အင်းစိန်၊ ဆယ်မို င်ကုန်းမှာ ညပိုင်းလုံခြုံရေးအတွက် လူငယ်ကင်းအဖွဲ့တွေချထားမည်ဟုဆို
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ညပိုင်းလူဖမ်းပွဲတွေရက်ဆက်ဖြစ်လာတာကြောင့် ရပ်ကွက်နေပြည်သူတွေဟာ စိတ်မလုံခြုံမှုကိုခံစားနေရတာပါ။
ဖေဖော်ဝါရီ၁၃ရက်နေ့ညနေပိုင်းမှာ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ဆယ်မိုင်ကုန်းက ရပ်မိရပ်ဖတွေနဲ့လူငယ်တွေ အစည်းအဝေးပြုလုပ်ပြီး
လူငယ်ကင်းအဖွဲ့တွေ ချထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
လမ်းထိပ်၊ လမ်းဆုံလမ်းခွတိုင်းမှာ လူငယ်တွေအဖွဲ့ဖွဲ့ပြီး ညလုံးပေါက် ကင်းစောင့်သွားမှာ ဖြစ်ပါတယ်။DVB
…ပြည်သူ့လုံခြုံရေးကွန်ရက်များ ရပ်ကွက်များတွင်ဖွဲ့စည်း…
ရန်ကုန်၊ဖေဖော်ဝါရီ၁၃ရက် တောင်ဒဂုံအမတ်ဦးညီညီက အများပြည်သူကို အသိပေးပြောကြားခဲ့လိုက်ပါတယ်။
“တောင်ဒဂုံမြို့နယ်ရပ်ကွက်အသီးသီးရှိလမ်းများမှာလူငယ်/ရွယ် များအနေဖြင့် ပြည်သူ့လုံခြုံရေးကွန်ရက်များအားဖွဲ့စည်းနေကြပါပြီ။
ရည်ရွယ်ချက်ကတော့ – ထောင်ထွက်ခိုးဆိုးလုယက်များနှင့် အချိန်မတော် အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းများရန်မှကာကွယ်ရန်ဖြစ်ပါတယ်။
ကျန်ရှိနေသေးတဲ့ရပ်ကွက်များအနေဖြင့်ဆက်လက်ဖွဲ့သွားပေးဖို့ တိုက်တွန်းပါတယ်ခင်ဗျာ”လို့ဆိုပါတယ်။
နေကျော်/Myanmar Harp
Zawgyi
အင္းစိန္၊ ဆယ္မို င္ကုန္းမွာ ညပိုင္းလုံျခဳံေရးအတြက္ လူငယ္ကင္းအဖြဲ႕ေတြခ်ထားမည္ဟုဆို
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ညပိုင္းလူဖမ္းပြဲေတြရက္ဆက္ျဖစ္လာတာေၾကာင့္ ရပ္ကြက္ေနျပည္သူေတြဟာ စိတ္မလုံျခဳံမွုကိုခံစားေနရတာပါ။
ေဖေဖာ္ဝါရီ၁၃ရက္ေန႔ညေနပိုင္းမွာ အင္းစိန္ၿမိဳ႕နယ္၊ ေစာ္ဘြားႀကီးကုန္းရပ္ကြက္၊ ဆယ္မိုင္ကုန္းက ရပ္မိရပ္ဖေတြနဲ႔လူငယ္ေတြ အစည္းအေဝးျပဳလုပ္ၿပီး
လူငယ္ကင္းအဖြဲ႕ေတြ ခ်ထားဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။
လမ္းထိပ္၊ လမ္းဆုံလမ္းခြတိုင္းမွာ လူငယ္ေတြအဖြဲ႕ဖြဲ႕ၿပီး ညလုံးေပါက္ ကင္းေစာင့္သြားမွာ ျဖစ္ပါတယ္။DVB
…ျပည္သူ႔လုံျခဳံေရးကြန္ရက္မ်ား ရပ္ကြက္မ်ားတြင္ဖြဲ႕စည္း…
ရန္ကုန္၊ေဖေဖာ္ဝါရီ၁၃ရက္ ေတာင္ဒဂုံအမတ္ဦးညီညီက အမ်ားျပည္သူကို အသိေပးေျပာၾကားခဲ့လိုက္ပါတယ္။
“ေတာင္ဒဂုံၿမိဳ့နယ္ရပ္ကြက္အသီးသီးရွိလမ္းမ်ားမွာလူငယ္/ရြယ္ မ်ားအေနျဖင့္ ျပည္သူ႔လုံျခဳံေရးကြန္ရက္မ်ားအားဖြဲ႕စည္းေနၾကပါၿပီ။
ရည္ရြယ္ခ်က္ကေတာ့ – ေထာင္ထြက္ခိုးဆိုးလုယက္မ်ားႏွင့္ အခ်ိန္မေတာ္ အဓမၼဖမ္းဆီးေခၚေဆာင္ျခင္းမ်ားရန္မွကာကြယ္ရန္ျဖစ္ပါတယ္။
က်န္ရွိေနေသးတဲ့ရပ္ကြက္မ်ားအေနျဖင့္ဆက္လက္ဖြဲ႕သြားေပးဖို့ တိုက္တြန္းပါတယ္ခင္ဗ်ာ”လို့ဆိုပါတယ္။
ေနေက်ာ္/Myanmar Harp