ကြာသပတေး သားသမီးများဟာ…
အများအားဖြင့် အရပ်မှာမနိမ့်လွန်း မမြင့်လွန်း အရပ် ခပ်လတ်လတ်နှင့် ကိုယ်ခန္ဓာအနေအထား မှာ မဝလွန်း မပိန်လွန်းသောအနေအထားတွင်ရှိနေတက်ပြီး
မိန်းခလေးများဖြစ်ပါက အများအားဖြင့် ခါးမှာသွယ်သွယ် နှင့် ကိုယ်ခန္ဓာသေးသွယ်လှပသော အနေအထားတွင်ရှိနေတတ်ပါတယ်။
အသက်ကြီးသော်လည်းအရွယ်မကျ ပိုလှနေတက်သူများဖြစ်ပါတယ်။
အသားအရေမှာ ညိုသည်ဖြစ်စေ ဖြူသည်ဖြစ်စေ နူးညံ့အိစက်နေသောအသားအရေ ကိုပိုင်ဆိုင်ထားသူများဖြစ်နေခြင်း၊ သေးသွယ်သော မျက်ခုံးလှပသောနှုတ်ခမ်းနှင့် နှာတံစင်းစင်း နှင့်လှနေတက်သောအလှပိုင်ရှင်များဖြစ်ပါတယ်။
ထူးခြားတဲ့ အားသာချက်ကတော့ အမြဲတမ်းအေးချမ်းသောအပြုံးများရှိနေတက်ပြီး အနေအေးအေးဖြင့် ကြည့်၍ကောင်းနေသောသူများဖြစ်ပါတယ်။
ကြာသပတေး သားသမီးများဟာ လူလတ်ပိုင်းအရွယ်များထက် လူငယ်ပိုင်းအရွယ်နှင့် အသက်ကြီးပိုင်းအရွယ်များတွင် အခြားသောသူများထက်ပို၍ ကြည့်ကောင်းသောသူများဖြစ်ပါတယ်။
အများအားဖြင့် မျက်နှာပေါ်တွင်မှဲ့များပါရှိနေသောသူများသည် လူအများအလယ်တွင်ထင်ရှားကာ လူသိများသောသူများဖြစ်တတ်ပါတယ်။
လူချစ်လူခင်အလွန်ပေါများ၍ လူငယ်များတွင် ပီယစန်းရှိသည်ဟုဆိုရပေမည်။
အများအားဖြင့်
အနေအေး၍ သွေးလည်းအေးတက်သလို မျက်နှာက ပြုံးပြုံး ပြုံးပြုံးနှင့် အလွန်သီးခံတက်သောသူများ ဖြစ်သည်။
အလုပ်အကိုင်များတွင် အလွန်ကြိုးစားသူများမဟုတ်သော်လည်း ရည်မှန်းချက်ကြီးကြီးနှင့် ဦးနှောက်ဖြင့် အတွေးအခေါ် ပိုင်းကိုအမြဲဦးစားပေးလုပ်တက်သော အလေ့အထရှိသူများဖြစ်တက်ပါတယ်။
ကြီးသူကိုရိုသေ ရွယ်သူကိုလေးစား ငယ်သူကိုသနားတက်ပြီး ကိုယ်ကျင့်သီလကိုတန်းဖိုးထားတက်သောသူများဖြစ်ပါသည်။
အရာရာကို စဉ်းစားချင့်ချိန် လုပ်ကိုင်တက်၍ ဘဝတွင်အမှားနည်းသောသူများဟုဆိုရပေမည်။
ကြာသပတေးသားသမီးများ၏ အားနည်းချက်မှာ အလွန်အားနာတက်ခြင်းဖြစ်ပါတယ်။
ဘဝတွင်တစ်ကြိမ်တစ်ခါမနာလိုသူတွေရဲ့တိုက်ခိုက်ခြင်းကိုခံတက်ပြီး အခတ်အခဲအချို့ ကြုံတွေ့ရတက်ပါတယ်။
မလိမ် မညာတက်ဘဲ အမှန်တရားကိုယုံကြည်သူဖြစ်ပြီး ဘယ်တော့အခါမှ အချိန်ကြာကြာ ဒုက္ခဆင်းရဲမရောက်ဘဲ ပညာဖြင့်ယှဉ်က အရာရာကို အောင်မြင်တက်သောသူများဖြစ်ပါတယ် ။
ကြာသပတေးသားသမီးများဟာ အများအားဖြင့်အချစ်ရေးမှာ ဟန်ဆောင်မျိုသိပ်စိတ်ရှိတက်သောသူများဖြစ်ကြပါတယ်။
မိမိရင်ထဲချစ်နေသလောက် ထုတ်ဖော်မပြောတက်သော်လည်း ချစ်မိပြီဆိုပါက လေးလေးနက်နက်တည်တည်ကြည်ကြည် ချစ်တက်သောသူများဖြစ်ပါတယ်။
