချုပ်ပြီး ကန်ုသတ်ချက်ချိုးဖောက်သူတွေကို အပြစ်ဒဏ်ပေးမယ့် ဒီဥပဒေကိုချက်ခြင်းလက်ငင်းအကောင်အထည်ဖေါ်နိုင်ရေးအတွက် လိုအပ်တဲ့နည်းပညာရပ်ဆိုင်ရာ

အထောက်အကူတွေကို တရုတ်နိုင်ငံကနေ မှာယူတင်သွင်းခဲ့ပြီး အင်တာနက်ဆက်သွယ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီတွေဆီ ပေးပို့တပ်ဆင်ခိုင်းနေပြီဖြစ်ကြောင်း

ရန်ကုန်မြို့က ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူပညာရှင်တယောက်ကပြောပါတယ်။ဌာနမှူး ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်းပေးထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။

Cyber Security Law ဆိုပြီး Cyber နဲ့အင်တာနက် လုံခြုံရေးဥပဒေအသစ်ထုတ်မယ်ဆိုတာက ဘယ်အချက်တွေကို အခြေခံပြီးပြောနေတာလဲခင်ဗျ။

ဘယ်တော့လောက်မှာ အတည်ပြုမလဲ ခင်ဗျ။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။

ဟုတ်ကဲ့။ အရေးကြီးတဲ့ ဒီအခြေခံအချက်ကတော့ အွန်လိုင်းမှာ information အရမ်းတွေ ပျံ့နှံ့နေတာပေါ့ နော် ။

အထူးသဖြင့် ဒီ ကျနော်တို့protest တွေမှာ ဘယ်လိုတွေဖြစ်နေတယ်၊ ဟိုတနေ့က နေပြည်တော်မှာ ကောင်မလေး သေနက်နဲ့အပစ်ခံရတာတို့ကို ကွက်ကွက်ကွင်းကွင်းရိုက်ပြီး

တင်ပြတာတို့၊ အဲဒါမျိုးတွေကို သူတို့က ဒါမျိုး stop လုပ်ချင်တဲ့ သဘောရှိတာပေါ့နော်။ ဒီ အခု draft ကို circulate လုပ်ထားတာဟာ ၁၅ ရက်နေ့ ဖေဖော်ဝါရီမှာ

အတည်ပြုမယ်လို့ပြောကြားထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။

ဟုတ်ကဲ့။ ကျနော်က အဲဒီ draft ကို ကျနော်တွေ့တယ်။ အဲဒီမှာ Myanmar Cyber Security Law ပေါ့နော်။ အဲဒါက စာမျတ်နှာ (၃၇) မျတ်နှာလောက်ရှိတယ်။

ဒီဟာကို အခုလူတွေကြားထဲမှာ အခု လုပ်ငန်းရှင်တွေကြားထဲမှာ၊ နောက်ပြီးတော့ ကွန်ပြူတာကျွမ်းကျင်သူ ပညာရှင်တွေကြားထဲကို ဖြန့်ပေးထားပြီးတော့ လာမယ့် ၁၅ ရက်နေ့မှာ အတည်ပြုပြီးထုတ်ပြန်မယ်လို့ပြောနေတယ်။

အဲဒီသတင်းကရော အမှန်ပဲလား။ ဘယ်လို ညွှန်ကြားချက်တွေလာတာလဲ ခင်ဗျာ။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။

မှန်ပါတယ်။ ဒီအခုလောလောဆယ် draft law ကို သူက circulate လုပ်ထားတာကတော့ အင်တာနက် ဆားဗစ် ပရိုဗိုက်တာတွေ၊ တယ်လီကွန်း ပရိုဗိုက်တာတွေ ပြီးတော့

ကွန်ပြူတာအဖွဲ့အစည်းတွေ၊ မြန်မာကွန်ပြူတာ ဖက်ဒရေးရှင်းတို့၊ မြန်မာကွန်ပြူတာ ပရော်ဖက်ရှင်နယ် Association တို့ဆီကို အဲဒီဟာတွေပို့ထားပြီးတော့

Feedback ကို ၁၅ ရက်နေ့မတိုင်ခင် ပြန်ပေးဖို့၊ ထောက်ခံတယ် ဒါမှမဟုတ် ဘယ်နေရာမှာ ပြင်သင့်တယ် ဘာညာ အဲဒါမျိူးကို ၁၅ ရက်နေ့မတိုင်ခင်ပြန်ပေးဖို့ Direction ပေးထားပါတယ် ခင်ဗျ။

