သံလျှင်မြို့မှ ခြံဝင်းထဲရောက်နေသော ၀က်ဝံကြီးအား မိပြီ

သံလျင်မြို့တွင် ဝက်ဝံသုံးကောင် ရောက်ရှိနေ သံလျင်အမှုထမ်းရပ်ကွက် တရုတ်သင်းချိုင်းအနီးတွင် ဝက်ဝံသုံးကောင် ဧပြီ ၂၆ရက် ကရောက်ရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းကပြောသည်။ လက်ရှိတွင် တောင်ပိုင်းခရိုင်မီးသတ်တပ်ဖွဲ့ဝင်များက ဝက်ဝံသုံးကောင်ကိုဖမ်ဆီးနေကြောင်း သိရပြီး ၊ အဆိုပါ ဝက်ဝံသုံးကောင်သည် သံလျင်အမှုထမ်းရက်ကွက် နောက်ကျောတရုတ်သင်းချိုင်းအနီးမြေ၄ဧကခန့်ကျယ်ဝန်းသည့်ခြံဝင်းတစ်ခုတည်းရောက်ရှိနေခြင်းဖြစ်သည်ဟုဆိုသည်။ “ဝက်ဝံသုံးကောင်က ဘယ်ကဘယ်လိုရောက်နေတယ်ဆိုတာ စဉ်းစားလို့မရဘူး။ဝက်ဝံရောက်နေတယ်ဆို လူတွေကလာကြည့်ကြတာရှိတယ် အဲလိုလူမစုဘို့မေတ္တာရပ်ခံထားရတယ်”ဟု‌ဦးအောင်နိုင်ထွန်းကပြောသည်။ ယင်းခြံဝန်းသည် လူမနေဘဲ ခြံစောင့်တစ်ဦး သာရှိသည်ဟုသိရသည်။လက်ရှိအချိန်တွင် သက်ဆိုင်ရာသို့တင်ပြထားပြီး ဝက်ဝံသုံးကောင်ကို ဖမ်းမိနိုင်ရေးဆောင်ရွက်နေသည်ဟုသိရသည်။ ဇော်ထွန်း TheFifthWaveNews သန်လျင်၊ အောင်ချမ်းသာကဝက်ဝံကိုဖမ်းမိ သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက် အမှုထမ်းရပ်ကွက် ဘောဂလမ်းက ခြံထဲရောက်နေတဲ့ ဝက်ဝံကို ပြန်လည်ဖမ်းဆီးရမိပြီဖြစ်တယ်လို့ ဖမ်းဆီးရာမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။ အဲ့ဒီဝက်ဝံကို ဒီကနေ့ မနက်ပိုင်းကစပြီးသစ်တောဦးစီးဌာနက တာဝန်ရှိသူတွေ မီးသတ်တပ်ဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့ဝင်တွေ ဒေသခံတွေ ပူးပေါင်းဖမ်းဆီးနေတာဖြစ်ပါတယ်။ မိုးရွာနေတာကြောင့် … Read more

ယနေ့ ထပ်တိုးအတည်ပြုလူနာ မရှိပေ

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၆-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၁။ (၂၆-၄-၂၀၂၀) ရက်နေ့၊ ညနေအချိန်တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ (၉၄) ခုနှင့် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) တွင် စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၄၈) ခု စုစုပေါင်း (၁၄၂)ခုတို့တွင် COVID-19 ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ) ရပါ။ ၂။ (၂၆-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ (၁၄၆) ဦးရှိပြီဖြစ်ပါသည်။ ၃။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ များအနက် ရောဂါပိုးကင်းစင်သူ (၁၀)ဦး (ဆေးရုံမှ ဆင်းခွင့်ရရှိပြီးသူ ၉ ဦး) ရှိပြီ ဖြစ်ပါသည်။ သေဆုံးသူ (၅)ဦးရှိပြီ … Read more

