တက္ကသိုလ်တွေ ဘယ်တော့ပြန်ဖွင့်မလဲ

တက္ကသိုလ်တွေ ဘယ်တော့ ဖွင့်ပြီး စာသင်မှာလဲဆိုတာ ကျောင်းသား/သူတွေ သိဘို့ (1)လက်ရှိ နောက်ဆုံးထုတ်ပြန်ထားတဲ့ ပညာရေးဝန်ကြီးဌာန၏အမိန့်စာအရ တက္ကသိုလ် ဆရာဆရာမတွေသည် မေလ(18)ရက် တနင်္လာနေ့မှာ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးကို အရောက်သွားပြီး Duty Report လုပ်ရပါမယ် (2)Duty Report လုပ်ပြီးရင် ဆရာဆရာမတွေသည် သက်ဆိုင်ရာ ဒေသက ဝန်ုကြီးချုပ်နှင့် ပါမောက္ခချုပ်တွေ ထုတ်ပြန်ထားတဲ့အမိန့်ကြောင့် Quarartine 21 ရက်ကို ကိုယ့်စားရိတ်နဲ့ကိုယ် ဝင်ရပါမယ်၊ တောင်ကြီးတက္ကသိုလ်ကတစ်ရက်(5000)ကျပ်၊ မိတ္ထီလာတက္ကသိုလ်က(3000)ကျပ်၊ရေနံချောင်းဒီဂရီကောလိပ်က(4000)ကျပ် စသဖြင့် ပေးသွင်းပြီး Q 21ရက်ဝင်ရပါမယ်၊ (18.5.2020)မှ (7.6.2020)နေ့အထိပါ၊ (3)ဆရာဆရာမတွေ Quarartine 21 ရက်ဝင်နေသလို ထိုင်းနိုင်ငံပြန် လူတစ်သိန်းခွဲကျော်နဲ့ တရုတ်ပြန် လူတစ်သိန်းကလည်း တက္ကသိုလ်အသီးသီးက ကျောင်းသားဆောင်နဲ့ ကျောင်းသူဆောင်တွေမှာ Q 21ရက် ဝင်နေကြမှာပါ (4)ဆရာဆရာမတွေသည် … Read more

မိဘခြေရာ ခံယူလိုလျှင်

မိဘခြေရာ ခံယူနည်း မိဘခြေက္ခဏာ ခံယူပွဲသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ အလေ့အထ တစ်ခုဖြစ်၍ မြန်မာ မိသားစုတိုင်း ခံယူကျင့်သုံးသင့်ပါသည်။ ကျေးဇူးရှင် မင်းကွန်းဆရာတော် ဘုရားကြီးနှင့် ကုံလုံ ဆရာတော် ဘုရားကြီးတို့၏ မိဘခြေရာ တောင်းယူပူဇော်နည်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ မိဘခြေရာ တောင်းယူသောနေ့ဟာ မိဘရော သားသမီးတွေပါ မင်္ဂလာရှိသော မွေးနေ့ (သို့မဟုတ်) မွေးရက်နှင့် မှတ်တမ်းအပ်သည့်နေများတွင် ကျင်းပလျှင် ပို၍ကောင်းမွန်၏။ မိဘခြေရာတောင်းယူ မည့်အချိန်မှာ မိဘကော သားသမီးပါ ရေချိုးသန့်စင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ပြီး ဘုရားစင် ရှေ့မှာထိုင်ပါ ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေမှာ အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ် ဆယ်မျက်နှာရှိတဲ့ အထဲမှ အထက်အရပ်ရပ်ကို ဦးထိပ်ပန်ဆင်ပြီး ရတနာသုံးပါးကို ပူဇော်ကန်တော့ပါ ပြီးလျှင် အရှေ့အရပ် … Read more

မြားဆိပ်ပင် အကြောင်း

မြားဆိပ်ပင် မြားဆိပ်ပင်များသည် အမြင်၏ပေ ၆ဝ မှ ၈ဝ ခန်၏အထိရှိသော အပင်ကြီးမျိုးဖြစ်၍ ပေ ၆ဝ ခန့်အတွင်း အကိုင်းအခက်အရွက် များမထွက်ဘဲ ဖြောင့်ဖြောင့် မတ်မတ် တက်သွားသော ပင်စည်ကြီး များရှိကြသည်၊ မြားဆိပ်ပင်သည် မိုရေးစီအီး မျိုးရင်းတွင် ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ အန်တီအေးရစ် တော့ဆီကေးရီးယား ဖြစ်သည်။ မြားဆိပ်ပင်၏ မူလပေါက်ရာဒေသည် အရှေ့အိန္ဒိယ ကျွန်းစုများတွင် အပါအဝင်ဖြစ်သော ဂျားဗားကျွန်းဖြစ်သည်။ နောင်အခါမှ အထက်အောက် မြန်မာနိုင်ငံ တောင်ကုန်းသစ်တော များ၌ အနည်းအကျဉ်းပေါက်ရောက်ကြသည်။ မြားဆိပ်ပင်သည် ယင်း၏ အခေါက်မှ ထွက်သော အဆိပ်စေးများကြောင့် လူသိများ၍ ထင်ရှားကျော်ကြားသည်။ အခေါက် သည် ဖြူတူတူ အရောင်ရှိ၍ တစ်လက်မခန့် ထူသည်။ အခေါက်ကို အနည်းငယ် ထွင်းဖောက်လိုက်သည့်အခါ … Read more

ဘဲဥ ဆားရည်စိမ် အိမ်မှာလုပ်တဲ့နည်းလေးပါ

အိမ်က ဆားဘဲဥ ဆားရည်စိမ်နည်း 1. ဘဲဥ 100လုံး ရေဆေးသန့်စင်ထားပါ။ သို့မဟုတ် ကြက်ဥ ကြိုက်နှစ်သက်ရာဥ 2.ဆားကြမ်း 50သား 3.ဥ100ဆန့်မည့် ဥစိမ်ရန် ကော်ဗူး/စင့်အိုး သန့်သန့် 4.ဆားရည်ကျိုရန် အိုးသန့်သန့် ဆီမပါရ အိုးထဲရေသန့်ထည့် ဆားထည့် ပွတ်နေအောင်ဆူပြီးရင် အအေးခံထား။ (ရေက ဥ100ကို စိမ်ထားနိုင်ယုံသာ. 4-5 လီတာလောက်၊ ရေးများသွားရင် ဥထဲဆားဝင်နှေးလို့ ရက်ကြာမယ်။ချင့်ချိန်ထည့်ပါ) 5. ရေအေးသွားရင် ဆားဘဲဥဖောက်မည့် ဗူး/အိုးထဲလောင်းထည့်ပါ ပြီးရင် သန့်စင်ထားသောဘဲဥကို တစ်လုံးချင်းစီ ဖြေးဖြေးထည့်ပါ။ ဥတွေအားလုံးဆားရည်ထဲ စိမ်နေရပါမယ်။ ဥတွေအထက် ဆားရည် 2လက်မလောက်ပိုထည့်ထားပါ။ 6. ထားမည့်နေရာ နေမပူရ။ ထားပြီးရင် အတတ်နိုင်ဆုံး 10ရက်လောက် သွားမထိပါနဲ့။ 7. အချိန် 2ပတ်လောက်ဆိုရင် တခေါက်လောက် … Read more

တရုတ်နယ်စပ်က ရင်နင့်ဖွယ် အဖြစ်အပျက်

ယုတ်မာလွန်းအားကြီးတဲ့တရုတ် မြန်မာကတင်ပျို့တဲ့ သစ်သီးဝလံတွေကို တရုတ်က အဝယ်ရပ်ပစ်လိုက်လို့ ကုန်ကားတွေဟာ ပါလာသမျှ အသီးအနှံတွေ စွန့်ပစ်နေကြရတာမြင်တော့အတော်လေး စိတ်မကောင်းဖြစ်ရတယ်။ တရုတ်နဲ့ ကုန်သွယ်မှုမှာ တောင်သူတွေ၊ ကုန်သည်တွေ ခံနေရတာ ခဏခဏ။ လွန်ခဲ့တဲ့ နှစ်တစ်နှစ်က ( ၂၀၁၇ ကထင်တယ်) အိန္ဒိယက မတ်ပဲတွေ အဝယ်ရပ်ပစ်လိုက်လို့ မြန်မာတောင်သူတွေ၊ ကုန်သည်တွေအတော် ဒုက္ခရောက်ခဲ့ကြတာ မှတ်မိနေသေးတယ်။ တချို့ကုန်သည်တွေဆို ခွက်ခွက်လန်အောင် ရှုံးပြီး ရုတ်တရက် လူမွဲဘဝ ရောက်ကြရတယ်။ ဒီလိုတွေမဖြစ်ရလေအောင် အစိုးရတာဝန်ရှိသူတွေဟာ နှစ်နိုင်ငံကြားညှိနှိုင်းဆွေးနွေးတာတွေ၊ MOU ချုပ်ဆိုတာတွေ လုပ်ရတယ်။ စိုက်ပျိုးထုတ်လုပ်မှုစရိတ်နဲ့ သီးနှံဈေးနှုံး မကိုက်လို့ အရှုံးပေါ်၊ အကြွေးတွေပိ၊ အကြွေးဆပ်ဖို့ လယ်တွေယာတွေကို တရုတ်တွေလက်ထဲ ထိုးရောင်းရနဲ့ တောင်သူတွေဘဝ အသက်ရှုမဝဖြစ်လာကြရပြီ။ စပါးတင်းတစ်ရာကို အနည်းဆုံး ၅သိန်းနဲ့ အစိုးရက … Read more