ဦးသန်း လွင်ထွန်း။ ။

အိုကေ။ အဲဒီဥပဒေထဲမှာ ပါတဲ့အချက်တွေကို မသွားခင်မှာ တခု လူတွေကြားထဲမှာ ပြောနေတဲ့ အချက်ပေါ့နော် အဲဒါက ဘာလဲဆိုတော့ ဒီ အင်တာနက်နဲ့ပက်သက်တဲ့

ဝန်ဆောင်မှုပေးနေတဲ့ ဌာနတွေ အဖွဲ့အစည်းတွေ၊ လုပ်ငန်း ကုမ္မဏီတွေကို တရုတ်ပြည်ကလာတဲ့ ကြားဖြတ် လုပ်တဲ့ ဟို စောင့်ကြည့်တဲ့စက်တွေကို ပို့ပေးထားပြီးတော့

ဒါတွေကို တပ်ဆင်ဖို့ညွှန်ကြားချက်တွေ လာတယ်ဆိုတာကရော ဟုတ်ပါသလားခင်ဗျ။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။

ဟုတ်ပါတယ်။ ဒါက တရုတ်ပြည်ကလာတဲ့ ဒီ firewall တွေပေါ့နော်။ ဒီ firewall တွေကို အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ကုမ္မဏီတွေ၊ ပြီးတော့ ဒီ Telecom Provider တွေ

ဥပမာ အော်ရီဒူး၊ တယ်လီနော အဲဒီလိုဟာမျိုးတွေဆီကို သူတို့က လွန်ခဲ့တဲ့ ၂ ရက်လောက်ကစပြီးတော့ ပို့ထားပါတယ်။

ပို့ထားပြီးတော့ ဒီဟာတွေအကုန်လုံးကို ၁၅ ရက်နေ့ဖေဖော်ဝါရီမတိုင်ခင် operational ဖြစ်ရမယ်လို့ညွှန်ကြားချက်ပေးထားပါတယ်။

ညွှန်ကြားချက်ပေးထားတဲ့ အပြင်ကို ဒီ configuration လုပ်တဲ့အခါမှာလည်း draft cyber law ရဲ့ requirement နဲ့တခါထဲ ညီစေဖို့ ပြင်ဆင်ထားဖို့ပြောပါတယ်။

ဥပမာ ဟို log တွေကို သိမ်းထားမယ်ဆိုလို့ရှိရင် ၃ နှစ်စာ သိမ်းရမယ်တို့ဘာတို့၊ အဲဒါတွေအားလုံးကိုပါ ပြင်ဆင်ထားဖို့တခါထဲပြောထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။

အဲဒီမှာ အခုပြောသွားတဲ့အထဲမှာ firewall တွေပေါ့။ ဒါက software တွေကို ပြောတာလား။ Hardware တွေကိုပြောတာလား။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။

Heardware တွေပါ။ Heardware တွေ ။

ဦးသန်းလွင်ထွန်း။ ။

သူကဘာတွေလုပ်နိုင်တာလဲ။ အထူးသဖြင့် အဲဒီလို ပစ္စည်းတွေက။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ ဒီဟာတွေက latest technology firewall တွေဖြစ်တယ်။ အဲဒါက ဘာလုပ်လို့ရလဲဆိုတော့ ဥပမာ ကျနော်တို့အင်တာနက်မှာ ဒီ traffic ရှိတာပေါ့နော် ။

traffic ဆိုတာ ဒီကျနော်တို့ရိုးရိုး facebook သုံးတယ်ဆိုရင် ရိုးရိုး traffic ရှိတယ်။ ဒါပေမယ့် ဒီ traffic က encrypted လုပ်ထားတော့ အထဲကဟာကို ကျနော်တို့ကြည့်လို့မရဘူး။

ဆိုတော့ ဘယ်သူက ဘာပို့နေတယ်ဆိုတာ မသိနိုင်ဘူးပေါ့။ ဒါပေမယ့် latest technology firewall မှာ deep packed inspection ဆိုတဲ့ features တွေပါတယ်။

အဲဒါတွေက ဒီ traffic ကို အထဲကို ဝင်ကြည့်လို့ရတယ်။ ပြီးတော့ ဘာ data တွေ transfer လုပ်နေတယ်ဆိုတာကအစ ကြည့်လို့ရတယ်။

