ပဋ္ဌာန်း အစွမ်း နှင့် “အံ့ဩဖွယ်ရာ ပဋ္ဌာန်းတန်ခိုး အားကိုးကြပါစို့”

“အံ့ဩဖွယ်ရာ ပဋ္ဌာန်းတန်ခိုး အားကိုးကြပါစို့” ညောင်လေးပင်တွင်နေခဲ့စဉ်က ပန်းရံဆရာလေးတစ်ယောက်နှင့်ရင်းနှီးခဲ့ဖူးတယ်။ကျွန်တော်ရဲ့ယိုင်နဲ့နဲ့ အိမ်အိုလေးကို ခေါ်ပြင်ခိုင်းရာက သိကျွမ်းသွားခြင်းပါ။ သူ့အဖွဲ့သားတွေဟာ ​မြေကြီးထဲမြုပ်နေသည့် အိမ်တိုင်တွေကို ဖြတ်သင့်တာဖြတ်၊ဆက်သင့်တာဆက်နှင့် ခက်ခက်ခဲခဲပြင်ပေးခဲ့ကြတယ်။ ပင်စင်စားဖြစ်သူ ကျွန်တော့်အခက်အခဲကို နားလည်ပုံလည်းရတယ်၊လုပ်အားခကို အတတ်နိုင်ဆုံးလျော့ယူခဲ့တယ်။စိတ်ထားအလွန်ကောင်းတဲ့လူငယ်ပါ။ သူ့ဇနီးက စားဖျော်ဝန်ထမ်းလုပ်တယ်၊လင်မယားနှစ်ဦးလုံး ကျွန်တော့်ကို အစ်ကိုကြီးသဖွယ်ပါပဲ။ အခက်အခဲမှန်သမျှ လာတိုင်ပင်ကြတယ်။ ဒီလိုရင်းနှီးခဲ့ရာက အချိန် ၁ နှစ်ကျော်လောက်ကြာတော့ “အောင်အောင်”ဟာ ခါးအောက်ပိုင်းချိနဲ့တဲ့ရောဂါဖြစ်လာတယ်။တစ်နေ့လုပ်မှတစ်နေ့စားဘဝမို့ ဆေးရုံလည်းမတက်နိုင်ရှာဘူး။ ကျွန်တော်လည်း ကိုယ့်ပညာနဲ့ ဗေဒင်တွက်ပေး၊ယတြာချေပေးနဲ့ ကူညီပေးရတာပေါ့။မိမိကိုယ်တိုင်က သူတစ်ပါးလှူတဲ့ဗေဒင်ဟောခလေးနဲ့ ရပ်တည်နေရသူမို့ ငွေကြေးတော့မကူညီနိုင်ခဲ့ဘူး။ ဒီလိုနဲ့သူဟာ တဖြေးဖြေးရောဂါသည်းလာခဲ့တယ်။နောက်ဆုံးအကြိမ်အိမ်ကို လာလည်ချိန်မှာ သူဟာအတော်အားငယ်နေပါပြီ။”ကျွန်တော်လမ်းလျှောက်နိုင်မယ်မထင်တော့ဘူးအစ်ကို၊ကူညီပါဦးဗျာ”လို့ အားကိုးတကြီးပြောလာတယ်။ ကိုယ်လည်းဘာမှမလုပ်ပေးနိုင်တော့ စိတ်မကောင်းဖြစ်ပြီး ရုတ်တရက်ပြန်ပြောစရာစကားရှာမရခဲ့ဘူး။ဒီအချိန်မှာပဲ ပဋ္ဌာန်းရွတ်ခြင်းရဲ့ကောင်းကျိုးစာပုဒ်လေးဖတ်ဖူးတာကို စိတ်ထဲပေါ်လာတယ်။ “အောင်အောင်ရေ,ပဋ္ဌာန်းကို မနက် ၁ ခေါက်၊ည ၁ ခေါက် ရိုရိုသေသေရွတ်ဖတ်ပူဇော်ကွာ၊ဘုရားရှင်ရဲ့အတိုင်းမသိဉာဏ်တော်ကြီး ကျက်စားရာ … Read more

ယနေ့ ထပ်တိုးအတည်ပြုလူနာ မရှိ

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၅-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၁။ (၂၅-၄-၂၀၂၀) ရက်နေ့၊ ညနေတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲ မှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ (၉၂) ခုနှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၄၀) ခု စုစုပေါင်း (၁၃၂)ခုတို့တွင် COVID-19 ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ) ရပါ။ ၂။ (၂၅-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ (၁၄၄) ဦး ရှိပြီဖြစ်ပါသည်။ ၃။ ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့တွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာအမှတ် (Case-027) သည် ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး၊ ၎င်းထံမှ ဓာတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာ နှစ်ကြိမ် … Read more