ထမင်းဆိုင်တွေ အကုန်ပိတ်ထားလို့ ဒုက္ခရောက်လာကြတဲ့ ခရီးသွားများအတွက် သူမရဲ့ ကုသိုလ်…သာဓုဗျာ…

သူမရဲ့ ပိုစ့်ကိုကြည့်ရင်း လေးစားလို့မဆုံးနိုင်ပါဘူးခင်ဗျာ။ ကာလ ဒါန အရမ်းချမ်းသာလို့တော့မဟုပ်ပါဘူးနော့ covid19ကပ်ရောဂါကြောင့် ထမင်းဆိုင်တွေစားသောက်ဆိုင် တွေကို ဆိုင်ထိုင်စား ခွင့်မပြုပဲ ပါဆယ် သာရောင်းချ ဖို့ခွင့်ပြုထားပေမဲ့လဲ ငွေပေး ငွေယူ က တစ်ဆင့် ထိတွေ့မှု့ရှိရင်လဲ ကူးစက်နိုင်ပြီး စကား ပြောရာက တစ်ဆင့်ကူးစက်နိုင်တယ် ဆိုတာကြောင့် ခရီးလမ်းတစ်လျှောက်မှာထမင်းဆိုင်များပိတ်ထားသောကြောင့်… ပိုက်ဆံပါပေမဲ့ထမင်းဝယ်စား လို့မရ ပဲ ဗိုက်ဆာနေတဲ့ ခရီးသည်များ အတွက် ကိုယ်တိုင်ယူ စနစ် နဲ့ ထမင်းဘူးလေးတွေ လုံးတုံ ဂိတ်ရှေ့ကကျမရဲ့ဆိုင်ရှေ့မှာ ဝင်ယူသွားနိုင်ပါတယ် အားမနာပါနဲ့ မရှက်ပါနဲ့နော့.. လောလောဆယ် မဆာ သေးဘူးရှေ့ရောက်မှ ဝယ်စားမယ် စိတ်မကူးနဲ့နော် ရှေ့ခရီးမှာမသေချာဘူးယူသွားပါနော်… ကုန်ရင်ထပ်ချက်မယ်လေ ခဏပါပဲ မကြာပါဘူး ငါးပိကြော်က အဆင်သင့် ငါးကြော်ကလဲ အဆင်သင့် ထမင်းအိုး တစ်လုံး … Read more

အိန္ဒိယမှ ပြန်လာသည့် သံဃာတော်များထဲမှ အမျိုးသားတစ်ဦး တွင် C O V I D 19 ရောဂါပိုး တွေ့

သီတဂူ ဗုဒ္ဓတက္ကသိုလ်မှာ Quarantine ထားရှိသည့် အိန္ဒိယမှ ပြန်လာသူ တစ်ဦး တွင် COVID 19 ရောဂါပိုး တွေ့ သီတဂူဆရာတော်ကြီးရဲ့အစီအစဉ်နဲ့ ပြန်ခေါ်လာတဲ့ အိန္ဒိယ ပြန် မြန်မာနိုင်ငံသား (၂၅၀) ကျော်ထဲက တစ်ဦးမှာ COVID 19 ရောဂါပိုးတွေ့ခဲ့ရတယ်လို့ စစ်ကိုင်းတိုင်းကျန်းမာဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ “ဟုတ်တယ်၊ တစ်ယောက်တွေ့တယ်။ အမျိုးသား၊ သီတဂူဗုဒ္ဓတက္ကသိုလ်ထဲမှာထားတဲ့တစ်ယောက်တွေ့တယ်လို့ တိုင်းကျန်းမာက ဦးဇင်းဆီကို ဖုန်းဆက်တယ်။ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးကို ပြောင်းပြီးထား မယ် ပေါ့လေ။”လို့ သီတဂူ ဝိပသနာ တက္ကသိုလ် အုပ်ချုပ်ရေးဆရာတော် ဒေါက်တာ သုန္ဒရက အတည်ပြု ပြောကြားပါတယ်။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှာပိတ်မိနေတဲ့ သံဃာတော် (၂၁၁) ပါး၊ သီလရှင် (၆) ပါး၊ ဘုရားဖူးနဲ့ ဆေးကုသရင်းရောက်နေတဲ့ … Read more