ဆိုတော့ latest technology နဲ့ အင်တာနက်ကို ထိန်းချုပ်နိုင်ဖို့ကြိုးစားတယ်လို့ကျနော်မြင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။

အဲဒီအပြင်ကို ကျနော်တို့ထပ်ပြီးတော့ ညွှန်ကြားချက်က ဒီလို firewall နဲ့ monitor လုပ်တယ်။ စောင့်ကြည်မယ်ပေါ့နော်။ ပြီးတော့ data တွေကို သိမ်းထားမယ်။

သုံးနှစ်တောင် သိမ်းထားရမယ်ဆိုပြီးတော့ ညွှန်ကြားတယ်။ အစိုးရက လိုအပ်လို့ရှိရင် သူတို့က ဒါတွေကို ပေးရမယ်ပေါ့ ဒါတွေကို။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။

မှန်ပါတယ်။ အစိုးရက လိုအပ်ရင် တောင်းတာနဲ့ ချက်ချင်းပေးရမယ်။

ဦးသန်းလွင်ထွန်း။ ။

အဲဒီလိုစည်းကမ်းချက်က အရင်တုန်းကရောရှိလား။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ မရှိပါဘူးခင်ဗျ။ မရှိပါဘူး။

ဦးသန်းလွင်ထွန်း။ ။

ဟုတ်ပြီ။ အဲဒါက အခုလောလောဆယ်ဘာတွေဖြစ်လာနေလို့အခုဒါက ဒီ ၂ ရက် ၃ ရက်အတွင်းမှာမှ ဒါတွေဖြစ်တယ်။

ဘာကြောင့်လည်း ဆိုတော့ လွန်ခဲ့တဲ့ အပတ်တုန်းက ဒီစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တယ်လီဖုန်းဆက်သွယ်ရေးတွေ လျှော့ချ ဖြတ်တောက်တယ်။

နောက်ပြီးတော့ အင်တာနက် speed တွေ နည်းနည်းလျော့လာတယ်။ ပြီးတော့ facebook နဲ့တခြားလူမှုကွန်ရက်ထဲကဟာတွေကိုပေါ့နော် ဒီဘက်က ဝန်ဆောင်မှုပေးတဲ့ဟာတွေကိုလည်း ရပ်ဖို့ညွှန်ကြားချက်တွေ ထုတ်တယ်။ ဒါတွေနဲ့မလုံလောက်ပဲနဲ့အခုဒါက ထက်ပြီးတော့ အခြေအနေကို ပိုပြီးတင်းကြပ်စေတဲ့သဘောလား။ အခြားဘာတွေ ဘာရည်ရွ့ယ်ချက်တွေရှိသေးလဲ။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။

အဓိကကတော့ဗျာ။ အရင်တုန်းကသူလုပ်နေတဲ့နည်းပေါ့။ ဥပမာ အင်တာနက်ကို ဖြတ်ပစ်တာတို့၊ အင်တာနက်တခုလုံးကို ပိတ်ပစ်တာတို့၊

နောက်ပြီးတော့ ဒီ အကုန်လုံး Ban ပစ်တာတို့ကြတော့ ကျနော်တို့မြန်မာပြည်မှာရှိတဲ့ Business တွေကို ထိခိုက်စေတယ်လေ။ အထူးသဖြင့် Banking Industry ပေါ့။

ကျနော်တို့ရဲ့ Banking Industry က အင်တာနက်ပေါ်မှာပဲ အလုပ်လုပ်နေရတာဆိုတော့ ဒီအင်တာနက်အကုန်လုံးပိတ်လိုက်ရင် ဘဏ်တွေအလုပ်မလုပ်ဘူးဆိုလို့ရှိရင်

ပိုပြီးတော့ issue တွေက ပိုများလာမယ်လေ။ သူတို့အနေနဲ့ဒါကို pinpoint လုပ်ပြီးတော့ block နိုင်ဖို့အတွက် facilities တွေလိုတယ်ပေါ့နော်။

နောက်တခုက ဒီအင်တာနက်ပေါ်မှာ အထူးသဖြင့် information ပျံ့တာကို control လုပ်ချင်တယ်။ အထူးသဖြင့် ဒီ fake news တွေပျံ့တာတို့၊

