ညားပြီသွားပြီဆိုတဲ့ အခါ ….အိမ်ခွဲနေလိုက်ပါ
လင်မယား ညားပြီးရင် မယားက လင်ယောက်ျား ရဲ့ အိမ်ကိုလိုက်သွားကြရတာ များပါတယ် ဟုတ်ပြီ လင်ရဲ့ အိမ်ကိုရောက်ပြီရောက်ကာစ ယောက်ခမနဲ့ ချွေးမ သိပ်အဆင်ပြေကြတာသမီးလေး သမီးလေး နဲ့ ဟုတ်ကြတယ်မလား ။အဲ့လို ညားကာစမှာ ယောက်ခမ နဲ့ ချွေးမ က သားအမိအရင်းလိုပဲ အဲ့အချိန်မှာ လင်က သူ့မိန်းမအတွက် စားစရာ ဝယ်လာတယ်ဝတ်စရာ ဝယ်လာတယ်စသဖြင့် ချွေးမအတွက် သူ့လင်ကဘာပဲ ဝယ်လာ ဝယ်လာလင်ရဲ့ မိဘတွေက ကြည့်စမ်း လင်မယားတွေ ချစ်လိုက်ကြတာတို့သားကလည်း သူ့မိန်းမကိုချစ်လိုက်တာအရမ်း စသဖြင့်ညားကာစမှာလင်က သူ့မယားကို ချစ်တာကို ကြည့်ပြီးမိဘတွေ ပီတိဖြစ်ကြတာ ထုံးစံပါ အဲ သို့သော် သို့သော် နှစ်တွေ ကြာလာတဲ့အခါလည်း ကျရော လင်က သူ့မယားအတွက် ဘာပဲ ဝယ်လာ ဝယ်လာကြည့် … Read more
တစ်ငုတ်တည်းသာ ကျန်တော့တဲ့ မန္တလေးဗဟိုမီးသတ်မျှော်စင်ကြိုးထိန်းငုတ်လေး
စိတ်၏ဆင်းရဲခြင်းကိုဖြစ်စေတတ်သောအကြောင်းအမျိုးမျိုးအတွက် ယတြာ
ဣစ္ဆာသယလိုတိုင်းရ ၁၀ ရက် ကျင့်စဉ် မိမိ မွေးနေ့မှစ (၁၀) ရက်တိတိ နံနက် အရုဏ်တက် အချိန် သက်သက်လွတ် ဆွမ်း(၁) ပွဲ ရေတော် (၁) ဖလား တို့က်ု လှုဒါန်းပါ။ မွနိးတည့် ခါနီး အချိန်တွင် ကြေးဖလား.. ငွေဖလား.. .. တစ်ခု့ ခု့ ဖြင့် ရေ သန့်သန့်ထဲ့ ပြီး သပြေ ၃ ညွန့် စိုက်၍ လှုဒါန်းပါ။ ထို သပြေ ပန်း စိုက်လှုသော ဖလား ကို မွန်းတည့် ခါနီး သို့ရောက်တိုင်း ရေ အသစ်လဲလှယ် လှုပေးပါ။ ပန်း ညှိုးလျှင် ပန်း အသစ်လှုပါ။ရေ နှင့် ပန်း လှုဒါန်း … Read more
အတည်ပြုလူနာသစ် ၁၄ဦးတိုး ၁၇၆ဦးဖြစ်လာ
COVID-19 ရောဂါစောင့်ကြပ်ြ်ကည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၇-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၁။ (၇-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၈၃) ခု၊ ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၀၂) ခု၊ စုစုပေါင်း (၁၈၅) ခုတွင် – COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၄) ဦး တွေ့ရှိရပါသည်။ ၂။ သို့ဖြစ်ရာ (၇-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၇၆) ဦးရှိပြီဖြစ်ပါသည်။ ၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် … Read more
