ကိုက်လန်မှပေးသော ကျန်းမာရေးအကျိုးကျေးဇူးများ

ကိုက်လန်ရွက်၏ ကျန်းမာရေး အကျိုးကျေးဇူး ကိုက်လန်ရွက်သည် အဟာရစုပေါင်းရာ အရွက်တခုဖြစ်သည်။ ၁ – အစာချေလမ်းကြောင်းတခုကို ကျန်းမာစေခြင်း ကိုက်လန်မှာ အဆီဓာတ်မပါ ကယ်လိုရီပါဝင်မူနည်းပါးပြီး အမျှင်ဓာတ် ၅ ဂရမ်ပါဝင်သည်။ ၂ – သံဓာတ်ပါဝင်မူများခြင်း ကိုက်လန်နဲ့အမဲသား နိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ်ပိုမိုပါဝင်သည် – သံဓာတ်က ဟေမိုကလိုဗင်နဲ့ အင်ဇိုင်းဖြစ်ပေါ်စေကာခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးကို အောက်ဆီဂျင်ပို့ပေးခြင်း ဆဲယ်ကြီးထွားစေခြင်း အသည်း၏ လုပ်ငန်းဆောင်တာများကိုကောင်းမွန်စေခြင်း အထွေထွေကျန်းမာရေးကို အထောက်အကူပေးသည်။ ၃ – ဗီတာမင်ကေ ပါဝင်ခြင်း ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်ကေ ကိုက်လန်မှာများစွာပါဝင်ပါတယ်။ အရိုးကျန်းမာရေးကိုကောင်းစေတယ် – သွေးခဲတာကို မဖြစ်စေပါ – ဗီတာမင် ကေကြောင့် အယ်ဇိုင်းမားဝေဒနာသည်တွေကို သက်သာစေပါတယ်။ ၄ – ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေး ကိုက်လန်မှာကာရိုတီနွိက်နဲ့ … Read more

ထိုင်မသိမ်း ဆိုတဲ့ ရှေးအခေါ်ကို မတိမ်းပါးစေလိုပါ

ထိုင်မသိမ်း ! အခေါ်အဝေါ် မတိမ်းပါးစေလိုပါ တစ်ခါက. TV Channel တစ်ခု မှာ နံမည်ကျော် ဒီဇိုင်နာ တစ်ယောက်ရဲ့ Interview တစ်ခုကြည့် လိုက်ရတယ် ~~ သူက. သူဖန်တီး တဲ့ မဂ်လာဝတ်စုံ တွေ အကြောင်း အားတက်သရော ရှင်းပြနေတာပါ… အဲ့မှာ ဘာတွေ့လိုက်ရလဲ ဆိုတော့ သတို့သမီး ဗြန့်ထဘီကြီးကိုကိုင်၊ကိုင်ပြီး ဒီ ထိုင်မသိမ်းကို စီးကွင့်တွေ နဲ့ ဘယ်လို ထိုးထားတာ ၊ တန်ဖိုးကြီး စိန်ပွင့်တွေ အလုံးရေ ဘယ်လောက်စီ ထားတာဆိုပြီး ရှင်းပြနေလေရဲ့! ကိုယ့်မှာ စိတ်စနိုးစနောင့်ဖြစ်မိတယ် မြန်မာ့ရိုးရာ ဝတ်စုံ တစ်ထည်ရဲ့ အခေါ်အဝေါ် တစ်ခု ကို အထက်နဲ့ အောက် အကြိမ်ကြိမ်မှားပြီး ပြောနေ၊ခေါ်နေတာကိုပါ။ သူ့ … Read more