နောက်ပြီးတော့ ဒီ protest news တွေ၊ abuse report တွေ ဒီလိုမျိူး အွန်လိုင်းတွေလည်းတက်တယ်။ နောက်ပြီးတော့ နိုင်ငံခြားက မီဒီယာတွေနဲ့ဆက်သွယ်ပြီးတော့ information တွေကို မပြတ်ပို့နိုင်နေတာတွေကို သူတို control လုပ်ချင်တယ်။

အထူးသဖြင့် information flow ကို သူတို့control လုပ်ချင်တဲ့သဘောရှိတယ်။ ဒါပေမယ့် အဲဒီလို control လုပ်တဲ့အခါမှာ ဒီဘက်ကနေ side effect မဖြစ်စေဖို့အတွက်

ဒီလိုမျိူး technology ကို လဲရခြင်းဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အင်တာနက်ကို ပိတ်ချလိုက်လို့ရှိရင် ဗမာပြည်က ဘဏ်တွေတော်တော်များများက အလုပ်မလုပ်တော့ဘူး။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က ဘဏ်တွေတော်တော်များများက သူတို့ရဲ့ infrastructure က Amazon တို့ Huawei တို့ Microsoft ရဲ့ Cloud တွေပေါ်မှာတင်ထားတာဆိုတော့ ဒါတွေအကုန်လုံးကို ဖြတ်လိုက်လို့မရဘူးဆိုတော့ သူတို့အနေနဲ့ဒီနည်းလမ်းကို သွားတာဖြစ်တယ်။

ဦးသန်းလွင်ထွန်း။ ။

စောစောက ပြောတဲ့ထဲမှာ Huawei ဆိုတာတွေလည်းပါတယ်။ အခုဒီ အင်တာနက်ဝန်ဆောင်မှု ကုမ္မဏီတွေကို ပို့ပေးထားပြီးတော့ ၁၅ ရက်မတိုင်မီ အပြီးတပ်ရမယ်ဆိုတဲ့

ဒီ firewall စက်တွေကလည်း Huawei ကစက်တွေလို့ပြောတယ်နော်။ ဟုတ်တယ်နော် အဲဒါ။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။

အဲဒါကတော့ကျနော်တို့လည်းကြားပါတယ်။ ဒါပေမယ့် confirm တော့ ကျနော်မသိရသေးပါဘူး။ ဒီလိုပဲ industry ကလူအချင်းချင်းပြောကြတယ်ပေါ့နော်။

သူတို့ဒီဟာတွေကတော့ Huawei ကလာတဲ့ device တွေဖြစ်တယ်လို့တော့ပြောကြပါတယ် ဟုတ်ကဲ့။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ ပြီးခဲ့တဲ့ ရက်ပိုင်းပေါ့နော် ။ အဲဒီတုန်းက တရုတ်ပြည်ကလေယာဉ်ပျံတွေ ၅ စီးလောက်ဆင်းလာပြီးတော့ ပစ္စည်းတွေချတယ် ဆိုတဲ့ သတင်းတွေနဲ့ရော ဆက်စပ်နိုင်သလား။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ ဆက်စပ်နိုင်ပါတယ်။ ဖြစ်နိုင်ပါတယ်ခင်ဗျ။ လတ်လောရောက်ရှိလာတာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ သဘောက ဒါပြန်ချုပ်ရမယ်ဆိုလို့ရှိရင် အခုလောလောဆယ် အင်တာနက်ဝန်ဆောင်မှု ကုမ္မဏီတွေကို Cyber Security Law လို့ခေါ်တဲ့ စာမျတ်နှာ ၃၇ မျတ်နှာရှိတဲ့

ဥပဒေမူကြမ်းကို ပေးပို့ပြီးတော့ ဒီကိစ္စတွေကို သုံးသပ်ဖို့ ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြန်ပြီး အကြောင်းကြားဖို့ပြီးတော့ ၁၅ ရက်နေ့မတိုင်ခင်ပေါ့နော် ။

အဲဒီမတိုင်ခင်မှာလည်း ဒါက ဥပဒေကြောင်းအရ။ နောက်တခုကလည်း လိုအပ်တဲ့ ထိန်းချုပ်နိုင်စွမ်းရှိတဲ့ စက်ပစ္စည်းတွေကိုလည်း မဖြစ်မနေတပ်ရမယ်ဆိုပြီး ပေးပို့ထားပြီးပြီ။