ဆေးဖြန်းမည့် သူများအတွက် သတိပြုရန်

ဆေးဖြန်းသူများသတိပြုမိကြစေရန်ရည်ရွယ်ပါသည် အဖွဲ့အစည်းများကို ပုတ်ခတ်စော်ကားလိုစိတ်ဖြင့် တင်ပြလိုခြင်း မဟုတ်ပါ ဘေးအန္တရာယ်မှ သတိပြုကာကွယ်ရန် တင်ပြခြင်း ဖြစ်ပါသည် ဆေးဖြန်းသူများသတိပြုရန် ကားကြီးတွေနဲ့ အရပ်ထဲမှာ လေထဲကို တဟုန်းဟုန်း မှုတ်နေသူတွေသတိထားဖို့ ကလိုရင်းဖြန်းလျှင် သတိပြုဖွယ် တစ်ချို့နေရာမှာ ကလိုရင်းဖြန်းတယ်။ ကားတွေရော လူတွေရောလို့ ပြောသံကြားတယ်။ ပြီးရင် ထိပ်ကနေ hand gel နဲ့ လက်ဆေးခိုင်းတယ်။ ဝေ ပေးတယ် ဆိုကြတယ်။ မူးမေ့လဲတာတို့ လက်တွေ လောင်တာတို့် မဖြစ်ကြဘူးလား ? အနည်းဆုံး အဲသလို ဝေပေးနေတဲ့ လူတွေ လက်မှာ ဟိုနား ထုံတုံတုံ ဒီနားယားတားတား မဖြစ်ကြဘူးလားဗျ ? သတိထားပါ။ အကြီးကြီး သတိထားပါ။ကလိုရင်းနဲ့ ethanol ရောလို့မရပါ။ ရောရင် အဆိပ်ငွေ့ ထွက်ပါတယ်။ ကလိုရင်းလေးဖြန်းပြီး … Read more

လှိုင်သာယာ ဖိနပ်စက်ရုံမှ အလုပ်သမား ၈၀၀၀ ကျော်စလုံး Quaretine ထိနိုင်ဖွယ်ရှိ

အလုပ်သမား ၈၀၀၀ ကျော်စလုံး Quaretine ထိမည်ဟု ဆို ကိုဗစ်အတည်ပြုလူနာ Case144 အလုပ်လုပ်ခဲ့တဲ့ လှိုင်သာယာ စက်ရုံတွင် အလုပ်သမား ၈၀၀၀ ကျော်ရှိ မိုးညှင်းမြို့က Covid – 19 အတည်ပြုလူနာ Case 144 အလုပ်လုပ်တဲ့ လှိုင်သာယာမြို့နယ်ထဲက စက်ရုံမှာ အလုပ်သမားအရေအတွက် ၈၀၀၀ ကျော်ရှိတယ်လို့ လူသုံးကုန်မြို့နယ် အလုပ်သမားအဖွဲ့အစည်း မြို့နယ်ဥက္ကဌ ဦးမျိုးဇော်က ပြောပါတယ်။ လှိုင်သာယာမြို့နယ်စက်ရုံက အလုပ်သမားဖြစ်လို့ လက်ရှိမှာမြို့နယ်ကျန်းမာရေးဦးစီးဌာနနဲ့ မြို့နယ်တာဝန် ရှိသူတွေက အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူ‌အကုန်လုံးကို စတင်စစ်ဆေးနေတာဖြစ်ပါတယ်။ “ ကျန်းမာရေးဦးစီးဌာနနဲ့ မြို့နယ်တာဝန်ရှိသူတွေ အဲ့ဒီကိုရောက်နေပါပြီ။ သူတို့ဆီက ကွန်ဖမ်းဖြစ်မှ ပြန် ပြောလို့ရပါမယ်။ အခုတော့ contact တွေကိုလိုက်နေပါပြီ။ သူနဲ့ထိတွေ့ခဲ့တဲ့သူတွေအားလုံးကို ကွန်တက်လိုက်နေပါပြီ။ စက်ရုံမှာ သူထိတွေ့ခဲ့တဲ့သူတွေကိုကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်နဲ့ … Read more