စကား နားထောင်နည်း အနှစ်ချုပ်

စကား နားထောင်နည်း အနှစ်ချုပ် ၁။ မိမိကောင်းကြောင်း ပြောလာတဲ့အခါ မကောင်းဘဲနှင့် ကောင်းတယ်ပြောနေရင်တော့ မိမိ တကယ်မကောင်းသေးကြောင်း ပြင်ပြောနိုင်အောင်ကြိုးစားပါ။ မြှောက်ပင့်ပြောရင်လည်း မြှောက်မှန်းသိပြီးခွင့်လွှတ်နိုင်ပါစေ။ကောင်းလို့မို့ ကောင်းတယ်ပြောရင်တော့ယစ်မူးဖို့ ကြိုးစားပါ။ ဘဝင်မမြင့်ပါနှင့်။ “ငါက ကောင်းတာလား၊ကောင်းတာလေးက ကောင်းတာလား” “ငါ့ကို ချီးမွမ်းကြတာလား၊ ကောင်းတဲ့သဘောလေးကို ချီးမွမ်းကြတာလား”လို့ စဉ်းစားပြီးအမှန်အတိုင်းသိပါစေ။ ၂။ မိမိ မကောင်းကြောင်း ပြောလာတဲ့အခါ ဟုတ်နေရင် ပြင်ဖို့ကြိုးစားပါ။အပြစ်ရှာပေးတာကို ကျေးဇူးတင်ပါ။ မဟုတ်ရင်တော့ အသိဉာဏ်နှင့်ယှဉ်ပြီး သည်းခံဖို့ ကြိုးစားပါ။သည်းခံနိုင်ဖို့အတွက် လောကကြီးက မစောင့်စည်းကြဘူးလို့ အမှန်သိပါ။ ကဲ့ရဲ့တဲ့ စကားသံတွေ သက်သက်ကြောင့်တော့ကိုယ့်မှာ ဘာမှဖြစ်မသွားပါဘူးလို့ အမှန်သိပါ။ဖြစ်စရာအကြောင်းတရားတွေရှိလို့ ဖြစ်တာလို့လည်း အမှန်သိပါ။ ၃။ အနှစ်မရှိတဲ့ စကားတွေကိုရှောင်ပြီး အနှစ်ရှိတဲ့ စကားတွေကိုပဲ ရွေးချယ်နားထောင်ပါ။ စကားတကာ စကားထဲမှာ အကောင်းဆုံးဖြစ်တဲ့မြတ်စွာဘုရားရဲ့ စကားတော်တွေကို … Read more

ဒီရေကျချိန် အလွန်လှပတဲ့ သန္တာကျောက်တန်းကြီး

“မာန်အောင်မြို့နယ်မှာ ဒီရေကျချိန် အလွန်လှပတဲ့ သန္တာကျောက်တန်းကြီး ပေါ်ထွက်လာလို့ လူထောင်ချီလာရောက်ပြီး ချိုးယူနေကြ” ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာအနီး ပင်လယ်ကမ်းစပ်တွင် ဒီရေကျသွားချိန် အလွန်လှပသော သဘာဝ သန္တာကျောက်တန်းတစ်ခု ပေါ်ထွက်လာသဖြင့် သွားရောက် ကြည့်ရှုသူများဖြင့် အထူးစည်ကားနေသည်ဟု သတင်းရရှိသည်။ မာန်အောင်မြို့မှ လူမှုရေးလူပ်ရှားဆောင်ရွက်နေသူ ကိုကျော်မိုးနိုင်က “ ဒီသဘာဝ သန္တာကျောက်တန်းက အရင်ကတည်းက ရှိပါတယ်။ ပြင်ကောက်ရွာအနီး ပင်လယ်ကမ်းစပ်မှာပါ။ အခုက ဒီရေခမ်းချိန်ဆို ရေပေါ်ကနေ ပေါ်ထွက်လာတယ်။ ဒီရေ ကျသွားရင် သန္တာကျောက်တန်းကို ဆင်းကြည့်လို့ရတယ်။ ကျောက်ပွင့်၊ ကျောက်ပန်းတွေနဲ့ အလွန်လှပတဲ့ အတွက် ဒေသခံတွေက သွားရောက်လည်ပတ်ကြည့်ရှုနေကြပါတယ်” ဟု သူက ပြောသည်။ ထိုသို့ လည်ပတ်ကြည့်ရှုရာတွင် တစ်ချို့ လူငယ်များက သန္တာကျောက်တန်းရှိ ပန်းပွင့်များကဲ့သို့ လှပနေသည့် ကျောက်ပွင့်၊ … Read more

