လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေတွေကြောင့် အောင်ဘာလေ ထီဖွင့်ပွဲရက် နောက်ဆုတ်ပေးဖို့ ထီလုပ်ငန်းရှင်တွေက တောင်းဆိုနေကြပါတယ်။
တပ်မတော်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီးနောက်ပိုင်း ထီထုတ်တဲ့သူတွေဟာ လက်ရှိအချိန်ထိ သူတို့လက်ထဲမှာထီစာအုပ်တွေရှိနေပြီး
ထိုးသားတွေလက်ထဲကိုမ ရောက်ရှိသေးကြပါဘူး။
ဒါကြောင့် ဒီလမှာ ထီဖွင့်ပွဲကို နောက်မဆုတ်ပေးဘဲ ဖွင့်ခဲ့မယ်ဆိုရင် နောက်လတွေမှာ ရောင်းမယ့်သူမရှိဘဲ ရပ်တန့်သွားဖို့ရှိတယ်လို့ ထီအရောင်းကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
နိုင်ငံရေးဖြစ်နေတဲ့အချိန်မှာ ပြည်သူတွေဟာ ထီဘက်ကို စိတ်ဝင်စားမှုမရှိတော့ဘဲ ထီထိုးသူတွေ အရမ်းနည်းပါးသွားတဲ့အတွက် ထီလုပ်ငန်းရှင်တွေဟာ သူတို့ရင်းနှီးထားတဲ့
အရင်းအနှီးတွေ ဆုံးရှုံးမှာကိုလည်း စိုးရိမ်နေကြတယ်လို့ဆိုလာပါတယ်။
ထီအရောင်းအဝယ်ဆိုတာသက်တမ်းနဲ့ရောင်းနေရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ သပ်တမ်းကာလမှာရောင်းမကုန်ဘူးဆိုရင် ဆုံးရှုံးမှုတွေကြီးလာနိုင် လာပါတယ်။
လက်ရှိအချိန် ပြည်သူတွေကလည်း စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ဘယ်လိုလုပ်ငန်းမျိုးမဆို သပိတ်မှောက် ကန့်ကွက်မှုတွေရှိနေတာပါ။
ပြည်သူတွေအနေနဲ့ အစိုးရထီကိုထိုးပြီး ထီပေါက်ခဲ့မယ်ဆိုရင်တောင် ဘယ်လိုထုတ်ယူရမလဲဆိုတဲ့ မသေချာမှုတွေကြောင့် ထီးထိုးတဲ့သူတွကလည်း စိုးရိမ်ပူပန်တွေရှိနေကြတာပါ။
အခုဆိုရင် နိုင်ငံတဝန်လုံးမှာရှိနေတဲ့ အစိုးရဌာနအသီးသီးပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေကလည်း တပ်မတော်ရဲ့အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ CDM ပါဝင်လှုပ်ရှား မှုမှာ ပါဝင်နေကြတာပါ။
အကောက်ခွန်ဦးစီးဌာနက ဝန်းထမ်းတော်တော်များများကတော့ CDMလှုပ်ရှားမှုမှာ မပါဝင်သေးတာတွေလည်း ရှိနေကြပါတယ်။
DVB
Zawgyi
လက္ရွိ ျမန္မာ့နိုင္ငံေရးအေျခအေနေတြေၾကာင့္ ေအာင္ဘာေလ ထီဖြင့္ပြဲရက္ ေနာက္ဆုတ္ေပးဖို႔ ထီလုပ္ငန္းရွင္ေတြက ေတာင္းဆိုေနၾကပါတယ္။
တပ္မေတာ္အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကစၿပီးေနာက္ပိုင္း ထီထုတ္တဲ့သူေတြဟာ လက္ရွိအခ်ိန္ထိ သူတို႔လက္ထဲမွာထီစာအုပ္ေတြရွိေနၿပီး
ထိုးသားေတြလက္ထဲကိုမ ေရာက္ရွိေသးၾကပါဘူး။
ဒါေၾကာင့္ ဒီလမွာ ထီဖြင့္ပြဲကို ေနာက္မဆုတ္ေပးဘဲ ဖြင့္ခဲ့မယ္ဆိုရင္ ေနာက္လေတြမွာ ေရာင္းမယ့္သူမရွိဘဲ ရပ္တန႔္သြားဖို႔ရွိတယ္လို႔ ထီအေရာင္းကိုယ္စားလွယ္တစ္ဦးက ေျပာပါတယ္။
နိုင္ငံေရးျဖစ္ေနတဲ့အခ်ိန္မွာ ျပည္သူေတြဟာ ထီဘက္ကို စိတ္ဝင္စားမွုမရွိေတာ့ဘဲ ထီထိုးသူေတြ အရမ္းနည္းပါးသြားတဲ့အတြက္ ထီလုပ္ငန္းရွင္ေတြဟာ သူတို႔ရင္းႏွီးထားတဲ့
အရင္းအႏွီးေတြ ဆုံးရွုံးမွာကိုလည္း စိုးရိမ္ေနၾကတယ္လို႔ဆိုလာပါတယ္။
ထီအေရာင္းအဝယ္ဆိုတာသက္တမ္းနဲ႔ေရာင္းေနရတဲ့ လုပ္ငန္းျဖစ္တဲ့အတြက္ သတ္မွတ္ထားတဲ့ သပ္တမ္းကာလမွာေရာင္းမကုန္ဘူးဆိုရင္ ဆုံးရွုံးမွုေတြႀကီးလာနိုင္ လာပါတယ္။
လက္ရွိအခ်ိန္ ျပည္သူေတြကလည္း စစ္တပ္နဲ႔ ပတ္သက္ဆက္ႏႊယ္ေနတဲ့ ဘယ္လိုလုပ္ငန္းမ်ိဳးမဆို သပိတ္ေမွာက္ ကန႔္ကြက္မွုေတြရွိေနတာပါ။
ျပည္သူေတြအေနနဲ႔ အစိုးရထီကိုထိုးၿပီး ထီေပါက္ခဲ့မယ္ဆိုရင္ေတာင္ ဘယ္လိုထုတ္ယူရမလဲဆိုတဲ့ မေသခ်ာမွုေတြေၾကာင့္ ထီးထိုးတဲ့သူတြကလည္း စိုးရိမ္ပူပန္ေတြရွိေနၾကတာပါ။
အခုဆိုရင္ နိုင္ငံတဝန္လုံးမွာရွိေနတဲ့ အစိုးရဌာနအသီးသီးေပါင္းစုံ ျပည္သူ႔ဝန္ထမ္းေတြကလည္း တပ္မေတာ္ရဲ့အာဏာသိမ္းမွုကို ဆန႔္က်င္ကန႔္ကြက္တဲ့အေနနဲ႔ CDM ပါဝင္လွုပ္ရွား မွုမွာ ပါဝင္ေနၾကတာပါ။
အေကာက္ခြန္ဦးစီးဌာနက ဝန္းထမ္းေတာ္ေတာ္မ်ားမ်ားကေတာ့ CDMလွုပ္ရွားမွုမွာ မပါဝင္ေသးတာေတြလည္း ရွိေနၾကပါတယ္။
DVB