ကြက်ဥပြုတ်စားပြီး ကပ်ကြီးကျော်လွှားနိုင်ကြပါစေ

Covid19နှင့်ကြက်ဥပြုပ် လူအများစားသုံးနေကြတဲ့ ကြက်ဥဟာ စားရင်အရသာရှိတယ် အားရှိတယ် လို့ သိထား​ပြီးကြမှာပါ ကြက်ဥမှာ protein ဓာတ်အပြည့်အဝပါဝင်ပြီး နလံထလူနာတွေ သွေးအားနည်းသူတွေအတွက် စားပေးသင့်တယ်လို့ အဟာရဗေဒ ပညာရှင်တယောက်ရေးထားတာဖတ်ဖူးပါတယ် တရုတ်ဆေးကျမ်းထဲမှာလဲ ကြက်ဥသည် အားကိုဖြစ်စေ၏ သန္ဓေကိုရစေ၏ အသားကိုလှစေ၏ ဝမ်းကိုမှန်စေ၏ နှလုံးကိုသန်စေ၏ အဆုတ်ကို ကောင်းစေ၏လို့ ရေးထားပါတယ် ဒါပေမဲ့ ကြက်ဥဟာ အခုခေတ်ပေါ်ရောဂါ Covid19 ကို တနည်းတဖုံးနဲ့ကာကွယ် ကုသနိုင်တယ်ဆိုတာ ပညာရှင်တွေသိခဲ့ကြတာ သိပ်မကြာသေးပါဘူး ကျွန်တော်သိသလောက်တော့ ကိုရီးယား ဂျပန် နဲ့ အီတလီဆရာဝန်တွေက Covid19 ရောဂါသည်တွေကို ကာကွယ်ကုသဖို့အတွက်ကော အားရှိပြီးဆေးဒဏ်ခံနိုင်ဖို့အတွက်ပါ ဆေးရုံတွေမှာ နေ့စဉ် ကြက်ဥပြုပ်ကို စကျွေးခဲ့တယ်လို့ သိရပါတယ် ကြက်ဥ မှာ ပါတဲ့အကာဟာ အဆုတ်ကြွက်သားတွေကို အားကောင်းစေပြီး အနှစ်ဟာ အသက်ရူပြွန်ကို … Read more

ယနေ့ည စတင်မည့် ရန်ကုန်မှ ညမထွက်ရအမိန့် ထပ်တိုးမြို့နယ် ၃ခု

ရန်ကုန်တိုင်းထဲက မြို့နယ် ၃ ခုကို အိမ်မှာပဲ နေထိုင်ဖို့နဲ့ သတ်မှတ်ချက်တွေကို လိုက်နာဖို့အတွက် ထပ်တိုးမြို့နယ်တွေအဖြစ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ တာမွေ၊ ဗိုလ်တထောင်နဲ့ မင်္ဂလာဒုံမြို့နယ်တို့ဖြစ်ပြီး ဒီအမိန့်ဟာ ဒီနေ့ည ၁၀ နာရီက စတင် အကျိုးသက်ရောက်မယ်လို့ မြန်မာ့ရုပ်မြင်သံကြားက ကြေညာသွားပါတယ်။ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 – COVID-19) ကို ပိုပြီး ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့အတွက် တချို့မြို့နယ်က ပြည်သူတွေအနေနဲ့ အိမ်မှာပဲ နေထိုင်ကြဖို့ (Stay at Home) လိုတယ်လို့ ဆိုပါတယ်။ ဒီမြို့နယ်တွေမှာ နေသူတွေအနေနဲ့ မဖြစ်မနေ ဈေးဝယ်ဖိုအတွက် တအိမ်က တယောက်ပဲ သွားဖို့၊ … Read more

ရေလုပ်သားများအတွက် မိုးလေ၀သ ခန့်မှန်းချက်

နေ့စဉ်မိုးလေဝသသတင်း(၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၅)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်း ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းမည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း … Read more

ကားတစ်စီးကို အကြာကြီး မမောင်းဘဲ ရပ်ထားပြီဆိုလျှင် ဂရုစိုက်ထိန်းသိမ်းသင့်တဲ့ အချက်လေးများ