ဈေးမဆစ်ပါနဲ့

မေမေတစ်ခါ​ပြောဖူးတယ်”ဇရစ်ချိုး မျှစ်ချိုး​ရောင်းသူ​တွေကို​ဈေးမဆစ်ပါနဲ့သမီးရယ် ရတာ​လေးနဲ့မကာ​အောင်သိပ်ပင်ပန်းကြတာကိုယ်ချင်းစာတတ်ရမယ်​နော်သမီး”တဲ့.. “မဆစ်နဲ့” မောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ပက်သက်လို့ဖေဖေ့စိတ်ထဲမှာစွဲသွားတာလေးတခုက”မဆစ်နဲ့” ဆိုတဲ့ စကားလေး သမီးရဲ့။ ဟုတ်တယ် သူပြောဖူးတယ်……” မဆစ်နဲ့”လို့။ခရီးတစ်ခုတော့ ခရီးတစ်ခုပဲ သမီးရဲ့။ မကွေးဘက်လား၊ မုံရွာဘက်လား၊ဒါမှမဟုတ် မတ္တရာဘက်လား၊ဖေဖေကောင်းကောင်း မမှတ်မိတော့ဘူး။ အဝေးပြေးကားကြီးနဲ့သွားကြရာကတစ်နေရာကားခဏထိုးရပ်လိုက်တဲ့အခါရေသန့်ဘူးရောင်းတဲ့ကလေးမ ကလေးတစ်ယောက်ကားအနားကိုကပ်လာပါလေရောလို့ ဆိုပါတော့။ ရေခဲစိမ်ထားလို့ထင်ပါရဲ့၊သူ့လက်ထဲကရေသန့်ဘူး သုံးလေးဘူးဟာရေတွေသီးလို့။ ခြစ်ခြစ်တောက်အောင်ပူတဲ့အညာနေရဲ့ အောက်မှာ”ရေသန့်ဘူး၊ ရေသန့်ဘူး”ဆိုတဲ့အသံလေးဟာ စာ နေတာပဲ။ နဂိုမူလ ညိုတဲ့အသားကလေးဟာနေအရှိန်မှာ ခြောက်နွမ်းလို့ပေါ့။ ထုံးစံအတိုင်း ဆရာချစ်ဦးညိုကရေသန့်ဘူးဝယ်ဖို့ ပြင်ဆင်ပါတယ်။ ဟဲ့ သမီးလေး ရေသန့်ဘူးဘယ်လောက်လဲ ဘာညာပေါ့။ကလေးမကလေးက သုံးရာ တဲ့။ သည်တုန်းက ရေသန့်ဘူးဈေးကနှစ်ရာလောက်ပဲ ရှိတဲ့အချိန်၊သုံးရာဆိုတော့နည်းနည်းလေး များသလိုလိုတော့ရှိတာပေါ့။ အဲသည်မှာ ဆရာချစ်ဦးညိုကဆစ်တော့တာပါ။ သမီးလေး များတယ်ဟဲ့တဲ့ ၊နှစ်ရာ့ငါးဆယ်ထားတဲ့။ သူကလည်း ဘာရယ်လို့မဟုတ်ပါဘူး၊ဆစ်နေက္မို့လို့ပဲလားကလေးမလေးကို ကျီစားချင်လို့ပဲလား၊တစ်ခုခုကြောင့် ဆစ်လိုက်ပုံ ရပါတယ်။ အဲသည့်အချိန်မှာမောင်စိန်ဝင်း(ပုတီးကုန်း) … Read more

