ငါးဖယ်ဂေါ်ဖီပေါင်းလေး လုပ်စားမယ်
ကယ်လိုရီမပို ငါးဖယ်ဂေါ်ဖီပေါင်းလေး လုပ်စားမလားဟေ့ လိုအပ်သောပစ္စည်းများ ငါးဖယ် (သို့မဟုတ်) ကြက်သား ( နှစ်သက်ရာ ) ဂေါ်ဖီ ဥနီ၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ / နီ၊ ဂျင်း၊ ငရုပ်ကောင်း၊ ပဲငံပြာရည်၊ ဆား၊ ဟင်းခပ်မှုန့် ပြုလုပ်နည်း ပထမဆုံး ငါးဖယ်ကို ကြက်သွန်ဖြူ / နီ ဂျင်း ငရုတ်သီး အနည်းငယ်နဲ့အတူ ဆား ဟင်းခပ်မှုန့်် ထည့်ပြီး ထောင်းပေးပါ။ ဥနီ ကြက်သွန်မြိတ် နံနံပင်တို့ကို ပါးပါးလှီးထားပါ။ ဂေါ်ဖီတရွက်ချင်းစီကို ရေစင်အောင်ဆေးပါ။ အရောင်စိမ်းစိမ်းလေးလိုချင်ရင်တော့ ရေနွေးထဲ ထည့်စိမ်ပြီး ပြန်ဆယ်ကာ ရေခဲရေထဲ ထည့်စိမ်လိုက်ပါ။ အဆာပလာများနဲ့ထောင်းထားတဲ့ ငါးဖယ်ထဲကို ပါးပါးလှီးထားတဲ့ ဥနီ ကြက်သွန်မြိတ် နံနံပင်များကို ပဲငံပြာရည်အနည်းငယ် … Read more