ဆိုတော့ ဒါဟာ နှစ်ဘက် ပြိုင်တူချိန်ကိုက်ပြီးလုပ်နေကြတဲ့ သဘောပေါ့နော်။ အဲဒီတော့ ကျနော်ဒီ Cyber Security Law ဆိုတဲ့ ဥပဒေထဲမှာပါတဲ့ အရေးကြီးတဲ့ အချက်ကလေးတွေကို ကျနော်နည်းနည်းဆွေးနွေးချင်တယ်။

ဒီအရေးကြီးတဲ့အချက်အထဲမှာ ကျနော်လည်း အကြမ်းတော့ဖတ်ကြည့်လိုက်တယ်။ ဖတ်ကြည့်လိုက်တဲ့အခါကြတော့ ဝန်ဆောင်မှုကုမ္မဏီတွေအပေါ်ကို ကန့်သတ်တဲ့အချက်က လိုင်စင်တွေပြန်လျှောက်ရမယ်။ နောက်ပြီးတော့ စောစောကပြောတဲ့ ထိန်းချုပ်မှုတွေပေါ့နော်။

အချက်အလက်တွေကို ထိန်းသိမ်းထားရမယ်။ စောင့်ကြည့်ရမယ်။ ဒါတွေအပြင်အခြားထူးထူးခြားခြားဘာပါသေးလဲ။ ဝန်ဆောင်မှုကုမ္မဏီတွေပေါ်ကို တင်းကျပ်တဲ့ကိစ္စ တခြားဘာတွေပါသေးလဲ။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ ဝန်ဆောင်မှုကုမ္မဏီတွေတင်မဟုတ်ဘူး။ ဒီ Access ပေါ်မှာ တင်းကျပ်တယ်ပေါ့နော်။ ဒီ လူတိုင်းရဲ့ information ကို သိရမယ်။ ဒါပေမယ့် သူတို့လုပ်တဲ့ပုံစံက ဘာလဲဆိုတော့ service provider တွေအနေနဲ့က သူတို့ရဲ့ ဆားဗစ်ကို သုံးနေတဲ့ လူတွေရဲ့ information detail အကုန်လုံးကို သူတို့သိထားရမယ်။ ပြီးရင် ဒီ information ကို သူတို့ကို provide လုပ်ရမယ်ဆိုတဲ့ သဘောကို သက်ရောက်နေတယ်။

အထူးသဖြင့်သူတို့ရေးထားတဲ့အထဲမှာ ဒီထဲမှာ အထူးသဖြင့် တခုခုဆိုရင် သူတို့ပိတ်ဆိုရင် အကုန်လုံးက ပိတ်ရမယ်။ ဘာ reason မှ ပေးလို့မရဘူး။ ဘာ business exemption မှ တောင်းလို့မရဘူးဆိုတဲ့သဘောရှိတယ်။ နောက်တခုက practical မကျဟာ တော်တော်များများဟာ ဘာလဲဆိုတော့ server ကို သူပြောတဲ့နေရာမှာပဲထားရမယ်။ ဆိုတော့ Google တို့Facebook တို့ကို ဒီနေရာမှာလာထားပေးဆိုလို့လည်း့ပြောလို့မရဘူးလေ။

သိတယ်မဟုတ်လား။ နောက်တခုက ကျနော်တို့cloud service provider တွေအနေနဲ့လည်း cloud service တွေကို ကျနော်တို့က မြန်မာပြည်မှာပေးလို့မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထားတဲ့ server တွေက ပြည်တွင်းမှာ သူတို့ပြောတဲ့နေရာမှာပဲ ကျနော်တို့က ထားရမယ်ဆိုတဲ့အခါကျတော့ ရှင်းရှင်းပြောရင် တော်တော်ကြီးကို မဆီလျော်တဲ့၊ မကိုက်ညီတဲ့ ဥပဒေမူကြမ်းလိုမျိုးဖြစ်နေပါတယ်ခင်ဗျ။