နှာခေါင်းစည်းမတပ်ပဲ အပြင်ထွက်လျှင် နှာခေါင်းစည်း ၅၀၀၀ဖိုးဝယ်ယူရမည့်် ပြစ်ဒဏ်ချမှတ်
တနင်္သာရီတိုင်းမှာ နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်ရင် ငွေ၅၀၀၀နဲ့ ညီမျှတဲ့ နှာခေါင်းစည်းများဝယ်စေတဲ့ ပြစ်ဒဏ်ချမယ် လိုက်နာမှုတွေပျက်ကွက်တာများရင်တော့ ကူးစက်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူသွားပါ့မယ် ထားဝယ်၊မေ ၇ရက် တနင်္သာရီတိုင်းမှာ နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်ရင် ငွေ၅၀၀၀နဲ့ ညီမျှတဲ့ နှာခေါင်းစည်းများဝယ်စေတဲ့ ပြစ်ဒဏ်ချမယ်လို့ တိုင်းအဆင့် ကိုဗစ်ထိန်းချုပ်ရေးနဲ့အရေးပေါ်တုန့်ပြန်ရေးကော်မတီက ဒီကနေ့မှာ အသိပေး ကြေညာလိုက်ပါတယ်။ အဲ့ဒီပြစ်ဒဏ်ကို လာမယ့် မေလ ၈ရက်နေ့ကနေ စလို့ တိုင်းဒေသကြီးအတွင်းမှာ ကျင့်သုံးမှာဖြစ်ပြီး လိုက်နာမှုတွေပျက်ကွက်တာများရင်တော့ ကူးစက်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လို့လည်း ထည့်သွင်းကြေညာထားတာတွေ့ရပါတယ်။ တနင်္သာရီတိုင်းဟာ ဧပြီ ၂၀ရက်ကစပြီး တိုင်းထဲကို လာမယ့်သူတိုင်းကို Quarantine ၂၁ရက် နဲ့ နေအိမ်Quarantine ၇ရက် လိုက်နာဆောင်ရွက်ရမယ့် စနစ်ကိုလည်း ကျင့်သုံးနေတယ်လို့ သိရပါတယ်။ ကိုမင်း/Myanmar Harp Unicode တနင်္သာရီတိိုင်းမှာ နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်ရင် … Read more
ပုလဲအတုအစစ် ခွဲခြားနည်း
ပုလဲအတုအစစ်ဘယ်လိုခွဲမလဲ အပြစ်အနာအဆာအသေးအဖွဲ ပုလဲအစစ်တွေက လုံးဝပြည့်စုံတယ်ဆိုတာ မရှိသလောက်ပါပဲ။ အရွယ်အစား ပုံမှန်မဟုတ်တာလေးတွေ၊ အစွန်းအကွက်သေးသေးလေးတွေ ရှိတတ်ပါတယ်။ ပုလဲတစ်လုံးရဲ့ အလင်းပြန်ပုံဟာလည်း တစ်လုံးတည်းမှာတင် မတူညီဘဲ အမျိုးမျိုးရှိတတ်ပါတယ်။ အလင်း ပုလဲရဲ့အလင်းပြန်ပုံဟာ ပုလဲအလှတွေထဲက တစ်ခုဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ ပုလဲတွေဟာ အလင်းရိုက်ရင် ကြည်လင်တောက်ပစွာ အလင်းပြန်ပါတယ်။ အနီိးကပ်ကြည့်ရင် သင့်ပုံရိပ်က ပုလဲမှာ ထင်ပါတယ်။ အရောင် အလင်းလာထိတဲ့အခါ အခြားရောင်တွေပေါ်လာတာဟာ ပုလဲအစစ်တွေရဲ့ လက္ခဏာပါ။ နှင်းဆီရောင်နဲ့ ဆင်စွယ်ရောင်တွေဟာ ပုလဲအဖြူမှာ တွေ့ရများပြီး အခြားအရောင်အမျိုးမျိုးလည်း ပေါ်တတ်ပါတယ်။ ကြိုးနဲ့သီထားရင် ကြိုးနဲ့သီဖို့ ဖောက်ထားတဲ့ အပေါက်ကို ကြည့်ရင် ပုလဲအစစ်တွေဟာ ဆလင်ဒါပေါက်လိုဖြစ်နေပြီး အတုတွေကတော့ အဝိုင်းပုံစံရှိပါတယ်။ ဒါပေမဲ့ ဝတ်တာကြာပြီဖြစ်တဲ့ ပုလဲအစစ်တွေမှာလည်း အပေါက်က ဝိုင်းနေတတ်ပါတယ်။ ပုလဲအတုတွေဟာ ကြိုးနဲ့သီထားရင် ပွတ်တိုက်တာကြောင့် … Read more
လုပ်ငန်းရပိဆိုင်းခံရသည့် အထည်ချုပ်၊ ဖိနပ်နှင့် အိတ်စက်ရုံလုပ်သားများအား EU က ယူရို ငါးသန်း ထောက်ပံ့မည်
COVID-19 ကြောင့် လုပ်ငန်းရပိဆိုင်းခံရသည့် အထည်ချုပ်၊ ဖိနပ်နှင့် အိတ်စက်ရုံ လုပ်ငန်းများမှ စက်ရုံအလုပ်သမား ၉၀၀၀၀ ဝန်းကျင်ကို EU က ယူရို ငါးသန်း ထောက်ပံ့ကူညီမည် COVID-19 ကြောင့် လုပ်ငန်းရပ်ဆိုင်းခံရသည့် အထည်ချုပ်၊ ဖိနပ်နှင့် အိတ်စက်ရုံ လုပ်ငန်းများမှ စက်ရုံ အလုပ်သမား ၉၀၀၀၀ ဝန်းကျင်ကို EU က ယူရို ငါးသန်း ထောက်ပံ့ ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းထောက်ပံ့ကြေး အစီအစဉ်ကို UNOPS မှ စီမံခန့်ခွဲ၍ SMART Textile & Garments မှ အကောင်အထည်ဖော် ဆောင်ရွက်သည့် ဥရောပသမဂ္ဂ၏ EU Myan Ku (မြန်ကူ) အဖွဲ့မှ ဦးဆောင်ခြင်းဖြစ်ပြီး COVID-19 ၏ နောက်ဆက်တွဲ … Read more
လက်ဖက်နှပ်နည်း
အလွယ်ကူဆုံးလက်ဖက်နှပ်နည်း​ လက်​ဖက်​ကို ​ရေမ​ဆေးခင်​ အရင်​ဆုံး လက်​ဖက်​ရိုးတံ ၊အရွက်​ကြမ်း၊​လေး​တွေ ​ရွေးဖယ်​ပစ်​ပါ။ ပြီးရင်​ ​ရေ ၂ ခါ ၃ခါ​လောက်​ သဲမပါ​အောင်​ ​ဆေးပြီး လက်​ဖက်​ကို​ရေစင်​​အောင်​ ညှစ်​​ပေးပါ။ ရေညှစ်​ပြီးသား လက်​ဖက်​ကို နဲနဲဖွပြီး ဆား ၊အချိုမှုန့်​နဲ့ လက်​ဖက်​အသားထဲအရသာဝင်​​အောင်​ ဆုပ်​ညှပ်​ပြီးနယ်​​ပေးပါ။ ( ဆားအချိုမှုန့်​နဲ့နယ်​တဲ့အချိန်​မှာ ဆီလုံးဝ မထည့်​ပါဘူး​နော်​။ အရသာ ငံသွားရင်​ ​ရေနဲ့အလွယ်​တကူ ပြန်​​ဆေးပြီး အရသာ ပြန်​ပြင်​လို့ရ​အောင်​လို့ပါ။) နယ်​ပြီးသား လက်​ဖက်​ကို အရသာ အ​ချိ အငံ မြည်းကြည့်​ပါ။ အဆင်​​ပြေပြီဆိုရင်​ ပါးပါးလှီးထားတဲ့ ကြက်​သွန်​ဖြူနဲ့ ငရုပ်​သီိးစိမ်းကို လက်​ဖက်​ထဲထည့်​ ဆီ အနည်းငယ်​ထည့်​ပြီးနယ်​ပါရှင်​။ အချဉ်​ကြိုက်​ရင်​​တော့ သံပုရာသီး​လေး နည်းနည်းညှစ်​ထည့်​ပါရှင်​။သံပုရာသီးထည့်​နယ်​​တော့ အနံ့​လေးလဲ ပို​မွှေးတာ​ပေါ့ ပြီးရင်​ ဗူးအလွတ်​ထဲထည့်​ ဆီကို လက်​ဖက်​မြုပ်​သွား​အောင်​ … Read more
ခြောက်လအထက် ကလေးငယ်များအတွက် ဖြည့်စွက်စာ လုပ်မယ်ဆိုရင်
ခြောက်လအထက် ကလေး ငယ်တွေ ကို ဖြည့်စွက်စာဂကျွေးတော့မယ် ဆိုရင် ဘာတွေထည့်ကျွေးသင့်သလဲ???? ဒီနေ့တော့ ကလေး တွေ ကို နေ့လည်စာ နှင့် ညစာ ဆန်ပြုတ်ကျွေးဖို့ အတွက် ပါဝင် ပစ္စည်းများ နှင့် ပြုလုပ်ပုံ အဆင့်ဆင့် ကို ပြောပြပေးချင်ပါတယ်။ ပြုလုပ်ပုံ 1. ကြက်သား (သို့) ငါး ကို ပြုတ်ပါ။ 2. ပဲထည့်ပြုတ်ပါ။ 3. ပဲနူးလာပြီ ဆိုရင် ကျန်တဲ့ ပစ္စည်းများ ကို ထည့်ပြီး ပြုတ်ပါ။ 4. ဆား၊ အချိုမှုန့် လုံးဝ ထည့်စရာမလိုပါဘူး။ 5. နူးပြီး ပြဲနေအောင် ပြုတ်ပေးပါ။ 6. အိမ်မှာ ကြိတ်စက်ရှိရင် အခုပြဲနေအောင် ပြုတ်ထားတာတွေ ကို … Read more
တက္ကသိုလ်တွေ ဘယ်တော့ပြန်ဖွင့်မလဲ
တက္ကသိုလ်တွေ ဘယ်တော့ ဖွင့်ပြီး စာသင်မှာလဲဆိုတာ ကျောင်းသား/သူတွေ သိဘို့ (1)လက်ရှိ နောက်ဆုံးထုတ်ပြန်ထားတဲ့ ပညာရေးဝန်ကြီးဌာန၏အမိန့်စာအရ တက္ကသိုလ် ဆရာဆရာမတွေသည် မေလ(18)ရက် တနင်္လာနေ့မှာ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးကို အရောက်သွားပြီး Duty Report လုပ်ရပါမယ် (2)Duty Report လုပ်ပြီးရင် ဆရာဆရာမတွေသည် သက်ဆိုင်ရာ ဒေသက ဝန်ုကြီးချုပ်နှင့် ပါမောက္ခချုပ်တွေ ထုတ်ပြန်ထားတဲ့အမိန့်ကြောင့် Quarartine 21 ရက်ကို ကိုယ့်စားရိတ်နဲ့ကိုယ် ဝင်ရပါမယ်၊ တောင်ကြီးတက္ကသိုလ်ကတစ်ရက်(5000)ကျပ်၊ မိတ္ထီလာတက္ကသိုလ်က(3000)ကျပ်၊ရေနံချောင်းဒီဂရီကောလိပ်က(4000)ကျပ် စသဖြင့် ပေးသွင်းပြီး Q 21ရက်ဝင်ရပါမယ်၊ (18.5.2020)မှ (7.6.2020)နေ့အထိပါ၊ (3)ဆရာဆရာမတွေ Quarartine 21 ရက်ဝင်နေသလို ထိုင်းနိုင်ငံပြန် လူတစ်သိန်းခွဲကျော်နဲ့ တရုတ်ပြန် လူတစ်သိန်းကလည်း တက္ကသိုလ်အသီးသီးက ကျောင်းသားဆောင်နဲ့ ကျောင်းသူဆောင်တွေမှာ Q 21ရက် ဝင်နေကြမှာပါ (4)ဆရာဆရာမတွေသည် … Read more