အဆိုးတစ်ခု ကြုံရတိုင်း ကောင်းတာ တစ်ခု ထလုပ်ပါ

အဆိုးတစ်ခု ကြုံရတိုင်း အကောင်းတစ်ခု ထလုပ်ပါ။ လောကကြီးက ကိုယ်မွေးလာမယ်မှန်းသိလို့ ကိုယ့်အလိုအတိုင်းဖြစ်ဖို့ စောင့်နေလို့ ကိုယ်က မွေးဖွားလာတာ မဟုတ်ဘူး။ ပြီးပြည့်စုံခြင်းမရှိတဲ့ လောကကြီးထဲ ကိုယ်က မွေးလာရတာ။ ကိုယ့်ကို မွေးလိုက်တဲ့ ကိုယ့်မိဘတွေတောင် ချို့ယွင်းချက်တွေ အများကြီးနဲ့ ဖြစ်နေမှာပါ။ ဒါပေမယ့် သိထားရမှာက ဘယ်အရာမဆို ဘယ်သူမဆို အကောင်းအဆိုး ရောနေ တတ်တယ်။ ကိုယ်ကိုယ်တိုင်ရောပေါ့။ ဘဝဟာလည်း အကောင်းရော အဆိုးရော ရောနေတယ်။ တချို့အဆိုးတွေက ရှောင်ရင်ရတယ်။ တချို့အဆိုးတွေက ရှောင်လို့မရဘူး။ ရှောင်လို့မရတဲ့ အဆိုးတွေကို ဘယ်လိုလုပ်မလဲ။ အရိုးဆုံး အရှင်းဆုံးအဖြေ ရှိပါတယ်။ ဆိုးတာ တစ်ခုကြုံတိုင်း ကောင်းတာတစ်ခု ထလုပ်ပါ။ မကောင်းတာတစ်ခု စိတ်အနှောက်အယှက် ဖြစ်စရာတစ်ခု စိတ်မကောင်းဖြစ်စရာ ဝမ်းနည်းစရာ ဘာပဲကြုံရကြုံရ ဒီအတိုင်းမနေပါနဲ့။ သေးသေးမွှားမွှားလေး … Read more

သိမ်းထားသင့်သည့် အရေးပေါ် ဖုန်းနံပတ်လေးများ

အရေးကြီးဖုန်းနံပါတ်များ သမ္မတရုံး 067-409077, 067-590009, 067-590008 အထူးစုံစမ်းရေးဦးစီးဌာန NPT 067-431374, 067-431396,067-431383, 067-431399 မီးသတ်ဦးစီးဌာန NPT 067-420005,067- 420017 မြန်မာနိုင်ငံရဲတပ်ဖွဲ့ 067-412006, 067-412047, 067-412036 မီးသတ်ဦးစီးဌာန YGN 01-384420 မီးသတ်ဦးစီးဌာနချုပ် 01-666912, 01-666913 မြန်မာနိုင်ငံရဲတပ်ဖွဲ့ 01-217502,01-217503 အကျဉ်းဦးစီးဌာန 01-431414, 01-431420 မူး/ယစ် ဖမ်းဆီးတပ်ဖွဲ့ 01-412136 မှုခင်း (ဦးစီးရုံး) 01-412503 ယာဉ်ထိန်းရဲ တပ်ဖွဲ့ 01-550126 ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး 01-412493 အလုပ်သမားဥပဒေစစ်ဆေးရေး 01-430112~4 information Call Center 1212, 1876 အရေးပေါ်ကား – Yangon Ambulance 192 ၊ Traffic … Read more