မိမိကားကို အကြာကြီး မမောင်းဘဲ ရပ်ထားရမယ်ဆိုရင် ဂရုစိုက်ထိန်းသိမ်းသင့်တဲ့ အချက် (၉) ချက် အမျိုးတွေ တစ်ချို့က ကားသိပ်မသုံးဖြစ်ဘဲ ဒီအတိုင်းရပ်ထားရတဲ့အချိန်တွေ များလာတာ ရှိပါလိမ့်မယ်။ အချိန်အကြာကြီးရပ်ထားပြီး ကားကို ပြန်လည်အသုံးပြုတဲ့အခါ အဆင်မပြေတာလေးတွေ ကြုံရတတ်ပါတယ်။ ဒါ့ကြောင့် အောက်ပါအချက်လေးတွေကို ဂရုစိုက်ပေးရင် အကောင်းဆုံးဖြစ်ပါတယ်။ ၁။ ကားအင်ဂျင်ဝိုင်တွေကို လဲထားပါ။ အင်ဂျင်ဝိုင် လဲမထားတာ ကီလို 3,000 – 4,000 ကြာနေပြီဆိုလျှင် အင်ဂျင်ဝိုင် သက်တမ်းမကုန်သေးတာဖြစ်နိုင်ပေမယ့် ကားကိုအကြာကြီး ထိုးမထားခင်လဲထားသင့်ပါတယ်။ ညစ်ပေနေတဲ့အင်ဂျင်ဝိုင်ထဲမှာ အညစ်အကြေးတွေဟာ စက်မနှိုးဘဲအချိန်ကြာလာလျှင် ပျစ်ခဲလာတတ်ပါတယ်။ ဒါ့ကြောင့် ကားကိုအသုံးမပြုဘဲ အချိန်အကြာကြီး ထိုးထားမယ်ဆိုလျှင် အင်ဂျင်ဝိုင်အသစ်လဲပြီးမှ ထိုးထားတာက များစွာပိုကောင်းပါတယ်။ ထို့အတူပဲ ဂီယာဝိုင် နဲ့ ကရောင်းဝိုင်တွေ မလဲတာကြာနေပြီဆိုလျှင်လည်း လဲထားပြီးမှ ထိုးထားသင့်ပါတယ်။ … Read more

၎ဦးတိုး ၁၄၃ ဦးဖြစ်လာ

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ ၁။ (၂၄-၄-၂၀၂၀) ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) နှင့် ဆေးသုတေသနဦးစီးဌာန (DMR) တို့မှ ယနေ့ည (၈) နာရီအချိန်အထိ ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲအဖြေများမှာ – COVID-19 ရောဂါပိုးတွေ့ရှိမှု (လူနာသစ်) = (၄) ဦး COVID-19 ရောဂါပိုးမတွေ့ရှိမှု = (၁၆၃) ဦးနှင့် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာပေါင်း = (၁၆၇) ခု ဖြစ်ပါသည်။ ၂။ သို့ဖြစ်ရာ (၂၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၃) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။ ၃။ … Read more

ရည်းစားဟောင်း ကို တွေးမိတိုင်း ကျေးဇူးတွေ တင်နေမိတယ်

ရည်းစားဟောင်းတွေကို ကျေးဇူးတင်လိုက်ပါ… အချိန်ကာလတခုက ရည်းစားတစ်ယောက် ထားခဲ့ဖူးတယ် ရည်းစားဖြစ်ခါစတုန်းကတော့ လမ်းမခွဲဘူးနော်လို့…သူကချည်းပဲ အရင်စပြီး ကတိတွေ တောင်းတယ်။ ထားမသွားပါဘူးလို့လည်း သူကချည်းပဲ ကတိအရင်ပေးတယ် ကိုယ်ကလည်း ယုံကြည်မှုတွေကို အလုံးအရင်းနဲ့ ထိုးပေးခဲ့တယ် .ကြာလာတော့အချိုးတွေပြောင်းလာတယ် သင်ခန်းစာ ရသွားတယ် ( ချစ်သူနှစ်ဦးမှာ ကတိအရင်ပေးတဲ့သူ ကတိအရင်တောင်းတဲ့သူကမှ ဖောက်ပြန်တဲ့သူ ဆိုတာကို ) စုံစမ်းကြည့်လိုက်တော့ နောက်တစ်ယောက်ရနေတယ် ဆိုတာကိုသိလိုက်ရတယ် သိသိချင်း သေမလောက်ခံစားရသလိုအရမ်းလည်း ဒေါသထွက်နာကျင်ခဲ့မိတယ် ဒါပေမယ့် သင်ခန်းစာရသွားတယ်( ယုံကြည်မူဆိုတာ ဖောက်ပြန်ဖို့အတွက်မွေးဖွားလာတဲ့ စကားလုံးဆိုတာကို ) ဖောက်ပြန်နေတာ သိလိုက်တော့ဒေါသထွက်ပြီးတော့ ပြတ်မယ် လမ်းခွဲမယ်လို့ ဆုံးဖြတ်ချက်ချခဲ့မိတယ် တကယ်တမ်းကျတော့ မပြတ်နိုင်တာက ကိုယ်ကိုယ်တိုင် ဖြစ်နေမှန်းသိလိုက်တော့ နောက်တစ်ယောက် မထားပါနဲ့ အရင်တုန်းက သံယောဇဉ် မျက်နှာလေးတွေ ထောက်ပြီး ဖောက်ပြန်နေတာကို … Read more