ဦးသန်းလွင်ထွန်း။ ။ တရုတ်ပြည်မှာရှိတဲ့ data တွေကို country control ပေါ့နော်။ နိုင်ငံထဲမှာပဲ control လုပ်လိုက်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့။ တခြား ကမ္ဘာအနှံ့မှာရှိတဲ့ Golbal Store တွေဆီမှာထားတာမဟုတ်ပဲနဲ့ဒီ data တွေ အကုန်လုံးကို နိုင်ငံကပဲ control လုပ်မယ်ဆိုတဲ့ သဘောဖြစ်သွားတာပေါ့။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ မှန်ပါတယ်ခင်ဗျ။ မှန်ပါတယ်။ data ကို မြန်မာပြည်ထဲမှာပဲ ထားရမယ်။ ရှင်းရှင်းပြောရင် လိုအပ်ရင် ဒီ data ကို မြန်မာပြည်တွင်းမှာပဲ သူတို့သိမ်းပိုက်မယ် ဆိုတဲ့ သဘောမျိုးသက်ရောက်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ စောစောကပြောတဲ့အထဲမှာ နောက်တခုက ဘာလဲဆိုတော့ လူတွေရဲ့ အချက်အလက်တွေအကုန်လုံးကိုသိထားရမယ်။ နောက်ပြီးတော့ ကျနော်ဆက်ဖတ်ကြည့်လိုက်တဲ့ အခါကြတော့လည်း account တွေလုပ်တယ်ပေါ့နော်။ အဲဒီ account တုတွေလုပ်တာကအစ အရေးယူနိုင်တဲ့ပုံစံမျိူးရေးထားတယ်လေ။ ပြစ်ဒဏ်တွေဆိုလို့ရှိရင်လည်း ပုဒ်မ ၆၆ (ဃ) ထက်ပိုပြီး အသေးစိတ်လာတယ်။

အထူးသဖြင့် လူတယောက်ချင်းစီကိုပဲ ဥပမာ အဖွဲ့အစည်းတခုခုကို ထိခိုက်အောင်ရေးတာတို့၊ လိင်မှုကိစ္စဟာတွေကို တင်တာတို့၊ သွေးကွဲအောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုး၊ အကောင့်တုပေါ့နော်။ အဲတာမျိုးတွေကအစ ထောင်ဒဏ် ၃ နှစ်ကျမယ် လို့ဆိုတော့။ နောက်ပြီးတော့ ဒဏ်ငွေလည်း သိန်း ၁၀၀ လောက်ရှိမယ်နဲ့တူတယ်။

အဲတာမျိုးတွေ ပါနေတာတွေ့တယ်။ ဆိုတော့ တခြားဒီထက်ပိုပြီး တင်းကျပ်တဲ့၊ တခြားထူးခြားတဲ့ အချက်တွေများရှိရင် အဲတာလေးတွေလည်း ထောက်ပြပါဦး။ ကျနော်လည်း အကြမ်းဖျဉ်းပဲ ဖတ်ရသေးတယ်။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ ကျနော်လည်း အကြမ်းဖျင်းပဲ ဖတ်ထားတာပါ။ ပြဿနာက ဘာလည်းဆိုတော့ အကောင့်အတုဖွင့်တာ၊ အွန်းလိုင်းပေါ်မှာ ပို့စ်တင်တာဆိုရင် သူတို့ စွဲချက်နဲ့ ငြိနေတယ်လေ။

ဥပမာ ပုဒ်မ ၆၆ (ဃ)ဆိုရင် လူတယောက်ကို စော်ကားတယ်၊ ထိခိုက်တယ်ဆိုမှ ငြိတာ။ အခုထုတ်ပြန်တဲ့ ဥပဒေမျိုးကတော့ blanket သိမ်းကျုံးပြီးအကုန်လုံးကို ချသလိုဖြစ်သွားတယ်။

သူတို့နဲ့ မဆီလျော်တဲ့ ဟာကိုတင်ရင် ဖမ်းတဲ့ ဆိုတဲ့ ပုံစံမျိုးဖြစ်တယ်။

ဦးသန်းလွင်ထွန်း။ ။ ဒါက အကောင့်တုရှိနေတယ်ဆိုတာကို မြင်တယ်ဆိုရင် အကောင့်တု လုပ်မှုနဲ့အရေးယူခံရမယ်။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ မှန်ပါတယ်။ ဥပမာ- ကျနော်တို့က ဆန္ဒပြတဲ့အကြောင်းတွေကို တင်ချင်တယ်။ ဒါပေမဲ့ ကိုယ် အကောင့်ကနေ မတင်ပဲ၊ အခြား အကောင့်တခု ဖန်တီးပြီးတော့ ကိုယ့်ဘာသာကိုယ် တင်လိုက်တယ်။