၂ဦးထပ်တိုး စုစုပေါင်း (၁၄၆) ဦးဖြစ်လာ

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီ ၁။ (၂၅-၄-၂၀၂၀) ရက်နေ့၊ ည နှင့် (၂၆-၄-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယ + တတိယအသုတ်) နှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ (ဒုတိယအသုတ်) ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးတွေ့ရှိမှု (လူနာသစ်) = (၂) ဦး ထပ်မံတွေ့ရှိခဲ့ပါသည်။ ၂။ သို့ဖြစ်ပါ၍ (၂၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၆) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။ ၃။ (၂၅-၄-၂၀၂၀) ရက်နေ့အတွက် ဓာတ်ခွဲစစ်ဆေးမှုများကို … Read more

ယနေ့ ထပ်တိုးအတည်ပြုလူနာ မရှိ

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၅-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၁။ (၂၅-၄-၂၀၂၀) ရက်နေ့၊ ညနေတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲ မှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ (၉၂) ခုနှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၄၀) ခု စုစုပေါင်း (၁၃၂)ခုတို့တွင် COVID-19 ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ) ရပါ။ ၂။ (၂၅-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ (၁၄၄) ဦး ရှိပြီဖြစ်ပါသည်။ ၃။ ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့တွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာအမှတ် (Case-027) သည် ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး၊ ၎င်းထံမှ ဓာတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာ နှစ်ကြိမ် … Read more

လှိုင်သာယာ ဖိနပ်စက်ရုံမှ အလုပ်သမား ၈၀၀၀ ကျော်စလုံး Quaretine ထိနိုင်ဖွယ်ရှိ

အလုပ်သမား ၈၀၀၀ ကျော်စလုံး Quaretine ထိမည်ဟု ဆို ကိုဗစ်အတည်ပြုလူနာ Case144 အလုပ်လုပ်ခဲ့တဲ့ လှိုင်သာယာ စက်ရုံတွင် အလုပ်သမား ၈၀၀၀ ကျော်ရှိ မိုးညှင်းမြို့က Covid – 19 အတည်ပြုလူနာ Case 144 အလုပ်လုပ်တဲ့ လှိုင်သာယာမြို့နယ်ထဲက စက်ရုံမှာ အလုပ်သမားအရေအတွက် ၈၀၀၀ ကျော်ရှိတယ်လို့ လူသုံးကုန်မြို့နယ် အလုပ်သမားအဖွဲ့အစည်း မြို့နယ်ဥက္ကဌ ဦးမျိုးဇော်က ပြောပါတယ်။ လှိုင်သာယာမြို့နယ်စက်ရုံက အလုပ်သမားဖြစ်လို့ လက်ရှိမှာမြို့နယ်ကျန်းမာရေးဦးစီးဌာနနဲ့ မြို့နယ်တာဝန် ရှိသူတွေက အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူ‌အကုန်လုံးကို စတင်စစ်ဆေးနေတာဖြစ်ပါတယ်။ “ ကျန်းမာရေးဦးစီးဌာနနဲ့ မြို့နယ်တာဝန်ရှိသူတွေ အဲ့ဒီကိုရောက်နေပါပြီ။ သူတို့ဆီက ကွန်ဖမ်းဖြစ်မှ ပြန် ပြောလို့ရပါမယ်။ အခုတော့ contact တွေကိုလိုက်နေပါပြီ။ သူနဲ့ထိတွေ့ခဲ့တဲ့သူတွေအားလုံးကို ကွန်တက်လိုက်နေပါပြီ။ စက်ရုံမှာ သူထိတွေ့ခဲ့တဲ့သူတွေကိုကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်နဲ့ … Read more