ဂျာအေး ကဗျာလေး၏ လေးနက်သော အဓိပ္ပါယ်

ဂျာအေး ကဗျာ၏ အဓိပ္ပါယ် မသိသေးသူများအတွက် အဖိုးတန်လွန်းလို့ မျှဝေလိုက်ပါတယ် ကပေါက်တိ ကပေါက်ချာ စာသားတွေနဲ့ ဘယ်က စပြီး ဘယ်တော့ ဆုံးမယ်မှန်း မသိတဲ့ ဒီကဗျာလေးကို ကျွန်တော်တို့ ငယ်စဉ်ကတည်းက အလွတ်ရနေခဲ့ကြတာပေမယ့် အဓိပ္ပါယ် သိသူ နည်းပါးဦးမှာပါ ဒီကဗျာကို ကြောင်ပမ်းဆရာတော်ကြီးက ရေးဖွဲ့ခဲ့ပြီး ရေးသားခဲ့တဲ့ ခုနှစ်နဲ့ မူရင်း အဓိပ္ပါယ်ကို သေချာ မသိရပါဘူး.. ဒါပေမယ့် ကံအကြောင်း တိုက်ဆိုင်စွာ ကဗျာရဲ့ အဓိပ္ပါယ်ကို လေ့လာ မှတ်သားခဲ့ရတဲ့အတွက် ဝေမျှလိုက်ပါတယ်.. မုန့်လုံးကို စက္ကူကပ်ပါလို့ – မုန့်လုံးနဲ့ တူတဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာငါးပါး သက္ကာယတရားတွေကို တဏှာ ဒိဋ္ဌိတွေနဲ့ စွဲကပ်ထားပါတယ်.. ကြာကလပ်နဲ့ ဆွမ်းတော်တင် – နတ်ချမ်းသာ ဗြဟ္မာချမ်းသာတွေကို ရည်စူးပြီး … Read more

သစ်စည်၊တုံးမောင်း၊အုန်းမောင်း ထွင်းနည်း

တုံးမောင်ထွင်းနည်း ရှေးမူမပျက်၊ တုံးမောင်းနှက်၊ ဘ၀ဂ်သို့တိုင် ကြားစေသော် သစ်စည်- တုံးမောင်း- အုန်းမောင်းဟု အမျိုးမျိုးခေါ်ဝေါ်ကြပါသည်။ ထွင်းနည်းစနစ် တုံးမောင်းကို စနစ်တကျ ထွင်းဖောက်ရသည်။ သို့မှသာ အသံကောင်းကို အဝေးပြေးမည် ဖြစ်ပါသည်။ ထွင်းနည်းမကျလျှင် အသံမကောင်းသော တုံးမောင်း-အအကြီး အမျိုးအစား ဖြစ်တတ်ပါသည်။ သို့အတွက် စနစ်တကျ ဖြစ်စေရန် ရှေးဆရာတော်ကြီးများက တုံးမောင်းထွင်းနည်း ဆောင်ပုဒ်တစ်ခုကို ရေးစပ်၍ ထားတော်မူခဲ့ကြပါသည်။ (( ၁ )) ထိပ်ဝတစ်ပြန်၊ အနားချန်၊ လေးပြန်အလယ်ထား။ (( ၂ )) ထိပ်ဝ ငါးချိုး၊ ပယ် တစ်ချိုး၊ လေးချိုး အနက်ထား။ (( ၃ )) ထိပ်ဝ ခြောက်ချိုး၊ ပယ် ငါးချိုး၊ တစ်ချိုး ပါးစပ်ထား။ (( … Read more

စက်ရေတွင်းတူးမည် ဆိုပါက မှတ်သားရန်

စက်ရေတွင်းတူးက မှတ်ထားကြ စက်ရေတွင်းတူရာ၌ ရေ-ရှိ,မရှိ၊ ရေ-နည်း,ရေများခန့်မှန်သိရှိနိုင်ပုံလေးကို ဗဟုသုတအနေဖြင့် မျှဝေပေးပါမည်။ ရေ-ရှိ/မရှိ ၁။ အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊မယ်ဇလီပင်၊ မြက် စသည့်အပင်များစိုစိုပြေပြေ လန်းလန်းဆန်းရှိနေပါက ထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍ ဖော်ပြပါလက္ခဏာများနှင့် ဆန့်ကျင်နေပါက ရေ-မရှိဟု ခန့်မှန်း သိနိုင်ပါသည်။ ရေချို/ရေငန် ၂။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်အမျိုးအစားခြင်းတူပါလျက် အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက် အနာအဆာများ၍ အစိုဓာတ်ခြောက်ခန်းလျင် ရေငန်ဟု ခန့်မှန်းနိုင်ပြီး၊ သစ်ပင်မှ သစ်ရွက်များ စိုပြေစိန်းလန်းနေပါက ရေချို-ဟု ခန့်မှန်းသိရှိနိုင်ပါသည်။ ရေတိမ်/ရေနက် ၃။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်ချင်းတူပါလျက် အဆစ်တိုနေသည်ကို တွေ့ရပါက ရေတိမ်-ရေနီးသည်ဟု ခန့်မှန်းသိရှိနိုင်ပါသည်။ သစ်ပင်မှ အဆစ်ရှည်နေပါက ရေနက်- ရေဝေးသော သဘောဟု ခန့်မှန်းသိရှိနိုင်၏။ … Read more