အချစ်ရေးတွင် ရည်းစားများများထားရတာမျိူးကို မနှစ်သက်သောသူများဖြစ်ပါတယ် သို့သော် ဘဝတွင်ရတာမလိုလိုတာမရအချစ်ရေးကို တခါတရံအလိုမကျ ဖြစ်နေရတက်ပါတယ်။
ဘဝရဲ့ အချစ်ရေး အိမ်ထောင်ရေးမျှောင်လင့်ချက်မှာအေးအေးချမ်းချမ်းနှင့်ကြည်းနူးစရာကောင်းသော မိသားစုဘဝကို အမြဲမျော်လင့်တောင်းတနေသူများဖြစ်ပါတယ်။
သို့သော် ဦးနှောက်ကိုလည်းမပြစ်ပယ်နိုင် နှလုံးသားကိုလည်းမလွန်ဆန်နိုင် နှင့် ဦးနှောက်ဖြင့်တည်ဆောက်ထားသော နှလုံးသားကိုပိုင်ဆိုင်သူများဟုဆိုရပေမည်။
ကြာသပတေးသားသမီးများသည်ချစ်သူ အိမ်ထောင်ဖတ်များအပေါ်အနစ်နာခံကာ ကြင်နာပြတက်ခြင်း၊ နာလည်းပေးတက်ခြင်း၊ နွေးထွေးပေးတက်ခြင်း တို့ကြောင့်
သင့်အနေဖြင့် ကြာသပတေးသားသမီးများနှင့် တွေ့ကြုံ ချစ်ကြိုက် လက်ထပ်ရမည်ဆိုပါကနားလည်မှုပြည့်ဝ၍ အေးချမ်းသောအချစ်ရေးနှင့် ကြည်နူးစရာကောင်းသော မိသားစုဘဝကိုအမှန်တကယ်ပိုင်ဆိုင်ရသူများဖြစ်ပါလိမ့်မည်။
ကြာသပတေး သားသမီးများ အားလုံး …
ဘဝတစ်လျှောက်လုံး အေးချမ်းပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ကြပါစေ…..
ဆရာဦးဘိုနိုင် (ဗေဒင်)
Zawgyi
ၾကာသပေတး သားသမီးမ်ားဟာ…
အမ်ားအားျဖင့္ အရပ္မွာမနိမ့္လြန္း မျမင့္လြန္း အရပ္ ခပ္လတ္လတ္ႏွင့္ ကိုယ္ခႏၶာအေနအထား မွာ မဝလြန္း မပိန္လြန္းေသာအေနအထားတြင္ရွိေနတက္ၿပီး
မိန္းခေလးမ်ားျဖစ္ပါက အမ်ားအားျဖင့္ ခါးမွာသြယ္သြယ္ ႏွင့္ ကိုယ္ခႏၶာေသးသြယ္လွပေသာ အေနအထားတြင္ရွိေနတတ္ပါတယ္။
အသက္ႀကီးေသာ္လည္းအရြယ္မက် ပိုလွေနတက္သူမ်ားျဖစ္ပါတယ္။
အသားအေရမွာ ညိဳသည္ျဖစ္ေစ ျဖဴသည္ျဖစ္ေစ ႏူးညံ့အိစက္ေနေသာအသားအေရ ကိုပိုင္ဆိုင္ထားသူမ်ားျဖစ္ေနျခင္း၊ ေသးသြယ္ေသာ မ်က္ခုံးလွပေသာႏွုတ္ခမ္းႏွင့္ ႏွာတံစင္းစင္း ႏွင့္လွေနတက္ေသာအလွပိုင္ရွင္မ်ားျဖစ္ပါတယ္။
ထူးျခားတဲ့ အားသာခ်က္ကေတာ့ အျမဲတမ္းေအးခ်မ္းေသာအျပဳံးမ်ားရွိေနတက္ၿပီး အေနေအးေအးျဖင့္ ၾကည့္၍ေကာင္းေနေသာသူမ်ားျဖစ္ပါတယ္။
ၾကာသပေတး သားသမီးမ်ားဟာ လူလတ္ပိုင္းအရြယ္မ်ားထက္ လူငယ္ပိုင္းအရြယ္ႏွင့္ အသက္ႀကီးပိုင္းအရြယ္မ်ားတြင္ အျခားေသာသူမ်ားထက္ပို၍ ၾကည့္ေကာင္းေသာသူမ်ားျဖစ္ပါတယ္။
အမ်ားအားျဖင့္ မ်က္ႏွာေပၚတြင္မွဲ႕မ်ားပါရွိေနေသာသူမ်ားသည္ လူအမ်ားအလယ္တြင္ထင္ရွားကာ လူသိမ်ားေသာသူမ်ားျဖစ္တတ္ပါတယ္။