ယနေ့ည စတင်မည့် ရန်ကုန်မှ ညမထွက်ရအမိန့် ထပ်တိုးမြို့နယ် ၃ခု

ရန်ကုန်တိုင်းထဲက မြို့နယ် ၃ ခုကို အိမ်မှာပဲ နေထိုင်ဖို့နဲ့ သတ်မှတ်ချက်တွေကို လိုက်နာဖို့အတွက် ထပ်တိုးမြို့နယ်တွေအဖြစ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ တာမွေ၊ ဗိုလ်တထောင်နဲ့ မင်္ဂလာဒုံမြို့နယ်တို့ဖြစ်ပြီး ဒီအမိန့်ဟာ ဒီနေ့ည ၁၀ နာရီက စတင် အကျိုးသက်ရောက်မယ်လို့ မြန်မာ့ရုပ်မြင်သံကြားက ကြေညာသွားပါတယ်။ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 – COVID-19) ကို ပိုပြီး ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့အတွက် တချို့မြို့နယ်က ပြည်သူတွေအနေနဲ့ အိမ်မှာပဲ နေထိုင်ကြဖို့ (Stay at Home) လိုတယ်လို့ ဆိုပါတယ်။ ဒီမြို့နယ်တွေမှာ နေသူတွေအနေနဲ့ မဖြစ်မနေ ဈေးဝယ်ဖိုအတွက် တအိမ်က တယောက်ပဲ သွားဖို့၊ … Read more

၎ဦးတိုး ၁၄၃ ဦးဖြစ်လာ

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ ၁။ (၂၄-၄-၂၀၂၀) ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) နှင့် ဆေးသုတေသနဦးစီးဌာန (DMR) တို့မှ ယနေ့ည (၈) နာရီအချိန်အထိ ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲအဖြေများမှာ – COVID-19 ရောဂါပိုးတွေ့ရှိမှု (လူနာသစ်) = (၄) ဦး COVID-19 ရောဂါပိုးမတွေ့ရှိမှု = (၁၆၃) ဦးနှင့် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာပေါင်း = (၁၆၇) ခု ဖြစ်ပါသည်။ ၂။ သို့ဖြစ်ရာ (၂၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၃) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။ ၃။ … Read more

အိမ်မှာပဲနေပါ လူသားမှာစမ်းသပ်မှု မှာဆေးက မအောင်မြင် သေးပါဘူးတဲ့

ကိုရုနာဗိုင်းရပ်စ်ဆေး remdesivir လူသားမှာစမ်းသပ်မှု “ မအောင်မြင်” ကိုဗစ် ၁၉ ရောဂါကုသပျောက်ကင်းနိုင်တယ်လို့ အများမျှော်လင့်နေကြတဲ့ ကိုရိုနာဗိုင်းရပ်စ်ဆေး Remdesivir ဟာ လူသားထံစမ်းသပ်မှုမှာတော့ မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။ အထူးသဖြင့် ဧပြီလ ၂၃ ရက် (ကြာသပတေးနေ့) မှာ ဆေးစမ်းသပ်မှုရဲ့ရလဒ်တွေကို မတော်မဆ ထုတ်ပြန်မိတာကနေ ဒီဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူတွေကို ကုသနိုင်ဖို့ မျှော်လင့်ချက်နည်းသွားပြီဆိုတာ သိခဲ့ရတာဖြစ်ကြောင်း channel news asia ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ရဲ့ ဝက်ဘ်ဆိုက်ထဲလွှင့်တင်ထားခဲ့ပြီး ပြန်လည်ဖြုတ်ချသွားတဲ့ အကျဉ်းချုပ် စမ်းသပ်မှုရလဒ်ကို Financial Times သတင်းစာက တွေ့ရှိဖော်ပြခဲ့တာကနေစပြီး ဒီဆေးဟာ စမ်းသပ်မှုမအောင်မြင်ခဲ့ကြောင်း သိခဲ့ရတာလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီဆေးဝါးကို ထုတ်လုပ်ဖို့သုတေသနပြုနေတဲ့ Gilead Sciences … Read more