CDM လုပ်ဆောင်သည့် ဝန်ထမ်း ၁၄ ဦးကို တာဝန်မှ ရပ်ဆိုင်းခံကြရ
ကယားပြည်နယ် ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ( Civil Disobedience Movement ) CDM လုပ်ဆောင်သည့်
ဝန်ထမ်း ၁၄ ဦးကို တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် အမျိုးသား ရ ဦးနှင့်
အမျိုးသမီး ရ ဦးတို့ကို CDM ၌ ပါဝင်သဖြင့် တာဝန်မှ ယာယီရပ်ဆိုင်လိုက်ကြောင်း အုပ်ချုပ်ရေးမှူးအောင်မြင့်ထွန်း လက်မှတ်ရေးထိုးကာ ထုတ်ပြန်ထားခြင်း ဖြစ်ပါသည်။
ကယားပြည်နယ် ဌာနဆိုင်ရာ အသီးသီမှတချို့သော ဝန်ထမ်းများသည် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်လျက်ရှိကာ လတ်တလော တွင် CDM အဖြစ်
ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်များမှ ရဲတပ်သာ ရ၅ ဦး အထိ ပါဝင်လာပြီး ဖြစ်ကြောင်း ယမန်နေ့က လွိုင်ကော်တွင် ပြုလုပ်သည့်
၂ ငါးလုံး စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်ကော်မီတီက ကြေညာကြခဲ့သည်။
ဒီအပြင် CDM တွင် ပါဝင်ခဲ့သည့် ရဲဝန်ထမ်းများအား လုံခြုံရေးနှင့် စားဝတ်နေရေးများကို လူထုများက ကူညီဆောင်ရွက်ပေးနေကြောင်းလည်း
ကယားပြည်နယ်သပိတ်ကော်မီတီက ဆိုသည်။
Mizzima
Zawgyi
CDM လုပ္ေဆာင္သည့္ ဝန္ထမ္း ၁၄ ဦးကို တာဝန္မွ ရပ္ဆိုင္းခံၾကရ
ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ( Civil Disobedience Movement ) CDM လုပ္ေဆာင္သည့္
ဝန္ထမ္း ၁၄ ဦးကို တာဝန္မွ ရပ္ဆိုင္းလိုက္ေၾကာင္း ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ထားသည္။
ဖ႐ူဆိုၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန လက္ေအာက္တြင္ တာဝန္ထမ္းေဆာင္ေနသည့္ အမ်ိဳးသား ၇ ဦးႏွင့္
အမ်ိဳးသမီး ၇ ဦးတို႔ကို CDM ၌ ပါဝင္သျဖင့္ တာဝန္မွ ယာယီရပ္ဆိုင္လိုက္ေၾကာင္း အုပ္ခ်ဳပ္ေရးမွဴးေအာင္ျမင့္ထြန္း လက္မွတ္ေရးထိုးကာ ထုတ္ျပန္ထားျခင္း ျဖစ္ပါသည္။
ကယားျပည္နယ္ ဌာနဆိုင္ရာ အသီးသီမွတခ်ိဳ႕ေသာ ဝန္ထမ္းမ်ားသည္ စစ္အာဏာရွင္ အလိုမရွိေၾကာင္း ဆႏၵေဖာ္ထုတ္လ်က္ရွိကာ လတ္တေလာ တြင္ CDM အျဖစ္
ကယားျပည္နယ္ လြိဳင္ေကာ္၊ ဒီးေမာ့ဆို၊ ဖ႐ူဆိုၿမိဳ႕နယ္မ်ားမွ ရဲတပ္သာ ၇၅ ဦး အထိ ပါဝင္လာၿပီး ျဖစ္ေၾကာင္း ယမန္ေန႔က လြိဳင္ေကာ္တြင္ ျပဳလုပ္သည့္
၂ ငါးလုံး စစ္အာဏာရွင္ စနစ္ဆန႔္က်င္ေရး လူထုလွုပ္ရွားမွု သပိတ္ေကာ္မီတီက ေၾကညာၾကခဲ့သည္။
ဒီအျပင္ CDM တြင္ ပါဝင္ခဲ့သည့္ ရဲဝန္ထမ္းမ်ားအား လုံျခဳံေရးႏွင့္ စားဝတ္ေနေရးမ်ားကို လူထုမ်ားက ကူညီေဆာင္ရြက္ေပးေနေၾကာင္းလည္း
ကယားျပည္နယ္သပိတ္ေကာ္မီတီက ဆိုသည္။