လူခ်စ္လူခင္အလြန္ေပါမ်ား၍ လူငယ္မ်ားတြင္ ပီယစန္းရွိသည္ဟုဆိုရေပမည္။
အမ်ားအားျဖင့္
အေနေအး၍ ေသြးလည္းေအးတက္သလို မ်က္ႏွာက ျပဳံးျပဳံး ျပဳံးျပဳံးႏွင့္ အလြန္သီးခံတက္ေသာသူမ်ား ျဖစ္သည္။
အလုပ္အကိုင္မ်ားတြင္ အလြန္ႀကိဳးစားသူမ်ားမဟုတ္ေသာ္လည္း ရည္မွန္းခ်က္ႀကီးႀကီးႏွင့္ ဦးေႏွာက္ျဖင့္ အေတြးအေခၚ ပိုင္းကိုအျမဲဦးစားေပးလုပ္တက္ေသာ အေလ့အထရွိသူမ်ားျဖစ္တက္ပါတယ္။
ႀကီးသူကိုရိုေသ ရြယ္သူကိုေလးစား ငယ္သူကိုသနားတက္ၿပီး ကိုယ္က်င့္သီလကိုတန္းဖိုးထားတက္ေသာသူမ်ားျဖစ္ပါသည္။
အရာရာကို စဥ္းစားခ်င့္ခ်ိန္ လုပ္ကိုင္တက္၍ ဘဝတြင္အမွားနည္းေသာသူမ်ားဟုဆိုရေပမည္။
ၾကာသပေတးသားသမီးမ်ား၏ အားနည္းခ်က္မွာ အလြန္အားနာတက္ျခင္းျဖစ္ပါတယ္။
ဘဝတြင္တစ္ႀကိမ္တစ္ခါမနာလိုသူေတြရဲ့တိုက္ခိုက္ျခင္းကိုခံတက္ၿပီး အခတ္အခဲအခ်ိဳ႕ ၾကဳံေတြ႕ရတက္ပါတယ္။
မလိမ္ မညာတက္ဘဲ အမွန္တရားကိုယုံၾကည္သူျဖစ္ၿပီး ဘယ္ေတာ့အခါမွ အခ်ိန္ၾကာၾကာ ဒုကၡဆင္းရဲမေရာက္ဘဲ ပညာျဖင့္ယွဥ္က အရာရာကို ေအာင္ျမင္တက္ေသာသူမ်ားျဖစ္ပါတယ္ ။
ၾကာသပေတးသားသမီးမ်ားဟာ အမ်ားအားျဖင့္အခ်စ္ေရးမွာ ဟန္ေဆာင္မ်ိဳသိပ္စိတ္ရွိတက္ေသာသူမ်ားျဖစ္ၾကပါတယ္။
မိမိရင္ထဲခ်စ္ေနသေလာက္ ထုတ္ေဖာ္မေျပာတက္ေသာ္လည္း ခ်စ္မိၿပီဆိုပါက ေလးေလးနက္နက္တည္တည္ၾကည္ၾကည္ ခ်စ္တက္ေသာသူမ်ားျဖစ္ပါတယ္။
အခ်စ္ေရးတြင္ ရည္းစားမ်ားမ်ားထားရတာမ်ိဴးကို မႏွစ္သက္ေသာသူမ်ားျဖစ္ပါတယ္ သို႔ေသာ္ ဘဝတြင္ရတာမလိုလိုတာမရအခ်စ္ေရးကို တခါတရံအလိုမက် ျဖစ္ေနရတက္ပါတယ္။
ဘဝရဲ့ အခ်စ္ေရး အိမ္ေထာင္ေရးေမၽွာင္လင့္ခ်က္မွာေအးေအးခ်မ္းခ်မ္းႏွင့္ၾကည္းႏူးစရာေကာင္းေသာ မိသားစုဘဝကို အျမဲေမ်ာ္လင့္ေတာင္းတေနသူမ်ားျဖစ္ပါတယ္။
သို႔ေသာ္ ဦးေႏွာက္ကိုလည္းမျပစ္ပယ္နိုင္ ႏွလုံးသားကိုလည္းမလြန္ဆန္နိုင္ ႏွင့္ ဦးေႏွာက္ျဖင့္တည္ေဆာက္ထားေသာ ႏွလုံးသားကိုပိုင္ဆိုင္သူမ်ားဟုဆိုရေပမည္။
ၾကာသပေတးသားသမီးမ်ားသည္ခ်စ္သူ အိမ္ေထာင္ဖတ္မ်ားအေပၚအနစ္နာခံကာ ၾကင္နာျပတက္ျခင္း၊ နာလည္းေပးတက္ျခင္း၊ ေႏြးေထြးေပးတက္ျခင္း တို႔ေၾကာင့္
သင့္အေနျဖင့္ ၾကာသပေတးသားသမီးမ်ားႏွင့္ ေတြ႕ၾကဳံ ခ်စ္ႀကိဳက္ လက္ထပ္ရမည္ဆိုပါကနားလည္မွုျပည့္ဝ၍ ေအးခ်မ္းေသာအခ်စ္ေရးႏွင့္ ၾကည္ႏူးစရာေကာင္းေသာ မိသားစုဘဝကိုအမွန္တကယ္ပိုင္ဆိုင္ရသူမ်ားျဖစ္ပါလိမ့္မည္။
ၾကာသပေတး သားသမီးမ်ား အားလုံး …
ဘဝတစ္ေလၽွာက္လုံး ေအးခ်မ္းေပ်ာ္ရႊင္စြာ အသက္ရွင္ေနထိုင္နိုင္ၾကပါေစ…..
ဆရာဦးဘိုနိုင္ (ေဗဒင္)