ပြင်ဦးလွှင်ခေါ် ပန်းမြို့တော်ကို တည်ထောင်ခဲ့သူ၏ အုတ်ဂူ

ပန်းမြို့တော်အဖြစ်တည်ထောင်သူ ကာနယ်‌မေ၏အုတ်ဂူ မေမြို့အားဗြိတိသျှအစိုးရ၏ နွေရာသီတောင်စခန်းမြို့အဖြစ်တည်ထောင်သူColonel May(ဗိုလ်မူးကြီးမေ)၏အုတ်ဂူ ပြင်ဦးမည်သော ရှမ်းဓနုရွာလေးအား ၁၈၈၇တွင်ဘုရင်ခံနေထိုင်ရာ နွေရာသီတောင်စခန်းမြို့အဖြစ်ဦးဆောင်တည်ဆောက်သည် ၎င်း၏အမည်အားဂုဏ်ပြူ၍ ပြင်ဦးလွင်ရွာလေးအား မေမြို့ဟုခေါ်တွင်ခဲ့ကြသည် မေမြို့ ထောက်ပို့ / စစ်တပ်ဝင်းအတွင်းမှ ကာနယ် မေ ၏ အုတ်ဂူ ခရစ်ဒစ် Unicode ပန်းမြို့တော််အဖြစ်တည်ထောင်သူ ကာနယ်‌မေ၏အုုတ်ဂူ မေမြို့အားဗြိတိသျှအစိုးရ၏ နွေရာသီတောင်စခန်းမြို့အဖြစ်တည်ထောင်သူColonel May(ဗိုလ်မူးကြီးမေ)၏အုတ်ဂူ ပြင်ဦးမည်သော ရှမ်းဓနုရွာလေးအား ၁၈၈၇တွွင်ဘုရင်ခံနေထိုင်ရာ နွေရာသီတောင်စခန်းမြို့အဖြစ်ဦးဆောင်တည်ဆောက်သည် ၎င်း၏အမည်အားဂုဏ်ပြူ၍ ပြင်ဦးလွင်ရွာလေးအား မေမြို့ဟုခေါ်တွင်ခဲ့ကြသည် မေမြို့ ထောက်ပို့ / စစ်တပ်ဝင်းအတွင်းမှ ကာနယ် မေ ၏ အုတ်ဂူ ခရစ်ဒစ််

ဂရမ်မြေအကြောင်းနှင့် မည်သည့်မြေများကို ဂရန်ချထားနိုင်သလဲ

ဂရန်ဆိုသည်မှာ (၁) ဂရန်ဆိုတာ ဘာလဲ မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်းက ဂရန်ပေးတယ်လို့ ထင်နေသူတွေ အများကြီး တွေ့နေရပါတယ်။ မြေစာရင်းက ဂရန်ပေးခွင့် မရှိပါ။တည်ဆဥပဒေများတွင် အာဏာ အပ်မထားပါ။ အကြောင်းတစ်ရပ်အတွက် သက်သေခံအဖြစ် ကူးပေးရတဲ့ သက်သေခံ မြေပုံ ၁၀၅ ကိုတောင် ဂရန်မှတ်နေတဲ့ သူက ရှိသေး… ဂရန် အ ကြောင်း သိချင် ရင် ဖတ်ပါ……. “ဂရန်ဆိုသည်မှာ” အပိုင်း – ၁ ဂရန် ၁။ မြို့မြေများမှာလူနေထိုင်ရန် (Residential Purposes) အတွက်ဖြစ်စေ၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင် သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံး … Read more