အဲဒါကို သူတို့က သိသွားတယ်ဆိုရင် Internet connection အရ log တွေအရ သူတို့အနေနဲ့ ကျနော့်ကို လာဖမ်းပြီးတော့ အကောင့်အတုလုပ်မှုနဲ့ တရားစွဲလို့ရတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲတော့ ဒါနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ ကွန်ပြူတာအသင်းချုပ်၊ နောက်ပြီးတော့ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေအနေနဲ့ ဘယ်လိုတုံ့ပြန်မယ်လို့ ကြားလဲ။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ မြန်မာ နည်းပညာလုပ်ငန်းမှာရှိနေသူတော်တော်များများကတော့ ဒါကို ဆန့်ကျင်ကြပါတယ်။ အထူးသဖြင့် တရားမဝင်တဲ့ အစိုးရဖြစ်နေတယ်ပေါ့။

ကျနော်တို့ လက်မခံတဲ့ စစ်အစိုးရက ပြဌာန်းတဲ့ ဥပဒေ ဖြစ်နေတဲ့အတွက် အားလုံးက တညီတညွတ်တည်း ကန့်ကွက်ကြပါတယ်။ဒါပေမယ့် မြန်မာ ကွန်ပျူတာ ဖယ်ဒရေးရှင်းကတော့ စစ်အစိုးရရဲ့ လမ်းစဉ်ကို လိုက်ဖို့ရှိပါတယ်။ သူတို့က ဒါကို ထောက်ခံဖို့ရှိပါတယ်။

အဲဒီမှာရှိတဲ့ CEC တော်တော်များများက စစ်အစိုးရနဲ့ ပတ်သက်ပြီး ပရောဂျက်တွေ တော်တော်များယူပြီး လုပ်နေတာတွေရှိတဲ့အတွက် သူတို့က အစိုးရကို လွန်ဆန်နိုင်လိမ့်မယ်လို့ မထင်ဘူး။

နောက်ပြီးတော့ IT industry ကိုလည်း သူတို့ တကယ် represent လုပ်လိမ့်မယ်လို့ ကျနော်တို့ မထင်ပါဘူးခင်ဗျ။

ဦးသန်းလွင်ထွန်း။ ။ အဲတော့ ဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကရော ဥပမာ- တယ်လီနော ကုမ္ပဏီလိုမျိုး သူတို့တွေကရော ဘယ်လိုတုံ့ပြန်မယ်လို့ ထင်လဲ။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။

ကျနော်ထင်တာကတော့ သူတို့ရဲ့ public engagement ပေါ်လစီနဲ့ပဲ သွားမယ်ထင်ပါတယ်။ မိခင်ကုမ္ပဏီတွေကို ဆက်မေးပြီးတော့ ဒီဟာကို လိုက်နာမလား၊ မလိုက်နာဘူးလားဆိုတာ ပြန်ပြောမှာပေါ့နော်။ ကျနော်ထင်တာကတော့ တယ်လီနော့၊

အော်ရီဒူတို့ကတော့ ထောက်ခံလိမ့်မယ် မထင်ဘူး။ ဒါပေမဲ့ သူတို့ ထောက်ခံ၊ မထောက်ခံ ဒါကတော့ ဥပဒေအနေနဲ့ဖြစ်လာမှာပဲ။

ဦးသန်းလွင်ထွန်း။ ။ ဒီဥပဒေကြီးကလည်း ကြည့်ရတာက နေ့ချင်းညချင်း ဆွဲလိုက်တဲ့ ဥပဒေတော့မဟုတ်ဘူး။ သေချာဆွဲထားပြီးတော့မှ အခု ထုတ်ပြတယ်ဆိုတဲ့ သဘောလား၊အရင်တုန်းက ဒီဥပဒေအကြောင်းကြားဖူးလား။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။

ကျနော်တို့ ကြားဖူးတာကတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ Roland Berger Consulting ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီကတဆင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို စင်္ကာပူကုမ္ပဏီ TPC Counsulting နဲ့ ချိတ်ပေးပြီးတော့ ဆိုက်ဘာလုံခြုံရေးဥပဒေ ကြမ်းကို ရေးခိုင်းခဲ့ပါတယ်။

