သံပုရာ ရေနွေးစိမ်၏ ကောင်းကျိုးလေးများ
သံပုရာသီးရေနွေးစိမ် ၏စွမ်းရည် သတ္တိများ အခွံစိမ်းစိမ်းသံပုရာသီးတစ်လုံးကို လေးစိပ်စိပ်ပြီး ကြွေပုဂံတခုထဲတွင် ရေနွေးဖြူလောင်းထည့်ပါ ( ကြွေခွက်ကိုသာသုံးရမည်) ( အခွံဝါသည့်အသီးကိုမသုံးရ)။ လတ်ဆတ်သော အစိမ်းရောင်အခွံ သံပုရာသီးကို သာသုံးပါ အခွံကထွက်လာတဲ့ အဆီတွေက သွေးပေါင်ကိုထိန်းနိုင်စေပြီး အဝလွန်အဆီပိုတွေကို ကောင်းကျိုးပြုပါတယ် သံပုရာသီးတစ်နေ့တစ်လုံးပုံမှန်သောက်ပေးရင် သုံးလဆိုရင်ခါးနဲ့ဝမ်းဗိုက်မှအဆီများကျပြီး ကိုယ်ရည်စစ်သွားပါတယ်။ သံပုရာသီးရေနွေးစိမ်သောက်ပေးခြင်းဖြင့်…ခန္ဓာကိုယ်ကိုရေဓာတ်အဖြစ်ပံ့ပိုးပေးသည်။ရင်ပူခြင်းကို သက်သာစေပါတယ်။ ကြွက်သားနဲ့ အရိုးအဆစ်များ နာကျင်မူကိုသက်သာစေသည်။ ကိုယ်တွင်း ကိုယ်ပ ရောင်ရမ်းနာများကို ကောင်းကျိုးပြုပါတယ်။အင်ဇိုင်းပမာဏ တိုးပွားလာစေပါတယ် ။ သွေးတိုးရောဂါသည်များကို ကောင်းကျိုးပြုစေပါတယ်။ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ် ။ ကယ်လ်စီယမ်အနည်များကို ပျော်ဝင်စေနိုင်တာကြောင့်..ကျောက်ကပ်ကျောက်တည်ခြင်း ,သည်းခြေကျောက်တည်ခြင်း.,မုံချိုအိတ်(ပန်ကရိယ) ကျောက်တည်ခြင်း စတာတွေမဖြစ်စေတော့ပါ။ အရိုးအဆစ်အမြစ်များကို ဒုက္ခပေးတဲ့ ယူရင်းအက်ဆစ်ဓာတ်ပမာဏကို ကျစေပါတယ်။အရိုးနုများ အရိုးနဲ့တစ်သျူးတွေကို ကျမ်းမာစေပါတယ်။ အရေပြားပေါ်ရှိ အမာရွတ် အမည်းကွက် စသည်အပြစ်အနာအဆာများကို လျော့ပါးစေပါတယ်။ ဆေးသောက်နည်း… … Read more