အဲကွန်းနဲ့လျှပ်စစ်ပစ္စည်းတွေဝယ်ရင် ဒါလေးတွေကို စစ်ပါ

အဲကွန်းနဲ့လျှပ်စစ်ပစ္စည်းတွေဝယ်ရင်အဲဒါကိုကြည့်ပါ အဲဒါလေးကို Star rating လို့ခေါ်ပါတယ်။အဲဒါမပါရင် ဘာတံဆိပ်ဖြစ်ဖြစ် စွမ်းအင်သုံးစွဲမှုက ကိုယ်တိုင်တိုင်းကြည့်မှကောင်းမကောင်းသိရမှာပါ။ ပုံမှန်ကတော့1-Star ကနေ 5-Star ထိရှိပါတယ်။ နိုင်ငံအလိုက် Rating သတ်မှတ်ချက်တော့ကွဲပြားနိုင်ပါတယ်။ဒေသတွင်းကဆို ယိုးဒယားနဲ့ စင်္ကာပူ နိုင်ငံတွေရဲ့ Rating ကအစစ်အမှန်ရထားတာဆိုရင် တကယ်ကောင်းတဲ့ပစ္စည်းဖြစ်ပါတယ်။ 5-star အဆင့်လျှပ်စစ်ပစ္စည်းတွေက စွမ်းအင်သုံးစွဲအရမ်းသက်သာပါတယ်။အိမ်သုံးအဲကွန်းမှာတော့Start rating မြင့်ရင်မြင့်သလိုဝယ်ရင်းဈေးတော့ Rating နိမ့်တဲ့စက်တွေစာရင် ၂၅% လောက်ပိုကောင်းပိုနိုင်ပါတယ်။ ဒါပေမယ့် တနှစ်မကြာခင်မှာပဲ မီတာခသက်သာသွားလို့ နောက်နှစ်တွေမှာ တနှစ်ကိုမီတာခ သိန်းကျော်သက်သာနိုင်ပါတယ်။ဈေးကွက်ထဲမှာတော့ Star rating မပါပဲမီတခသက်သာတဲ့ အဲကွန်းတွေလည်းရှိပါတယ်.. ဒါပေမယ့်နားလည်မှသိနိုင်မှာပါ။ လျှပ်စစ်ပစ္စည်းတွေဝယ်တိုင်းCOP , EER ဘယ်လောက်ရှိလဲမေးကြည့်ပါCOP-3.5 အောက် ၊EER-11အောက်စက်တွေဝယ်မယ်ဆိုရင် ဒါလေးဖတ်ကြည့်ပေးပါမဖြေနိုင်ရင်..မဝယ်ပါနဲ့။ဝယ်မိရင်အိမ်ပေါ်မှာ အိမ်တွင်းသူခိုးတကောင်ရောက်နေသလိုပါပဲ။ ဥပမာ အဲကွန်း ဒါမှမဟုတ် လျှပ်စစ်ပစ္စည်းတွေဆိုပါတော့..သူ့တို့ကိုသုံးရာမှာစက်အမျိုးအစားတစ်ခုချင်းစီလိုက်လို့.. အမျိုးအစားနဲ့ကွဲပြားတဲ့ထုတ်လုပ်သူလိုက်လို့မီတာခကုန်တာမတူပါပါဘူး သူ့ရဲ့ … Read more

ဂဏန်းစားရင် အစာအိမ်လေးဖယ်လိုက်ပါ

ဝမ်းလျှောတယ်မလျှောဘူးဆိုတာ ဂဏန်းရှင်တာ၊​သေတာနဲ့ဘာမှမဆိုင်ဘူးနော်။ ဂဏန်းလတ်ခြင်း/မလတ်ခြင်းရယ်၊အထဲကချီးအိတ်(သူများတွေကအစာအိမ်လို့လဲခေါ်တယ်)အဲ့တာဖယ်သလား၊မဖယ်သလားနဲ့ပဲဆိုင်တယ်​။ ဂဏန်းစားနေကျမဟုတ်တဲ့သူ တွေကိုယ့်ဘာသာဝယ်စားဖို့ အရှင်လဲသတ်မစားချင်၊အသေစားရင်လဲဝမ်း လျှောမှာလားဆိုပြီးအစားလေးတစ်လုတ်အတွက်နဲ့ ကိုယ့်လက်နဲ့မသတ်ချင်ဘဲသတ်လိုက်ရတာမျိုးဖြစ်မှာစိုးလို့ပါ။ May Thu Hnin Unicode ဝမ််းလျှောတယ်မလျှောဘူးဆိုတာ ဂဏန်းရှင််တာ၊​သေတာနဲ့ဘာမှမဆိုင်ဘူးနော်။ ဂဏန်းလတ်ခြင်း/မလတ်ခြင်းရယ်၊အထဲကချီ းအိတ်(သူများတွေကအစာအိိမ်လို့လဲခေါ်တယ်)အဲ့တာဖယ်သလား၊မဖယ်သလားနဲ့ပဲဆိုင်တယ်​။ ဂဏန်းစားနေကျမဟုတ်တဲ့သူ တွေကိုယ့်ဘာသာဝယ်စားဖို့ အရှင်လဲသတ်မစားချင်၊အသေစားရင်လဲဝမ််း လျှောမှာလားဆိုပြီးအစားလေးတစ်လုတ်အတွက်နဲ့ ကိိုယ့်လက်နဲ့မသတ်ချင်ဘဲသတ်လိုက်ရတာမျိုးဖြစ်မှာစိုးလို့ပါ။ May Thu Hnin