TPC ကရေးပေးတဲ့ ဥပဒေကြမ်းရှိပါတယ်။ အဲဒါကတော့ စင်္ကာပူက ဆိုက်ဘာလုံခြုံရေးဥပဒေနဲ့ အတော်လေး ဆင်တူပါတယ်။ အဲဒီ ဥပဒေကြမ်းကို ရေးဆွဲပေးချိန်မှာ ဆက်သွယ်ရေးဝန်ကြီးဌာနဘက်က မြန်မာပြည်က တတ်သိပညာရှင်တွေကို မျှဝေပြီး သဘောထား၊ အမြင်၊ အကြံဉာဏ်တောင်းပါတယ်။ စင်္ကာပူရဲ့ဥပဒေက မြန်မာပြည်နဲ့ တိုက်ရိုက်ကြီး မအပ်စပ်ခဲ့တာကို တွေ့ရှိခဲ့တဲ့အတွက် ဒါကို မသုံးသင့်ပဲနဲ့ ဂိုက်လိုင်းအနေနဲ့ သုံးပြီး မြန်မာနိုင်ငံမှာ ကိုယ့်ဘာသာကိုယ် ရေးဆွဲဖို့ဆိုပြီး အကြံပြန်ပြုကြပါတယ်။

အဲဒီအချိန်မှာ ဆက်သွယ်ရေးဝန်ကြီးဌာန နဲ့ TPC အကြီးအကျယ် စကားများပြီး ပိုက်ဆံပြန်တောင်းတဲ့အထိတောင် ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဥပဒေကြမ်းကို ပြန်ပြီးမပြင်ပဲနဲ့ ဆက်ပြီးရေးနေတယ်လို့ ကြားရပါတယ်။ ဒါပေမယ့် အခုဒီနေ့မှ ဥပဒေကြမ်းကို ပြန်ပြီး ထုတ်လိုက်တာပါ။

ဦးသန်းလွင်ထွန်း။ ။ အဲတော့ ဒီနေ့ထုတ်လိုက်တဲ့ မူကြမ်းက စင်္ကာပူမှာရှိတဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေနဲ့တော်တော်လေးဆင် တယ်လို့ ပြောလို့ရတယ်ပေါ့။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ တော်တော်လေးဆင်ပါတယ်။ စည်းမျဉ်းသတ်မှတ်ချက်အပိုင်းကတော့ တော်တော်လေးဆင်ပါတယ်။ဒါပေမဲ့ intrusive surveillance ထိုးဖောက်ဝင်ရောက် စောင့်ကြည့်တဲ့အပိုင်းကတော့ မြန်မာဘက်ကထည့်တာလို့ ကျနော်မြင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ စစ်ကောင်စီက ပြဌာန်းတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြစ်ဒဏ်ချမှတ်မှု တို့ဘာတို့ကြတော့ ဒီဘက်ရောက်မှ ထပ်ပြီးထည့်ထားတာနဲ့ တူတယ်။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ မှန်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့ ဆွေးနွေးဖို့ သတ်မှတ်ထားတဲ့ ရက်က ဘယ်တော့လဲ။ ပြန်ပြောပါဦး။

ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ ဖေဖေါ်ဝါရီ (၁၅) ရက်ပါ။ ဒါကိုနောက်ဆုံးထားပြီးတော့ (၁၅)ရက်နေ့မှာ ပို့ရမယ်လို့ ပြောထားပါတယ်။

ကျနော်မြင်တာတော့ (၁၅)ရက်နေ့ နောက်ပိုင်းမှာ မြန်မာပြည်ထဲကနေပြီးတော့ VPN တွေကျော်ပြီးထွက်တာတို့၊ Facebook ပေါ်တက်တာတို့ တော်တော်များများ လျော့သွားလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ ဒီဥပဒေကို ပြဌာန်းလိုက်မယ်ဆိုတာနဲ့ စပြီး ထိန်းချုပ်တော့မယ်။ ပြီးလို့ရှိရင် အွန်လိုင်းမှာ active ဖြစ်နေသူတွေ၊ သတင်းပေးတဲ့ သူတွေ အဖမ်းခံရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

VOA မြန်မာ

အာဏာသိမ်း စစ်ကောင်စီက အပူတပြင်း ပြဌာန်းမယ့် ဆိုက်ဘာဥပဒေ ဘာရည်ရွယ်ချက်လဲ

11 ဖေဖော်ဝါရီ၊ 2021 ဦးသန်းလွင်ထွန်း

Leave a Comment