သင့််ကားကို လမ်းဘေးထိုးရပ်လိုက်သင့်ပြီဟု ပြောပြနေသော Heat Indicatorအကြောင်း

အခုတင်ပြမှာကတော့မိတ်ဆွေတို့ ကားဒက်ဘုတ်ထဲမှာ ပြတဲ့HeatIndicatorအကြောင်းပါ ။ ကားကိုစတင်အသုံးပြုဖို့ အင်ဂျင်ကိုနိုးလိုက်ပြီဆိုတာနဲ့ဒက်ဘုတ်ထဲကSignတွေအကုန်နီးပါးကအင်ဂျင်နိုးပြီဆိုတာနဲ့ပြန်ပျောက်သွားပါတယ်။မပျောက်ပဲကျန်တာကတော့Gear Positionပြတဲ့indicatorနှင့်​အပြာရောင်လဲ့လဲ့Heat indicatorလေးပါပဲ။ စနိုးနိုးချင်းအပြာရောင်heat indicator လေးပြနေတာပုံမှန်ပါပဲ ဒါပေမဲ့အရေးမကြီးရင်မောင်းမထွက်သင့်သေးပါဘူး။ အင်ဂျင်ရဲ့လိုအပ်တဲ့အပူချိန်ရောက်အောင်နိုးထားပြီးမှကားကိုစထွက်သင့်ပါတယ်။ လိုအပ်တဲ့အပူချိန်ရပြီဆိုတာနဲ့ပျောက်သွားပါလိမ့်မည် ဒါဆိုကားကိုစတင်အသုံးပြုဖို့အဆင်သင့်ဖြစ်သွားပြီးထွက်သွားလို့ရပါသည်။ နောက်တစ်ခုကမောင်းနေရင်းရုတ်တရက်Heat Indacatorအနီရောင်ပေါ်လာပြီဆိုရင်တော့ ကားအင်ဂျင်အပူချိန်ကလိုအပ်တာထက်ပိုနေပြီဆိုတာသတိပေးနေပါပြီဒါဆိုကားကိုချက်ချင်းဘေးကပ်ရပ်ဖို့လိုအပ်လာပါပြီ၊ ကား Heat တက်ရတဲ့ ပြဿနာတော်တော်များများကလည်း အခြေခံအားဖြင့်တော့ Coolant leakage ကနေဖြစ်တယ် ။ ရေပိုက်တွေကွဲတာ ၊ ရေလည်အုံတွေ ၊ ရေဇလုပ်ခေါ်တာတွေ ပေါက်တာ ကွဲတာ အက်တာ ၊ ပန်​ကာဘွတ်​​ချောင်​ပြီး လိုအပ်​တဲ့ လည်​နှူန်းမရတာ တွေကနေ ရေတိုင်ကီထဲက အင်ဂျင်အအေးပေးတဲ့ စနစ်ပျက်ယိုယွင်းပြီး Heat တက် စက်ရပ်အဖြစ်များပါတယ် ။ ကားမောင်းတဲ့သူတွေ သိထားရမှာက Heat Gauge indicator ကို ကားမောင်းတိုင်း သတိပြုဖို့ပါ … Read more